ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ဓာတ္ပုံ−ေက်ာ္သူဟိန္း(ပဲခူး )
ABSDF တပ္ဖြဲ႕၀င္ ေဒၚနန္းေအာင္ေထြးၾကည္  အေၾကာင္း႐ုပ္ရွင္႐ုိက္ကူးရန္ စီစဥ္ေနျခင္းသည္ တစ္ခ်ိန္က
ဆယ္ေက်ာ္သက္ေက်ာင္းသားမ်ား အသက္ေပးခဲ့သည့္တန္ဖုိးကုိ သိေစလုိ၍ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ေနမင္းက 7Day Daily သတင္းစာ အားေျပာသည္။ အဆုိပါ ႐ုပ္ရွင္ဇာတ္ကား႐ုိက္ကူးမည့္ အေၾကာင္း မင္းသားေနမင္း၏ ေျပာစကားအခ်ိဳ႕ကို မီဒီယာတစ္ခုက ေဖာ္ျပရာ ေက်ာင္းသား အင္အားစုမ်ားႏွင့္ ႏုိင္ငံေရးအင္ အားစုမ်ား၏ ေ၀ဖန္မႈမ်ားအေပၚ သ႐ုပ္ေဆာင္ေနမင္းက ျပန္လည္ ေျဖရွင္းျခင္းျဖစ္သည္။

‘‘အစ္ကုိ႐ုိက္ခ်င္တဲ့ ရည္ရြယ္ခ်က္က ABSDF ဆုိတဲ့ ေက်ာင္းသားအဖြဲ႕အစည္းတစ္ရပ္ေပၚလာတဲ့အခ်ိန္မွာ အစ္ကုိႏွေျမာတာ ဘာလဲဆုိေတာ့တကယ္ အရည္အေသြးျမင့္ၿပီးေတာ့ တကယ္တန္ဖုိးရွိတဲ့မ်ိဳးခ်စ္ စိတ္ဓာတ္နဲ႔ ဆယ္ေက်ာ္သက္အရြယ္ ေတြကတုိင္းျပည္အတြက္ အ သက္ေတြအမ်ားႀကီးေပးသြားရ တယ္။ ငါတို႔တုိင္းျပည္မွာ ငါတို႔ ဒီလုိေနထုိင္ႏုိင္ဖုိ႔အတြက္ တစ္ ခ်ိန္တုန္းက ငါတို႔လုိပဲ ဆယ္ ေက်ာ္သက္အရြယ္ေတြက ေတာ ထဲမွာ အသက္ေတြအမ်ားႀကီး ေပးစေတးၿပီး ဒီေနရာကုိငါတုိ႔ကုိ ေပးခဲ့တယ္ဆုိတာကုိ တင္ျပခ်င္ တာ။ အဲဒီတန္ဖုိးကုိ ဒီေနာက္ပုိင္း က ကေလးေတြကုိသိေစခ်င္တာ ပါ’’ ဟု ေနမင္းကေျပာသည္။

ျပည္တြင္းမီဒီယာတစ္ခုသုိ႔ ျပည့္စုံစြာ ေျဖထားေသာ္လည္း ျပန္လည္ေဖာ္ျပေသာ သတင္းထဲ ၌ လုိအပ္သည့္အပုိဒ္ကုိသာ ဆြဲ ထုတ္ေရးသျဖင့္ နားလည္မႈလြဲ ျခင္းျဖစ္ေၾကာင္း ၎ကဆုိသည္။ ကာယကံရွင္ေဒၚနန္းေအာင္ေထြး ၾကည္အေနျဖင့္လည္း မင္းသား ေနမင္းက ၎အ ေၾကာင္း႐ုပ္ရွင္ ႐ုိက္ကူးရန္စီစဥ္ေနသည့္အေပၚ ေဆြးေႏြးညိႇႏႈိင္းမႈ အတည္မျပဳ ရေသးေၾကာင္း ၎၏ေဖ့စ္ဘြတ္ခ္ တြင္ ေရးသားထားသည္။

ထုိ႔အျပင္ေနမင္းေျဖဆုိထား သည့္ အင္တာဗ်ဴးအေပၚသူ၏ သေဘာထားကုိလည္း အၾကမ္း ဖ်င္းလက္ခံျခင္းႏွင့္ လုံး၀လက္မခံ ျခင္းဟူ၍ခြဲျခမ္းစိတ္ျဖာကာ ၎ ၏လူမႈကြန္ရက္စာမ်က္ႏွာေပၚ တြင္ ယခုလုိေရးသားထားသည္။

