ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေမာင္ေတာၿမိဳ႕နယ္ ကိုင္းႀကီးၿမိဳရြာမွ ေသဆံုးခဲ့သည့္ ၿမိဳတိုင္းရင္းသားမ်ား (ဓာတ္ပံု − ေမာင္ကံ)
ေမာင္ေတာၿမိဳ႕နယ္ ကုိင္းႀကီး(ၿမိဳ)ရြာ တြင္ ေသနတ္သံမ်ားၾကားသျဖင့္ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမရွင္းလင္းရာ  ကိုင္းႀကီး ေက်းရြာသားေျခာက္ဦး၏ အေလာင္းမ်ားကို ေတြ႕ရိွခဲ့ၿပီး ႏွစ္ဦးေပ်ာက္ဆံုးေန၍အစြန္းေရာက္ အၾကမ္းဖက္သမားမ်ားအား ပိတ္ဆို႔ရွာေဖြေန ေၾကာင္း ႏုိင္ငံေတာ္အတုိင္ပင္ခံ႐ံုးက သတင္း ထုတ္ျပန္သည္။

အၾကမ္းဖက္သမားမ်ား၏ တုိက္ခုိက္မႈေၾကာင့္ အမ်ိဳးသားသံုးဦး၊ အမ်ိဳးသမီးသံုးဦး စုစုေပါင္း ေျခာက္ဦး ေသနတ္ဒဏ္ရာ၊ ျပတ္ရွဒဏ္ရာမ်ားစြာျဖင့္ ေသဆံုးခဲ့ ေၾကာင္း သတင္းထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပသည္။

အမ်ဳိးသားႏွစ္ဦး ေမွာက္ လ်က္ ေသဆံုးေနသည္ဆုိေသာ သတင္းအရ တပ္မေတာ္တပ္ရင္း ႏွစ္ရင္းႏွင့္ နယ္ျခားေစာင့္တပ္တို႔  နယ္ေျမရွင္းလင္းရာ ေသဆံုးသူ မ်ား၏ ႐ုပ္အေလာင္းမ်ားကုိ ထပ္္ မံရွာေဖြေတြ႕ရိွၿပီး ေပ်ာက္ဆံုးေနသူႏွစ္ဦးကုိ တပ္မေတာ္ႏွင့္ နယ္ ျခားေစာင့္တပ္တို႔ ပူးေပါင္းရွာေဖြ ေနေၾကာင္း အမွတ္ (၁) နယ္ျခား ေစာင့္ ရဲကြပ္ကဲေရးမွဴး ရဲမွဴးခ်ဳပ္ သူရစန္းလြင္က ၾသဂုတ္ ၃ ရက္ ညေနတြင္ ေျပာသည္။

‘‘ေပ်ာက္ေနဆဲျဖစ္ေတာ့ အဲဒီဟာကို အေပၚ(ေမယုေတာင္ ေပၚ)မွာ တပ္ရင္းႏွစ္ရင္းနဲ႔ ရွင္း လင္းၿပီး ေအာက္က နယ္ျခား ေစာင့္တပ္ရင္း တစ္ရင္းနဲ႔ ပိတ္ဆို႔ ၿပီး ယခုအခ်ိန္မွာ အေရးေပၚလုပ္ ေနတယ္’’ဟု ရဲမွဴးခ်ဳပ္သူရစန္း လြင္က ေျပာသည္။ နယ္ေျမရွင္း လင္းေရးေဆာင္ရြက္ေနဆဲျဖစ္၍ ျဖစ္စဥ္အေသးစိတ္ကို ေျပာရန္ ေစာေသးသည္ဟု ၎က ဆို သည္။

ႏုိင္ငံေတာ္ အတုိင္ပင္ခံ႐ံုး ထုတ္ျပန္ခ်က္တြင္ မည္သည့္အ ဖြဲ႕အစည္းမ်ား လက္ခ်က္ဆုိသည္ကို ေဖာ္ျပထားျခင္းမရိွေပ။

ၾသဂုတ္ ၃ ရက္ နံနက္တြင္ ေသနတ္ပစ္ခတ္သံၾကား၍ ေမယုေတာင္ေပၚသုိ႔ သြားေရာက္ ၾကည့္႐ႈရာ ေတာင္ယာတဲ၌ အသက္ (၂၅)ႏွစ္အရြယ္ ကုိင္းႀကီးရြာ ေဒသခံအမ်ိဳးသားႏွစ္ဦး ေသ နတ္ဒဏ္ရာျဖင့္ ေသဆံုးေနသည္ ကို ေတြ႕ရိွခဲ့သည္ဟု ေဒသခံ ဦးဟန္ႏုိင္က ေျပာသည္။ ေသဆံုး သူႏွစ္ဦးကုိ ေတြ႕ရိွခဲ့သည့္ ေနရာ သည္ ရြာႏွင့္ တစ္မုိင္ေက်ာ္ကြာ ေဝးသည္ဟု  ၎ကဆုိသည္။

