Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တေစၦေတြဆိုတာကို ေယဘုယ်အားျဖင္႔ေတာ႔ လူသားကမၻာနဲ႔လည္း အဆက္အစပ္မရွိ၊ ေသဆံုးသူတို႔ရဲ႕ကမၻာနဲ႔လည္း အဆက္အစပ္မရွိဘဲ ၾကားမွာ ေမ်ာေနတဲ႔ ဝိဉာဥ္ေတြအျဖစ္သတ္မွတ္လို႔ရပါတယ္။ အဲဒီကမၻာ (၂) ခု (သို႕) ဘံုေလာကႏွစ္ခုၾကားက သူတို႔ေရာက္ရွိေနတဲ႔ ဘံုကို astral world (တမလြန္ေလာက) လို႔ေခၚပါတယ္။

အဲဒီတေစၦ (ဝိဉာဥ္)ေတြဟာ ဒီေလာကႀကီးထဲမွာ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႔ ဆက္ရွိေနတာပါ။ တခ်ိဳ႕က စြဲလမ္းမႈေတြေၾကာင္႔၊ တခ်ိဳ႕က မၿပီးျပတ္ေသးတဲ႔တာဝန္ေတြေၾကာင္႔၊ တခ်ိဳ႕ကဂလဲ႔စားေခ်လိုမႈေၾကာင္႔၊ တခ်ိဳ႕က သူတို႔ရဲ႕ေသဆံုးမႈကို လက္မခံႏိုင္ျခင္းေၾကာင္႔... အေၾကာင္းေၾကာင္း ေၾကာင္႔ျဖစ္ႏိုင္ပါတယ္။ တျဖည္းျဖည္းနဲ႔ သူတို႔ဟာ တမလြန္ေလာကမွာ ပိတ္မိေနေၾကာင္း သိရွိလာၿပီး အဲဒီလို ဟိုမေရာက္၊ ဒီမေရာက္ဘဝဟာ ဘယ္ေလာက္နာက်င္ရေၾကာင္း နားလည္သေဘာေပါက္ လာပါေတာ႔တယ္။ အဲဒီအခ်ိန္မွာ သူတို႔ဟာ လက္ရွိေရာက္ေနတဲ႔ေလာကကေန ထြက္ခြာသြားႏိုင္ဖို႔ သက္ရွိလူသားေတြရဲ႕ အကူအညီလိုအပ္လာပါေတာ႔တယ္။ ဒါမွသာ သူတို႔ေတြ လြတ္ေျမာက္ႏိုင္မယ္လို႔ ယံုၾကည္ၾကပါတယ္။

အဲဒီလိုု တေစၦ/ဝိဉာဥ္ေတြ လူသားတစ္ေယာက္ကို ဆက္သြယ္ဖို႔ႀကိဳးစားလာတဲ႔အခါမွာ သိရွိႏိုင္တဲ႔ သေကၤတ၊ လကၡဏာေတြ ရွိပါတယ္။ တကယ္လို႔ မိမိပတ္ဝန္းက်င္မွာ ဒီလိုသေကၤတေတြျပေနၿပီဆိုရင္ တေစၦ/ ဝိဉာဥ္တစ္ေကာင္ မိမိကို ဆက္သြယ္ေနၿပီလို႔ သိရွိႏိုင္ပါတယ္။
၁။ မီးသီး/မီးေခ်ာင္းေတြ မွိတ္တုပ္-မွိတ္တုပ္ျဖစ္မယ္

ဝိဉာဥ္ေတြ/ တေစၦေတြဟာ လူကိုတိုက္ရိုက္မထိေတြ႕ႏိုင္ပါဘူး။ အေၾကာင္းရင္းကေတာ႔ ဘံုဘဝခ်င္း ကြာျခားလို႔ပါပဲ။ အဲဒီေတာ႔ လူသားေတြ သူတို႔ကို သတိျပဳမိေစဖို႕အတြက္ အလြယ္ကူဆံုးနည္းလမ္းကေတာ႔ အလင္းေရာင္ထုတ္လႊတ္ေပးတဲ႔ လွ်ပ္စစ္ပစၥည္းေတြကို မွိတ္တုပ္-မွိတ္တုပ္ျဖစ္ေအာင္ ကစားျပတာပါပဲ။ သူတို႔နားမွာ ခင္ဗ်ားေရာက္ေနၿပီဆိုရင္ မီးသီး/မီးေခ်ာင္းေတြကို မွိတ္တုပ္-မွိတ္တုပ္ျဖစ္ေအာင္ (သို႔) လင္းလိုက္/မွိန္လိုက္ျဖစ္ေအာင္ လုပ္ျပျခင္းျဖင္႔ ခင္ဗ်ား သတိထားမိလာေအာင္ ႀကိဳးပမ္းပါလိမ္႔မယ္။
၂။ ေနာက္ကတစ္ေယာက္ေယာက္ လိုက္လာသလိုခံစားရတယ္

