လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ယိုးဒယား ( Tai ) လူမ်ိဳး ေတြဟာ နတ္ ကိုးကြယ္မႈ နဲ႔ အစြဲႀကီးမႈ မွာ ျမန္မာ လူမ်ိဳးေတြ ထက္ သာ ပါ တယ္။ ဒါေပမယ့္ အားလံုး ေသာ ထဲမွာ နာမည္ အႀကီးဆံုး ကေတာ့ မယ္႔နပ္ခ္ – Mae Nak ဆိုတဲ႔ သရဲမ ပါပဲ။ Mae Nak ရဲ႕ နတ္နန္း က သူမ လူ႔ ဘဝ က ေနထိုင္ ခဲ႔ရာ ဗန္ေကာက္ၿမိဳ႕ရဲ႕ေတာင္ဘက္ ဖရာခေနာင္း တူးေျမာင္း ေဘးနား မွာ ရွိပါ တယ္။ ဇာတ္လမ္းေလး ကေတာ့ အားလံုး သိၿပီးသား ပါပဲ။

၁၈၀၀ ျပည့္လြန္ ႏွစ္ ေတြတုန္း က Mae Nak လို႔ ေခၚတဲ႔ မိန္းမလွေလး တစ္ေယာက္ က ထခ္မက္ပ္ – Tak Mark ဆို တဲ႔ သူ နဲ႔ လက္ဆက္ခဲ႔ ပါတယ္။

သူတို႔ က ဗန္ေကာက္ၿမိဳ႕ ေတာင္ဘက္ ဖရာခေနာင္း တူးေျမာင္းေဘး ျမစ္ဆိပ္ အိမ္ ေလး မွာ ေနၾက ပါတယ္။

Mae Nak ကိုယ္ဝန္ေဆာင္ တဲ႔ အခ်ိန္မွာ ပဲ သူမ အမ်ိဳးသား Tak ဟာ စစ္မႈထမ္း ဖို႔ ဆင့္ေခၚ ခံရ ပါတယ္။ အားလံုးလည္း သိၿပီး သားမို႔ တိုတုိပဲ ေျပာရ ရင္ Tak Mark ေရွ႕တန္း သြားေန တုန္း Mae Nak က ကေလး မေမြးႏိုင္ပဲ ဆံုးပါး သြားခဲ႔ ရွာတယ္။

ထိုေနာက္ ေတာ႔ ဝိဥာဥ္ ဘဝ နဲ႕ Tak Mark ကို ေစာင့္ေနတဲ႔ အခ်ိန္ သူ႔ ေယာက်ာၤး Tak Mark က ေရွ႕တန္း မွာ မေသပဲ ျပန္ေရာက္ လာခဲ႔ ပါတယ္။

Tak Mark က အစပိုင္း ေတာ့ သူ ႔မိန္းမ Mae Nak နဲ႔ ကေလး ေသတာကို မသိ ခဲ႔ ပါဘူး။ ရြာသားေတြ သတိေပးတာ ကိုလည္း လက္မခံ ခဲ႔ ပါဘူး။ Tak Mark ကို သတိေပး တဲ႔ ရြာသားေတြ ကိုလည္း Mae Nak က သတ္ပစ္ခဲ႔ ပါတယ္။
READ အိတ္ထဲကို ဘယ္ေတာ့မွ မထည့္သင့္တဲ့ ပစၥည္း ၁၀ မ်ိဳး

တစ္ရက္ မွာေတာ့ Tak Mark ေတာထဲ ကေန ျပန္အလာ မွာ Mae Nak က ေျခတံရွည္ အိမ္အေပၚ ကေန လက္ အရွည္ႀကီး ထုတ္ၿပီး ဟင္းခ်က္ ဖို႔ အသီးအႏွံေတြ ယူေနတာ ကို ၾကည့္ၿပီး ေသြးပ်က္ ေျခာက္ျခား ၿပီး ထြက္ေျပး ခဲ႔ရ ပါတယ္။

Tak Mark ေျပးထြက္ ခဲ႔ရာ ေနရာ ကေတာ့ ဝပ္မဟာဘတ္ ဘုရားေက်ာင္း ထဲ ကိုပါ။ Mae Nak က လိုက္လာ လို႔ ဘုန္းႀကီးေတြ က သိမ္ ေက်ာင္းထဲ မွာ ပုန္းေအာင္း ေစခဲ႔ ပါတယ္။ သိမ္ ထဲကို ေတာ့ Mae Nak က မလိုက္ႏိုင္ ပါဘူး။

