ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ေမာ္ဒယ္က လက္ရွိ ျပည္တြင္းမွာကိုပဲ တန္ေၾကးသင့္ေမာ္ဒယ္ေတြထဲမွာ လူႀကိဳက္အမ်ားဆုံး ေမာ္ဒယ္လို႔ ဆိုႏိုင္ေလာက္ ေအာင္ စီးနင္းမႈ မ်ားလာသလို ႏိုင္ငံတကာမွာလည္း Accordရဲ႕ ေဈးကြက္အေနအထားက်ဆင္းမႈကို အေကာင္းဆုံး အစားထိုးေအာင္ျမင္မႈ ရယူႏိုင္ထားတဲ့ေမာ္ဒယ္ပါ။

ကိုယ္ထည္ပိုင္းေ႐ြးခ်ယ္ႏိုင္စရာေတြပါ အားေကာင္းေအာင္ ဖန္တီးလာၿပီး အခုေတာ့ Civic ရဲ႕ ေနာက္ဆက္တြဲ Si ေမာ္ဒယ္ ခြဲအျဖစ္ စြမ္းေဆာင္ရည္ျမႇင့္ၿပီး ဖန္တီးလာတာေတြ႕ရပါတယ္။


ေမာင္းႏွင္လို႔ အထူးေကာင္းမြန္တယ္၊ လက္ကိုင္ပိုင္း တည္ၿငိမ္တယ္၊ ဘရိတ္ပိုင္းကလည္း ၿပိဳင္ကားေတြရဲ႕စြမ္းေဆာင္ႏိုင္မႈ ေလာက္ကိုပဲ ထိန္းခ်ဳပ္အားေကာင္းလာတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ အတြင္းခန္းက နည္းနည္းက်ဥ္းခ်င္ေနတယ္၊ လုံၿခဳံ ေရးစနစ္ေတြမွာ ေနာက္ဆုံးေပၚ နည္းပညာမ်ိဳးပါရွိမႈ အားနည္းတာကိုေတာ့ သိပ္မႀကိဳက္ခ်င္ပါဘူး။

Cnet ကေတာ့ စြမ္းေဆာင္ရည္ပိုင္းမွာ ၁၀မွတ္အတြက္ ၇မွတ္ခြဲ၊ နည္းပညာ တပ္ဆင္ထည့္သြင္းထားရွိမႈအတြက္ ၆မွတ္၊ ေမာ္ ဒယ္ရဲ႕ ဒီဇိုင္းနဲ႔ ပတ္သက္ၿပီး ၇မွတ္ခြဲ၊ ေဖ်ာ္ေျဖေရးစနစ္နဲ႔ ခ်ိတ္ဆက္ အသုံးျပဳႏိုင္မႈေတြ အတြက္ ၆မွတ္ေပးထားတာ ေတြ႕ရပါ တယ္။

ဒီေမာ္ဒယ္က Hondaရဲ႕ ဇိမ္ခံေမာ္ဒယ္ အမွတ္တံဆိပ္ Acura NSXေတြ 2000 ေမာ္ဒယ္ေတြ ေဈးကြက္အတြက္ မထုတ္လုပ္ ခင္ကတည္းက Hondaရဲ႕ေအာင္ျမင္တဲ့ စြမ္းေဆာင္ရည္ျမင့္ ေမာ္ဒယ္တခုပါ။

၂၀၁၆ခုႏွစ္ ေမာ္ဒယ္ကေနစတင္ၿပီး Civic ကို မ်ိဳးဆက္ ၁၀ဆက္ေျမာက္အျဖစ္ ေျပာင္းလဲထုတ္လုပ္လာခ်ိန္မွာလည္း အခု ေမာ္ဒယ္ကို ႐ုပ္ထြက္ေရာ စြမ္းေဆာင္ရည္ပါ ေျပာင္းလဲထုတ္လုပ္လာခဲ့ၿပီး လူငယ္ႀကိဳက္ ျဖစ္ေအာင္ ဖန္တီးထားတာ ေတြ႕ လာရပါတယ္။

