ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

YBS ကားတစ္စီးရိွ Cash Box သို႔ ယာဥ္စီးခ ထည့္ေနသူတစ္ဦး(ဓာတ္ပံု−ေက်ာ္ဇင္သန္း)
YBS ကားမ်ား၌ ယာဥ္ စီးခကို ပံုးထဲသို႔ ထည့္ေသာ စနစ္ အစား ကတ္စနစ္ျဖင့္ ေျပာင္းလဲ ႏုိင္ရန္ လုပ္ကိုင္လိုသည့္ကုမၸဏီ တင္ဒါ ေခၚယူမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး   အမ်ား ျပည္သူသယ္ယူပို႔ေဆာင္ေရးႀကီး ၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ (YRTA)  တာဝန္ရွိသူတစ္ဦးက ေျပာသည္။

 ‘‘အခုကေတာ့ ေငြပံုးေပါ့။ ေငြပံုးက တစ္ခ်ိန္က်ရင္ အေႂကြ ျပႆနာေတြ အမ်ားႀကီးရွိလာႏိုင္ တယ္။ အဲဒါေၾကာင့္ Ticketing ကို သြားမွာ။ ဒါေၾကာင့္ မၾကာခင္မွာ Ticketing ကို လုပ္မယ့္ ကုမၸဏီကို တင္ဒါေခၚမွာပါ’’ဟု YRTA အတြင္းေရးမွဴး ေဒါက္တာေမာင္ ေအာင္က ေျပာသည္။


လက္ရွိ YBS ဘတ္စ္ကား လိုင္းစနစ္တြင္ ယာဥ္ေနာက္လိုက္ ေနရာ၌ ေငြထည့္သည့္ပံံုး (Cash Box)စနစ္သို႔  ေျပာင္းလဲထားၿပီး ျဖစ္ေသာ္လည္း  ယာဥ္အခ်ိဳ႕တြင္ ယာဥ္ေနာက္လိုက္မ်ား  ပါရွိေန ဆဲျဖစ္သည္။

 ထုိ႔ျပင္ Cash Box စနစ္ ေၾကာင့္ လက္ရွိတြင္ ခရီးသြားမ်ား ေငြအေႂကြျပႆနာ ျဖစ္ေပၚေန ေသာေၾကာင့္ ကတ္စနစ္သို႔ အျမန္ဆံုး ေျပာင္းလဲရန္ ရန္ကုန္တိုင္း ေဒသႀကီးအစိုးရအဖြဲ႕က ျပင္ဆင္ ေနျခင္းျဖစ္သည္။

YBS ဘတ္စ္ကားစနစ္တြင္ အမ်ားစုသည္ ကုမၸဏီမ်ားက ပါဝင္ေျပးဆြဲေနေသာ ကားလုိင္းမ်ား ျဖစ္ေပၚလာၿပီ ျဖစ္ေသာေၾကာင့္ ကတ္စနစ္ျဖင့္ ေျပာင္းလဲရန္ အ ခက္အခဲမရွိႏိုင္ေၾကာင္း ေဒါက္ တာေမာင္ေအာင္က ဆိုသည္။

 လက္ရွိအခ်ိန္အထိ YBS ဘတ္စ္ကားစနစ္တြင္ ထည့္သြင္း ေျပးဆြဲရန္ ပုဂၢလိကကုမၸဏီမ်ား က ဝယ္ယူထားသည့္ ဘတ္စ္ကား ၁,၆၀၀ ခန္႔ႏွင့္ ရန္ကုန္တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕က ဝယ္ယူထား ေသာ ဘတ္စ္ကား ၁,၀၀၀ ရွိေနကာ ပုဂၢလိကကားသစ္အမ်ားစု ဝင္ေရာက္ ေျပးဆြဲေနၿပီျဖစ္သည္။

ရန္ကုန္တုိင္းေဒသႀကီးအစိုး ရအဖြဲ႕သည္ YBS ဘတ္စ္ကား စနစ္ျဖင့္ ဇန္နဝါရီ ၁၆ ရက္က စတင္ေျပးဆြဲၿပီး   လက္ရွိတြင္ ဘတ္စ္ကားလိုင္း ၈၀ ခန္႔က ကား စီးေရ ၄,၀၀၀ ခန္႔ျဖင့္ ေျပးဆြဲေန သည္။

YBS ဘတ္စ္ကားစီးရာတြင္ ေငြအေႂကြမရွိပါက အခက္အခဲ ႀကံဳေတြ႕တတ္ၿပီး ခရီးသည္အခ်င္းခ်င္း နားလည္မႈျဖင့္ အေႂကြ လဲ ေျဖရွင္းေနရေၾကာင္း ကုမၸဏီတစ္ခုမွ ဝန္ထမ္း မျမတ္ၿငိမ္းက ေျပာသည္။

 အခ်ိဳ႕ခရီးသည္မ်ားကသည္ အေႂကြမရွိသျဖင့္  ယာဥ္စီးခ မထည့္ဘဲ ခရီးၿပီးဆံုးသည္အထိ စီးနင္းသည္ကို မၾကာခဏႀကံဳဖူးေၾကာင္း ၎က ဆိုသည္။