ေသဆံုးသူ ေျခာက္ဦးႏွင့္ ေပ်ာက္ဆံုးေနသူ ႏွစ္ဦးတို႔သည္ ေတာင္ယာလုပ္ကုိင္ရန္ ေမယု ေတာင္ေပၚသို႔ ယမန္ေန႔နံနက္က သြားေရာက္ရာ ယခုကဲ့သို႔ အၾကမ္းဖက္တုိက္ခုိက္ခံရျခင္းျဖစ္ ေၾကာင္း ကုိင္းႀကီးရြာေဒသခံမ်ား က ဆုိသည္။

‘‘အခုလိုျဖစ္စဥ္နဲ႔ ဘယ္လုို လုပ္ကုိင္စားေသာက္ရမယ္ဆုိ တာ မသိေတာ့ပါဘူး’’ဟု ေဒသခံ ဦးေမာင္လွကေျပာသည္။

ေမာင္ေတာၿမိဳ႕နယ္ရိွ တုိင္း ရင္းသားေက်းရြာအခ်ဳိ႕တြင္ လံု ၿခံဳေရးအေျခအေနအရ ဘဂၤလား ေဒ့ရ္ွမွ ဝင္ေရာက္ခိုလႈံေနသည့္ ၿမိဳတုိင္းရင္းသားမ်ားကို ယာယီ ေနရာခ်ထားေပးမႈမ်ားရိွၿပီး ၎ တို႔အေနျဖင့္ ႀကံဳရာက်ပန္းလုပ္ ကိုင္ျခင္း၊ ေတာင္ယာလုပ္ကိုင္ ျခင္းတို႔ျဖင့္ အသက္ေမြးဝမ္း ေက်ာင္းျပဳလုပ္ရိွသည္။ ယခု ေသ ဆံုးသူမ်ားတြင္ ဘဂၤလားေဒ့ရ္ွႏုိင္ငံ ဘက္မွ ဝင္ေရာက္ခိုလႈံေနသူအ ခ်ဳိ႕ပါဝင္ေၾကာင္း ေဒသခံမ်ားက ေျပာသည္။

၂၀၁၆ ေအာက္တုိဘာက ရဲစခန္းမ်ား အၾကမ္းဖက္တုိက္ ခိုက္ခံရၿပီးေနာက္ ေမာင္ေတာ ေဒသတြင္ အရပ္သား ၄၀ ေက်ာ္သတ္ျဖတ္ခံရၿပီး ၂၀ ေက်ာ္ ဖမ္းဆီးခံရေၾကာင္း အစိုးရထုတ္ျပန္ခ်က္ မ်ား၌ ေဖာ္ျပထားသည္။

ထို႔အျပင္ ေမယုေတာင္ ေၾကာတြင္ အၾကမ္းဖက္ သင္တန္းေပးသည့္ ေနရာႏွင့္ လိုဏ္ဂူမ်ားကို လံုၿခံဳေရးတပ္ဖြဲ႕ ဝင္မ်ား ၿပီးခ့ဲသည့္ရက္ပုိင္းအ တြင္းက ရွာေဖြေတြ႕ရိွခဲ့သည္။ ထို႔ ေၾကာင့္ ယင္းေဒသတြင္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္ အင္အား တုိးျမႇင့္၍ တရားဥပေဒစိုးမုိးေရးေဆာင္ရြက္ ေနေၾကာင္း အစိုးရက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
မောင်တောမြို့နယ် ကိုင်းကြီးမြိုရွာမှ သေဆုံးခဲ့သည့် မြိုတိုင်းရင်းသားများ (ဓာတ်ပုံ − မောင်ကံ)

မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ တွင် သေနတ်သံများကြားသဖြင့် လုံခြုံရေးတပ် ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရာ  ကိုင်းကြီး ကျေးရွာသားခြောက်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ပြီး နှစ်ဦးပျောက်ဆုံးနေ၍အစွန်းရောက် အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေနေ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခြောက်ဦး သေနတ်ဒဏ်ရာ၊ ပြတ် ရှဒဏ်ရာများစွာဖြင့် သေဆုံးခဲ့ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အမျိုးသားနှစ်ဦး မှောက် လျက် သေဆုံးနေသည်ဆိုသော သတင်းအရ တပ်မတော်တပ်ရင်း နှစ်ရင်းနှင့် နယ်ခြားစောင့်တပ်တို့  နယ်မြေရှင်းလင်းရာ သေဆုံးသူ များ၏ ရုပ်အလောင်းများကို ထပ် မံရှာဖွေတွေ့ရှိပြီး ပျောက်ဆုံးနေသူနှစ်ဦးကို တပ်မတော်နှင့် နယ် ခြားစောင့်တပ်တို့ ပူးပေါင်းရှာဖွေ နေကြောင်း အမှတ် (၁) နယ်ခြား စောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က သြဂုတ် ၃ ရက် ညနေတွင် ပြောသည်။

