ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ျပင္သစ္အေျခစိုက္ေရနံကုမၸဏီ TOTAL က ရန္ကုန္တိုင္းတြင္ သဘာဝဓာတ္ေငြ႕သံုး လွ်ပ္ စစ္ဓာတ္အားေပးစက္႐ံု တည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးထိန္လြင္က ေျပာသည္။

ရန္ကုန္တုိင္းတြင္ TOTAL ကုမၸဏီက သဘာဝဓာတ္ေငြ႕အရည္ (LNG) သံုး လွ်ပ္စစ္ဓာတ္အားေပးစက္႐ံု တည္ေဆာက္ရန္ စစ္တမ္းေကာက္ယူ ေဆာင္ရြက္ခဲ့ၿပီးေနာက္ ရင္းႏွီးျမႇဳပ္ႏွံရန္ စီစဥ္ ျခင္းျဖစ္သည္။


‘‘သူတို႔က ဒီမွာလုပ္ဖို႔ စစ္ တမ္းေကာက္ေနတာေတာ့ ၾကာ ၿပီ။ သူတို႔ကို ခြင့္ျပဳေပးဖို႔ တင္ျပ ထားတဲ့အဆင့္ပဲ ရွိေသးတယ္။ ျပည္ေထာင္စုအစိုးရဖြဲ႕ကို ကြၽန္ေတာ္တို႔က ျပန္တင္ျပရဦးမယ္’’ဟု ဦးထိန္လြင္က ေျပာၾကား သည္။

TOTAL ကုမၸဏီက သဘာဝဓာတ္ေငြ႕အရည္(LNG)သံုး လွ်ပ္စစ္ဓာတ္အားေပးစက္႐ံု တည္ ေဆာက္ရန္ အစိုးရႏွင့္ ေဆြးေႏြးေနေၾကာင္း ကုမၸဏီအေထြေထြမန္ေနဂ်ာ Xavier Preel က ေျပာေၾကာင္း အေမရိကန္အေျခစိုက္ Bloomberg သတင္းဌာနက ဇူလိုင္ ၂၀ ရက္စြဲျဖင့္ ေဖာ္ျပထား သည္။

ျမန္မာႏိုင္ငံသည္ ဖြံ႕ၿဖိဳးေရး လမ္းေၾကာင္းေပၚတြင္ တည္ရွိေနၿပီး ေဆြးေႏြးမႈမ်ား ၿပီးဆံုးပါက သဘာဝဓာတ္ေငြ႕သံုး လွ်ပ္စစ္ ဓာတ္အားေပးစက္႐ံု တည္ ေဆာက္မည္ဟု Xavier Preel က ေျပာေၾကာင္း သတင္းတြင္ေဖာ္ျပ ထားသည္။

TOTAL သည္ ၿပီးခဲ့သည့္ႏွစ္ က သဘာဝဓာတ္ေငြ႕တန္ ၁၁ သန္း ေရာင္းခ်ထားေၾကာင္း ေဖာ္ ျပထားသည္။

ယခုရက္ပိုင္းတြင္ သဘာဝ ဓာတ္ေငြ႕အရည္ (LNG) သံုးၿပီး လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ ထုတ္လုပ္မည့္ ဓာတ္အားေပးစက္႐ံု တစ္ခုႏွင့္ မဂၢါဝပ္ ၃၀ ထုတ္လုပ္ႏုိင္မည့္ ေလအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ံုတစ္႐ံု တည္ေဆာက္ရန္ ခြင့္ျပဳထားေၾကာင္း ဧရာဝတီ တိုင္းေဒသႀကီး ပို႔ေဆာင္ေရး၊ လွ်ပ္စစ္၊ စက္မႈလက္မႈ၊ ဆက္ သြယ္ေရး၊ စြမ္းအင္ႏွင့္ လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌး က ေျပာသည္။

