Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကြ်န္ေတာ္တို႔ ေယာက်္ားေလးအမ်ားစုကေတာ႔ ေဗဒင္ယံုတတ္သူေတြ မဟုတ္ပါဘူး။ ေယာက်္ားေလးတစ္ေယာက္ဟာ မိန္းကေလးတစ္ေယာက္ကို လိုက္ေတာ႔မယ္ဆိုရင္ သူဘာေန႕ဖြားလဲ။ ဘာရာသီခြင္လည္းေတြကို စံုစမ္းၿပီး လိုက္သင္႔/ မလိုက္သင္႔ စဥ္းစားေနၾကမွာမဟုတ္ပါဘူး။ ဒီတစ္ေယာက္ကို ကိုယ္သေဘာက်တယ္။ ႀကိဳက္တယ္ဆို ရည္းစားျဖစ္ဖို႔ ႀကိဳးစားၾကေတာ႔တာပါပဲ။ ဒါေပမယ္႔ ကိုယ္နဲ႔ လက္တြဲေတာ႔မယ္႔ မိန္းမတစ္ေယာက္ အေၾကာင္းကို နည္းနည္းပဲျဖစ္ျဖစ္ ပိုသိထားတာမေကာင္းဘူးလား။

ေအာက္မွာေဖာ္ျပထားတာကေတာ႔ ရာသီခြင္အလိုက္ အေကာင္းဆံုးရည္းစားနဲ႔ အဆိုးဆံုးရည္းစားေတြပဲ ျဖစ္ပါတယ္။ ဒါကိုၾကည္႔ၿပီး ရည္းစားေရြးခ်ယ္တဲ႔အခါ စဥ္းစားဆံုးျဖတ္လို႔ရတာေပါ႔။
၁။ မိႆ (Aries)

မိႆရာသီဖြား (မတ္ ၂၁ - ဧၿပီ ၂၀) ေတြဟာ ေခါင္းေဆာင္ႏိုင္စြမ္း႐ွိသူေတြအျဖစ္ ေမြးဖြားလာၾကတာပါ။ ေခါင္းမာၿပီး စိတ္မ႐ွည္တဲ႔ အားနည္းခ်က္ရွိသူေတြျဖစ္လို႔ ဘာကိုပဲလုပ္လုပ္ အေလာတႀကီး လုပ္တတ္ပါတယ္။ ဒါေၾကာင္႔လည္း သူတို႔နဲ႔ခ်ိန္းေတြ႕သူေတြဟာ ဒါကို ကိုင္တြယ္ႏိုင္ဖို႔ေတာ႔ လိုအပ္ပါလိမ္႔မယ္။ တခ်ိဳ႕လူေတြအတြက္ ခက္ခဲမယ္႔ ကိစၥမ်ိဳးေတြကိုေတာင္ ေရွ႕ကဦးေဆာင္ေျဖရွင္းႏိုင္သူ၊ ေျဖရွင္းလိုသူေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔ရဲ႕ၾကံ႕ခိုင္တဲ႔စိတ္ဓာတ္နဲဲ႔ ဓေလ႔က တခ်ိဳ႕လူေတြကို ဆြဲေဆာင္ႏိုင္ေပမယ္႔ တခ်ိဳ႕လူေတြကေတာ႔ လန္ေျပးပါလိမ္႔မယ္။
၂။ ၿပိႆ (Taurus)

ၿပိႆရာသီဖြား (ဧၿပီ ၂၁ - ေမ ၂၁) ေတြကေတာ့ ရာသီဖြားေတြထဲမွာ သမီးရည္းစားအျဖစ္ဆက္ဆံဖို႔ အခက္ခဲဆံုးလူေတြပါပဲ။ သူတို႔ဟာ တစ္ေယာက္တည္းေနရတာကို ပိုႏွစ္သက္ၾကသူေတြျဖစ္ၿပီး ေရွ႕ကလည္း ဦးမေဆာင္လို၊ ေနာက္ကလည္း လိုက္လုိသူေတြမဟုတ္ၾကပါဘူး။
၃။ ေမထုန္ (Gemini)