‘‘၈၈ ၀န္းက်င္ေလာက္တုန္း က ျမန္မာျပည္မွာရွိတဲ့ဆယ္ေက်ာ္ သက္အရြယ္ေတြမွာ တုိင္းျပည္နဲ႔ လူမ်ိဳးကုိခ်စ္တဲ့စိတ္နဲ႔ေတာ္လွန္ ေရးဆုိတဲ့ ဦးတည္ခ်က္နဲ႔ေတာခုိ ခဲ့ၾကတယ္’’ ဟူေသာ မင္းသားေန မင္း၏ ေျဖၾကားခ်က္ကုိ လက္ခံ ေၾကာင္းေရးသားထားသည္။ ‘‘ေနာက္ထပ္အနာဂတ္မွာရွိတဲ့ ကေလးေတြ ဆယ္ေက်ာ္သက္ ေတြ အဲဒီလုိတစ္စုံတစ္ရာစြန္႔စား  ၿပီး မုိက္႐ူးရဲစိတ္နဲ႔ေတြးမယ္ဆုိရင္ ဒီဟာကုိအသိတရားရဖုိ႔ တင္ျပ ခ်င္တဲ့သေဘာတရားတစ္ခုပါပဲ။ ႏုိင္ငံေရးေတြ ဘာမွမပါပါဘူး။ ေနာက္ပုိင္းျဖစ္လာမယ့္ဆယ္ ေက်ာ္သက္အရြယ္တကၠသုိလ္၀င္ တန္းၿပီးသြားရင္ လူငယ္ေတြက မုိက္႐ူးရဲစိတ္နဲ႔လုပ္ခ်င္တာ လုပ္ တတ္ၾကတယ္’’ ဟူေသာမင္းသား ေနမင္း၏ ေျဖၾကားခ်က္ကုိမူလုံး၀ လက္မခံေၾကာင္း ေဒၚနန္းေအာင္ ေထြးၾကည္က ေရးသားေဖာ္ျပ ထားသည္။ ‘‘ဒီစကားလုံး မုိက္႐ူး ရဲစိတ္ဆုိတာကုိ ကြၽန္မလုံး၀လက္ မခံႏုိင္ပါ။ ေတာ္လွန္ေရးလုပ္တဲ့ သူေတြအားလုံးကုိ ထိခုိက္မႈျဖစ္ ေစတဲ့ အသုံးအႏႈန္းျဖစ္ေနတယ္’’ ဟု ေဒၚနန္းေအာင္ေထြးၾကည္က ေရးသားထားသည္။

အထက္ပါအခ်က္မ်ားသည္ ေဒၚနန္းေအာင္ေထြးၾကည္ေရး သားထားသည့္ သေဘာထားေလး ခ်က္ထဲမွ ႏွစ္ခ်က္ကုိ ထုတ္ႏုတ္ ေရးသားျခင္းျဖစ္သည္။

၎ျဖတ္သန္းခဲ့ေသာ ကုိယ္ တိုင္ႀကံဳေတြ႕ရသည့္ျဖစ္ရပ္သည္ တ႐ုတ္ျပည္နယ္စပ္၌ တည္ရွိ သည့္ ABSDF-NB မွာျဖစ္ သျဖင့္ ABSDF ေျမာက္ပုိင္းျဖစ္ ရပ္ကုိပဲ ေျပာခဲ့ၿပီး ယုိးဒယားနယ္ စပ္ေတာင္ပုိင္းဗဟုိ ABSDF အ ေၾကာင္း ၎မသိပါဟုလည္း ေရး သားထားသည္။ အဆုိပါဇာတ္ ကား႐ုိက္ကူးေရးႏွင့္ပတ္သက္ သည့္ ေဆြးေႏြးထားေသာ ေစတ နာအျပည့္ပါသည့္ ႐ုိက္ကူးေရးကုိ လက္ခံသင့္၊ မသင့္စသည့္အက်ိဳး အေၾကာင္းမ်ားကုိ အမ်ားႀကီးစဥ္း စားတိုင္ပင္ေနေသာ္လည္း သူ႕ အေနျဖင့္ Documentary ေကာင္းေကာင္းျဖစ္ေျမာက္ေရး ကုိ အေလးသာေနေၾကာင္း၊ လက္ရွိတြင္ ႐ုိက္ကူးေရးကုိ လက္ မခံရေသးေသာ္လည္း ကန္႔သတ္ ထားသည့္အခ်ိန္၌ စုေပါင္းၿပီး သမုိင္းအဖ်က္ခံရေသာ အ သက္ေပးခဲ့ၾကရသူမ်ားအတြက္ Documentary ျဖစ္ေျမာက္ေရး ေဆာင္ရြက္မည္ဟု အသိေပး လုိေၾကာင္း ေဒၚနန္းေအာင္ေထြး  ၾကည့္က ဩဂုတ္ ၁၂ ရက္တြင္ သူ၏ လူမႈကြန္ရက္စာမ်က္ႏွာ၌ ထပ္မံေရးသားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily



