လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×




ပါဝင်ပစ္စည်း

Lemon

သံပုယိုသီး ၁ လုံး


ရေတစ်ခွက်

ဂျင်း ၁ လက်မအရွယ်အစား

ပြုလုပ်နည်း



#Unicode Version#
၀မ်းဗိုက်မှာအဆီရှိတာက ခန္တာကိုယ်အတွက် ကောင်းတဲ့လက္ခဏာရပ်တစ်ခုမဟုတ်ပါဘူး။ ဒါဟာ ရောဂါတွေနဲ့ ဆက်စပ်နေတာပါ။ ဝမ်းဗိုက်မှာ အဆီတွေစုနေတာဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ ပန်းနာရောဂါ၊ အင်ဇိုင်းမားရောဂါ၊ ကလေးမွေးဖွားမှုဆိုင်ရာရောဂါ စတာတွေဖြစ်ပွားမှုကို မြင့်မားစေပါတယ်။

ဝမ်းဗိုက်မှာ အဆီတွေအရမ်းစုနေရင် မိမိရဲ့ ဘဝနေထိုင်မှုပုံစံကို ချက်ချင်းပြောင်းလဲပေးသင့်ပါတယ်။ သကြားစားသုံးမှုကို ရှောင်ကျည်ပြီး ရေများများသောက်ပေးကာ အိပ်ရေး၀၀အိပ်ပေးရပါမယ်။ ဒါ့အပြင် ဗိတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို များများစားသုံးပေးရပါမယ်။

ဝမ်းဗိုက်ကအဆီတွေကိုလျှော့ချပေးမဲ့ သဘာဝနည်းလမ်းတစ်ခုကိုမျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်း

Lemon

သံပုယိုသီး ၁ လုံး

ဟင်းနုနွယ် လက်တစ်ဆုပ်စာ

ရေတစ်ခွက်

ဂျင်း ၁ လက်မအရွယ်အစား

ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ဖျော်စက်ထဲထည့်ဖျော်လိုက်ပါ။ပြီးရင် သံပုယိုသီးကို အရည်ညစ်ပေးရမှာဖြစ်ပါတယ်။ ဖျော်ပြီးပြီးချင်းသောက်ပေးရမှာပါ။

ဒီဖျော်ရည်ကို မနက်စာမစားခင် နာရီဝက်အလိုသောက်ပေးရမှာပါ။ ကျန်းမာရေးအတွက်လည်းကောင်းမွန်တဲ့အပြင် အဆီကိုလျှော့ချပေးမှာမို့ ဒီနည်းလမ်းလေးကို မျှဝေလိုက်ရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top