ေမထုန္ရာသီဖြား (ေမ ၂၂ - ဇြန္ ၂၁) ေတြကေတာ႔ မတူညီတဲ႔ အျခမ္း (၂) ျခမ္းရွိၾကပါတယ္။ တစ္ျခမ္းကေတာ႔ ေပ်ာ္တတ္ၿပီး ဘဝကို ေပါ႔ေပါ႔ပါးပါးျဖတ္သန္းတတ္တဲ႔ စရိုက္ျဖစ္ၿပီး ေနာက္တစ္ျခမ္းကေတာ႔ အေမွာင္ထုဆန္ၿပီး ခန္႕မွန္းရခက္ပါတယ္။ သမီးရည္းစားဆက္ဆံေရးတစ္ခုမွာ သူတို႔ဟာ သူတို႔ရဲ႕အေမွာင္ျခမ္းကိုဖံုးဖို႔ တတ္ႏိုင္သေလာက္ ႀကိဳးစားၾကပါတယ္။ ဒါကို ခင္ဗ်ားျပဳျပင္လို႔ရမွာ မဟုတ္တဲ႔အတြက္ လက္ခံႏိုင္ဖို႔ပဲ ႀကိဳးစားရမွာပါ။
၄။ ကရကဋ္ (Cancer)

(ဇြန္ ၂၂ - ဇူလိုင္ ၂၂) အတြင္း ေမြးဖြားခဲ့တဲ့ ကရကဋ္ရာသီဖြားေတြကေတာ႔ တက္ၾကြဖ်တ္လတ္သူေတြပါ။ လူေတြကို အယံုမလြယ္တဲ႔အတြက္ ခင္ဗ်ား သူ႔ကို တကယ္ခ်စ္တာပါလို႔ ေလကုန္ခံၿပီး ဘယ္ေလာက္ ေျပာေျပာ၊ လြယ္လြယ္နဲ႔ေတာ႔ ပစ္က်သြားမယ္႔လူမ်ိဳး မဟုတ္ပါဘူး။
၅။ သိဟ္ (Leo)

ျခေသၤ့႐ုပ္နဲ႔ကိုယ္စားျပဳတဲ့ သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ - ၾသဂုတ္ ၂၃) ေတြက ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိၿပီး စမတ္က်သူေတြပါ။ သိဟ္ရာသီဖြားမိန္းကေလးေတြက်ျပန္ေတာ႔ ရိုမန္းတစ္အရမ္းဆန္သူေတြ ျဖစ္ေနျပန္ပါတယ္။ သူမရဲ႕ခင္ဗ်ားအေပၚထားတဲ႔ ေမွ်ာ္လင္႔ခ်က္ေတြကေတာ႔ ပံုမွန္ေတာ႔မဆန္ပါဘူး။ သူမလို ရည္းစားမ်ိဳးကေတာ႔ ခ်စ္မိရင္ ပစ္ယုံၿပီး လိုအပ္သမွ် ျဖည္႔ဆည္းေပးခ်င္တဲ႔သူမ်ိဳးပါ။
၆။ ကန္ (Virgo)

ကန္ရာသီဖြား (ၾသဂုတ္ ၂၄ - စက္တင္ဘာ ၂၂) အမ်ိဳးသမီးေတြကေတာ႔ ရာသီဖြားေတြအားလံုးထဲမွာ အာရံုအစိုက္သင္႔ဆံုုးပါပဲ။ သူတို႔ဟာ သူတို႔စိတ္ဝင္စားေနတဲ႔သူတစ္ေယာက္အတြက္ သူတို႔ဟာ မသင္႔ေတာ္ဘူးလို႔ ခံစားေနရတဲ႔အတြက္ သမီးရည္းစားဆက္ဆံရာမွာ ခက္ခဲေစပါတယ္။ သူတို႔ဟာ စိတ္ညစ္ဖို႔ေကာင္းေလာက္ေအာင္ စိတ္မလံုျခံဳမႈရွိၿပီး သဝန္လည္းအရမ္းတိုတတ္တဲ႔အတြက္ သမီးရည္းစားျပတ္ဆဲမႈေတြ ျဖစ္လာႏိုင္ပါတယ္။
၇။ တူ (Libra)