#Unicode Version#
ဓာတ်ပုံ−ကျော်သူဟိန်း(ပဲခူး )

ABSDF တပ်ဖွဲ့ဝင် ဒေါ်နန်းအောင်ထွေးကြည်  အ ကြောင်းရုပ်ရှင်ရိုက်ကူးရန် စီစဉ် နေခြင်းသည် တစ်ချိန်ကဆယ် ကျော်သက်ကျောင်းသားများအ သက်ပေးခဲ့သည့်တန်ဖိုးကိုသိစေ လို၍ဖြစ်ကြောင်း သရုပ်ဆောင် နေမင်းက 7Day Daily သတင်း စာအားပြောသည်။ အဆိုပါရုပ် ရှင်ဇာတ်ကားရိုက်ကူးမည့် အ ကြောင်း မင်းသားနေမင်း၏ ပြောစကားအချို့ကို မီဒီယာတစ် ခုက ဖော်ပြရာ ကျောင်းသား အင်အားစုများနှင့် နိုင်ငံရေးအင် အားစုများ၏ ဝေဖန်မှုများအပေါ် သရုပ်ဆောင်နေမင်းက ပြန်လည် ဖြေရှင်းခြင်းဖြစ်သည်။

‘‘အစ်ကိုရိုက်ချင်တဲ့ ရည် ရွယ်ချက်က ABSDF ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းတစ် ရပ်ပေါ်လာတဲ့အချိန်မှာ အစ်ကိုနှ မြောတာ ဘာလဲဆိုတော့တကယ် အရည်အသွေးမြင့်ပြီးတော့ တ ကယ်တန်ဖိုးရှိတဲ့မျိုးချစ်စိတ် ဓာတ်နဲ့ ဆယ်ကျော်သက်အရွယ် တွေကတိုင်းပြည်အတွက် အ သက်တွေအများကြီးပေးသွားရ တယ်။ ငါတို့တိုင်းပြည်မှာ ငါတို့ ဒီလိုနေထိုင်နိုင်ဖို့အတွက် တစ် ချိန်တုန်းက ငါတို့လိုပဲ ဆယ် ကျော်သက်အရွယ်တွေက တော ထဲမှာ အသက်တွေအများကြီး ပေးစတေးပြီး ဒီနေရာကိုငါတို့ကို ပေးခဲ့တယ်ဆိုတာကို တင်ပြချင် တာ။ အဲဒီတန်ဖိုးကို ဒီနောက်ပိုင်း က ကလေးတွေကိုသိစေချင်တာ ပါ’’ ဟု နေမင်းကပြောသည်။

ပြည်တွင်းမီဒီယာတစ်ခုသို့ ပြည့်စုံစွာ ဖြေထားသော်လည်း ပြန်လည်ဖော်ပြသော သတင်းထဲ ၌ လိုအပ်သည့်အပိုဒ်ကိုသာ ဆွဲ ထုတ်ရေးသဖြင့် နားလည်မှုလွဲ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ကာယကံရှင်ဒေါ်နန်းအောင်ထွေး ကြည်အနေဖြင့်လည်း မင်းသား နေမင်းက ၎င်းအ ကြောင်းရုပ်ရှင် ရိုက်ကူးရန်စီစဉ်နေသည့်အပေါ် ဆွေးနွေးညှိနှိုင်းမှု အတည်မပြု ရသေးကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။

ထို့အပြင်နေမင်းဖြေဆိုထား သည့် အင်တာဗျူးအပေါ်သူ၏ သဘောထားကိုလည်း အကြမ်း ဖျင်းလက်ခံခြင်းနှင့် လုံးဝလက်မခံ ခြင်းဟူ၍ခွဲခြမ်းစိတ်ဖြာကာ ၎င်း ၏လူမှုကွန်ရက်စာမျက်နှာပေါ် တွင် ယခုလိုရေးသားထားသည်။

