Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသက္ ၁၈ ႏွစ္အရြယ္ အီရစ္ခ္ဖင္မန္းဟာ Bitcoin မွာ အေစာဆုံးရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ခဲ့တာေၾကာင့္ Bitcoin မီလ်ံနာျဖစ္လာပါတယ္။ အနာဂတ္မွာ bitcoin တစ္ခုရဲ႕တန္ဖိုးဟာ ေဒၚလာ ၁၀,၀၀၀ အထိရွိလာမယ္လို႔ အီရစ္ခ္ဖင္မန္းက ခန္႔မွန္းထားပါတယ္။

Bitcoin ဒီဂ်စ္တယ္ေငြေၾကးစနစ္ဟာ မတည္မၿငိမ္ျဖစ္ေပၚေနေပမယ့္လည္း တန္ဖိုးက ဆက္လက္တိုးတက္ေနပါတယ္။ ဖင္မန္းကေတာ့ bitcoin အေပၚယုံၾကည္ေနဆဲရွိၿပီး အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္လို႔ ယူဆေနပါတယ္။

Bitcoin ဝယ္ယူမႈက ပါးနပ္တဲ့ဘ႑ာေရး ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ မၾကာေသးခင္ကလည္း ဖင္မန္းက ေျပာခဲ့ပါတယ္။ အခုဆိုရင္ Bitcoin တစ္ခုရဲ႕တန္ေၾကးက ေဒၚလာ ၄,၃၀၀ ရွိၿပီး ဆယ္ေက်ာ္သက္အရြယ္ မီလ်ံနာျဖစ္သူ ဖင္မန္းဟာ bitcoin ၄၀၃ ခု ပုိင္ဆုိင္ထားပါတယ္။ ။ ဒါေၾကာင့္ အီရစ္ခ္ဖင္မန္းရဲ႕ပုိင္ဆုိင္မႈက ေဒၚလာ ၁.၇ သန္းရွိပါတယ္။

အီရစ္ခ္ဖင္မန္းဟာ ေကာလိပ္လည္း မတက္သလို အလုပ္အေျခတက်လည္း မရွိဘဲ bitcoin ရင္းႏွီးျမႇဳပ္ႏွံမႈကို အာ႐ုံစိုက္လုပ္ကုိင္ေနပါတယ္။

ဒါ့အျပင္ Bitcoin ရဲ႕ၿပိဳင္ဘက္ ဒီဂ်စ္တယ္ေငြေၾကးစနစ္ Ehthereum ဟာလည္း အလြန္အမင္းတုိးတက္လာေနၿပီး bitcoin ရဲ႕ေဈးကြက္ကုိ ခြဲေဝရယူဖို႔ ႀကိဳးစားလာပါတယ္။

စိုးထက္
Ref: BusinessInsider

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet News Journal

#Unicode Version#
အသက် ၁၈ နှစ်အရွယ် အီရစ်ခ်ဖင်မန်းဟာ Bitcoin မှာ အစောဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့တာကြောင့် Bitcoin မီလျံနာဖြစ်လာပါတယ်။ အနာဂတ်မှာ bitcoin တစ်ခုရဲ့တန်ဖိုးဟာ ဒေါ်လာ ၁၀,၀၀၀ အထိရှိလာမယ်လို့ အီရစ်ခ်ဖင်မန်းက ခန့်မှန်းထားပါတယ်။

Bitcoin ဒီဂျစ်တယ်ငွေကြေးစနစ်ဟာ မတည်မငြိမ်ဖြစ်ပေါ်နေပေမယ့်လည်း တန်ဖိုးက ဆက်လက်တိုးတက်နေပါတယ်။ ဖင်မန်းကတော့ bitcoin အပေါ်ယုံကြည်နေဆဲရှိပြီး အားသာချက်တွေ အများကြီးရှိတယ်လို့ ယူဆနေပါတယ်။

Bitcoin ဝယ်ယူမှုက ပါးနပ်တဲ့ဘဏ္ဍာရေး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မကြာသေးခင်ကလည်း ဖင်မန်းက ပြောခဲ့ပါတယ်။ အခုဆိုရင် Bitcoin တစ်ခုရဲ့တန်ကြေးက ဒေါ်လာ ၄,၃၀၀ ရှိပြီး ဆယ်ကျော်သက်အရွယ် မီလျံနာဖြစ်သူ ဖင်မန်းဟာ bitcoin ၄၀၃ ခု ပိုင်ဆိုင်ထားပါတယ်။ ။ ဒါကြောင့် အီရစ်ခ်ဖင်မန်းရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၇ သန်းရှိပါတယ်။

အီရစ်ခ်ဖင်မန်းဟာ ကောလိပ်လည်း မတက်သလို အလုပ်အခြေတကျလည်း မရှိဘဲ bitcoin ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်လုပ်ကိုင်နေပါတယ်။

ဒါ့အပြင် Bitcoin ရဲ့ပြိုင်ဘက် ဒီဂျစ်တယ်ငွေကြေးစနစ် Ehthereum ဟာလည်း အလွန်အမင်းတိုးတက်လာနေပြီး bitcoin ရဲ့ဈေးကွက်ကို ခွဲဝေရယူဖို့ ကြိုးစားလာပါတယ်။

စိုးထက်
Ref: BusinessInsider

ဖိုးသူတော် (www.phothutaw.com)
Credit: Internet News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top