ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

သၾကားထက္ ခ်ိဳေသာအရာ
=====================


အသက္ အေတာ္ၾကီး ေနျပီ ျဖစ္တဲ့ လူၾကီး တစ္ေယာက္ ဟာ ေအးစက္ မႈန္မိႈင္း ေနတဲ႔ လမ္းေဘး ပလက္ေဖာင္း ေလး တစ္ခု ေပၚမွာ ထိုင္ေန ခဲ႔ပါတယ္။ မုတ္ဆိတ္ ပါးသိုင္းေမြး ပရဗ်စ္၊ စုတ္ျပဲ ညစ္ႏြမ္း ေနတဲ႕ အ၀တ္ အစား ေတြနဲ႕ လမ္းေဘးမွာ ထိုင္ေနတဲ႕ သူ႕ကို လမ္းသြား လမ္းလာ လူေတြက သာမန္ ကာ လွ်ံကာ ၾကည္႕သြား ၾကရံုက လြဲလို႕ ဘယ္သူ ကမွ အေရး တယူ မရွိ ၾကပါ။ ဟုတ္ပါ တယ္ေလ အိမ္မရွိ ယာမရွိ ေတာင္းရမ္း စားေသာက္ ေနတဲ႕ သူ႕လိုလူ တစ္ေယာက္ ကို ဘယ္သူ ကမ်ား ေဆးေဖာ္ ေၾကာဖက္ လုပ္ခ်င္ ပါ႕မလဲ။ ေရခဲလု မတတ္ ေအးခ်မ္း လြန္းတဲ႕ ခုလို ခ်ိန္မ်ိဳးမွာ စုတ္ျပဲ ေနတဲ့ သူ႕ကုတ္ အက်ႌ အေဟာင္း ေလး ထက္ စာရင္ ေႏြးေႏြး ေထြးေထြး ထူထူ ထဲထဲ ရွိမဲ့ အက်ႌ မ်ိဳးက သူ႕ အတြက္ သိပ္ကို လိုအပ္ ေနမွာ ေတာ႕ အမွန္ပါ။

ဒီအခ်ိန္ေလး မွာ အသက္ ၃၅ ႏွစ္ အရြယ္ခန္႔ ရွိတဲ့ အမ်ိဳးသမီး တစ္ေယာက္ ဟာ ပလက္ေဖာင္း ေလး အတိုင္း လမ္းေလွ်ာက္ လာေနပါတယ္။ ပလက္ေဖာင္း ေပၚ ေလွ်ာက္ လာရင္းနဲ႕ အမ်ိဳးသမီး ဟာ ထို အဖိုးအို အနား ကို အေရာက္မွာ ေျခစံု ရပ္တန္႔ လိုက္ပါ ေတာ႔တယ္။ ျပီးေတာ႔ သူ႔ကို ငံု႕ၾကည္႕ လိုက္ကာ “ ဦးေလး .. ရွင္ ေနေကာင္း ရဲ႕လား” လို႕ ႏႈတ္ခြန္းဆက္ စကား ဆို လိုက္ပါတယ္။ ၾကည္႕ လိုက္ တာနဲ႕ အမ်ိဳးသမီး ဟာ ခ်မ္းခ်မ္း သာသာ အထက္တန္း လႊာ ထဲက ျဖစ္မယ္ ဆိုတာ အဖိုးအိုက သိလိုက္ ပါတယ္။ သူမ ဟာ လွပ သစ္လြင္တဲ႕ ထူထူ ထဲထဲ ကုတ္ အကၤ်ီကို ၀တ္ဆင္ ထားျပီး သန္႔ရွင္း သပ္ရပ္ လို႔ ေနပါတယ္။ ျပီးေတာ႕လဲ သူမ ကို ၾကည္႕ရတာ ငတ္မြတ္ျခင္း၊ ဆာေလာင္ျခင္း ဆိုတာ ကို ဘယ္ေသာ အခါမွ ခံစားခဲ႕ရဖူးပံု မေပၚပါ။ ဒီလို အမ်ိးသမီး တစ္ေယာက္ က သူနဲ႕ လာျပီး စကားေျပာဆို ပတ္သက္ ဖို႕ဆိုတာ အေၾကာင္းကို မရွိဘူးလို႔ သူက ထင္လုိက္ ပါတယ္။ ဒီ အ မ်ိဳးသမီး ဟာ လည္း တစ္ျခား လမ္းသြား လမ္းလာ ေတြလိုဘဲ သူ႕ကို ရယ္စရာ လုပ္ဖို႕ စေနာက္ဖို႕ သက္သက္နဲ႕ စကား လာေျပာ ေနတာ သာ ျဖစ္မွာပါ။ ဒါေၾကာင္႕ လဲ အမ်ိဳးသမီးကို “ ခင္ဗ်ား ကိုယ္႕လမ္းကို သြားပါ။ က်ဳပ္ တစ္ေယာက္ တည္း ေအးေအး ေနေန တာကို မေႏွာက္ယွက္ စမ္းပါနဲ႔ ” လို႔ ေအာ္ဟစ္ျပီး ေျပာ လိုက္ပါတယ္။

အံ႕ၾသ စရာက ထုိ အမ်ိဳးသမီး ဟာ သူ႕ရဲ႕ ေအာ္ဟစ္သံ ကို ေၾကာက္လန္႕ ျပီး ထြက္သြား တာမ်ိဳး မဟုတ္ဘဲ ေနရာမွာ ဆက္ျပီး ရပ္ေန တုန္းပါ။ ညီညာျပီး ျဖဴေဖြး လွပေနတဲ႕ သြားေတြကို ေပၚေအာင္ ျပံဳး လိုက္ရင္းက “ ရွင္ ဗိုက္ဆာ ေနသလား ” လို႕ သူ႕ကို ေမးျပန္ ပါတယ္။ “ မဆာပါဘူး က်ဳပ္က သမၼတၾကီး နဲ႕ အတူတူ ညစာ စားျပီးျပီ ခင္ဗ်ား သာ ခု ခ်က္ျခင္း ဒီက ထြက္သြား စမ္းပါဗ်ာ ” လို႕ သူက စိတ္ေပါက္ေပါက္ နဲ႕ ရြဲ႕ျပီး ျပန္ေျဖ လိုက္ ပါတယ္။ အမ်ိဳးသမီးဟာ သူ႕အနားက ထြက္ျပီး မသြား သလို အျပံဳးလဲ မပ်က္ ပါဘူး။ ျပီးေတာ႕ သူ႕ေဘးနား ထိုင္ခ် လိုက္ျပီး အဖိုးအို ရဲ႕လက္ေမာင္းေတြ ကို အသာအယာ ဆုပ္ကိုင္ လိုက္ခ်ိန္ မွာေတာ႔ “ ဟာ ခင္ဗ်ား ဘာလုပ္ တာလဲ က်ဳပ္ ေျပာျပီး ျပီေလ။ က်ဳပ္ကို မေႏွာက္ ယွက္ ပါနဲ႕။ ခင္ဗ်ား ဒီေနရာ က ထြက္သြားပါ” လို႕ အဖိုးအို ဆီက ေဒါသ တၾကီး ေအာ္ဟစ္သံ က ဟိန္းထြက္ လာ ပါေတာ႔တယ္။

ဒီအခ်ိန္မွာ ရဲအရာရွိ တစ္ေယာက္ ေရာက္ လာျပီး “ အစ္မၾကီး ျပႆနာ တစ္ခုခု ျဖစ္ေန သလား.. ကၽြန္ေတာ္ ဘာမ်ား ကူညီ ေပးရ ပါမလဲ ” လို႕ ေမးလာ ေတာ႔ အမ်ိဳးသမီးက “ ဘာ ျပႆနာ မွ မရွိပါဘူး ရဲအရာရွိ ၾကီးရယ္။ ဒီလူကို မတ္တပ္ရပ္ ႏိုင္ေအာင္ ကၽြန္မ ၾကိဳးစား ေနတာပါ။ ကၽြန္မ ကို တစ္ဆိတ္ ေလာက္ ကူညီ ေပးပါလား ရွင္.. ” ရဲ အရာရွိ ဟာ သူ႕ေခါင္း ကို ကုတ္ လိုက္ရင္း “ ဒီအဖိုးၾကီး ဂ်က္ ဟာ ဒီေနရာမွာ ေနလာတာ ႏွစ္ ေတာ္ေတာ္ ၾကာပါျပီ၊ သူဟာ ဘယ္သူ႕ကုိ မွ ေတာ့ ဒုကၡ မေပးခဲ႕ပါဘူး၊ သူ႕ကို ဘာမ်ား လုပ္မလို႕ ပါလဲ ” လို႔ ေမးလိုက္ ပါတယ္..

