ကန်တော်ကြီးအနီး နိုင်ငံတကာအဆင့်မီ Royal Garden View ကွန်ဒို အထူးအရောင်းပြပွဲ
×

Awncfbhjvwy1xn9xdy2i


Credit: MK (momolay)

#Unicode Version#
လူမှုကွန်ရက်စာမျက်နှာတွေမှာ အစဥအမြဲလိုလို နေရာယူထားတက်တဲ့ မင်းသမီးလေးရွှေမှုံရတီကတော့ ဖေ့စ်ဘုတ်ဘုရင်မဖြစ်သွားပါပြီး။အဲ့တာကတော့ “ဖေ့ဘုတ်ဘုရင်မ(Facebook Queen) “ရုပ်ရှင်ကားကြီးမှာ ရွှေမှုံရတီပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အဆိုပါဇာတ်ကားကို lucky seven ထုတ်လုပ်ရေးမှ ရိုက်ကူးထားတာဖြစ်ပြီး မကြာမှီ ရုံတင်ပြသသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။

ဇာတ်လမ်း အောင်နိုင်၊ ဇာတ်ညွှန်း မင်းတခေတ် ခေတ်ပျိုဖြူ တို့ကပုံဖော်ရေးသားပြီး ဒါရိုက်တာ ပြည့်ဟိန်းသီဟ ရိုက်ကူးထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေ အဖြစ် လူမင်း၊ ကျော်ကျော်ဗိုလ် ၊ ရွှေမှုံရတီ ၊ ခင်လှိုင် ၊ ဒိန်းဒေါင်၊ ဂွမ်းပုံ၊ ငှက်ပျော်ကျော် ၊ ဆင်မ၊ ဇော်ဝင်နိုင် ၊ ဇော်ဇော်အောင် ၊ ကေညီ ၊ စူပါလင်း၊ဂျက်လီ၊သွက်လက်၊ဝိုင်းဝိုင်းလည် ၊ အိုကေ၊ စိုပြေ အစရှိတဲ့ အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင် ထားပါတယ်။

“ဖေ့ဘုတ်ဘုရင်မ(Facebook Queen) “ရုပ်ရှင်ကားကြီး နဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟက “ကြည့်ပြီးလျှင် ဖုန်းဆက်ကာကြိုက်သလို ပြောနိုင်သည်၊ ကြိုက်တော့လည်း လက်ခုပ်တီးပေါ့၊ မကြိုက်တော့လည်း ဆဲပေါ့၊ ပရိတ်သတ်ကို ထာဝရ အရှုံးပေးတယ်”လို့ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MK (momolay)


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top