မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား ဝဘ်ဆိုက်
×





Credit:Duwun

#Unicode Version#
တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတမ်းအပေါ်မူတည်ကာ လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

” တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်း ဘာသာတွဲ ၈ ခုနဲ့ပတ်သတ်ပြီး အခြေခံပညာဖွဲ့စည်းပုံသစ် KG+12 (KG +5+4+3) စနစ်သစ်အရ အခြေခံပညာ အထက်တန်းအဆင့်မှာ အတန်းအဆင့် ၃ တန်းဖြစ်မှာ ဖြစ်တဲ့အတွက် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်သစ်နဲ့အညီ မသင်မနေရ ဘာသာရပ်များနဲ့ ရွေးချယ်သင်ယူရမယ့် ဘာသာရပ်တွေရှိလာမှာ ဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးက ပြောကြေားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဟာ နိုင်ငံတော်အဆင့် စာမေးပွဲဖြစ်ပြီး တက္ကသိုလ်ရဲ့ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဘာသာရပ် ဥက္ကဋ္ဌ၊ ဘာသာရပ်စာစစ်မှူးချုပ်တွေက မေးခွန်းများကို ပြုစုပြီး စစ်ဆေးဆောင်ရွက်နေတဲ့ စာမေးပွဲဖြစ်ပါတယ်။

Photos & Source: Internet Journal, သန္တာ


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top