‘‘တခ်ိဳ႕က ယာဥ္ေမာင္းကို သြားၿပီး ေငြအေႂကြလဲေပးဖို႔ေျပာ တယ္။ တခ်ိဳ႕ယာဥ္ေမာင္းေတြက ေတာ့ လဲေပးပါတယ္။ တခ်ိဳ႕က ေတာ့ မလဲေပးဘူး။ သူတို႔အျပစ္ လည္း မဟုတ္ဘူးေလ။ ကား ေမာင္းတာကိုပဲ အဓိကအာ႐ံုစိုက္ ဖို႔ လိုတာေလ။ အခု (၂၁) ယာဥ္ လိုင္းမွာဆို ျခင္းနဲ႔လုပ္ေပးထား ေတာ့ အေႂကြမရွိလည္း ကိုယ့္ဘာ သာကိုယ္လဲၿပီး ယာဥ္စီးခထည့္ လိုက္လို႔ရတယ္။ အလံုပိတ္သံပံုး ေတြက်ေတာ့ အဆင္မေျပဘူး’’ဟု မျမတ္ၿငိမ္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
YBS ကားတစ်စီးရှိ Cash Box သို့ ယာဉ်စီးခ ထည့်နေသူတစ်ဦး(ဓာတ်ပုံ−ကျော်ဇင်သန်း)

 YBS ကားများ၌ ယာဉ် စီးခကို ပုံးထဲသို့ ထည့်သော စနစ် အစား ကတ်စနစ်ဖြင့် ပြောင်းလဲ နိုင်ရန် လုပ်ကိုင်လိုသည့်ကုမ္ပဏီ တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး   အများ ပြည်သူသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)  တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘အခုကတော့ ငွေပုံးပေါ့။ ငွေပုံးက တစ်ချိန်ကျရင် အကြွေ ပြဿနာတွေ အများကြီးရှိလာနိုင် တယ်။ အဲဒါကြောင့် Ticketing ကို သွားမှာ။ ဒါကြောင့် မကြာခင်မှာ Ticketing ကို လုပ်မယ့် ကုမ္ပဏီကို တင်ဒါခေါ်မှာပါ’’ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။


လက်ရှိ YBS ဘတ်စ်ကား လိုင်းစနစ်တွင် ယာဉ်နောက်လိုက် နေရာ၌ ငွေထည့်သည့်ပံုံး (Cash Box)စနစ်သို့  ပြောင်းလဲထားပြီး ဖြစ်သော်လည်း  ယာဉ်အချို့တွင် ယာဉ်နောက်လိုက်များ  ပါရှိနေ ဆဲဖြစ်သည်။

 ထို့ပြင် Cash Box စနစ် ကြောင့် လက်ရှိတွင် ခရီးသွားများ ငွေအကြွေပြဿနာ ဖြစ်ပေါ်နေ သောကြောင့် ကတ်စနစ်သို့ အမြန်ဆုံး ပြောင်းလဲရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင် နေခြင်းဖြစ်သည်။

YBS ဘတ်စ်ကားစနစ်တွင် အများစုသည် ကုမ္ပဏီများက ပါဝင်ပြေးဆွဲနေသော ကားလိုင်းများ ဖြစ်ပေါ်လာပြီ ဖြစ်သောကြောင့် ကတ်စနစ်ဖြင့် ပြောင်းလဲရန် အ ခက်အခဲမရှိနိုင်ကြောင်း ဒေါက် တာမောင်အောင်က ဆိုသည်။

 လက်ရှိအချိန်အထိ YBS ဘတ်စ်ကားစနစ်တွင် ထည့်သွင်း ပြေးဆွဲရန် ပုဂ္ဂလိကကုမ္ပဏီများ က ဝယ်ယူထားသည့် ဘတ်စ်ကား ၁,၆၀၀ ခန့်နှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဝယ်ယူထား သော ဘတ်စ်ကား ၁,၀၀၀ ရှိနေကာ ပုဂ္ဂလိကကားသစ်အများစု ဝင်ရောက် ပြေးဆွဲနေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့သည် YBS ဘတ်စ်ကား စနစ်ဖြင့် ဇန်နဝါရီ ၁၆ ရက်က စတင်ပြေးဆွဲပြီး   လက်ရှိတွင် ဘတ်စ်ကားလိုင်း ၈၀ ခန့်က ကား စီးရေ ၄,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေ သည်။

YBS ဘတ်စ်ကားစီးရာတွင် ငွေအကြွေမရှိပါက အခက်အခဲ ကြုံတွေ့တတ်ပြီး ခရီးသည်အချင်းချင်း နားလည်မှုဖြင့် အကြွေ လဲ ဖြေရှင်းနေရကြောင်း ကုမ္ပဏီတစ်ခုမှ ဝန်ထမ်း မမြတ်ငြိမ်းက ပြောသည်။

 အချို့ခရီးသည်များကသည် အကြွေမရှိသဖြင့်  ယာဉ်စီးခ မထည့်ဘဲ ခရီးပြီးဆုံးသည်အထိ စီးနင်းသည်ကို မကြာခဏကြုံဖူးကြောင်း ၎င်းက ဆိုသည်။

‘‘တချို့က ယာဉ်မောင်းကို သွားပြီး ငွေအကြွေလဲပေးဖို့ပြော တယ်။ တချို့ယာဉ်မောင်းတွေက တော့ လဲပေးပါတယ်။ တချို့က တော့ မလဲပေးဘူး။ သူတို့အပြစ် လည်း မဟုတ်ဘူးလေ။ ကား မောင်းတာကိုပဲ အဓိကအာရုံစိုက် ဖို့ လိုတာလေ။ အခု (၂၁) ယာဉ် လိုင်းမှာဆို ခြင်းနဲ့လုပ်ပေးထား တော့ အကြွေမရှိလည်း ကိုယ့်ဘာ သာကိုယ်လဲပြီး ယာဉ်စီးခထည့် လိုက်လို့ရတယ်။ အလုံပိတ်သံပုံး တွေကျတော့ အဆင်မပြေဘူး’’ဟု မမြတ်ငြိမ်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top