‘‘၈၈ ဝန်းကျင်လောက်တုန်း က မြန်မာပြည်မှာရှိတဲ့ဆယ်ကျော် သက်အရွယ်တွေမှာ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့စိတ်နဲ့တော်လှန် ရေးဆိုတဲ့ ဦးတည်ချက်နဲ့တောခို ခဲ့ကြတယ်’’ ဟူသော မင်းသားနေ မင်း၏ ဖြေကြားချက်ကို လက်ခံ ကြောင်းရေးသားထားသည်။ ‘‘နောက်ထပ်အနာဂတ်မှာရှိတဲ့ ကလေးတွေ ဆယ်ကျော်သက် တွေ အဲဒီလိုတစ်စုံတစ်ရာစွန့်စား  ပြီး မိုက်ရူးရဲစိတ်နဲ့တွေးမယ်ဆိုရင် ဒီဟာကိုအသိတရားရဖို့ တင်ပြ ချင်တဲ့သဘောတရားတစ်ခုပါပဲ။ နိုင်ငံရေးတွေ ဘာမှမပါပါဘူး။ နောက်ပိုင်းဖြစ်လာမယ့်ဆယ် ကျော်သက်အရွယ်တက္ကသိုလ်ဝင် တန်းပြီးသွားရင် လူငယ်တွေက မိုက်ရူးရဲစိတ်နဲ့လုပ်ချင်တာ လုပ် တတ်ကြတယ်’’ ဟူသောမင်းသား နေမင်း၏ ဖြေကြားချက်ကိုမူလုံး၀ လက်မခံကြောင်း ဒေါ်နန်းအောင် ထွေးကြည်က ရေးသားဖော်ပြ ထားသည်။ ‘‘ဒီစကားလုံး မိုက်ရူး ရဲစိတ်ဆိုတာကို ကျွန်မလုံးဝလက် မခံနိုင်ပါ။ တော်လှန်ရေးလုပ်တဲ့ သူတွေအားလုံးကို ထိခိုက်မှုဖြစ် စေတဲ့ အသုံးအနှုန်းဖြစ်နေတယ်’’ ဟု ဒေါ်နန်းအောင်ထွေးကြည်က ရေးသားထားသည်။

အထက်ပါအချက်များသည် ဒေါ်နန်းအောင်ထွေးကြည်ရေး သားထားသည့် သဘောထားလေး ချက်ထဲမှ နှစ်ချက်ကို ထုတ်နုတ် ရေးသားခြင်းဖြစ်သည်။

၎င်းဖြတ်သန်းခဲ့သော ကိုယ် တိုင်ကြုံတွေ့ရသည့်ဖြစ်ရပ်သည် တရုတ်ပြည်နယ်စပ်၌ တည်ရှိ သည့် ABSDF-NB မှာဖြစ် သဖြင့် ABSDF မြောက်ပိုင်းဖြစ် ရပ်ကိုပဲ ပြောခဲ့ပြီး ယိုးဒယားနယ် စပ်တောင်ပိုင်းဗဟို ABSDF အ ကြောင်း ၎င်းမသိပါဟုလည်း ရေး သားထားသည်။ အဆိုပါဇာတ် ကားရိုက်ကူးရေးနှင့်ပတ်သက် သည့် ဆွေးနွေးထားသော စေတ နာအပြည့်ပါသည့် ရိုက်ကူးရေးကို လက်ခံသင့်၊ မသင့်စသည့်အကျိုး အကြောင်းများကို အများကြီးစဉ်း စားတိုင်ပင်နေသော်လည်း သူ့ အနေဖြင့် Documentary ကောင်းကောင်းဖြစ်မြောက်ရေး ကို အလေးသာနေကြောင်း၊ လက်ရှိတွင် ရိုက်ကူးရေးကို လက် မခံရသေးသော်လည်း ကန့်သတ် ထားသည့်အချိန်၌ စုပေါင်းပြီး သမိုင်းအဖျက်ခံရသော အ သက်ပေးခဲ့ကြရသူများအတွက် Documentary ဖြစ်မြောက်ရေး ဆောင်ရွက်မည်ဟု အသိပေး လိုကြောင်း ဒေါ်နန်းအောင်ထွေး  ကြည့်က ဩဂုတ် ၁၂ ရက်တွင် သူ၏ လူမှုကွန်ရက်စာမျက်နှာ၌ ထပ်မံရေးသားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top