ညဘက္အခ်ိန္ေတြဆို ပိုသိသာပါတယ္။ ဉာဥ္႔နက္သန္းေခါင္အခ်ိန္မွာ ကိုယ္႔အိမ္ထဲမွာပဲျဖစ္ျဖစ္၊ ေမွာင္မဲတဲ႔လမ္းေပၚမွာပဲျဖစ္ျဖစ္ လမ္းေလွ်ာက္ေနရင္း ကိုယ္႔ေနာက္က တစ္ေယာက္ေယာက္ လိုက္လာေနသလို မသိုးမသန္႔ ခံစားရဖူးပါသလား။ အဲဒီတေစၦေတြ၊ ဝိဉာဥ္ေတြဆိုတာ ဆံုးပါးသြားတဲ႔ မိမိရဲ႕ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္းမိတ္ေဆြ ျဖစ္ေနလို႔ မိမိကို ယံုၾကည္ေနတာျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင္႔ အရမ္းေၾကာက္ရြံ႕ မသြားပါနဲ႔။ အမွ်ေဝတာ (သို႔) ကိုးကြယ္ရာဘာသာအလိုက္ ဆုေတာင္းေပးတာ တစ္ခုခုလုပ္ေပးလိုက္ပါ။
၃။ လိပ္ျပာေတြ၊ ငွက္ေတာင္ေတြေတြ႕မယ္

ဝိဉာဥ္တစ္ေကာင္ လိုက္္တာခံေနရၿပီဆိုရင္ (ေကာင္းတဲ႔ဝိဉာဥ္ပဲျဖစ္ျဖစ္၊ ဆိုးတဲ႔ဝိဉာဥ္ပဲျဖစ္ျဖစ္) ကိုယ္႔အနားမွာ လိပ္ျပာေတြ၊ ငွက္ေမႊးေတြကို ပိုမိုသတိျပဳမိလာပါလိမ္႔မယ္။ (မင္းအနားကဝဲတဲ႔ လိပ္ျပာေတြေလာက္ေတာ႔ ~~~~ တို႔က ဘယ္လန္းမလဲ ဆိုတဲ႔ သီခ်င္းစာသားႀကီးလည္း ၾကားေယာင္မေနနဲ႔ဦးေနာ္။) အရင္ကလည္း ေတြ႕ဖူးခ်င္ေတြ႕ဖူးမွာျဖစ္ေပမယ္႔ ဝိဉာဥ္လိုက္တာ ခံေနရၿပီဆိုရင္ ဒီအရာေတြကို ပတ္ဝန္းက်င္မွာ ပိုမိုသတိထားမိလာပါလိမ္႔မယ္။
၄။ အရိပ္ေတြေတြ႕မယ္

တစ္ခါတေလက်ရင္ မိမိပတ္ဝန္းက်င္မွာ ပံုသ႑ာန္မသဲကြဲတဲ႔ အရိပ္မဲႀကီးလိုလို၊ ဘာလိုလိုေတြ ျမင္ရတတ္ပါတယ္။ သစ္ပင္သစ္ကိုင္းေတြ ေလတိုက္လို႔ လႈပ္တာျဖစ္မွာပါလို႔ ကိုယ္႔စိတ္ကိုယ္ ေျဖသိမ္႔ရေပမယ္႔ တကယ္မဟုတ္ေၾကာင္းလည္း မသိစိတ္ထဲက သိေနမွာပါ။ လူေတြ၊ အရာဝတၳဳေတြေၾကာင္႔ အရိပ္ေတြထက္ တေစၦ/ဝိဉာဥ္ေတြေၾကာင္႔ျဖစ္တဲဲ႔ အရိပ္ေတြက ပိုမိုထူထပ္ၿပီး မဲေမွာင္ေနပါလိမ္႔မယ္။
၅။ အနံ႕နဲ႔အပူခ်ိန္အေျပာင္းအလဲေတြ ခံစားရမယ္

