ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေနျပည္ေတာ္ ေက်ာက္မ်က္ျပပြဲ၌ ျပသထားေသာ ေက်ာက္စိမ္းတုံးကို ၾကည့္႐ႈေနသူႏွစ္ဦး (ဓာတ္ပံု − ပိုင္စိုးသူ)
(၅၄) ႀကိမ္ ေျမာက္ေက်ာက္မ်က္ရတနာျပပြဲ စတင္ေရာင္းခ်သည့္ေလးရက္အ တြင္း ေက်ာက္မ်က္ႏွင့္ ေက်ာက္ စိမ္းေရာင္းရေငြ ယူ႐ုိ ၅၃ သန္း ေက်ာ္ ေရာင္းခ်ထားၿပီးျဖစ္ ေၾကာင္း ျပပြဲက်င္းပေရးေကာ္မတီ မွ သတင္းရရွိသည္။

ယခုက်င္းပလ်က္ရွိေသာျပပြဲတြင္ ေက်ာက္စိမ္းတြဲ ၉,၀၀၀ ေက်ာ္ႏွင့္ ေက်ာက္မ်က္ ၁၀၅ တြဲမွ ယူ႐ုိ ၅၃ သန္းေက်ာ္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္ စိမ္းလုပ္ငန္း ေကာ္မတီအတြင္း ေရးမွဴးဦးမင္းသူက ေျပာသည္။

ယင္းေက်ာက္မ်က္ရတနာ ျပပြဲကုိ ေနျပည္ေတာ္ရွိ မဏိရတ နာေက်ာက္စိမ္းခန္းမ၌ ဩဂုတ္ ၂ မွ ၁၁ ရက္အထိ က်င္းပမည္ျဖစ္ ၿပီး ေက်ာက္မ်က္အတြဲေပါင္း ၃၂၆ တြဲကုိ ဩဂုတ္ ၂ ရက္မွ ၄ ရက္အထိ ခင္း က်င္းျပသခဲ့သည္။

အဆိုပါ ေက်ာက္မ်က္တြဲ မ်ားကုိ ဩဂုတ္  ၅ ရက္တြင္ အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ ေက်ာက္ မ်က္ ၁၀၅ တြဲ ေရာင္းခ်ခဲ့ၿပီး ယူ႐ုိ ၃ ဒသမ ၀၆ သန္းရရွိခဲ့ေၾကာင္း ျပပြဲက်င္းပေရး ေကာ္မတီ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထုိ႔အျပင္ အဆုိပါျပပဲြ၌ ေက်ာက္စိမ္းအတြဲ ၆,၅၆၁ တြဲကုိ ဩဂုတ္ ၂ မွ ၅ ရက္အထိခင္းက်င္း ျပသခဲ့သည္။

ဆက္လက္၍ ယင္းကဲ့သုိ႔ ျပ သထားေသာ ေက်ာက္စိမ္းတြဲမ်ား ကုိ ဇူလုိင္ ၆ ရက္တြင္ အိတ္ဖြင့္ တင္ဒါစနစ္ျဖင့္ ေက်ာက္စိမ္းတြဲ ၁,၁၀၀ အနက္ အတြဲ ၉၀၀ ေက်ာ္ ေရာင္းခ်ခဲ့ရၿပီး ယူ႐ုိသန္း ၅၀ ေက်ာ္ရရွိေၾကာင္း ျပပြဲက်င္းပေရး ေကာ္မတီက သတင္းထုတ္ျပန္ သည္။

‘‘ေက်ာက္စိမ္းတြဲ ေရာင္းရ ေငြက မနက္ကစာရင္းအရ ၄၇ သန္းေလာက္ေပါ့။ ခုညေန စာ ရင္းေတြရွင္းအၿပီးမွာ သုံးသန္း ေလာက္ထပ္တက္လာေတာ့ ၅၀ ၀န္းက်င္ေလာက္ျဖစ္သြားတယ္’’ ဟု ဦးမင္းသူကေျပာသည္။

လက္ရွိတြင္ ေက်ာက္မ်က္ ေရာင္းခ်မႈသည္ ယခင္ႏွစ္လယ္ျပ ပြဲႏွင့္ႏႈိင္းယွဥ္ပါက အနည္းငယ္ မ်ားေသာ္လည္း (၅၃)ႀကိမ္ျပပြဲ ထက္ ေလ်ာ့နည္းေနသည္ဟု ဦး မင္းသူကဆုိသည္။