“ရွင္ ဟိုနား က ေကာ္ဖီဆိုင္ေလး ကို ေတြ႔တယ္ မဟုတ္လား။ ကၽြန္မ သူ႕ကို အဲဒီဆိုင္ေလး ထဲကို ေခၚသြားျပီး တစ္ခုခု ေကၽြးခ်င္ တယ္။ ျပီးေတာ႕လဲ ဒီေလာက္ ခ်မ္းေအး လြန္း တဲ႕ ရာသီဥတု ဒဏ္ကေန ခနေလး ျဖစ္ျဖစ္ သူ႕ကို လြတ္ေျမာက္ ေစခ်င္ျပီး ေႏြးေႏြး ေထြးေထြး ေနေစ ခ်င္ ပါတယ္ ”

“ ခင္ဗ်ား ရူး ေနသလား က်ဳပ္ အဲဒီ အထဲကို မသြားခ်င္ဘူး ” အေၾကာက္ အကန္ ျငင္းဆန္ ေနရင္း မွာဘဲ သန္မာတဲ႕ လက္ႏွစ္ဖက္ ေတြနဲ႕ သူ႕ကို ဆြဲထူ မျခင္း ကို ခံလိုက္ ရပါတယ္။ “ ရဲ အရာရွိၾကီး က်ုဳပ္ကို လႊတ္ပါဗ်.. က်ဳပ္ ေအးေအး ေဆးေဆး ေနပါ ရေစ၊ က်ဳပ္ ဘာအမွား မွလဲ လုပ္ထား တာ မဟုတ္ဘူး ” လို႕ ဆိုင္ ကို ဆြဲေခၚ လာတဲ႔ လမ္း တစ္ေလွ်ာက္ မွာ လည္း အဖိုးအို ဂ်က္ ဟာ ေအာ္ဟစ္ ရုန္းကန္ ေနတုန္း ပါဘဲ။

“ ခင္ဗ်ား အတြက္ အေကာင္းဆံုး အေျခအေန ကို ဖန္တီး ေပး ေနတာ ကို မမိုက္မဲ ခ်င္ စမ္းပါနဲ႕” ရဲ အရာရွိ က ေလသံ ခပ္မာမာနဲ႕ သူ႕ကို ျပန္ေျပာ ပါတယ္။ ေနာက္ဆံုးေတာ႕ အမ်ိဳးသမီး ၾကီးနဲ႕ ရဲအရာရွိ ဟာ ခက္ခက္ ခဲခဲနဲ႕ သူ႕ကို ေကာ္ဖီ ဆိုင္ေလး ထဲကို ေရာက္ေအာင္ ဆြဲေခၚ လာ ႏိုင္ခဲ႕ျပီး ဆိုင္ရဲ႕ အတြင္း ဘက္ ခပ္က်က် ေကာင္တာ အနီး မွာ ထိုင္ေစ လိုက္ပါတယ္။ အခ်ိန္ က မနက္စာ စားခ်ိန္ ေက်ာ္သြားျပီး ေန႕လည္စာ စားခ်ိန္လဲ မေရာက္ေသး တဲ့ အတြက္ ဆိုင္ အတြင္း ထဲမွာေတာ႔ လူသူ ရွင္းလင္း ေနပါတယ္။ ဆိုင္ရဲ႕ မန္ေနဂ်ာ ျဖစ္သူ ဟာ စားပြဲ ေတြကို ေက်ာ္ျဖတ္ ျပီး သူတို႕ရဲ႕ စားပြဲ မွာ လာရပ္ ျပီး ေမးပါတယ္။

“ ရဲအရာရွိ ခင္ဗ်ာ.. ဘာမ်ား ျဖစ္လို႕ ပါလဲ.. ဒီအဖိုးၾကီး က ခင္ဗ်ား တို႕ကို ဒုကၡမ်ား ေပးေန လို႕လား ”

“ ဘာမွ ဒုကၡ မေပး ပါဘူး။ သူ႕ကို ဒီအစ္မၾကီး က အစားအေသာက္ ေကၽြးေမြး ခ်င္လို႔ ေခၚလာ တာပါ.. ” ရဲအရာရွိရဲ႕ စကား အဆံုးမွာ “ အိုး ဒီေနရာ ဟာ ဒီလို လူမ်ိဳးေတြ နဲ႕ သင္႕ ေတာ္တဲ႕ ေနရာ မဟုတ္ ပါဘူး ခင္ဗ်ာ။ ကၽြန္ေတာ္ တို႕ ဆိုင္ဟာ လူၾကီး လူေကာင္းေတြ ၀င္ထြက္ သြားလာ စားေသာက္ တဲ့ ဆိုင္ ျဖစ္ပါတယ္။ လမ္းေပၚ က ဒီလို စုတ္ျပတ္ျပတ္ လူ တစ္ေယာက္ က ကၽြန္ေတာ္ တို႔ ဆိုင္ထဲမွာ လာ စားေနတာ သူမ်ားေတြ ေတြ႔ သြားရင္ ဆိုင္နာမည္ ပ်က္ျပီး ကၽြန္ေတာ္ တို႔ ဆိုင္ရဲ႕ စီးပြားေရး ကို ထိခိုက္ ပါလိမ္႕မယ္။” လို႔ ဆိုင္ မန္ေနဂ်ာ က ေျပာလိုက္ ပါတယ္။

“ ကဲ အမ်ိဳးသမီး ခင္ဗ်ား ေတြ႔တယ္ မဟုတ္လား။ က်ဳပ္ေျပာ ခဲ႕သား ဘဲ .. ဒီလို ေနရာ ကို က်ဳပ္ မလာခ်င္ ပါဘူးလို႕.. က်ဳပ္ သြားေတာ႕ မယ္၊ ဒီလို ေနရာမ်ိဳး ကိုလဲ ဘယ္ေတာ႕မွ ထပ္ မလာဘူး.. ” အဖိုးအို ဂ်က္က သြား တစ္ေခ်ာင္းမွ မရွိေတာ႕တဲ႕ ႏႈတ္ခမ္း ေတြ ကို ဖြင္႔ဟရင္း ေဒါသ ျဖစ္စြာ ေျပာ လိုက္ပါတယ္။

အမ်ိဳးသမီး ဟာ ဆိုင္ရဲ႕ မန္ေနဂ်ာ ကို ေသခ်ာ ၾကည္႕လိုက္ျပီး ျပံဳးျပ လိုက္ရင္းက “ မန္ေနဂ်ာ.. ရွင္ ဒီလမ္းမၾကီး ေပၚမွာ ရွိတဲ့ အက္ဒီဂရုပ္ ရဲ႕ ဘဏ္ လုပ္ငန္း စုၾကီး ကို သိတယ္ မဟုတ္ လား. ” လို႔ ေမး လိုက္ပါတယ္။ ဒီေတာ့ ဆိုင္မန္ေနဂ်ာ က စိတ္မရွည္ တဲ့ ေလသံနဲ႕ “ သိပါတယ္.. သူတို႕ဟာ အပတ္စဥ္ တိုင္း ကုမၸဏီ အစည္းအေဝး ကို ကၽြန္ေတာ္ တို႕ဆိုင္ရဲ႕ အထူးခန္း မွာ အျမဲ လုပ္ ပါတယ္။ ဘာျဖစ္ လို႕ပါလဲ ” လို႕ျပန္ေျဖ ပါတယ္။

အမ်ိဳးသမီးက “ ဒါဆိုရင္ ရွင္တို႔ ဆိုင္မွာ လုပ္တဲ႔ သူတို႕ရဲ႕ အပတ္စဥ္ အစည္း အေဝး ေၾကာင္႔ ရွင္တို႕ဆိုင္ ရဲ႕ အစားအေသာက္ေတြ ပိုျပီး ေရာင္း ခဲ့ရတဲ့ အတြက္ သူတို႕ဟာ ရွင္တို႕ဆိုင္ကို တစ္ဘက္ တစ္လမ္း က အက်ိဳးျပဳ ေနတယ္ ဆိုတာေတာ့ ရွင္ လက္ခ ံတယ္ မဟုတ္လား.. ”

“အဲဒီကိစၥ ခင္ဗ်ား နဲ ႔ မဆိုင္ဘူးလို႕ ထင္ ပါတယ္.. ” မန္ေနဂ်ာ က ေဒါသ ထြက္ လာပံု ရတဲ႔ ေလသံ နဲ႕ ျပန္ေျပာ ပါတယ္။

“ကၽြန္မ က အဲဒီ ဘဏ္ လုပ္ငန္းစုရဲ႕ အမႈေဆာင္ အရာရွိ ခ်ဳပ္ မစၥ ပင္နီလုပ္ အက္ဒီ ပါ.. ”

“ဗ်ာ…. ” အမ်ိဳးသမီး ရဲ႕ နာမည္ လည္း ၾကား လိုက္ေရာ မန္ေနဂ်ာ ရဲ႕ အမူအယာ က ခ်င္ျခင္း ဘဲ ေျပာင္းလဲ သြားပါတယ္.။