တေစၱတစ္ေကာင္ ကုိယ္႔အနားေရာက္ေနခ်ိန္မွာ ထူးျခားတဲ႔အနံ႕တစ္မ်ိဳးကို ခံစားရမွာပါ။ (တခ်ိဳ႕ကလည္း အဲဒါကို ၾကက္ဥပုပ္နံ႕၊ ဆာလ္ဖာနံ႔လို႔ ဆိုၾကပါတယ္။) ဒါမွမဟုတ္ ေရေမႊးနံ႕စူးစူးလိုမ်ိဳး တျခား ပုပ္အက္အက္အနံ႕တစ္မ်ိဳးလည္း ျဖစ္ေနႏိုင္ပါတယ္။ ေနာက္တစ္ခုက ရုတ္တရက္ ေက်ာထဲက စိမ္႔ခနဲေအးသြားတာတို႔၊ အပူခ်ိန္ေျပာင္းလဲသြားတာတို႔လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေတြက ႀကီးႀကီးမားမား ေျပာင္းလဲမႈမ်ိဳး မဟုတ္ေပမယ္႔ ခင္ဗ်ားသတိထားမိႏိုင္ေလာက္တဲ႔ အေျပာင္းအလဲမ်ိဳး ျဖစ္ေနႏိုင္ပါတယ္။

Source: Youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တစ္ဆေတွေဆိုတာကို ယေဘုယျအားဖြင့်တော့ လူသားကမ္ဘာနဲ့လည်း အဆက်အစပ်မရှိ၊ သေဆုံးသူတို့ရဲ့ကမ္ဘာနဲ့လည်း အဆက်အစပ်မရှိဘဲ ကြားမှာ မျောနေတဲ့ ဝိဉာဉ်တွေအဖြစ်သတ်မှတ်လို့ရပါတယ်။ အဲဒီကမ္ဘာ (၂) ခု (သို့) ဘုံလောကနှစ်ခုကြားက သူတို့ရောက်ရှိနေတဲ့ ဘုံကို astral world (တမလွန်လောက) လို့ခေါ်ပါတယ်။

အဲဒီတစ္ဆေ (ဝိဉာဉ်)တွေဟာ ဒီလောကကြီးထဲမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆက်ရှိနေတာပါ။ တချို့က စွဲလမ်းမှုတွေကြောင့်၊ တချို့က မပြီးပြတ်သေးတဲ့တာဝန်တွေကြောင့်၊ တချို့ကဂလဲ့စားချေလိုမှုကြောင့်၊ တချို့က သူတို့ရဲ့သေဆုံးမှုကို လက်မခံနိုင်ခြင်းကြောင့်... အကြောင်းကြောင်း ကြောင့်ဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ဟာ တမလွန်လောကမှာ ပိတ်မိနေကြောင်း သိရှိလာပြီး အဲဒီလို ဟိုမရောက်၊ ဒီမရောက်ဘဝဟာ ဘယ်လောက်နာကျင်ရကြောင်း နားလည်သဘောပေါက် လာပါတော့တယ်။ အဲဒီအချိန်မှာ သူတို့ဟာ လက်ရှိရောက်နေတဲ့လောကကနေ ထွက်ခွာသွားနိုင်ဖို့ သက်ရှိလူသားတွေရဲ့ အကူအညီလိုအပ်လာပါတော့တယ်။ ဒါမှသာ သူတို့တွေ လွတ်မြောက်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။

အဲဒီလိုု တစ္ဆေ/ဝိဉာဉ်တွေ လူသားတစ်ယောက်ကို ဆက်သွယ်ဖို့ကြိုးစားလာတဲ့အခါမှာ သိရှိနိုင်တဲ့ သင်္ကေတ၊ လက္ခဏာတွေ ရှိပါတယ်။ တကယ်လို့ မိမိပတ်ဝန်းကျင်မှာ ဒီလိုသင်္ကေတတွေပြနေပြီဆိုရင် တစ္ဆေ/ ဝိဉာဉ်တစ်ကောင် မိမိကို ဆက်သွယ်နေပြီလို့ သိရှိနိုင်ပါတယ်။
၁။ မီးသီး/မီးချောင်းတွေ မှိတ်တုပ်-မှိတ်တုပ်ဖြစ်မယ်

ဝိဉာဉ်တွေ/ တစ္ဆေတွေဟာ လူကိုတိုက်ရိုက်မထိတွေ့နိုင်ပါဘူး။ အကြောင်းရင်းကတော့ ဘုံဘဝချင်း ကွာခြားလို့ပါပဲ။ အဲဒီတော့ လူသားတွေ သူတို့ကို သတိပြုမိစေဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ အလင်းရောင်ထုတ်လွှတ်ပေးတဲ့ လျှပ်စစ်ပစ္စည်းတွေကို မှိတ်တုပ်-မှိတ်တုပ်ဖြစ်အောင် ကစားပြတာပါပဲ။ သူတို့နားမှာ ခင်ဗျားရောက်နေပြီဆိုရင် မီးသီး/မီးချောင်းတွေကို မှိတ်တုပ်-မှိတ်တုပ်ဖြစ်အောင် (သို့) လင်းလိုက်/မှိန်လိုက်ဖြစ်အောင် လုပ်ပြခြင်းဖြင့် ခင်ဗျား သတိထားမိလာအောင် ကြိုးပမ်းပါလိမ့်မယ်။
၂။ နောက်ကတစ်ယောက်ယောက် လိုက်လာသလိုခံစားရတယ်