ယခုျပပြဲတြင္ ႏုိင္ငံပုိင္ ေက်ာက္စိမ္းအေခ်ာထည္ အတြဲ ၂၀၊ ႏုိင္ငံပုိင္ေက်ာက္စိမ္းအ႐ုိင္း အတြဲ ၂၀၊ ႏိုင္ငံေတာ္ႏွင့္ အက်ိဳး တူ ကုမၸဏီမ်ားက တင္ျပသည့္ ေက်ာက္စိမ္းအ႐ုိင္းတြဲ ၂,၉၀၀၊ ပုဂၢလိက ေက်ာက္စိမ္းအ႐ုိင္း ၃,၅၄၅ တြဲ၊ ေက်ာက္စိမ္းမဟုတ္ ေသာ အျခားတြင္းထြက္အ႐ုိင္း ၁၆ တြဲ၊ ပုဂၢလိက ေက်ာက္စိမ္း အေခ်ာထည္ ၂၅ တြဲ၊ ေက်ာက္ စိမ္းျဖင့္ဆင္ယင္ထားေသာခုတင္ သုံးလုံး၊ ေက်ာက္စိမ္း မဟုတ္ ေသာ အျခားတြင္းထြက္အေခ်ာ ထည္ ၃၂ တြဲကို ခင္းက်င္းျပသ ထားသည္။

ျပပြဲသို႔ ျပည္တြင္း၊ ျပည္ပ ကုန္သည္စုစုေပါင္း ငါးေထာင္ ေက်ာ္ စာရင္းေပး တက္ေရာက္ လ်က္ရွိေၾကာင္း ဦးမင္းသူကေျပာ သည္။

ယူ႐ုိေငြျဖင့္ ေရာင္းခ်သည့္ (၅၄)ႀကိမ္ေျမာက္ ျမန္မာ့ေက်ာက္ မ်က္ရတနာျပပြဲတြင္ အေျခခံ ၾကမ္းခင္းေစ်း ယူ႐ုိငါးေထာင္၊ ေက်ာက္စိမ္းတြဲမ်ားကုိ အေျခခံ ၾကမ္းခင္းေစ်း ယူ႐ုိေလးေထာင္ ႏွင့္ ေက်ာက္စိမ္းအေခ်ာထည္တြဲ မ်ားကုိ အေျခခံေစ်းႏႈန္း ယူ႐ုိ ၁,၀၀၀ ျဖင့္ ျပပြဲက်င္းပေရးေကာ္ မတီက သတ္မွတ္ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7Day daily

#Unicode Version#
နေပြည်တော် ကျောက်မျက်ပြပွဲ၌ ပြသထားသော ကျောက်စိမ်းတုံးကို ကြည့်ရှုနေသူနှစ်ဦး (ဓာတ်ပုံ − ပိုင်စိုးသူ)

(၅၄) ကြိမ် မြောက်ကျောက်မျက်ရတနာပြပွဲ စတင်ရောင်းချသည့်လေးရက်အ တွင်း ကျောက်မျက်နှင့် ကျောက် စိမ်းရောင်းရငွေ ယူရို ၅၃ သန်း ကျော် ရောင်းချထားပြီးဖြစ် ကြောင်း ပြပွဲကျင်းပရေးကော်မတီ မှ သတင်းရရှိသည်။

ယခုကျင်းပလျက်ရှိသောပြပွဲတွင် ကျောက်စိမ်းတွဲ ၉,၀၀၀ ကျော်နှင့် ကျောက်မျက် ၁၀၅ တွဲမှ ယူရို ၅၃ သန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက် စိမ်းလုပ်ငန်း ကော်မတီအတွင်း ရေးမှူးဦးမင်းသူက ပြောသည်။

ယင်းကျောက်မျက်ရတနာ ပြပွဲကို နေပြည်တော်ရှိ မဏိရတ နာကျောက်စိမ်းခန်းမ၌ ဩဂုတ် ၂ မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ် ပြီး ကျောက်မျက်အတွဲပေါင်း ၃၂၆ တွဲကို ဩဂုတ် ၂ ရက်မှ ၄ ရက်အထိ ခင်း ကျင်းပြသခဲ့သည်။