အမ်ိဳးသမီး က ေနာက္ တစ္ၾကိမ္ ထပ္ျပံဳးလိုက္ရင္း “ကၽြန္မက ခါတိုင္း လုပ္တဲ႔ အဲဒီပြဲနဲ႕ မတူတဲ႔ စားေသာက္ ပြဲေလး တစ္ခု ကို အခု ခ်က္ျခင္း က်င္းပ ခ်င္ပါတယ္။ ရွင္တို႕ဆိုင္ရဲ႕ အေကာင္း ဆံုး စားေသာက္ စရာေတြ ယူလာ ခဲ႕ပါ.. ”

စားပြဲမွာ ရပ္ေန ဆဲ ျဖစ္တဲ႕ ရဲအရာရွိ ကုိ တစ္ခ်က္ ၾကည္႕လိုက္ျပီး “ ရဲ အရာရွိၾကီး ကိုလည္း ကၽြန္မတို႕ နဲ႕အတူတူ စားေသာက္ ဖို႕ ဖိတ္ေခၚ ပါတယ္.. ”

“ေတာ္ပါျပီ ခင္ဗ်ာ ေက်းဇူးပါ.. ကၽြန္ေတာ္ က တာဝန္ ခ်ိန္တြင္း ျဖစ္ေနတဲ႔ အတြက္ စားဖို႔ မျဖစ္ နုိင္ပါဘူး”

“ဒါဆိုရင္ အျပန္ ကို ေကာ္ဖီ တစ္ခြက္ ေလာက္ေတာ႕ ယူသြား ပါရွင္.. ”

“ေကာင္း ပါျပီ ဗ်ာ .. ေကာ္ဖီေတာ့ ယူသြား ပါ႕မယ္.. ”

ရဲ အရာရွိ စကား အဆံုးမွာ မန္ေနဂ်ာ က

“ကၽြန္ေတာ္ ရဲအရာရွိ ယူ သြားဖို႕အတြက္ ေကာ္ဖီ တစ္ခြက္ ယူလာေပးပါ႕မယ္.. ဒီ၀ိုင္း အတြက္ လဲ အေကာင္းဆံုး အစား အေသာက္ ေတြ ကို ယူလာ ခဲ႕ပါ႕ မယ္ ခင္ဗ်ာ ” လို႕ေျပာျပီး မန္ေနဂ်ာ က စားပြဲ ကေန ထြက္ခြာ သြား ပါတယ္။

မန္ေနဂ်ာ ျပန္ထြက္ သြားတာ ကို ေစာင္႔ ျပီး ရဲ အရာရွိ က အမ်ိဳးသမီး ကို “ ခင္ဗ်ား သူ႕ကို လူမွန္ ေနရာမွန္ ျဖစ္ေအာင္ လုပ္ေပး လိုက္တာဘဲ ” လို႔ လွမ္းေျပာ လိုက္ ပါတယ္..

“ ကၽြန္မ ဒီလို ေတာ့ မရည္ရြယ္ ပါဘူး။ ဒါေပမဲ႔ ဒီလို ထုတ္ မေျပာရင္ မျဖစ္ေတာ႔ တာမို႔ ထုတ္ေျပာ လိုက္ ရတာပါ။ ကၽြန္မ အေနနဲ႕ အန္ကယ္ ဂ်က္ ကို ဒီေခၚ လာတာ အေၾကာင္း အမ်ားၾကီး ရွိပါ တယ္..” လို႔ ေျပာ လိုက္ျပီး အမ်ိဳးသမီး ဟာ ထိုင္ခံုေပၚ ထိုင္ခ် လိုက္ပါတယ္. ထို႕ေနာက္ အဖိုးၾကီး ဘက္ ကို လွည္႕ျပီး စကား စတင္ ေျပာပါတယ္။

“ အန္ကယ္ ဂ်က္... ရွင္ကၽြန္မ ကို မွတ္မိ လား.. ”

အဖိုးအို ဂ်က္ ဟာ အမ်ိဳးသမီး ၾကီးရဲ႕ မ်က္ႏွာ ကို ေသေသ ခ်ာခ်ာ စူးစမ္းစြာ ၾကည့္ေနျပီး “ က်ဳပ္ထင္တာ ခင္ဗ်ားဟာ က်ဳပ္ကို ရင္းရင္း ႏွီးႏွီး သိေနပံုဘဲ”

“ဟုတ္ပါတယ္ .. ကၽြန္မ ရုပ္ရည္က ဟုိတုန္း ကထက္ ရင္႕ေရာ္ သြားခဲ႕ ပါျပီ.. အခု အခ်ိန္မွာ ေငြေၾကး ဥစၥာ အရာရာ ျပည္႕စံု ေကာင္း ျပည္႕စံုေန ျပီ လို႕ ဆိုႏိုင္ ေပမဲ႕ ကၽြန္မရဲ႕ ငယ္စဥ္ ကာလ ရွင္ ဒီဆိုင္ မွာ အလုပ္ လုပ္ ခဲ့ဖူးတဲ႔ အခ်ိန္ေတြ၊ ေအးခဲ ေနတဲ့ ခုလို ရာသီမ်ိဳးမွာ ဆာေလာင္ ငတ္မြတ္စြာနဲ႕ လမ္းတကာ ေလွ်ာက္ျပီး အစားေလး တစ္လုပ္ အတြက္ ဆိုင္ေတြ ဆီမွာ အလုပ္ေတာင္း ခဲ႕ရဖူး တဲ့ အခ်ိန္ေတြ ကို ဘယ္ေတာ့ မွ မေမ႕ပါ ဘူး ရွင္…”

“ အစ္မၾကီး”

ေဘးနား က နားေထာင္ ေနတဲ႔ ရဲအရာရွိ ထံမွ အံ႕ၾသ တၾကီး ေလသံ က လႊတ္ခနဲ ထြက္က် လာပါတယ္.. ဒီလို ဂုဏ္သေရရွိ အမ်ိဳးသမီး တစ္ေယာက္ ဟာ ဆာေလာင္ မြတ္သိပ္စြာ နဲ႕ လမ္းေတြ ေပၚမွာ ေလွ်ာက္ သြားခဲ႕ ဖူး တယ္ ဆိုတာ ကို သူဘယ္လိုမွ ယံုၾကည္ လက္ခံ ႏိုင္ပံု မရပါ။

အမ်ိဳးသမီး က သူ႕ဘဝ ေနာက္ေၾကာင္း ကို စတင္ျပီး ရွင္းျပ ပါတယ္။ “ ကၽြန္မဟာ အဲဒီအခ်ိန္ က ေကာလိပ္ေက်ာင္း က ထြက္လာ ကစ ဒီျမိဳ႕ကေလး ကို အလုပ္ရွာ ဖို႕ ေရာက္ လာပါတယ္.. ဒါေပမဲ႕ ကံဆိုးခ်င္ ေတာ႕ အလုပ္ တစ္ခု တေလမွ ကို ေတာ္ေတာ္ နဲ႕ ရွာလို႕ မရခဲ႕ ပါဘူး။ ဘယ္သူ ကမွ လည္း အလုပ္ မေပး ခဲ့ၾက ပါဘူး။ ေနာက္ဆံုးေတာ့ လက္ထဲ မွာ ျပားေစ့ေလး နည္းနည္း ကလြဲလို႔ ဘာမွ မက်န္ေတာ ႔ တဲ့အခါ အခန္း ငွားခ မေပး ႏိုင္ေတာ့ တဲ႔ ကၽြန္မ ကုိ အခန္း ပိုင္ရွင္က ေမာင္းထုတ္ လိုက္ပါတယ္။ ဒီလိုနဲ႔ ေဖေဖာ္၀ါရီ လ ရဲ႕ ျပင္းလြန္း တဲ႕ အေအးဒဏ္ ေအာက္မွာ ခိုနား ရာ မရွိ၊ ငတ္ငတ္ ျပတ္ျပတ္ ဆင္းဆင္း ရဲရဲနဲ႔ လမ္းေတြ ေပၚမွာ ေလွ်ာက္သြား ေနခဲ႕ရင္း ေနာက္ဆံုး မွာ ဒီေနရာ ေလး ကို စားစရာ တစ္ခု တေလ ရလို ရျငား ေရာက္လာ ခဲ႕ပါတယ္။”

အဖိုးၾကီးဂ်က္ ဟာ ပါးစပ္ကို ဟလိုက္ျပီး “ အိုး က်ဳပ္ မွတ္မိျပီ။ အဲဒီ တုန္းက က်ဳပ္ဟာ ဟိုနား က ေကာင္တာ မွာ ရပ္ ေနခဲ႕တာေလ။ ခင္ဗ်ား က က်ဳပ္ကို ေမးတယ္.. အစား အေသာက္ နည္းနည္း ေပးပါ.. ဆိုင္မွာ ရွိတဲ႕ အလုပ္ ကို လုပ္ေပး ပါ႔မယ္ လို႔ ေတာင္းဆို တယ္ေလ။ ဆိုင္ ဝန္ထမ္း မဟုတ္ တဲ႕ အျပင္လူ ကို အလုပ္ ခိုင္းတဲ့ အခ်က္ ဟာ ဆိုင္ရဲ႕ စည္းကမ္း ခ်က္ကို ေဖာက္ဖ်က္ ရာ က်တဲ႕ အ တြက္ အလုပ္ မေပး ႏိုင္ပါဘူး လို႔ က်ဳပ္က ေျပာခဲ႕ တယ္ေ လ။ ”