ခ်ိန္ခြင္ေလးနဲ႔ ေဖာ္ျပေလ့႐ွိတဲ့ တူရာသီရဲ႕သေကၤတေလးဟာ တူရာသီဖြား (စက္တင္ဘာ ၂၃ - ေအာက္တိုဘာ ၂၃)ေတြရဲ႕ စိတ္ထားကို ညႊန္ျပတာပါ။ မွ်မွ်တတေတြးေခၚတတ္ၿပီး စိတ္ေကာင္းရွိတာက သူတို႔ရဲ႕ အထူးအခ်က္ပါပဲ။ တူရာသီဖြားအမ်ိဳးသမီးေတြဟာ အၾကင္နာတတ္ဆံုးအမ်ိဳးသမီးေတြလည္း ျဖစ္ပါတယ္။
၈။ ၿဗိစၦာ (Scorpio)

(ေအာက္တိုဘာ ၂၄ - ႏိုဝင္ဘာ ၂၂) အတြင္း ေမြးဖြားခဲ့တဲ့ ၿဗိစၦာရာသီဖြားေတြက ရဲရင့္မႈရွိသူေတြ၊ သဲႀကီးမဲႀကီးခ်စ္တတ္သူေတြပါ။ ဒါေၾကာင္႔လည္း ရာသီဖြားအားလံုးထဲမွာ ေၾကာက္စရာအေကာင္းဆံုးလို ျဖစ္ေနတာပါ။ သူတို႔ဟာ အရာတိုင္းကိုထိန္းခ်ဳပ္လိုၾကၿပီး သမီးရည္းစားဆက္ဆံေရးေတြကိုလည္း သူမရဲ႕ထိန္းခ်ဳပ္မႈေအာက္က အရာတစ္ခုလို သေဘာထားတတ္ပါတယ္။

တစ္ခါတေလမွာ ေအးစက္ၿပီး ႏွလံုးသားကင္းမဲ႔သူေတြလည္း ျဖစ္ေနႏိုင္ပါတယ္။ သူတို႔ဟာ စကားကို စိတ္ထဲရွိတဲ႔အတိုင္း မဆင္မျခင္လည္း ေျပာတတ္ေသးတဲ႔အတြက္ သူတို႔နဲ႔ ပတ္သက္မယ္လို႔ ဆံုးျဖတ္ၿပီးရင္ အေရထူေနဖို႔ပဲ လိုအပ္ပါတယ္။
၉။ ဓႏု (Sagittarius)

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၃ - ဒီဇင္ဘာ ၂၁) ေတြကေတာ႔ ဉာဏ္ေကာင္းၿပီး ဟာသဉာဏ္ရႊင္သူေလးေတြျဖစ္ပါတယ္။ သူတို႔ဟာ ပါတီပြဲတိုင္းရဲ႕ အသက္တစ္္ခုလိုျဖစ္ၿပီး သူမေၾကာင္႔ပဲ လူတိုင္း ေပ်ာ္ရႊင္ရပါတယ္။ သူတို႔ဟာ သမီးရည္းစားဆက္ဆံေရးတိုင္းကိုလည္း အသက္ဝင္ေအာင္ ဖန္တီးေပးမွာပါ။
၁၀။ မကာရ (Capricorn)

