Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သားျဖစ္သူရဲ႕ရုပ္ရည္ေခ်ာေမာမႈကုိ မသကၤာလုိ႔ ဖခင္ျဖစ္သူက ေနာက္ေၾကာင္းရွာေဖြေဖာ္ထုတ္ လုိက္ရာကေန သားအရင္းမ ဟုတ္ေၾကာင္းကုိ သိရွိသြားခဲ့ရပါတယ္။ တရုတ္ႏုိင္ငံက ဖခင္တစ္ဦး ျဖစ္သူက အသက္ ၂၈ အရြယ္ရွိတဲ့ သားျဖစ္သူကုိ မိဘျဖစ္သူေတြနဲ႔ ရုပ္ရည္သြင္ျပင္လကၡဏာေတြ တူညီမႈမရွိပဲ ကြဲလြဲေနလုိ႔ ဒီအင္န္ေအစစ္ေဆးမႈရလာဒ္ စစ္ေဆးခဲ့ရာမွ သားအရင္းမဟုတ္ေၾကာင္း ေပၚေပါက္သြားခဲ့ပါတယ္။

ဝမ္ရဲလုိ႔ အမည္ရွိတဲ့သားျဖစ္သူကုိ မိခင္ျဖစ္သူ ဇနီးသည္ က်န္းနဲ႔ အိမ္ေထာင္ကြဲၿပီးေနာက္ ေခၚ ယူေစာင့္ေရွာက္လာခဲ့ရာကေန လူလတ္ပုိင္းအရြယ္ႀကီးျပင္းတဲ့အထိ သားျဖစ္သူကုိ ေကၽြးေမြး ေပးခဲ့ တာျဖစ္ပါတယ္။ သုိ႔ေပမယ့္ သားျဖစ္သူရဲ႕ႀကီးျပင္းလာၿပီး ၾကည့္ေကာင္းေနတ့ဲ ရုပ္ရည္ နဲ႔မ်က္ႏွာသြင္ ျပင္အေနအထားတုိ႔က ဖခင္ျဖစ္သူနဲ႔လည္း မတူတဲ့အျပင္ အိမ္ေထာင္ကြဲေနတဲ့ မိခင္နဲ႔ လည္း နည္း နည္းေလးမွ ရုပ္ရည္ဆင္တူတာမ်ိဳးမရွိတာေၾကာင့္ လင္မယားႏွစ္ဦးစလံုးက မသကၤာစရာရိပ္စား မိခဲ့ၾကတာျဖစ္ပါတယ္။

သူတုိ႔ႏွစ္ဦးစလံုးရဲ႕ ကေလးငယ္ကုိ လြန္ခဲ့တဲ့ ၁၉၈၉ ခုႏွစ္တုန္းက ရွန္ဟုိင္းေဆးရံုမွာ ေမြးဖြားခဲ့ၾကၿပီး ယခုလို အသက္ ၂၈ အရြယ္ရွိလာတဲ့ သားျဖစ္သူက မိဘရင္းေတြနဲ႔ ေသြးသားမေတာ္စပ္ပဲ မွားယြင္းၿပီး ေမြးဖြားမိခဲ့ၾကတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္မုိ႔လုိ႔ လက္ရွိအခ်ိန္မွာ မိခင္ျဖစ္သူ အမ်ိဳးသမီးက ကေလးခ်င္းမွားယြင္းၿပီး ေပးခဲ့တဲ့ ရွန္ဟုိင္း ေဆးရံုကုိ ယြမ္ ၁.၃ သန္းေလွ်ာ္ေၾကးေငြနဲ႔ တရားစြဲဆုိထားၿပီး သားအရင္းျဖစ္သူကုိ ျပန္လည္ရွာေဖြ ေပးဖုိ႔လည္း ေတာင္းဆုိထားတယ္လုိ႔ သိရပါတယ္။ ေနာက္ၿပီး မွားယြင္းၿပီးေမြးလာခဲ့တဲ့ သားျဖစ္သူ လူငယ္ေလးရဲ႕ မိဘရင္းေတြကုိလည္း ရွာေဖြအပ္ႏွံေပးဖုိ႔ ဆုိထားၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode  Version#
သားဖြစ်သူရဲ့ရုပ်ရည်ချောမောမှုကို မသင်္ကာလို့ ဖခင်ဖြစ်သူက နောက်ကြောင်းရှာဖွေဖော်ထုတ် လိုက်ရာကနေ သားအရင်းမ ဟုတ်ကြောင်းကို သိရှိသွားခဲ့ရပါတယ်။ တရုတ်နိုင်ငံက ဖခင်တစ်ဦး ဖြစ်သူက အသက် ၂၈ အရွယ်ရှိတဲ့ သားဖြစ်သူကို မိဘဖြစ်သူတွေနဲ့ ရုပ်ရည်သွင်ပြင်လက္ခဏာတွေ တူညီမှုမရှိပဲ ကွဲလွဲနေလို့ ဒီအင်န်အေစစ်ဆေးမှုရလာဒ် စစ်ဆေးခဲ့ရာမှ သားအရင်းမဟုတ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါတယ်။

ဝမ်ရဲလို့ အမည်ရှိတဲ့သားဖြစ်သူကို မိခင်ဖြစ်သူ ဇနီးသည် ကျန်းနဲ့ အိမ်ထောင်ကွဲပြီးနောက် ခေါ် ယူစောင့်ရှောက်လာခဲ့ရာကနေ လူလတ်ပိုင်းအရွယ်ကြီးပြင်းတဲ့အထိ သားဖြစ်သူကို ကျွေးမွေး ပေးခဲ့ တာဖြစ်ပါတယ်။ သို့ပေမယ့် သားဖြစ်သူရဲ့ကြီးပြင်းလာပြီး ကြည့်ကောင်းနေတဲ့ ရုပ်ရည် နဲ့မျက်နှာသွင် ပြင်အနေအထားတို့က ဖခင်ဖြစ်သူနဲ့လည်း မတူတဲ့အပြင် အိမ်ထောင်ကွဲနေတဲ့ မိခင်နဲ့ လည်း နည်း နည်းလေးမှ ရုပ်ရည်ဆင်တူတာမျိုးမရှိတာကြောင့် လင်မယားနှစ်ဦးစလုံးက မသင်္ကာစရာရိပ်စား မိခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ ကလေးငယ်ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်တုန်းက ရှန်ဟိုင်းဆေးရုံမှာ မွေးဖွားခဲ့ကြပြီး ယခုလို အသက် ၂၈ အရွယ်ရှိလာတဲ့ သားဖြစ်သူက မိဘရင်းတွေနဲ့ သွေးသားမတော်စပ်ပဲ မှားယွင်းပြီး မွေးဖွားမိခဲ့ကြတာဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ လက်ရှိအချိန်မှာ မိခင်ဖြစ်သူ အမျိုးသမီးက ကလေးချင်းမှားယွင်းပြီး ပေးခဲ့တဲ့ ရှန်ဟိုင်း ဆေးရုံကို ယွမ် ၁.၃ သန်းလျှော်ကြေးငွေနဲ့ တရားစွဲဆိုထားပြီး သားအရင်းဖြစ်သူကို ပြန်လည်ရှာဖွေ ပေးဖို့လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။ နောက်ပြီး မှားယွင်းပြီးမွေးလာခဲ့တဲ့ သားဖြစ်သူ လူငယ်လေးရဲ့ မိဘရင်းတွေကိုလည်း ရှာဖွေအပ်နှံပေးဖို့ ဆိုထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top