“ဟုတ္ကဲ႕ .. ကၽြန္မ သိပါတယ္ အန္ကယ္ ဂ်က္။ အန္ကယ္ ဟာ ကၽြန္မ တစ္သက္ ျမင္ဖူး သမွ်ထဲမွာ အၾကီးဆံုး ျဖစ္တဲ႕ အသား ညွပ္ ဆင္းဝစ္ၾကီး တစ္ခုနဲ႕ ေကာ္ဖီ တစ္ခြက္ ကို ေပးျပီး ေတာ႕ ဟိုေထာင္႕နား က စားပြဲ မွာ သြားထိုင္ စားပါလို႕ ေျပာခဲ့ တယ္. ကၽြန္မ က ရွင္ ကၽြန္မ ေၾကာင္႕ ျပႆနာ တစ္ခုခု ျဖစ္မွာ ကို စိုးရိမ္ ေနခဲ႕ေပမဲ႕ ရွင္က ကၽြန္မ စားတဲ႔ အစား အစာ အတြက္ က်သင္႕ေငြ ကို ေကာင္တာ မွာ သြားရွင္း ေနတာ ေတြ႕လိုက္ ရတယ္။ ဒီေတာ႕မွ အားလံုး အဆင္ေျပ သြားျပီ ဆိုတာ သိမွ စိတ္ခ် လက္ခ်နဲ႕ အစား ကို စားႏိုင္ ခဲ႕တယ္။ ကၽြန္မ ဘဝမွာ အဲဒီ အခ်ိန္တုန္း က ဆာဆာ နဲ႕ စားခဲ႔ ရတဲ႔ ဆင္းဒဝစ္ ေလာက္ ဘယ္ အစား အေသာက္ ကမွ အရသာ မရွိ ခဲ့ပါဘူး။ ခုခ်ိန္ ထိ လည္း သတိရ ေန ပါတယ္။”

“ခင္ဗ်ား ဒီ ေနာက္ပိုင္း အလုပ္ ရသြား ခဲ႕သလား.. ” အဖိုးဂ်က္ က အမ်ိဳးသမီး ၾကီး ကို ေမး လိုက္ပါတယ္..

“ဟုတ္တယ္ သိပ္ မၾကာခင္ မွာ ကၽြန္မ ဟာ အလုပ္ တစ္ခုကို ရလိုက္ တယ္။ အလုပ္ လုပ္တဲ့ အခါ သူမ်ားေတြ ထက္ ပိုျပီး အလုပ္မွာ ေစတနာ ထားတယ္။ ၾကိဳးစား တယ္။ ကၽြန္မ က ငတ္ျပတ္ တဲ့ ဘ၀ကို ေရာက္ခဲ႕ ဖူး ေတာ့ ဒီဘဝ ကို ျပန္ မသြား ခ်င္ ဘူးေလ. ဒီေတာ႕ ဘာလုပ္ သလဲ... သူမ်ား ထက္ ပိုၾကိဳးစား ရတာေပါ႕။ ကၽြန္မ ရဲ႕ ဇြဲ၊လံု႕လ အက်ိဳး ေၾကာင္႕ အခ်ိန္ နည္းနည္း ၾကာ တဲ႔ အခါ ကိုယ္ပိုင္ လုပ္ငန္း တစ္ခု ကို ထူေထာင္ လာႏိုင္ခဲ႕တယ္။ ကံတရား ရဲ႕ ေဖးမမႈ လဲ ပါတာ ေပါ႕ေလ။ ” စကား ေျပာရင္း အမ်ိဳးသမီ ဟာ သူမ ရဲ႕ ပိုက္ဆံအိတ္ ကို ဆြဲဖြင္႕လိုက္ပါတယ္.. ျပီးေတာ႕ လိပ္စာ ကဒ္ျပားေလး တစ္ခု ကို ဆြဲထုတ္ လိုက္ျပီး

“အန္ကယ္ ဂ်က္.. ရွင္ ဒီမွာ စားေသာက္ ျပီးစီး တဲ႕ အခါ ဒီ လိပ္စာ ေလး အတိုင္း ေရာက္ေအာင္ သြားျပီး ကၽြန္မ ရဲ႕ ကိုယ္ေရး အရာရွိ နဲ႕ သြားေတြ႔ ေစခ်င္ တယ္.. ကၽြန္မ တို႕ ကုမၸဏီမွာ အန္ကယ္ အတြက္ သင့္ေတာ္ တဲ႕ အလုပ္ တစ္ေနရာ ကို သူ စီစဥ္ ေပးလိမ္႕မယ္.. ျပီးေတာ့ အ၀တ္အစား ဝယ္ဖို႕၊ ေနထိုင္ စားေသာက္ ဖို႕ ေငြ တစ္ခ်ိဳ႕ ကို သူ ထုတ္ ေပးလိမ္႕ မယ္၊ အန္ကယ္ ကိုယ္႕ ေျခေထာက္ ေပၚ ကိုယ္ ရပ္တည္ ႏိုင္တဲ့ တစ္ေန႕ အထိ ေထာက္ပံ႕ ပါလိမ္႕မယ္။ အန္ကယ္ ဘယ္ လို အကူ အညီဘဲ လုိလို ကၽြန္မ ဆီ လာခဲ႕ပါ။ ကၽြန္မ အန္ကယ္ အတြက္ အျမဲတမ္း တံခါးဖြင့္ ထားပါ တယ္ အန္ကယ္ ဂ်က္.. ”

အမ်ိဳးသမီး ရဲ႕ စကား အဆံုး မွာ အဖိုးအုိ ဂ်က္ ရဲ႕ ပါးျပင္ေပၚ မွာ မ်က္ရည္ ေတြ စီးက် လာပါေတာ႔ တယ္။ “ခင္ဗ်ား ကို ဘယ္လို ေက်းဇူး တင္ရမွန္း ေတာင္ မသိ ေတာ႕ ပါဘူး ဗ်ာ” လို႔ တုန္ယင္ လႈိက္လွဲ ေနတဲ႔ အသံနဲ႔ ေျပာလိုက္ ပါတယ္။

“ေက်းဇူး တင္ ဖို႕ မလိုပါဘူး အန္ကယ္ ဂ်က္ရယ္။ ကူညီ ထိုက္သူ ကို ကူညီရတာ ၀မ္းေျမာက္စရာပါ။ အန္ကယ္ ရဲ႕ ကူညီ ေထာက္ထား တတ္တဲ႕ စိတ္ထား ေလး ကို ကၽြန္မ ဘယ္ေတာ႕ မွ မေမ႕ ပါဘူး။ အန္ကယ္ ေကၽြး ခဲ႕တဲ႕ ဆင္းဒဝစ္ နဲ႕ ေကာ္ဖီ တစ္ခြက္ ဟာ ကၽြန္မ ဘ၀မွာ တန္ဖိုး အၾကီးဆံုး အရာ ေတြ ပါ… ဘယ္လို မွ တန္ဖိုး ျဖတ္လို႕ မရပါဘူး။ ကၽြန္မ ကို ခုလို သူ တစ္ပါး ကို ကူညီ တတ္ေအာင္ လမ္းစ ကို လမ္းျပ ခဲ႕တဲ႕သူ ကလဲ အန္ကယ္ ဂ်က္ ကိုယ္တိုင္ ပါ”

စားေသာက္ ေနတဲ့ အဖိုးအို ဂ်က္ ကို ႏႈတ္ဆက္ ျပီး ေနာက္ အမ်ိဳးသမီး နဲ႕ ရဲအရာရွိဟာ ေကာ္ဖီဆိုင္ ရဲ႕ အျပင္ဘက္ ကို ထြက္လာ ၾက ပါတယ္။ ဆိုင္ေရွ႕ အေရာက္ မွာ တစ္ေယာက္ တစ္လမ္း ထြက္ခြာ မသြားခင္ ဆိုင္ အဝနားမွာ ေခတၱ ရပ္ျပီး အမ်ိဳးသမီး ဟာ ရဲ အရာရွိ ကို ေက်းဇူးတင္ စကား ဆို ပါတယ္။

“ ရွင္႕ရဲ႕ အကူ အညီ အ တြက္ ေက်းဇူ းအထူး တင္ပါတယ္ ရဲ အရာရွိ မင္းရယ္.. ”