ညဘက်အချိန်တွေဆို ပိုသိသာပါတယ်။ ဉာဉ့်နက်သန်းခေါင်အချိန်မှာ ကိုယ့်အိမ်ထဲမှာပဲဖြစ်ဖြစ်၊ မှောင်မဲတဲ့လမ်းပေါ်မှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း ကိုယ့်နောက်က တစ်ယောက်ယောက် လိုက်လာနေသလို မသိုးမသန့် ခံစားရဖူးပါသလား။ အဲဒီတစ္ဆေတွေ၊ ဝိဉာဉ်တွေဆိုတာ ဆုံးပါးသွားတဲ့ မိမိရဲ့ဆွေမျိုးသားချင်း၊ သူငယ်ချင်းမိတ်ဆွေ ဖြစ်နေလို့ မိမိကို ယုံကြည်နေတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရမ်းကြောက်ရွံ့ မသွားပါနဲ့။ အမျှဝေတာ (သို့) ကိုးကွယ်ရာဘာသာအလိုက် ဆုတောင်းပေးတာ တစ်ခုခုလုပ်ပေးလိုက်ပါ။
၃။ လိပ်ပြာတွေ၊ ငှက်တောင်တွေတွေ့မယ်

ဝိဉာဉ်တစ်ကောင် လိုက်တာခံနေရပြီဆိုရင် (ကောင်းတဲ့ဝိဉာဉ်ပဲဖြစ်ဖြစ်၊ ဆိုးတဲ့ဝိဉာဉ်ပဲဖြစ်ဖြစ်) ကိုယ့်အနားမှာ လိပ်ပြာတွေ၊ ငှက်မွှေးတွေကို ပိုမိုသတိပြုမိလာပါလိမ့်မယ်။ (မင်းအနားကဝဲတဲ့ လိပ်ပြာတွေလောက်တော့ ~~~~ တို့က ဘယ်လန်းမလဲ ဆိုတဲ့ သီချင်းစာသားကြီးလည်း ကြားယောင်မနေနဲ့ဦးနော်။) အရင်ကလည်း တွေ့ဖူးချင်တွေ့ဖူးမှာဖြစ်ပေမယ့် ဝိဉာဉ်လိုက်တာ ခံနေရပြီဆိုရင် ဒီအရာတွေကို ပတ်ဝန်းကျင်မှာ ပိုမိုသတိထားမိလာပါလိမ့်မယ်။
၄။ အရိပ်တွေတွေ့မယ်

တစ်ခါတလေကျရင် မိမိပတ်ဝန်းကျင်မှာ ပုံသဏ္ဍာန်မသဲကွဲတဲ့ အရိပ်မဲကြီးလိုလို၊ ဘာလိုလိုတွေ မြင်ရတတ်ပါတယ်။ သစ်ပင်သစ်ကိုင်းတွေ လေတိုက်လို့ လှုပ်တာဖြစ်မှာပါလို့ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ရပေမယ့် တကယ်မဟုတ်ကြောင်းလည်း မသိစိတ်ထဲက သိနေမှာပါ။ လူတွေ၊ အရာဝတ္ထုတွေကြောင့် အရိပ်တွေထက် တစ္ဆေ/ဝိဉာဉ်တွေကြောင့်ဖြစ်တဲ့ အရိပ်တွေက ပိုမိုထူထပ်ပြီး မဲမှောင်နေပါလိမ့်မယ်။
၅။ အနံ့နဲ့အပူချိန်အပြောင်းအလဲတွေ ခံစားရမယ်

တစ္တေတစ်ကောင် ကိုယ့်အနားရောက်နေချိန်မှာ ထူးခြားတဲ့အနံ့တစ်မျိုးကို ခံစားရမှာပါ။ (တချို့ကလည်း အဲဒါကို ကြက်ဥပုပ်နံ့၊ ဆာလ်ဖာနံ့လို့ ဆိုကြပါတယ်။) ဒါမှမဟုတ် ရေမွှေးနံ့စူးစူးလိုမျိုး တခြား ပုပ်အက်အက်အနံ့တစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုက ရုတ်တရက် ကျောထဲက စိမ့်ခနဲအေးသွားတာတို့၊ အပူချိန်ပြောင်းလဲသွားတာတို့လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ကြီးကြီးမားမား ပြောင်းလဲမှုမျိုး မဟုတ်ပေမယ့် ခင်ဗျားသတိထားမိနိုင်လောက်တဲ့ အပြောင်းအလဲမျိုး ဖြစ်နေနိုင်ပါတယ်။

Source: Youngisthan
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top