Honda Civic Si Coupe ေရွ႕ခန္းပိုင္း

႐ုပ္ထြက္က ၿပိဳင္ကားေတြရဲ႕ ႐ုပ္ထြက္အတိုင္း ျဖစ္လာတယ္၊ Hyundai Elantra GT Sport ေမာ္ဒယ္ရယ္၊ Ford Focus STနဲ႔ Mini Cooper Sေတြ Volkswagen GTI ေမာ္ဒယ္ေတြကို ေဈးကြက္ၿပိဳင္ဆိုင္ႏိုင္ေအာင္ ႀကိဳးစားလာတာ ေတြ႕ရၿပီး အထူးသျဖင့္ေတာ့ ဥေရာပနဲ႔ အေမရိကေဈးကြက္ေတြမွာ ေအာင္ျမင္မႈ ရခ်င္ေနတာေတြ႕ရပါတယ္။

ေမာ္ဒယ္မွာ ၁.၅ လီတာသုံး အင္ဂ်င္ကို တပ္ဆင္ထားၿပီး သူက ႐ုန္းအား ၁၉၂ေပါင္-ေပထိေအာင္ ရွိၿပီး ျမင္းေကာင္ေရ ၂၀၅ ေကာင္အားထိေအာင္ ထြက္ရွိပါတယ္။

အခုလို စြမ္းအင္ ထြက္ရွိမႈ အားေကာင္းဖို႔ Honda က ေမာ္ဒယ္ကို Turbocharging စနစ္ ထည့္ထားတာလည္း ေတြ႕ရပါ တယ္။

အင္ဂ်င္က အျမန္ဆုံးလည္ပတ္ႏႈန္းအျဖစ္လည္း တမိနစ္ကို အပတ္ေရ ၆၅၀၀ ထိေအာင္ လည္ပတ္မွာပါ။ ဆီတဂါလံကို ၂၈ မိုင္ စီးနင္းႏိုင္မယ့္ႏႈန္းက ပုံမွန္ ေလးလုံးထိုး အင္ဂ်င္တပ္ေမာ္ဒယ္တခုအတြက္ အေကာင္းဆုံးမဟုတ္ေပမယ့္ စြမ္းေဆာင္ ရည္ အေနအထားအရေတာ့ လက္ခံႏိုင္စရာပါ။

အျမန္ႏႈန္း ျမႇင့္တင္ေမာင္းႏွင္ႏိုင္မႈ အပိုင္းမွာေတာ့ တနာရီမိုင္ ၆၀ႏႈန္းကို အခ်ိန္ ၆.၅စကၠန႔္နဲ႔ ေရာက္မွာ ျဖစ္ပါတယ္။ Manual ဂီယာစနစ္နဲ႔ လာၿပီး Sport ကားေကာင္းေကာင္း အရသာခံစီးနင္းခ်င္သူေတြအတြက္ သေဘာက်စရာပါ။

ေရွ႕ဘီးယက္စနစ္နဲ႔ Coupe တန္းဝင္ ႏွစ္ေယာက္စီးေမာ္ဒယ္ အေနနဲ႔လည္း ရႏိုင္သလို တံခါးေလးေပါက္စနစ္ ဆီဒင္အေန နဲ႔လည္း ကိုယ္ထည္အမ်ိဳးအစား ၂မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။

တပ္ဆင္ထားတဲ့ဘီးေတြက ၁၈လက္မ အ႐ြယ္ေတြပါ။ ကိုယ္ ထည္က အေလးခ်ိန္ ၂၈၈၉ ေပါင္ပဲ ေလးၿပီး ေရွ႕ထြက္ ေမာ္ဒယ္ ေတြထက္ ပိုမိုေပါ့ပါးလာပါတယ္။