ဒါေပမယ့္ Mae Nak က အၿငိဳးထားၿပီး ရြာ ကို ဖ်က္စီး ျပစ္ခဲ႔ ပါတယ္။ Mae Nak ကို ေၾကာက္လို႔ ရြာႀကီး ပ်က္ခဲ႔ ရတယ္။

ထြက္ေျပးသြားတဲ႔ ရြာသားေတြ က အထက္လမ္း ဆရာ ကို ပင့္ၿပီး Mae Nak ကို ႏွိမ္နင္း ရာမွာ အထက္လမ္း ဆရာ က Mae Nak ကို ေၾကြခရား ထဲ ပိတ္ကာ ျမစ္ထဲ ျပစ္ခ်ၿပီး ” ျမစ္ေအာက္ ထဲ မွာ အၿမဲေန ” ဆိုၿပီး အမိန္႔ေပးခဲ႔ ပါတယ္။

.ႏွစ္ အနည္းငယ္ အၾကာ မွာေတာ့ တံငါသည္ တစ္ဦး က ေၾကြခရား ကို ဆယ္ယူ ရရွိ ျပီး ဖြင့္မိ လိုက္လို႔ Mae Nak က လြတ္ေျမာက္ လာခဲ႔ ပါတယ္။

Mae Nak က ဖရာခေရာင္း တူးေျမာင္း တေလ်ွာက္ ျပန္လည္ ေသာင္းက်န္း လာတာ နဲ႔ ေလာင္ေပၚတုန္း ဆိုတဲ႔ တန္ခိုးႀကီး တဲ႔ ဘုန္းေတာ္ႀကီး တစ္ပါး က သူ႔ စိတ္တန္ခိုး နဲ႔ Mae Nak ရဲ႕ အရိုးစု ကို ေတြ႕ေအာင္ရွာ ျပန္တူးေဖာ္ ျပီး သူမ ဝိဥာဥ္ ကို အရိုးစုထဲ မွာ ျပန္ပိတ္ ျပီး ခ်ဳပ္ထား ခဲ႔တယ္။
READ ဆုိင္ကယ္မဟုတ္တဲ့ သံုးဘီးကား Campagna T-Rex

အဲဒီ အရိုးစု ကို ထိုင္း ေတာ္ဝင္ မိသားစု အမိန္႔ နဲ႔ အခု သူမ နတ္နန္း ေဆာက္လုပ္မယ့္ အေဆာက္အဦး ေအာက္မွာ ျမဳပ္ထားခဲ႔ ပါတယ္။

Mak Nak ရုပ္တု က သူမ သားေလး ကို ပိုက္ထား တဲ႔ ရုပ္တု ပါ။ ေရႊခ် ထား ပါတယ္။ လာေရာက္ ပူေဇာ္သူ ေတြက အေမႊးနံ႔သာေတြ၊ ပိုက္ဆံ၊ ထိုင္းရိုးရာ အဝတ္အထည္၊ ေရႊထည္ေတြ နဲ႔ ပူေဇာ္ေလ့ ရွိ ပါတယ္။

လာေရာက္ ပူေဇာ္သူ ေတြ ကေတာ့ အထူးသျဖင့္ ထိုင္း စစ္မႈထမ္း ေတြရဲ႕ မိခင္ေတြ ၊ဇနီးသည္ ေတြက စစ္ထြက္ ေယာက်ာၤး သားသမီးေတြ ကို အႏၲရာယ္ ကင္းေအာင္ ေစာင့္ေရွာက္ ေပးဖို႔ လာေရာက္ ပူေဇာ္ေလ့ ရွိၾက ပါတယ္။

နတ္နန္း ထဲ ကို ကိုယ္ဝင္ေဆာင္ မဝင္ ရ ပါဘူး။ ဝင္ရင္ ေတာ့ ဆိုးက်ိဳး ေတြ ၾကိမ္းေသ ခံစား ရတယ္ လို႔ ဆို ပါတယ္။

ဘာပဲ ျဖစ္ျဖစ္ ဗန္ေကာက္ၿမိဳ႕ ေတာင္ဘက္ ဖရာခေရာင္း တူးေျမာင္း နေဘး က Mae Nak နဲ႔ Tak Mark တို႔ ရဲ႕ အိမ္ ေနရာေလး ကေတာ့ နတ္နန္း ျဖစ္ၿပီး လြန္ခဲ႔ တဲ႔ ႏွစ္ ၁၅၀ ေက်ာ္ ထက္ ေတာင္ စည္ကား ေနပါ တယ္။