“အိုး ေက်းဇူးတင္ ဖို႕ မလိုပါဘူး မစၥ အက္ဒီ .. ကၽြန္ေတာ္ က ေတာင္ ေက်းဇူးတင္ ရမွာ ပါဗ်ာ.. ကၽြန္ေတာ္ ဒီေန႕ သိပ္ ထူးဆန္း အံ႕ၾသ စရာ အျဖစ္ အပ်က္ ကေလး ကို ေတြ႔လိုက္ ရပါတယ္.. ဘယ္ေတာ႕ မွ ေမ႕ႏိုင္ မဲ႕ အျဖစ္ အ ပ်က္ လဲ မဟုတ္ပါ ဘူး ဗ်ာ.. ကၽြန္ေတာ္႔ ရင္ထဲ ကို ေတာ္ေတာ္ ထိပါ တယ္.. ခင္ဗ်ား ရဲ႕ ေကာ္ဖီ အတြက္လဲ ေက်းဇူး ပါ မစၥ အယ္ဒီ.. ”

ရဲ အရာရွိ ရဲ႕ လက္ထဲ က ေကာ္ဖီခြက္ ကို သတိရ လိုက္မိတဲ႕ အမ်ိဳးသမီး ဟာ “အိုး ရွင္ ေကာ္ဖီ ကို ဘယ္လို ေသာက္တယ္ ဆို တာ ေမးဖို႕ ကၽြန္မ ေမ့ သြားတယ္ အခု ယူ လာတာ ေကာ္ဖီ က အခ်ိဳေပါ႔ ထင္ တယ္။ ႏို႕ ျဖစ္ျဖစ္၊ သၾကား ျဖစ္ျဖစ္ ထပ္ယူ မလား ” လို႕ေမး ေတာ႔ ရဲအရာရွိ ဟာ လက္ထဲက ေကာ္ဖီခြက္ ကို ငံု႕ၾကည္႔ လိုက္ျပီေတာ႔ ျပံဳးလိုက္ ပါတယ္။ ျပီးေတာ႔

ကၽြန္ေတာ္႔ အ တြက္ သၾကားေတြ၊ ႏို႕ေတြ မလိုေတာ႔ ပါဘူးဗ်ာ၊ ဒီေန႔ အန္ကယ္ ဂ်က္ ကို ခင္ဗ်ား ေပးလိုက္ တဲ႔ ေစတနာ၊ ေမတၱာ ေတြ က သၾကား ေတြ ႏို႕ေတြ ထက္ ခ်ိဳ ပါတယ္။ တန္ဖိုး လည္း ၾကီး လွပါတယ္။ ေစတနာ ေမတၱာ တို႕၊ ေက်းဇူး သိတတ္ျခင္း တို႔ ဆိုတာ ဘယ္ အရာနဲ႔ မွ မတူ ေအာင္ ခ်ိဳျမိန္ လွပါတယ္၊ ကၽြန္ေတာ့္ ရင္ထဲမွာ လည္း အဲဒီ အခ်ဳိဓာတ္ ေတြ ကူးစက္ ျပီး ေနာက္ထပ္ ဘယ္လို သၾကားမွ မလို ေတာ႔ေအာင္ ပီတိေတြ နဲ႔ ခ်ဳိေန ပါျပီ ဗ်ာ။

Kindness ( Unknown Author ) ကို ဘာသာ ျပန္ တာပါ။ ခုတေလာ စာ အသစ္ မေရးျဖစ္ေသး တာ ေၾကာင့္ လြန္ခဲ႔ တဲ႔ ၂ ႏွစ္ ေလာက္ က ေရး ခဲ႔တဲ႔ ဒီပိုစ္႔ေလး ျပန္တင္ ျဖစ္ တာ ပါ။ နားလည္ ခြင္႔လႊတ္ျပီး ဖတ္ရႈ ေပးၾက ပါလို႔ ေတာင္းပန္ ခ်င္ ပါတယ္။ ဒီစာ ထဲက လို ေစတနာ ေမတၱာ အျပည္႕နဲ႕ ေက်းဇူး သိ တတ္ျခင္း က သၾကား ထက္ ကို ခ်ိဳျမိန္ လွပါတယ္ ဆိုရင္ ကၽြန္မ တို႕လဲ သၾကား ထက္ ခ်ိဳျမိန္ တဲ႕ အရာေတြ ကို ေပး ႏိုင္ဖို႕ ၾကိဳးစား ၾကပါဦး စို႕လား ေနာ္။

 ဖိုးသူေတာ္ (phothutaw.com)
Credit : မေခ်ာ( အစိမ္းေရာင္လြင္ျပင္ )

#Unicode Version#
သကြားထက် ချိုသောအရာ
=====================

အသက် အတော်ကြီး နေပြီ ဖြစ်တဲ့ လူကြီး တစ်ယောက် ဟာ အေးစက် မှုန်မှိုင်း နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခု ပေါ်မှာ ထိုင်နေ ခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲ ညစ်နွမ်း နေတဲ့ အဝတ် အစား တွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန် ကာ လျှံကာ ကြည့်သွား ကြရုံက လွဲလို့ ဘယ်သူ ကမှ အရေး တယူ မရှိ ကြပါ။ ဟုတ်ပါ တယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်း စားသောက် နေတဲ့ သူ့လိုလူ တစ်ယောက် ကို ဘယ်သူ ကများ ဆေးဖော် ကြောဖက် လုပ်ချင် ပါ့မလဲ။ ရေခဲလု မတတ် အေးချမ်း လွန်းတဲ့ ခုလို ချိန်မျိုးမှာ စုတ်ပြဲ နေတဲ့ သူ့ကုတ် အကျႌ အဟောင်း လေး ထက် စာရင် နွေးနွေး ထွေးထွေး ထူထူ ထဲထဲ ရှိမဲ့ အကျႌ မျိုးက သူ့ အတွက် သိပ်ကို လိုအပ် နေမှာ တော့ အမှန်ပါ။

ဒီအချိန်လေး မှာ အသက် ၃၅ နှစ် အရွယ်ခန့် ရှိတဲ့ အမျိုးသမီး တစ်ယောက် ဟာ ပလက်ဖောင်း လေး အတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်း ပေါ် လျှောက် လာရင်းနဲ့ အမျိုးသမီး ဟာ ထို အဖိုးအို အနား ကို အရောက်မှာ ခြေစုံ ရပ်တန့် လိုက်ပါ တော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့် လိုက်ကာ “ ဦးလေး .. ရှင် နေကောင်း ရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆို လိုက်ပါတယ်။ ကြည့် လိုက် တာနဲ့ အမျိုးသမီး ဟာ ချမ်းချမ်း သာသာ အထက်တန်း လွှာ ထဲက ဖြစ်မယ် ဆိုတာ အဖိုးအိုက သိလိုက် ပါတယ်။ သူမ ဟာ လှပ သစ်လွင်တဲ့ ထူထူ ထဲထဲ ကုတ် အင်္ကျီကို ဝတ်ဆင် ထားပြီး သန့်ရှင်း သပ်ရပ် လို့ နေပါတယ်။ ပြီးတော့လဲ သူမ ကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာ ကို ဘယ်သော အခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက် က သူနဲ့ လာပြီး စကားပြောဆို ပတ်သက် ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူက ထင်လိုက် ပါတယ်။ ဒီ အ မျိုးသမီး ဟာ လည်း တစ်ခြား လမ်းသွား လမ်းလာ တွေလိုဘဲ သူ့ကို ရယ်စရာ လုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကား လာပြော နေတာ သာ ဖြစ်မှာပါ။ ဒါကြောင့် လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေ တာကို မနှောက်ယှက် စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြော လိုက်ပါတယ်။

အံ့သြ စရာက ထို အမျိုးသမီး ဟာ သူ့ရဲ့ အော်ဟစ်သံ ကို ကြောက်လန့် ပြီး ထွက်သွား တာမျိုး မဟုတ်ဘဲ နေရာမှာ ဆက်ပြီး ရပ်နေ တုန်းပါ။ ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံး လိုက်ရင်းက “ ရှင် ဗိုက်ဆာ နေသလား ” လို့ သူ့ကို မေးပြန် ပါတယ်။ “ မဆာပါဘူး ကျုပ်က သမ္မတကြီး နဲ့ အတူတူ ညစာ စားပြီးပြီ ခင်ဗျား သာ ခု ချက်ခြင်း ဒီက ထွက်သွား စမ်းပါဗျာ ” လို့ သူက စိတ်ပေါက်ပေါက် နဲ့ ရွဲ့ပြီး ပြန်ဖြေ လိုက် ပါတယ်။ အမျိုးသမီးဟာ သူ့အနားက ထွက်ပြီး မသွား သလို အပြုံးလဲ မပျက် ပါဘူး။ ပြီးတော့ သူ့ဘေးနား ထိုင်ချ လိုက်ပြီး အဖိုးအို ရဲ့လက်မောင်းတွေ ကို အသာအယာ ဆုပ်ကိုင် လိုက်ချိန် မှာတော့ “ ဟာ ခင်ဗျား ဘာလုပ် တာလဲ ကျုပ် ပြောပြီး ပြီလေ။ ကျုပ်ကို မနှောက် ယှက် ပါနဲ့။ ခင်ဗျား ဒီနေရာ က ထွက်သွားပါ” လို့ အဖိုးအို ဆီက ဒေါသ တကြီး အော်ဟစ်သံ က ဟိန်းထွက် လာ ပါတော့တယ်။

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက် လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု ဖြစ်နေ သလား.. ကျွန်တော် ဘာများ ကူညီ ပေးရ ပါမလဲ ” လို့ မေးလာ တော့ အမျိုးသမီးက “ ဘာ ပြဿနာ မှ မရှိပါဘူး ရဲအရာရှိ ကြီးရယ်။ ဒီလူကို မတ်တပ်ရပ် နိုင်အောင် ကျွန်မ ကြိုးစား နေတာပါ။ ကျွန်မ ကို တစ်ဆိတ် လောက် ကူညီ ပေးပါလား ရှင်.. ” ရဲ အရာရှိ ဟာ သူ့ခေါင်း ကို ကုတ် လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ် တော်တော် ကြာပါပြီ၊ သူဟာ ဘယ်သူ့ကို မှ တော့ ဒုက္ခ မပေးခဲ့ပါဘူး၊ သူ့ကို ဘာများ လုပ်မလို့ ပါလဲ ” လို့ မေးလိုက် ပါတယ်..