ႏိုင္ငံတကာေဈးကြက္မွာေတာ့ ေမာ္ဒယ္ကို ေဈးႏႈန္းေဒၚလာ ၂၄၇၇၅နဲ႔ ေရာင္းခ်ေနတာ ေတြ႕ရၿပီး Coupe အေနနဲ႔ဆိုရင္ ေ႐ြးခ်ယ္ဖို႔ ေကာင္းတဲ့ အခုႏွစ္ထြက္ေမာ္ဒယ္ ျဖစ္လာပါတယ္။


Ref: www.cnet.com

ဖိုးသူေတာ္ (www.phothutaw.com)
Credit:
Burma.irrawaddy


 #Unicode Version#
မော်ဒယ်က လက်ရှိ ပြည်တွင်းမှာကိုပဲ တန်ကြေးသင့်မော်ဒယ်တွေထဲမှာ လူကြိုက်အများဆုံး မော်ဒယ်လို့ ဆိုနိုင်လောက် အောင် စီးနင်းမှု များလာသလို နိုင်ငံတကာမှာလည်း Accordရဲ့ ဈေးကွက်အနေအထားကျဆင်းမှုကို အကောင်းဆုံး အ စားထိုးအောင်မြင်မှု ရယူနိုင်ထားတဲ့မော်ဒယ်ပါ။

ကိုယ်ထည်ပိုင်းရွေးချယ်နိုင်စရာတွေပါ အားကောင်းအောင် ဖန်တီးလာပြီး အခုတော့ Civic ရဲ့ နောက်ဆက်တွဲ Si မော်ဒယ် ခွဲအဖြစ် စွမ်းဆောင်ရည်မြှင့်ပြီး ဖန်တီးလာတာတွေ့ရပါတယ်။

မောင်းနှင်လို့ အထူးကောင်းမွန်တယ်၊ လက်ကိုင်ပိုင်း တည်ငြိမ်တယ်၊ ဘရိတ်ပိုင်းကလည်း ပြိုင်ကားတွေရဲ့စွမ်းဆောင်နိုင်မှု လောက်ကိုပဲ ထိန်းချုပ်အားကောင်းလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အတွင်းခန်းက နည်းနည်းကျဉ်းချင်နေတယ်၊ လုံခြုံ ရေးစနစ်တွေမှာ နောက်ဆုံးပေါ် နည်းပညာမျိုးပါရှိမှု အားနည်းတာကိုတော့ သိပ်မကြိုက်ချင်ပါဘူး။

Cnet ကတော့ စွမ်းဆောင်ရည်ပိုင်းမှာ ၁၀မှတ်အတွက် ၇မှတ်ခွဲ၊ နည်းပညာ တပ်ဆင်ထည့်သွင်းထားရှိမှုအတွက် ၆မှတ်၊ မော် ဒယ်ရဲ့ ဒီဇိုင်းနဲ့ ပတ်သက်ပြီး ၇မှတ်ခွဲ၊ ဖျော်ဖြေရေးစနစ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှုတွေ အတွက် ၆မှတ်ပေးထားတာ တွေ့ရပါ တယ်။

ဒီမော်ဒယ်က Hondaရဲ့ ဇိမ်ခံမော်ဒယ် အမှတ်တံဆိပ် Acura NSXတွေ 2000 မော်ဒယ်တွေ ဈေးကွက်အတွက် မထုတ်လုပ် ခင်ကတည်းက Hondaရဲ့အောင်မြင်တဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ်တခုပါ။

၂၀၁၆ခုနှစ် မော်ဒယ်ကနေစတင်ပြီး Civic ကို မျိုးဆက် ၁၀ဆက်မြောက်အဖြစ် ပြောင်းလဲထုတ်လုပ်လာချိန်မှာလည်း အခု မော်ဒယ်ကို ရုပ်ထွက်ရော စွမ်းဆောင်ရည်ပါ ပြောင်းလဲထုတ်လုပ်လာခဲ့ပြီး လူငယ်ကြိုက် ဖြစ်အောင် ဖန်တီးထားတာ တွေ့ လာရပါတယ်။
Honda Civic Si Coupe ရှေ့ခန်းပိုင်း