(ဒီဇင္ဘာ ၂၂ - ဇန္နဝါရီ ၂၀) အတြင္း ေမြးဖြားသူေတြကေတာ႔ မကာရရာသီခြင္ဖြားေတြျဖစ္ပါတယ္။ တကယ္လို႔ ခင္ဗ်ားသာ ႀကီးပ်င္းဖို႔အတြက္ အသင္႔ျဖစ္ၿပီဆိုရင္ေတာ႔ မကာရ ရာသီဖြား မိန္းကေလးတစ္ေယာက္ကို ခ်စ္သူအျဖစ္ေရြးခ်ယ္သင္႔ပါတယ္။ သူတို႔မွာ မိခင္တစ္ေယာက္လို ၾကင္နာေစာင္႔ေရွာက္တတ္တဲ႔ ဉာဥ္ရွိၿပီး သမီးရည္းစားဆက္ဆံေရးတစ္ခုမွာလည္း ဘယ္လိုေန၊ ဘယ္လိုထိုင္ရမယ္ဆိုတာကို ေကာင္းေကာင္းနားလည္ထားပါတယ္။
၁၁။ ကုမ္ (Aquarius)

(ဇန္နဝါရီ ၂၁ - ေဖေဖာ္ဝါရီ ၁၈) ေမြးတဲ့ ကုမ္ရာသီေတြကေတာ႔ စစ္မွန္ရိုးသားၾကတယ္။ စိတ္လိုက္မာန္ပါလုပ္လြန္းေတာ့ ခဏခဏ ျပႆနာတက္ရ၊ စိတ္ညစ္ရတယ္။ သူတို႔ဟာ အေကာင္းဆံုးရည္းစားေတြ မဟုတ္ေပမယ္႔ အဆိုးဆံုးလည္း မဟုတ္ပါဘူး။ အျပဳအမူေတြကေတာ႔ နည္းနည္းေတာ႔ ထူးဆန္းေနပါလိမ္႔မယ္။ ဒါေပမယ္႔ ထူးဆန္းတယ္ဆိုတာ ဆိုးတဲ႔အခ်က္တစ္ခ်က္လည္း မဟုတ္ပါဘူး။
၁၂။ မိန္ (Pisces)

ငါးေလးႏွစ္ေကာင္နဲ႔ သေကၤတျပထားတဲ့ မိန္ရာသီ (ေဖေဖာ္ဝါရီ ၁၉ - မတ္ ၂၀) ေတြကေတာာ႔ စစခ်င္းမွာ ခန္႔မွန္းရနည္းနည္းခက္ပါတယ္။ အေစာပိုင္းမွာ ခင္ဗ်ားကိုလံုးဝစိတ္မဝင္စားသေယာင္၊ စိတ္ဝင္စားစရာတစ္ခ်က္မွ မရွိတဲ႔ပံုစံမ်ိဳးဖမ္းၿပီး ေနျပပါလိမ္႔မယ္။ ဒါေပမယ္႔ ဒါေတြဘာေၾကာင္႔ျဖစ္ရတာလဲဆိုေတာ႔ မိန္ရာသီဖြား အမ်ိဳးသမီးေတြဟာ အရမ္းရွက္တတ္လို႔ပါ။ ဒါေၾကာင္႔လည္း သူတို႔ကိုယ္သူတို႔ နံရံတခုျခားၿပီး နံရံေနာက္ကြယ္မွာ ေနတတ္ၾကတာပါ။ ဒါေပမယ္႔ အဲဒီနံရံၿပိဳက်သြားရင္ေတာ႔ သူမမွာ ခင္ဗ်ားလိုခ်င္တဲ႔အခ်က္ေတြအကုန္ ရွိေနတာကို ေတြ႕ရွိရမွာပါ။

Source: Youngisthan
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကျွန်တော်တို့ ယောကျ်ားလေးအများစုကတော့ ဗေဒင်ယုံတတ်သူတွေ မဟုတ်ပါဘူး။ ယောကျ်ားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို လိုက်တော့မယ်ဆိုရင် သူဘာနေ့ဖွားလဲ။ ဘာရာသီခွင်လည်းတွေကို စုံစမ်းပြီး လိုက်သင့်/ မလိုက်သင့် စဉ်းစားနေကြမှာမဟုတ်ပါဘူး။ ဒီတစ်ယောက်ကို ကိုယ်သဘောကျတယ်။ ကြိုက်တယ်ဆို ရည်းစားဖြစ်ဖို့ ကြိုးစားကြတော့တာပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ လက်တွဲတော့မယ့် မိန်းမတစ်ယောက် အကြောင်းကို နည်းနည်းပဲဖြစ်ဖြစ် ပိုသိထားတာမကောင်းဘူးလား။