“ရှင် ဟိုနား က ကော်ဖီဆိုင်လေး ကို တွေ့တယ် မဟုတ်လား။ ကျွန်မ သူ့ကို အဲဒီဆိုင်လေး ထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင် တယ်။ ပြီးတော့လဲ ဒီလောက် ချမ်းအေး လွန်း တဲ့ ရာသီဥတု ဒဏ်ကနေ ခနလေး ဖြစ်ဖြစ် သူ့ကို လွတ်မြောက် စေချင်ပြီး နွေးနွေး ထွေးထွေး နေစေ ချင် ပါတယ် ”

“ ခင်ဗျား ရူး နေသလား ကျုပ် အဲဒီ အထဲကို မသွားချင်ဘူး ” အကြောက် အကန် ငြင်းဆန် နေရင်း မှာဘဲ သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ သူ့ကို ဆွဲထူ မခြင်း ကို ခံလိုက် ရပါတယ်။ “ ရဲ အရာရှိကြီး ကျုုပ်ကို လွှတ်ပါဗျ.. ကျုပ် အေးအေး ဆေးဆေး နေပါ ရစေ၊ ကျုပ် ဘာအမှား မှလဲ လုပ်ထား တာ မဟုတ်ဘူး ” လို့ ဆိုင် ကို ဆွဲခေါ် လာတဲ့ လမ်း တစ်လျှောက် မှာ လည်း အဖိုးအို ဂျက် ဟာ အော်ဟစ် ရုန်းကန် နေတုန်း ပါဘဲ။

“ ခင်ဗျား အတွက် အကောင်းဆုံး အခြေအနေ ကို ဖန်တီး ပေး နေတာ ကို မမိုက်မဲ ချင် စမ်းပါနဲ့” ရဲ အရာရှိ က လေသံ ခပ်မာမာနဲ့ သူ့ကို ပြန်ပြော ပါတယ်။ နောက်ဆုံးတော့ အမျိုးသမီး ကြီးနဲ့ ရဲအရာရှိ ဟာ ခက်ခက် ခဲခဲနဲ့ သူ့ကို ကော်ဖီ ဆိုင်လေး ထဲကို ရောက်အောင် ဆွဲခေါ် လာ နိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်း ဘက် ခပ်ကျကျ ကောင်တာ အနီး မှာ ထိုင်စေ လိုက်ပါတယ်။ အချိန် က မနက်စာ စားချိန် ကျော်သွားပြီး နေ့လည်စာ စားချိန်လဲ မရောက်သေး တဲ့ အတွက် ဆိုင် အတွင်း ထဲမှာတော့ လူသူ ရှင်းလင်း နေပါတယ်။ ဆိုင်ရဲ့ မန်နေဂျာ ဖြစ်သူ ဟာ စားပွဲ တွေကို ကျော်ဖြတ် ပြီး သူတို့ရဲ့ စားပွဲ မှာ လာရပ် ပြီး မေးပါတယ်။

“ ရဲအရာရှိ ခင်ဗျာ.. ဘာများ ဖြစ်လို့ ပါလဲ.. ဒီအဖိုးကြီး က ခင်ဗျား တို့ကို ဒုက္ခများ ပေးနေ လို့လား ”

“ ဘာမှ ဒုက္ခ မပေး ပါဘူး။ သူ့ကို ဒီအစ်မကြီး က အစားအသောက် ကျွေးမွေး ချင်လို့ ခေါ်လာ တာပါ.. ” ရဲအရာရှိရဲ့ စကား အဆုံးမှာ “ အိုး ဒီနေရာ ဟာ ဒီလို လူမျိုးတွေ နဲ့ သင့် တော်တဲ့ နေရာ မဟုတ် ပါဘူး ခင်ဗျာ။ ကျွန်တော် တို့ ဆိုင်ဟာ လူကြီး လူကောင်းတွေ ဝင်ထွက် သွားလာ စားသောက် တဲ့ ဆိုင် ဖြစ်ပါတယ်။ လမ်းပေါ် က ဒီလို စုတ်ပြတ်ပြတ် လူ တစ်ယောက် က ကျွန်တော် တို့ ဆိုင်ထဲမှာ လာ စားနေတာ သူများတွေ တွေ့ သွားရင် ဆိုင်နာမည် ပျက်ပြီး ကျွန်တော် တို့ ဆိုင်ရဲ့ စီးပွားရေး ကို ထိခိုက် ပါလိမ့်မယ်။” လို့ ဆိုင် မန်နေဂျာ က ပြောလိုက် ပါတယ်။

“ ကဲ အမျိုးသမီး ခင်ဗျား တွေ့တယ် မဟုတ်လား။ ကျုပ်ပြော ခဲ့သား ဘဲ .. ဒီလို နေရာ ကို ကျုပ် မလာချင် ပါဘူးလို့.. ကျုပ် သွားတော့ မယ်၊ ဒီလို နေရာမျိုး ကိုလဲ ဘယ်တော့မှ ထပ် မလာဘူး.. ” အဖိုးအို ဂျက်က သွား တစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်း တွေ ကို ဖွင့်ဟရင်း ဒေါသ ဖြစ်စွာ ပြော လိုက်ပါတယ်။

အမျိုးသမီး ဟာ ဆိုင်ရဲ့ မန်နေဂျာ ကို သေချာ ကြည့်လိုက်ပြီး ပြုံးပြ လိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီး ပေါ်မှာ ရှိတဲ့ အက်ဒီဂရုပ် ရဲ့ ဘဏ် လုပ်ငန်း စုကြီး ကို သိတယ် မဟုတ် လား. ” လို့ မေး လိုက်ပါတယ်။ ဒီတော့ ဆိုင်မန်နေဂျာ က စိတ်မရှည် တဲ့ လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ် တိုင်း ကုမ္ပဏီ အစည်းအဝေး ကို ကျွန်တော် တို့ဆိုင်ရဲ့ အထူးခန်း မှာ အမြဲ လုပ် ပါတယ်။ ဘာဖြစ် လို့ပါလဲ ” လို့ပြန်ဖြေ ပါတယ်။

အမျိုးသမီးက “ ဒါဆိုရင် ရှင်တို့ ဆိုင်မှာ လုပ်တဲ့ သူတို့ရဲ့ အပတ်စဉ် အစည်း အဝေး ကြောင့် ရှင်တို့ဆိုင် ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်း ခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ဆိုင်ကို တစ်ဘက် တစ်လမ်း က အကျိုးပြု နေတယ် ဆိုတာတော့ ရှင် လက်ခ ံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ ခင်ဗျား နဲ့ မဆိုင်ဘူးလို့ ထင် ပါတယ်.. ” မန်နေဂျာ က ဒေါသ ထွက် လာပုံ ရတဲ့ လေသံ နဲ့ ပြန်ပြော ပါတယ်။

“ကျွန်မ က အဲဒီ ဘဏ် လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိ ချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

“ဗျာ…. ” အမျိုးသမီး ရဲ့ နာမည် လည်း ကြား လိုက်ရော မန်နေဂျာ ရဲ့ အမူအယာ က ချင်ခြင်း ဘဲ ပြောင်းလဲ သွားပါတယ်.။

အမျိုးသမီး က နောက် တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်း လုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက် ပွဲလေး တစ်ခု ကို အခု ချက်ခြင်း ကျင်းပ ချင်ပါတယ်။ ရှင်တို့ဆိုင်ရဲ့ အကောင်း ဆုံး စားသောက် စရာတွေ ယူလာ ခဲ့ပါ.. ”