ဒါေပမယ့္ တစ္ႏွစ္ တစ္ခါေတာ့ နတ္နန္း တဝိုက္ မီးေနသည္ နံ႔ ရရင္ ေတာ့ လူ အေသ အေပ်ာက္ ရွိၿပီး Mae Nak က ဖမ္းစားလ်ွက္ ပင္ ရွိပါ သတဲ႕။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: LuMyanmar

#Unicode version#
ယိုးဒယား ( Tai ) လူမျိုး တွေဟာ နတ် ကိုးကွယ်မှု နဲ့ အစွဲကြီးမှု မှာ မြန်မာ လူမျိုးတွေ ထက် သာ ပါ တယ်။ ဒါပေမယ့် အားလုံး သော ထဲမှာ နာမည် အကြီးဆုံး ကတော့ မယ့်နပ်ခ် – Mae Nak ဆိုတဲ့ သရဲမ ပါပဲ။ Mae Nak ရဲ့ နတ်နန်း က သူမ လူ့ ဘဝ က နေထိုင် ခဲ့ရာ ဗန်ကောက်မြို့ရဲ့တောင်ဘက် ဖရာခနောင်း တူးမြောင်း ဘေးနား မှာ ရှိပါ တယ်။ ဇာတ်လမ်းလေး ကတော့ အားလုံး သိပြီးသား ပါပဲ။

၁၈၀၀ ပြည့်လွန် နှစ် တွေတုန်း က Mae Nak လို့ ခေါ်တဲ့ မိန်းမလှလေး တစ်ယောက် က ထခ်မက်ပ် – Tak Mark ဆို တဲ့ သူ နဲ့ လက်ဆက်ခဲ့ ပါတယ်။

သူတို့ က ဗန်ကောက်မြို့ တောင်ဘက် ဖရာခနောင်း တူးမြောင်းဘေး မြစ်ဆိပ် အိမ်လေး မှာ နေကြ ပါတယ်။

Mae Nak ကိုယ်ဝန်ဆောင် တဲ့ အချိန်မှာ ပဲ သူမ အမျိုးသား Tak ဟာ စစ်မှုထမ်း ဖို့ ဆင့်ခေါ် ခံရ ပါတယ်။ အားလုံးလည်း သိပြီး သားမို့ တိုတိုပဲ ပြောရ ရင် Tak Mark ရှေ့တန်း သွားနေ တုန်း Mae Nak က ကလေး မမွေးနိုင်ပဲ ဆုံးပါး သွားခဲ့ ရှာတယ်။

ထိုနောက် တော့ ဝိဉာဉ် ဘဝ နဲ့ Tak Mark ကို စောင့်နေတဲ့ အချိန် သူ့ ယောကျာၤး Tak Mark က ရှေ့တန်း မှာ မသေပဲ ပြန်ရောက် လာခဲ့ ပါတယ်။

Tak Mark က အစပိုင်း တော့ သူ့မိန်းမ Mae Nak နဲ့ ကလေး သေတာကို မသိ ခဲ့ ပါဘူး။ ရွာသားတွေ သတိပေးတာ ကိုလည်း လက်မခံ ခဲ့ ပါဘူး။ Tak Mark ကို သတိပေး တဲ့ ရွာသားတွေ ကိုလည်း Mae Nak က သတ်ပစ်ခဲ့ ပါတယ်။
READ အိတ်ထဲကို ဘယ်တော့မှ မထည့်သင့်တဲ့ ပစ္စည်း ၁၀ မျိုး

တစ်ရက် မှာတော့ Tak Mark တောထဲ ကနေ ပြန်အလာ မှာ Mae Nak က ခြေတံရှည် အိမ်အပေါ် ကနေ လက် အရှည်ကြီး ထုတ်ပြီး ဟင်းချက် ဖို့ အသီးအနှံတွေ ယူနေတာ ကို ကြည့်ပြီး သွေးပျက် ခြောက်ခြား ပြီး ထွက်ပြေး ခဲ့ရ ပါတယ်။

Tak Mark ပြေးထွက် ခဲ့ရာ နေရာ ကတော့ ဝပ်မဟာဘတ် ဘုရားကျောင်း ထဲ ကိုပါ။ Mae Nak က လိုက်လာ လို့ ဘုန်းကြီးတွေ က သိမ် ကျောင်းထဲ မှာ ပုန်းအောင်း စေခဲ့ ပါတယ်။ သိမ် ထဲကို တော့ Mae Nak က မလိုက်နိုင် ပါဘူး။