အောက်မှာဖော်ပြထားတာကတော့ ရာသီခွင်အလိုက် အကောင်းဆုံးရည်းစားနဲ့ အဆိုးဆုံးရည်းစားတွေပဲ ဖြစ်ပါတယ်။ ဒါကိုကြည့်ပြီး ရည်းစားရွေးချယ်တဲ့အခါ စဉ်းစားဆုံးဖြတ်လို့ရတာပေါ့။
၁။ မိဿ (Aries)

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၂၀) တွေဟာ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေအဖြစ် မွေးဖွားလာကြတာပါ။ ခေါင်းမာပြီး စိတ်မရှည်တဲ့ အားနည်းချက်ရှိသူတွေဖြစ်လို့ ဘာကိုပဲလုပ်လုပ် အလောတကြီး လုပ်တတ်ပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ချိန်းတွေ့သူတွေဟာ ဒါကို ကိုင်တွယ်နိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တချို့လူတွေအတွက် ခက်ခဲမယ့် ကိစ္စမျိုးတွေကိုတောင် ရှေ့ကဦးဆောင်ဖြေရှင်းနိုင်သူ၊ ဖြေရှင်းလိုသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့ရဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဓလေ့က တချို့လူတွေကို ဆွဲဆောင်နိုင်ပေမယ့် တချို့လူတွေကတော့ လန်ပြေးပါလိမ့်မယ်။
၂။ ပြိဿ (Taurus)

ပြိဿရာသီဖွား (ဧပြီ ၂၁ - မေ ၂၁) တွေကတော့ ရာသီဖွားတွေထဲမှာ သမီးရည်းစားအဖြစ်ဆက်ဆံဖို့ အခက်ခဲဆုံးလူတွေပါပဲ။ သူတို့ဟာ တစ်ယောက်တည်းနေရတာကို ပိုနှစ်သက်ကြသူတွေဖြစ်ပြီး ရှေ့ကလည်း ဦးမဆောင်လို၊ နောက်ကလည်း လိုက်လိုသူတွေမဟုတ်ကြပါဘူး။
၃။ မေထုန် (Gemini)

မေထုန်ရာသီဖွား (မေ ၂၂ - ဇွန် ၂၁) တွေကတော့ မတူညီတဲ့ အခြမ်း (၂) ခြမ်းရှိကြပါတယ်။ တစ်ခြမ်းကတော့ ပျော်တတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်တဲ့ စရိုက်ဖြစ်ပြီး နောက်တစ်ခြမ်းကတော့ အမှောင်ထုဆန်ပြီး ခန့်မှန်းရခက်ပါတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ သူတို့ဟာ သူတို့ရဲ့အမှောင်ခြမ်းကိုဖုံးဖို့ တတ်နိုင်သလောက် ကြိုးစားကြပါတယ်။ ဒါကို ခင်ဗျားပြုပြင်လို့ရမှာ မဟုတ်တဲ့အတွက် လက်ခံနိုင်ဖို့ပဲ ကြိုးစားရမှာပါ။
၄။ ကရကဋ် (Cancer)

(ဇွန် ၂၂ - ဇူလိုင် ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ကရကဋ်ရာသီဖွားတွေကတော့ တက်ကြွဖျတ်လတ်သူတွေပါ။ လူတွေကို အယုံမလွယ်တဲ့အတွက် ခင်ဗျား သူ့ကို တကယ်ချစ်တာပါလို့ လေကုန်ခံပြီး ဘယ်လောက် ပြောပြော၊ လွယ်လွယ်နဲ့တော့ ပစ်ကျသွားမယ့်လူမျိုး မဟုတ်ပါဘူး။
၅။ သိဟ် (Leo)