စားပွဲမှာ ရပ်နေ ဆဲ ဖြစ်တဲ့ ရဲအရာရှိ ကို တစ်ချက် ကြည့်လိုက်ပြီး “ ရဲ အရာရှိကြီး ကိုလည်း ကျွန်မတို့ နဲ့အတူတူ စားသောက် ဖို့ ဖိတ်ခေါ် ပါတယ်.. ”

“တော်ပါပြီ ခင်ဗျာ ကျေးဇူးပါ.. ကျွန်တော် က တာဝန် ချိန်တွင်း ဖြစ်နေတဲ့ အတွက် စားဖို့ မဖြစ် နိုင်ပါဘူး”

“ဒါဆိုရင် အပြန် ကို ကော်ဖီ တစ်ခွက် လောက်တော့ ယူသွား ပါရှင်.. ”

“ကောင်း ပါပြီ ဗျာ .. ကော်ဖီတော့ ယူသွား ပါ့မယ်.. ”

ရဲ အရာရှိ စကား အဆုံးမှာ မန်နေဂျာ က

“ကျွန်တော် ရဲအရာရှိ ယူ သွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်း အတွက် လဲ အကောင်းဆုံး အစား အသောက် တွေ ကို ယူလာ ခဲ့ပါ့ မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာ က စားပွဲ ကနေ ထွက်ခွာ သွား ပါတယ်။

မန်နေဂျာ ပြန်ထွက် သွားတာ ကို စောင့် ပြီး ရဲ အရာရှိ က အမျိုးသမီး ကို “ ခင်ဗျား သူ့ကို လူမှန် နေရာမှန် ဖြစ်အောင် လုပ်ပေး လိုက်တာဘဲ ” လို့ လှမ်းပြော လိုက် ပါတယ်..

“ ကျွန်မ ဒီလို တော့ မရည်ရွယ် ပါဘူး။ ဒါပေမဲ့ ဒီလို ထုတ် မပြောရင် မဖြစ်တော့ တာမို့ ထုတ်ပြော လိုက် ရတာပါ။ ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ် လာတာ အကြောင်း အများကြီး ရှိပါ တယ်..” လို့ ပြော လိုက်ပြီး အမျိုးသမီး ဟာ ထိုင်ခုံပေါ် ထိုင်ချ လိုက်ပါတယ်. ထို့နောက် အဖိုးကြီး ဘက် ကို လှည့်ပြီး စကား စတင် ပြောပါတယ်။

“ အန်ကယ် ဂျက်... ရှင်ကျွန်မ ကို မှတ်မိ လား.. ”

အဖိုးအို ဂျက် ဟာ အမျိုးသမီး ကြီးရဲ့ မျက်နှာ ကို သေသေ ချာချာ စူးစမ်းစွာ ကြည့်နေပြီး “ ကျုပ်ထင်တာ ခင်ဗျားဟာ ကျုပ်ကို ရင်းရင်း နှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မ ရုပ်ရည်က ဟိုတုန်း ကထက် ရင့်ရော် သွားခဲ့ ပါပြီ.. အခု အချိန်မှာ ငွေကြေး ဥစ္စာ အရာရာ ပြည့်စုံ ကောင်း ပြည့်စုံနေ ပြီ လို့ ဆိုနိုင် ပေမဲ့ ကျွန်မရဲ့ ငယ်စဉ် ကာလ ရှင် ဒီဆိုင် မှာ အလုပ် လုပ် ခဲ့ဖူးတဲ့ အချိန်တွေ၊ အေးခဲ နေတဲ့ ခုလို ရာသီမျိုးမှာ ဆာလောင် ငတ်မွတ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ် အတွက် ဆိုင်တွေ ဆီမှာ အလုပ်တောင်း ခဲ့ရဖူး တဲ့ အချိန်တွေ ကို ဘယ်တော့ မှ မမေ့ပါ ဘူး ရှင်…”

“ အစ်မကြီး”

ဘေးနား က နားထောင် နေတဲ့ ရဲအရာရှိ ထံမှ အံ့သြ တကြီး လေသံ က လွှတ်ခနဲ ထွက်ကျ လာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက် ဟာ ဆာလောင် မွတ်သိပ်စွာ နဲ့ လမ်းတွေ ပေါ်မှာ လျှောက် သွားခဲ့ ဖူး တယ် ဆိုတာ ကို သူဘယ်လိုမှ ယုံကြည် လက်ခံ နိုင်ပုံ မရပါ။

အမျိုးသမီး က သူ့ဘဝ နောက်ကြောင်း ကို စတင်ပြီး ရှင်းပြ ပါတယ်။ “ ကျွန်မဟာ အဲဒီအချိန် က ကောလိပ်ကျောင်း က ထွက်လာ ကစ ဒီမြို့ကလေး ကို အလုပ်ရှာ ဖို့ ရောက် လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင် တော့ အလုပ် တစ်ခု တလေမှ ကို တော်တော် နဲ့ ရှာလို့ မရခဲ့ ပါဘူး။ ဘယ်သူ ကမှ လည်း အလုပ် မပေး ခဲ့ကြ ပါဘူး။ နောက်ဆုံးတော့ လက်ထဲ မှာ ပြားစေ့လေး နည်းနည်း ကလွဲလို့ ဘာမှ မကျန်တော့ တဲ့အခါ အခန်း ငှားခ မပေး နိုင်တော့ တဲ့ ကျွန်မ ကို အခန်း ပိုင်ရှင်က မောင်းထုတ် လိုက်ပါတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီ လ ရဲ့ ပြင်းလွန်း တဲ့ အအေးဒဏ် အောက်မှာ ခိုနား ရာ မရှိ၊ ငတ်ငတ် ပြတ်ပြတ် ဆင်းဆင်း ရဲရဲနဲ့ လမ်းတွေ ပေါ်မှာ လျှောက်သွား နေခဲ့ရင်း နောက်ဆုံး မှာ ဒီနေရာ လေး ကို စားစရာ တစ်ခု တလေ ရလို ရငြား ရောက်လာ ခဲ့ပါတယ်။”

အဖိုးကြီးဂျက် ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ် မှတ်မိပြီ။ အဲဒီ တုန်းက ကျုပ်ဟာ ဟိုနား က ကောင်တာ မှာ ရပ် နေခဲ့တာလေ။ ခင်ဗျား က ကျုပ်ကို မေးတယ်.. အစား အသောက် နည်းနည်း ပေးပါ.. ဆိုင်မှာ ရှိတဲ့ အလုပ် ကို လုပ်ပေး ပါ့မယ် လို့ တောင်းဆို တယ်လေ။ ဆိုင် ဝန်ထမ်း မဟုတ် တဲ့ အပြင်လူ ကို အလုပ် ခိုင်းတဲ့ အချက် ဟာ ဆိုင်ရဲ့ စည်းကမ်း ချက်ကို ဖောက်ဖျက် ရာ ကျတဲ့ အ တွက် အလုပ် မပေး နိုင်ပါဘူး လို့ ကျုပ်က ပြောခဲ့ တယ်ေ လ။ ”

“ဟုတ်ကဲ့ .. ကျွန်မ သိပါတယ် အန်ကယ် ဂျက်။ အန်ကယ် ဟာ ကျွန်မ တစ်သက် မြင်ဖူး သမျှထဲမှာ အကြီးဆုံး ဖြစ်တဲ့ အသား ညှပ် ဆင်းဝစ်ကြီး တစ်ခုနဲ့ ကော်ဖီ တစ်ခွက် ကို ပေးပြီး တော့ ဟိုထောင့်နား က စားပွဲ မှာ သွားထိုင် စားပါလို့ ပြောခဲ့ တယ်. ကျွန်မ က ရှင် ကျွန်မ ကြောင့် ပြဿနာ တစ်ခုခု ဖြစ်မှာ ကို စိုးရိမ် နေခဲ့ပေမဲ့ ရှင်က ကျွန်မ စားတဲ့ အစား အစာ အတွက် ကျသင့်ငွေ ကို ကောင်တာ မှာ သွားရှင်း နေတာ တွေ့လိုက် ရတယ်။ ဒီတော့မှ အားလုံး အဆင်ပြေ သွားပြီ ဆိုတာ သိမှ စိတ်ချ လက်ချနဲ့ အစား ကို စားနိုင် ခဲ့တယ်။ ကျွန်မ ဘဝမှာ အဲဒီ အချိန်တုန်း က ဆာဆာ နဲ့ စားခဲ့ ရတဲ့ ဆင်းဒဝစ် လောက် ဘယ် အစား အသောက် ကမှ အရသာ မရှိ ခဲ့ပါဘူး။ ခုချိန် ထိ လည်း သတိရ နေ ပါတယ်။”

“ခင်ဗျား ဒီ နောက်ပိုင်း အလုပ် ရသွား ခဲ့သလား.. ” အဖိုးဂျက် က အမျိုးသမီး ကြီး ကို မေး လိုက်ပါတယ်..