‘‘ပျောက်နေဆဲဖြစ်တော့ အဲဒီဟာကို အပေါ်(မေယုတောင် ပေါ်)မှာ တပ်ရင်းနှစ်ရင်းနဲ့ ရှင်း လင်းပြီး အောက်က နယ်ခြား စောင့်တပ်ရင်း တစ်ရင်းနဲ့ ပိတ်ဆို့ ပြီး ယခုအချိန်မှာ အရေးပေါ်လုပ် နေတယ်’’ဟု ရဲမှူးချုပ်သူရစန်း လွင်က ပြောသည်။ နယ်မြေရှင်း လင်းရေးဆောင်ရွက်နေဆဲဖြစ်၍ ဖြစ်စဉ်အသေးစိတ်ကို ပြောရန် စောသေးသည်ဟု ၎င်းက ဆို သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် မည်သည့်အ ဖွဲ့အစည်းများ လက်ချက်ဆိုသည်ကို ဖော်ပြထားခြင်းမရှိပေ။

သြဂုတ် ၃ ရက် နံနက်တွင် သေနတ်ပစ်ခတ်သံကြား၍ မေယုတောင်ပေါ်သို့ သွားရောက် ကြည့်ရှုရာ တောင်ယာတဲ၌ အသက် (၂၅)နှစ်အရွယ် ကိုင်းကြီးရွာ ဒေသခံအမျိုးသားနှစ်ဦး သေ နတ်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို တွေ့ရှိခဲ့သည်ဟု ဒေသခံ ဦးဟန်နိုင်က ပြောသည်။ သေဆုံး သူနှစ်ဦးကို တွေ့ရှိခဲ့သည့် နေရာ သည် ရွာနှင့် တစ်မိုင်ကျော်ကွာ ဝေးသည်ဟု  ၎င်းကဆိုသည်။

သေဆုံးသူ ခြောက်ဦးနှင့် ပျောက်ဆုံးနေသူ နှစ်ဦးတို့သည် တောင်ယာလုပ်ကိုင်ရန် မေယု တောင်ပေါ်သို့ ယမန်နေ့နံနက်က သွားရောက်ရာ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း ကိုင်းကြီးရွာဒေသခံများ က ဆိုသည်။

‘‘အခုလိုဖြစ်စဉ်နဲ့ ဘယ်လို လုပ်ကိုင်စားသောက်ရမယ်ဆို တာ မသိတော့ပါဘူး’’ဟု ဒေသခံ ဦးမောင်လှကပြောသည်။

မောင်တောမြို့နယ်ရှိ တိုင်း ရင်းသားကျေးရွာအချို့တွင် လုံ ခြုံရေးအခြေအနေအရ ဘင်္ဂလား ဒေ့ရ်ှမှ ဝင်ရောက်ခိုလှုံနေသည့် မြိုတိုင်းရင်းသားများကို ယာယီ နေရာချထားပေးမှုများရှိပြီး ၎င်း တို့အနေဖြင့် ကြုံရာကျပန်းလုပ် ကိုင်ခြင်း၊ တောင်ယာလုပ်ကိုင် ခြင်းတို့ဖြင့် အသက်မွေးဝမ်း ကျောင်းပြုလုပ်ရှိသည်။ ယခု သေ ဆုံးသူများတွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက်မှ ဝင်ရောက်ခိုလှုံနေသူအ ချို့ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

၂၀၁၆ အောက်တိုဘာက ရဲစခန်းများ အကြမ်းဖက်တိုက် ခိုက်ခံရပြီးနောက် မောင်တော ဒေသတွင် အရပ်သား ၄၀ ကျော်သတ်ဖြတ်ခံရပြီး ၂၀ ကျော် ဖမ်းဆီးခံရကြောင်း အစိုးရထုတ်ပြန်ချက် များ၌ ဖော်ပြထားသည်။

ထို့အပြင် မေယုတောင် ကြောတွင် အကြမ်းဖက် သင်တန်းပေးသည့် နေရာနှင့် လိုဏ်ဂူများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များ ပြီးခဲ့သည့်ရက်ပိုင်းအ တွင်းက ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ ကြောင့် ယင်းဒေသတွင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်၍ တရားဥပဒေစိုးမိုးရေးဆောင်ရွက် နေကြောင်း အစိုးရက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top