ရုပ်ထွက်က ပြိုင်ကားတွေရဲ့ ရုပ်ထွက်အတိုင်း ဖြစ်လာတယ်၊ Hyundai Elantra GT Sport မော်ဒယ်ရယ်၊ Ford Focus STနဲ့ Mini Cooper Sတွေ Volkswagen GTI မော်ဒယ်တွေကို ဈေးကွက်ပြိုင်ဆိုင်နိုင်အောင် ကြိုးစားလာတာ တွေ့ရပြီး အထူးသဖြင့်တော့ ဥရောပနဲ့ အမေရိကဈေးကွက်တွေမှာ အောင်မြင်မှု ရချင်နေတာတွေ့ရပါတယ်။

မော်ဒယ်မှာ ၁.၅ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားပြီး သူက ရုန်းအား ၁၉၂ပေါင်-ပေထိအောင် ရှိပြီး မြင်းကောင်ရေ ၂၀၅ ကောင်အားထိအောင် ထွက်ရှိပါတယ်။

အခုလို စွမ်းအင် ထွက်ရှိမှု အားကောင်းဖို့ Honda က မော်ဒယ်ကို Turbocharging စနစ် ထည့်ထားတာလည်း တွေ့ရပါ တယ်။

အင်ဂျင်က အမြန်ဆုံးလည်ပတ်နှုန်းအဖြစ်လည်း တမိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင် လည်ပတ်မှာပါ။ ဆီတဂါလံကို ၂၈ မိုင် စီးနင်းနိုင်မယ့်နှုန်းက ပုံမှန် လေးလုံးထိုး အင်ဂျင်တပ်မော်ဒယ်တခုအတွက် အကောင်းဆုံးမဟုတ်ပေမယ့် စွမ်းဆောင် ရည် အနေအထားအရတော့ လက်ခံနိုင်စရာပါ။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာတော့ တနာရီမိုင် ၆၀နှုန်းကို အချိန် ၆.၅စက္ကန့်နဲ့ ရောက်မှာ ဖြစ်ပါတယ်။ Manual ဂီယာစနစ်နဲ့ လာပြီး Sport ကားကောင်းကောင်း အရသာခံစီးနင်းချင်သူတွေအတွက် သဘောကျစရာပါ။

ရှေ့ဘီးယက်စနစ်နဲ့ Coupe တန်းဝင် နှစ်ယောက်စီးမော်ဒယ် အနေနဲ့လည်း ရနိုင်သလို တံခါးလေးပေါက်စနစ် ဆီဒင်အနေ နဲ့လည်း ကိုယ်ထည်အမျိုးအစား ၂မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

တပ်ဆင်ထားတဲ့ဘီးတွေက ၁၈လက်မ အရွယ်တွေပါ။ ကိုယ် ထည်က အလေးချိန် ၂၈၈၉ ပေါင်ပဲ လေးပြီး ရှေ့ထွက် မော်ဒယ် တွေထက် ပိုမိုပေါ့ပါးလာပါတယ်။

နိုင်ငံတကာဈေးကွက်မှာတော့ မော်ဒယ်ကို ဈေးနှုန်းဒေါ်လာ ၂၄၇၇၅နဲ့ ရောင်းချနေတာ တွေ့ရပြီး Coupe အနေနဲ့ဆိုရင် ရွေးချယ်ဖို့ ကောင်းတဲ့ အခုနှစ်ထွက်မော်ဒယ် ဖြစ်လာပါတယ်။



Ref: www.cnet.com



ဖိုးသူတော် (www.phothutaw.com)
Credit: Burma.irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top