အဆိုပါ ကျောက်မျက်တွဲ များကို ဩဂုတ်  ၅ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက် မျက် ၁၀၅ တွဲ ရောင်းချခဲ့ပြီး ယူရို ၃ ဒသမ ၀၆ သန်းရရှိခဲ့ကြောင်း ပြပွဲကျင်းပရေး ကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် အဆိုပါပြပွဲ၌ ကျောက်စိမ်းအတွဲ ၆,၅၆၁ တွဲကို ဩဂုတ် ၂ မှ ၅ ရက်အထိခင်းကျင်း ပြသခဲ့သည်။

ဆက်လက်၍ ယင်းကဲ့သို့ ပြ သထားသော ကျောက်စိမ်းတွဲများ ကို ဇူလိုင် ၆ ရက်တွင် အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ကျောက်စိမ်းတွဲ ၁,၁၀၀ အနက် အတွဲ ၉၀၀ ကျော် ရောင်းချခဲ့ရပြီး ယူရိုသန်း ၅၀ ကျော်ရရှိကြောင်း ပြပွဲကျင်းပရေး ကော်မတီက သတင်းထုတ်ပြန် သည်။

‘‘ကျောက်စိမ်းတွဲ ရောင်းရ ငွေက မနက်ကစာရင်းအရ ၄၇ သန်းလောက်ပေါ့။ ခုညနေ စာ ရင်းတွေရှင်းအပြီးမှာ သုံးသန်း လောက်ထပ်တက်လာတော့ ၅၀ ဝန်းကျင်လောက်ဖြစ်သွားတယ်’’ ဟု ဦးမင်းသူကပြောသည်။

လက်ရှိတွင် ကျောက်မျက် ရောင်းချမှုသည် ယခင်နှစ်လယ်ပြ ပွဲနှင့်နှိုင်းယှဉ်ပါက အနည်းငယ် များသော်လည်း (၅၃)ကြိမ်ပြပွဲ ထက် လျော့နည်းနေသည်ဟု ဦး မင်းသူကဆိုသည်။

ယခုပြပွဲတွင် နိုင်ငံပိုင် ကျောက်စိမ်းအချောထည် အတွဲ ၂၀၊ နိုင်ငံပိုင်ကျောက်စိမ်းအရိုင်း အတွဲ ၂၀၊ နိုင်ငံတော်နှင့် အကျိုး တူ ကုမ္ပဏီများက တင်ပြသည့် ကျောက်စိမ်းအရိုင်းတွဲ ၂,၉၀၀၊ ပုဂ္ဂလိက ကျောက်စိမ်းအရိုင်း ၃,၅၄၅ တွဲ၊ ကျောက်စိမ်းမဟုတ် သော အခြားတွင်းထွက်အရိုင်း ၁၆ တွဲ၊ ပုဂ္ဂလိက ကျောက်စိမ်း အချောထည် ၂၅ တွဲ၊ ကျောက် စိမ်းဖြင့်ဆင်ယင်ထားသောခုတင် သုံးလုံး၊ ကျောက်စိမ်း မဟုတ် သော အခြားတွင်းထွက်အချော ထည် ၃၂ တွဲကို ခင်းကျင်းပြသ ထားသည်။

ပြပွဲသို့ ပြည်တွင်း၊ ပြည်ပ ကုန်သည်စုစုပေါင်း ငါးထောင် ကျော် စာရင်းပေး တက်ရောက် လျက်ရှိကြောင်း ဦးမင်းသူကပြော သည်။

ယူရိုငွေဖြင့် ရောင်းချသည့် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲတွင် အခြေခံ ကြမ်းခင်းဈေး ယူရိုငါးထောင်၊ ကျောက်စိမ်းတွဲများကို အခြေခံ ကြမ်းခင်းဈေး ယူရိုလေးထောင် နှင့် ကျောက်စိမ်းအချောထည်တွဲ များကို အခြေခံဈေးနှုန်း ယူရို ၁,၀၀၀ ဖြင့် ပြပွဲကျင်းပရေးကော် မတီက သတ်မှတ်ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  7Day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top