“ဟုတ်တယ် သိပ် မကြာခင် မှာ ကျွန်မ ဟာ အလုပ် တစ်ခုကို ရလိုက် တယ်။ အလုပ် လုပ်တဲ့ အခါ သူများတွေ ထက် ပိုပြီး အလုပ်မှာ စေတနာ ထားတယ်။ ကြိုးစား တယ်။ ကျွန်မ က ငတ်ပြတ် တဲ့ ဘဝကို ရောက်ခဲ့ ဖူး တော့ ဒီဘဝ ကို ပြန် မသွား ချင် ဘူးလေ. ဒီတော့ ဘာလုပ် သလဲ... သူများ ထက် ပိုကြိုးစား ရတာပေါ့။ ကျွန်မ ရဲ့ ဇွဲ၊လုံ့လ အကျိုး ကြောင့် အချိန် နည်းနည်း ကြာ တဲ့ အခါ ကိုယ်ပိုင် လုပ်ငန်း တစ်ခု ကို ထူထောင် လာနိုင်ခဲ့တယ်။ ကံတရား ရဲ့ ဖေးမမှု လဲ ပါတာ ပေါ့လေ။ ” စကား ပြောရင်း အမျိုးသမီ ဟာ သူမ ရဲ့ ပိုက်ဆံအိတ် ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာ ကဒ်ပြားလေး တစ်ခု ကို ဆွဲထုတ် လိုက်ပြီး

“အန်ကယ် ဂျက်.. ရှင် ဒီမှာ စားသောက် ပြီးစီး တဲ့ အခါ ဒီ လိပ်စာ လေး အတိုင်း ရောက်အောင် သွားပြီး ကျွန်မ ရဲ့ ကိုယ်ရေး အရာရှိ နဲ့ သွားတွေ့ စေချင် တယ်.. ကျွန်မ တို့ ကုမ္ပဏီမှာ အန်ကယ် အတွက် သင့်တော် တဲ့ အလုပ် တစ်နေရာ ကို သူ စီစဉ် ပေးလိမ့်မယ်.. ပြီးတော့ အဝတ်အစား ဝယ်ဖို့၊ နေထိုင် စားသောက် ဖို့ ငွေ တစ်ချို့ ကို သူ ထုတ် ပေးလိမ့် မယ်၊ အန်ကယ် ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင်တဲ့ တစ်နေ့ အထိ ထောက်ပံ့ ပါလိမ့်မယ်။ အန်ကယ် ဘယ် လို အကူ အညီဘဲ လိုလို ကျွန်မ ဆီ လာခဲ့ပါ။ ကျွန်မ အန်ကယ် အတွက် အမြဲတမ်း တံခါးဖွင့် ထားပါ တယ် အန်ကယ် ဂျက်.. ”

အမျိုးသမီး ရဲ့ စကား အဆုံး မှာ အဖိုးအို ဂျက် ရဲ့ ပါးပြင်ပေါ် မှာ မျက်ရည် တွေ စီးကျ လာပါတော့ တယ်။ “ခင်ဗျား ကို ဘယ်လို ကျေးဇူး တင်ရမှန်း တောင် မသိ တော့ ပါဘူး ဗျာ” လို့ တုန်ယင် လှိုက်လှဲ နေတဲ့ အသံနဲ့ ပြောလိုက် ပါတယ်။

“ကျေးဇူး တင် ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်။ ကူညီ ထိုက်သူ ကို ကူညီရတာ ဝမ်းမြောက် စရာပါ။ အန်ကယ် ရဲ့ ကူညီ ထောက်ထား တတ်တဲ့ စိတ်ထား လေး ကို ကျွန်မ ဘယ်တော့ မှ မမေ့ ပါဘူး။ အန်ကယ် ကျွေး ခဲ့တဲ့ ဆင်းဒဝစ် နဲ့ ကော်ဖီ တစ်ခွက် ဟာ ကျွန်မ ဘဝမှာ တန်ဖိုး အကြီးဆုံး အရာ တွေ ပါ… ဘယ်လို မှ တန်ဖိုး ဖြတ်လို့ မရပါဘူး။ ကျွန်မ ကို ခုလို သူ တစ်ပါး ကို ကူညီ တတ်အောင် လမ်းစ ကို လမ်းပြ ခဲ့တဲ့သူ ကလဲ အန်ကယ် ဂျက် ကိုယ်တိုင် ပါ”

စားသောက် နေတဲ့ အဖိုးအို ဂျက် ကို နှုတ်ဆက် ပြီး နောက် အမျိုးသမီး နဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင် ရဲ့ အပြင်ဘက် ကို ထွက်လာ ကြ ပါတယ်။ ဆိုင်ရှေ့ အရောက် မှာ တစ်ယောက် တစ်လမ်း ထွက်ခွာ မသွားခင် ဆိုင် အဝနားမှာ ခေတ္တ ရပ်ပြီး အမျိုးသမီး ဟာ ရဲ အရာရှိ ကို ကျေးဇူးတင် စကား ဆို ပါတယ်။

“ ရှင့်ရဲ့ အကူ အညီ အ တွက် ကျေးဇူ းအထူး တင်ပါတယ် ရဲ အရာရှိ မင်းရယ်.. ”

“အိုး ကျေးဇူးတင် ဖို့ မလိုပါဘူး မစ္စ အက်ဒီ .. ကျွန်တော် က တောင် ကျေးဇူးတင် ရမှာ ပါဗျာ.. ကျွန်တော် ဒီနေ့ သိပ် ထူးဆန်း အံ့သြ စရာ အဖြစ် အပျက် ကလေး ကို တွေ့လိုက် ရပါတယ်.. ဘယ်တော့ မှ မေ့နိုင် မဲ့ အဖြစ် အ ပျက် လဲ မဟုတ်ပါ ဘူး ဗျာ.. ကျွန်တော့် ရင်ထဲ ကို တော်တော် ထိပါ တယ်.. ခင်ဗျား ရဲ့ ကော်ဖီ အတွက်လဲ ကျေးဇူး ပါ မစ္စ အယ်ဒီ.. ”

ရဲ အရာရှိ ရဲ့ လက်ထဲ က ကော်ဖီခွက် ကို သတိရ လိုက်မိတဲ့ အမျိုးသမီး ဟာ “အိုး ရှင် ကော်ဖီ ကို ဘယ်လို သောက်တယ် ဆို တာ မေးဖို့ ကျွန်မ မေ့ သွားတယ် အခု ယူ လာတာ ကော်ဖီ က အချိုပေါ့ ထင် တယ်။ နို့ ဖြစ်ဖြစ်၊ သကြား ဖြစ်ဖြစ် ထပ်ယူ မလား ” လို့မေး တော့ ရဲအရာရှိ ဟာ လက်ထဲက ကော်ဖီခွက် ကို ငုံ့ကြည့် လိုက်ပြီတော့ ပြုံးလိုက် ပါတယ်။ ပြီးတော့

ကျွန်တော့် အ တွက် သကြားတွေ၊ နို့တွေ မလိုတော့ ပါဘူးဗျာ၊ ဒီနေ့ အန်ကယ် ဂျက် ကို ခင်ဗျား ပေးလိုက် တဲ့ စေတနာ၊ မေတ္တာ တွေ က သကြား တွေ နို့တွေ ထက် ချို ပါတယ်။ တန်ဖိုး လည်း ကြီး လှပါတယ်။ စေတနာ မေတ္တာ တို့၊ ကျေးဇူး သိတတ်ခြင်း တို့ ဆိုတာ ဘယ် အရာနဲ့ မှ မတူ အောင် ချိုမြိန် လှပါတယ်၊ ကျွန်တော့် ရင်ထဲမှာ လည်း အဲဒီ အချိုဓာတ် တွေ ကူးစက် ပြီး နောက်ထပ် ဘယ်လို သကြားမှ မလို တော့အောင် ပီတိတွေ နဲ့ ချိုနေ ပါပြီ ဗျာ။

Kindness ( Unknown Author ) ကို ဘာသာ ပြန် တာပါ။ ခုတလော စာ အသစ် မရေးဖြစ်သေး တာ ကြောင့် လွန်ခဲ့ တဲ့ ၂ နှစ် လောက် က ရေး ခဲ့တဲ့ ဒီပိုစ့်လေး ပြန်တင် ဖြစ် တာ ပါ။ နားလည် ခွင့်လွှတ်ပြီး ဖတ်ရှု ပေးကြ ပါလို့ တောင်းပန် ချင် ပါတယ်။ ဒီစာ ထဲက လို စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူး သိ တတ်ခြင်း က သကြား ထက် ကို ချိုမြိန် လှပါတယ် ဆိုရင် ကျွန်မ တို့လဲ သကြား ထက် ချိုမြိန် တဲ့ အရာတွေ ကို ပေး နိုင်ဖို့ ကြိုးစား ကြပါဦး စို့လား နော်။

 ဖိုးသူတော် (phothutaw.com)

Credit : မချော( အစိမ်းရောင်လွင်ပြင် )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top