ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျပီးခဲ့သည့္ ရာသီတြင္ မန္ယူအတြက္ ေျခစြမ္းျပဂိုးမ်ားသြင္းယူေပးႏိုင္ခဲ့ေသာ္လည္း ျပင္းထန္သည့္ ဒူးဒဏ္ရာေၾကာင့္ အနားယူခဲ့ရေသာ ဆီြဒင္၀ါရင့္ တိုက္စစ္မွဴး အီဘရာဟီမုိဗစ္မွာ နို၀င္ဘာလကုန္အထိ အနားယူရမည္ဟု ခန္ ့မွန္းခဲ့ေသာ္လည္း လက္ရိွတြင္ဒဏ္ရာ ျပန္လည္သက္သာလာခဲ့ျပီး ေအာက္တိုဘာလအတြင္း မန္ယူအတြက္ ျပန္လည္ကစားေပးႏိုင္ရန္ရွိေၾကာင္းသတင္းမ်ားက ဆိုသည္။
Image result for ibrahimovic in latest photos
အီဘရာဟီမိုဗစ္မွာလက္ရိွမန္ယူအသင္း ေလ့က်င့္ေရးကြင္းတြင္ျပန္လည္သန္စြမ္းေရးအစီစဥ္မ်ား ျပဳလုပ္ေနျပီး မန္ယူအသင္းႏွင့္ ယခုတစ္ပတ္အတြင္း စာခ်ဴပ္ခ်ဳပ္ဆိုမည္ဟုလည္းသိရသည္။ အသက္(၃၅)ႏွစ္အရြယ္ အဆိုပါတိုက္စစ္မွဴးမွာ ဒဏ္ရာေၾကာင့္ (၄)လၾကာ အနားယူခဲ့ရျပီးေနာက္ မန္ယူအသင္းက သူ ့ကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ခဲ့ျခင္းမရိွေသာ္လည္း အျခားအသင္းသို ့ ေျပာင္းေရႊ ့ခဲ့ျခင္းမရိွရာ နည္းျပ ေမာ္ရင္ဟုိက အီဘရာမိုဗစ္ကို ေခၚယူရန္ ျပင္ဆင္လာျခင္းျဖစ္သည္။သတင္းမ်ား၏အဆိုအရ အီဘရာမိုဗစ္မွာ ေအာက္တိုဘာလ (၂၈)ရက္ေန ့တြင္ ကစားမည့္ စပါးအသင္းႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္၌ မန္ယူအတြက္ ျပန္လည္ပါ၀င္ကစားႏိုင္ဖြယ္ရိွေနျပီး သူ၏လုပ္ခလစာမွာမွ ုေလွ်ာ့ခ်ခံရဖြယ္ရိွေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ESPN Sport Journal

#Unicode Version#
ပြီးခဲ့သည့် ရာသီတွင် မန်ယူအတွက် ခြေစွမ်းပြဂိုးများသွင်းယူပေးနိုင်ခဲ့သော်လည်း ပြင်းထန်သည့် ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသော ဆွီဒင်ဝါရင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်မှာ နိုဝင်ဘာလကုန်အထိ အနားယူရမည်ဟု ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင်ဒဏ်ရာ ပြန်လည်သက်သာလာခဲ့ပြီး အောက်တိုဘာလအတွင်း မန်ယူအတွက် ပြန်လည်ကစားပေးနိုင်ရန်ရှိကြောင်းသတင်းများက ဆိုသည်။

အီဘရာဟီမိုဗစ်မှာလက်ရှိမန်ယူအသင်း လေ့ကျင့်ရေးကွင်းတွင်ပြန်လည်သန်စွမ်းရေးအစီစဉ်များ ပြုလုပ်နေပြီး မန်ယူအသင်းနှင့် ယခုတစ်ပတ်အတွင်း စာချူပ်ချုပ်ဆိုမည်ဟုလည်းသိရသည်။ အသက်(၃၅)နှစ်အရွယ် အဆိုပါတိုက်စစ်မှူးမှာ ဒဏ်ရာကြောင့် (၄)လကြာ အနားယူခဲ့ရပြီးနောက် မန်ယူအသင်းက သူ့ကို စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ခြင်းမရှိသော်လည်း အခြားအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းမရှိရာ နည်းပြ မော်ရင်ဟိုက အီဘရာမိုဗစ်ကို ခေါ်ယူရန် ပြင်ဆင်လာခြင်းဖြစ်သည်။သတင်းများ၏အဆိုအရ အီဘရာမိုဗစ်မှာ အောက်တိုဘာလ (၂၈)ရက်နေ့တွင် ကစားမည့် စပါးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ယူအတွက် ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေပြီး သူ၏လုပ်ခလစာမှာမှ ုလျှော့ချခံရဖွယ်ရှိကြောင်းသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: ESPN Sport Journal


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top