ဒါပေမယ့် Mae Nak က အငြိုးထားပြီး ရွာ ကို ဖျက်စီး ပြစ်ခဲ့ ပါတယ်။ Mae Nak ကို ကြောက်လို့ ရွာကြီး ပျက်ခဲ့ ရတယ်။

ထွက်ပြေးသွားတဲ့ ရွာသားတွေ က အထက်လမ်း ဆရာ ကို ပင့်ပြီး Mae Nak ကို နှိမ်နင်း ရာမှာ အထက်လမ်း ဆရာ က Mae Nak ကို ကြွေခရား ထဲ ပိတ်ကာ မြစ်ထဲ ပြစ်ချပြီး ” မြစ်အောက် ထဲ မှာ အမြဲနေ ” ဆိုပြီး အမိန့်ပေးခဲ့ ပါတယ်။

.နှစ် အနည်းငယ် အကြာ မှာတော့ တံငါသည် တစ်ဦး က ကြွေခရား ကို ဆယ်ယူ ရရှိ ပြီး ဖွင့်မိ လိုက်လို့ Mae Nak က လွတ်မြောက် လာခဲ့ ပါတယ်။

Mae Nak က ဖရာခရောင်း တူးမြောင်း တလျှောက် ပြန်လည် သောင်းကျန်း လာတာ နဲ့ လောင်ပေါ်တုန်း ဆိုတဲ့ တန်ခိုးကြီး တဲ့ ဘုန်းတော်ကြီး တစ်ပါး က သူ့ စိတ်တန်ခိုး နဲ့ Mae Nak ရဲ့ အရိုးစု ကို တွေ့အောင်ရှာ ပြန်တူးဖော် ပြီး သူမ ဝိဉာဉ် ကို အရိုးစုထဲ မှာ ပြန်ပိတ် ပြီး ချုပ်ထား ခဲ့တယ်။
READ ဆိုင်ကယ်မဟုတ်တဲ့ သုံးဘီးကား Campagna T-Rex

အဲဒီ အရိုးစု ကို ထိုင်း တော်ဝင် မိသားစု အမိန့် နဲ့ အခု သူမ နတ်နန်း ဆောက်လုပ်မယ့် အဆောက်အဦး အောက်မှာ မြုပ်ထားခဲ့ ပါတယ်။

Mak Nak ရုပ်တု က သူမ သားလေး ကို ပိုက်ထား တဲ့ ရုပ်တု ပါ။ ရွှေချ ထား ပါတယ်။ လာရောက် ပူဇော်သူ တွေက အမွှေးနံ့သာတွေ၊ ပိုက်ဆံ၊ ထိုင်းရိုးရာ အဝတ်အထည်၊ ရွှေထည်တွေ နဲ့ ပူဇော်လေ့ ရှိ ပါတယ်။

လာရောက် ပူဇော်သူ တွေ ကတော့ အထူးသဖြင့် ထိုင်း စစ်မှုထမ်း တွေရဲ့ မိခင်တွေ ၊ဇနီးသည် တွေက စစ်ထွက် ယောကျာၤး သားသမီးတွေ ကို အန္တရာယ် ကင်းအောင် စောင့်ရှောက် ပေးဖို့ လာရောက် ပူဇော်လေ့ ရှိကြ ပါတယ်။

နတ်နန်း ထဲ ကို ကိုယ်ဝင်ဆောင် မဝင် ရ ပါဘူး။ ဝင်ရင် တော့ ဆိုးကျိုး တွေ ကြိမ်းသေ ခံစား ရတယ် လို့ ဆို ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဗန်ကောက်မြို့ တောင်ဘက် ဖရာခရောင်း တူးမြောင်း နဘေး က Mae Nak နဲ့ Tak Mark တို့ ရဲ့ အိမ် နေရာလေး ကတော့ နတ်နန်း ဖြစ်ပြီး လွန်ခဲ့ တဲ့ နှစ် ၁၅၀ ကျော် ထက် တောင် စည်ကား နေပါ တယ်။

ဒါပေမယ့် တစ်နှစ် တစ်ခါတော့ နတ်နန်း တဝိုက် မီးနေသည် နံ့ ရရင် တော့ လူ အသေ အပျောက် ရှိပြီး Mae Nak က ဖမ်းစားလျှက် ပင် ရှိပါ သတဲ့။



ဖိုးသူတော် (www.phothutaw.com)
Credit: LuMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top