ခင်္သြေ့ရုပ်နဲ့ကိုယ်စားပြုတဲ့ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၃) တွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး စမတ်ကျသူတွေပါ။ သိဟ်ရာသီဖွားမိန်းကလေးတွေကျပြန်တော့ ရိုမန်းတစ်အရမ်းဆန်သူတွေ ဖြစ်နေပြန်ပါတယ်။ သူမရဲ့ခင်ဗျားအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကတော့ ပုံမှန်တော့မဆန်ပါဘူး။ သူမလို ရည်းစားမျိုးကတော့ ချစ်မိရင် ပစ်ယုံပြီး လိုအပ်သမျှ ဖြည့်ဆည်းပေးချင်တဲ့သူမျိုးပါ။
၆။ ကန် (Virgo)

ကန်ရာသီဖွား (သြဂုတ် ၂၄ - စက်တင်ဘာ ၂၂) အမျိုးသမီးတွေကတော့ ရာသီဖွားတွေအားလုံးထဲမှာ အာရုံအစိုက်သင့်ဆုံုးပါပဲ။ သူတို့ဟာ သူတို့စိတ်ဝင်စားနေတဲ့သူတစ်ယောက်အတွက် သူတို့ဟာ မသင့်တော်ဘူးလို့ ခံစားနေရတဲ့အတွက် သမီးရည်းစားဆက်ဆံရာမှာ ခက်ခဲစေပါတယ်။ သူတို့ဟာ စိတ်ညစ်ဖို့ကောင်းလောက်အောင် စိတ်မလုံခြုံမှုရှိပြီး သဝန်လည်းအရမ်းတိုတတ်တဲ့အတွက် သမီးရည်းစားပြတ်ဆဲမှုတွေ ဖြစ်လာနိုင်ပါတယ်။
၇။ တူ (Libra)

ချိန်ခွင်လေးနဲ့ ဖော်ပြလေ့ရှိတဲ့ တူရာသီရဲ့သင်္ကေတလေးဟာ တူရာသီဖွား (စက်တင်ဘာ ၂၃ - အောက်တိုဘာ ၂၃)တွေရဲ့ စိတ်ထားကို ညွှန်ပြတာပါ။ မျှမျှတတတွေးခေါ်တတ်ပြီး စိတ်ကောင်းရှိတာက သူတို့ရဲ့ အထူးအချက်ပါပဲ။ တူရာသီဖွားအမျိုးသမီးတွေဟာ အကြင်နာတတ်ဆုံးအမျိုးသမီးတွေလည်း ဖြစ်ပါတယ်။
၈။ ဗြိစ္ဆာ (Scorpio)

(အောက်တိုဘာ ၂၄ - နိုဝင်ဘာ ၂၂) အတွင်း မွေးဖွားခဲ့တဲ့ ဗြိစ္ဆာရာသီဖွားတွေက ရဲရင့်မှုရှိသူတွေ၊ သဲကြီးမဲကြီးချစ်တတ်သူတွေပါ။ ဒါကြောင့်လည်း ရာသီဖွားအားလုံးထဲမှာ ကြောက်စရာအကောင်းဆုံးလို ဖြစ်နေတာပါ။ သူတို့ဟာ အရာတိုင်းကိုထိန်းချုပ်လိုကြပြီး သမီးရည်းစားဆက်ဆံရေးတွေကိုလည်း သူမရဲ့ထိန်းချုပ်မှုအောက်က အရာတစ်ခုလို သဘောထားတတ်ပါတယ်။

တစ်ခါတလေမှာ အေးစက်ပြီး နှလုံးသားကင်းမဲ့သူတွေလည်း ဖြစ်နေနိုင်ပါတယ်။ သူတို့ဟာ စကားကို စိတ်ထဲရှိတဲ့အတိုင်း မဆင်မခြင်လည်း ပြောတတ်သေးတဲ့အတွက် သူတို့နဲ့ ပတ်သက်မယ်လို့ ဆုံးဖြတ်ပြီးရင် အရေထူနေဖို့ပဲ လိုအပ်ပါတယ်။
၉။ ဓနု (Sagittarius)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ - ဒီဇင်ဘာ ၂၁) တွေကတော့ ဉာဏ်ကောင်းပြီး ဟာသဉာဏ်ရွှင်သူလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ပါတီပွဲတိုင်းရဲ့ အသက်တစ်ခုလိုဖြစ်ပြီး သူမကြောင့်ပဲ လူတိုင်း ပျော်ရွှင်ရပါတယ်။ သူတို့ဟာ သမီးရည်းစားဆက်ဆံရေးတိုင်းကိုလည်း အသက်ဝင်အောင် ဖန်တီးပေးမှာပါ။
၁၀။ မကာရ (Capricorn)

(ဒီဇင်ဘာ ၂၂ - ဇန်နဝါရီ ၂၀) အတွင်း မွေးဖွားသူတွေကတော့ မကာရရာသီခွင်ဖွားတွေဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားသာ ကြီးပျင်းဖို့အတွက် အသင့်ဖြစ်ပြီဆိုရင်တော့ မကာရ ရာသီဖွား မိန်းကလေးတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်သင့်ပါတယ်။ သူတို့မှာ မိခင်တစ်ယောက်လို ကြင်နာစောင့်ရှောက်တတ်တဲ့ ဉာဉ်ရှိပြီး သမီးရည်းစားဆက်ဆံရေးတစ်ခုမှာလည်း ဘယ်လိုနေ၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်ထားပါတယ်။
၁၁။ ကုမ် (Aquarius)

(ဇန်နဝါရီ ၂၁ - ဖေဖော်ဝါရီ ၁၈) မွေးတဲ့ ကုမ်ရာသီတွေကတော့ စစ်မှန်ရိုးသားကြတယ်။ စိတ်လိုက်မာန်ပါလုပ်လွန်းတော့ ခဏခဏ ပြဿနာတက်ရ၊ စိတ်ညစ်ရတယ်။ သူတို့ဟာ အကောင်းဆုံးရည်းစားတွေ မဟုတ်ပေမယ့် အဆိုးဆုံးလည်း မဟုတ်ပါဘူး။ အပြုအမူတွေကတော့ နည်းနည်းတော့ ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ထူးဆန်းတယ်ဆိုတာ ဆိုးတဲ့အချက်တစ်ချက်လည်း မဟုတ်ပါဘူး။
၁၂။ မိန် (Pisces)

ငါးလေးနှစ်ကောင်နဲ့ သင်္ကေတပြထားတဲ့ မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ - မတ် ၂၀) တွေကတောာ့ စစချင်းမှာ ခန့်မှန်းရနည်းနည်းခက်ပါတယ်။ အစောပိုင်းမှာ ခင်ဗျားကိုလုံးဝစိတ်မဝင်စားသယောင်၊ စိတ်ဝင်စားစရာတစ်ချက်မှ မရှိတဲ့ပုံစံမျိုးဖမ်းပြီး နေပြပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မိန်ရာသီဖွား အမျိုးသမီးတွေဟာ အရမ်းရှက်တတ်လို့ပါ။ ဒါကြောင့်လည်း သူတို့ကိုယ်သူတို့ နံရံတခုခြားပြီး နံရံနောက်ကွယ်မှာ နေတတ်ကြတာပါ။ ဒါပေမယ့် အဲဒီနံရံပြိုကျသွားရင်တော့ သူမမှာ ခင်ဗျားလိုချင်တဲ့အချက်တွေအကုန် ရှိနေတာကို တွေ့ရှိရမှာပါ။

Source: Youngisthan

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top