 မဂၢါဝပ္ ၁,၀၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္မည့္ သဘာဝဓာတ္ ေငြ႕သံုး ဓာတ္အားေပးစက္႐ံုကို ဆူပရင္းကုမၸဏီက ပုသိမ္ၿမိဳ႕နယ္ ေငြေသာင္ယံၿမိဳ႕နယ္ခြဲတြင္ လာ ေရာက္ ေလွ်ာက္ထားျခင္းျဖစ္ သည္။ ထုိစက္႐ံုမွ ထြက္ရွိသည့္ ဓာတ္အားကို ဧရာဝတီတိုင္း အပါအဝင္ အျခားျပည္နယ္ႏွင့္ တိုင္းမ်ားအတြက္ ဓာတ္အားလို အပ္မႈ ျဖည့္ဆည္းရန္ျဖစ္သည္။

မဂၢါဝပ္ ၃၀ ထုတ္လုပ္မည့္ ေလအားလွ်ပ္စစ္ စီမံကိန္းသည္ တ႐ုတ္အစိုးရပိုင္ China Three Gorges (CTG) ေကာ္ပိုေရးရွင္း က ေခ်ာင္းသာကမ္းေျခ၌ တည္ ေဆာက္ရန္ ဦးသိန္းစိန္အစိုးရ လက္ထက္ သက္တမ္းမကုန္မီ တစ္လအလိုတြင္ တ႐ုတ္ကုမၸဏီ အား လုပ္ကိုင္ခြင့္ေပးခဲ့သည္။ ၂၀၁၆ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ ဦးသိန္းစိန္အစိုးရႏွင့္ China  Three Gorges ကုမၸဏီတို႔ လက္ မွတ္ေရးထုိးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day  Daily

#Unicode Version#
  ပြင်သစ်အခြေစိုက်ရေနံကုမ္ပဏီ TOTAL က ရန်ကုန်တိုင်းတွင် သဘာဝဓာတ်ငွေ့သုံး လျှပ် စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စီစဉ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က ပြောသည်။

ရန်ကုန်တိုင်းတွင် TOTAL ကုမ္ပဏီက သဘာဝဓာတ်ငွေ့အရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စစ်တမ်းကောက်ယူ ဆောင်ရွက်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံရန် စီစဉ် ခြင်းဖြစ်သည်။


‘‘သူတို့က ဒီမှာလုပ်ဖို့ စစ် တမ်းကောက်နေတာတော့ ကြာ ပြီ။ သူတို့ကို ခွင့်ပြုပေးဖို့ တင်ပြ ထားတဲ့အဆင့်ပဲ ရှိသေးတယ်။ ပြည်ထောင်စုအစိုးရဖွဲ့ကို ကျွန်တော်တို့က ပြန်တင်ပြရဦးမယ်’’ဟု ဦးထိန်လွင်က ပြောကြား သည်။

TOTAL ကုမ္ပဏီက သဘာဝဓာတ်ငွေ့အရည်(LNG)သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည် ဆောက်ရန် အစိုးရနှင့် ဆွေးနွေးနေကြောင်း ကုမ္ပဏီအထွေထွေမန်နေဂျာ Xavier Preel က ပြောကြောင်း အမေရိကန်အခြေစိုက် Bloomberg သတင်းဌာနက ဇူလိုင် ၂၀ ရက်စွဲဖြင့် ဖော်ပြထား သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်တွင် တည်ရှိနေပြီး ဆွေးနွေးမှုများ ပြီးဆုံးပါက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည် ဆောက်မည်ဟု Xavier Preel က ပြောကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

TOTAL သည် ပြီးခဲ့သည့်နှစ် က သဘာဝဓာတ်ငွေ့တန် ၁၁ သန်း ရောင်းချထားကြောင်း ဖော် ပြထားသည်။

ယခုရက်ပိုင်းတွင် သဘာဝ ဓာတ်ငွေ့အရည် (LNG) သုံးပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်မည့် ဓာတ်အားပေးစက်ရုံ တစ်ခုနှင့် မဂ္ဂါဝပ် ၃၀ ထုတ်လုပ်နိုင်မည့် လေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ရန် ခွင့်ပြုထားကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပို့ဆောင်ရေး၊ လျှပ်စစ်၊ စက်မှုလက်မှု၊ ဆက် သွယ်ရေး၊ စွမ်းအင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောသည်။

 မဂ္ဂါဝပ် ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်မည့် သဘာဝဓာတ် ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ဆူပရင်းကုမ္ပဏီက ပုသိမ်မြို့နယ် ငွေသောင်ယံမြို့နယ်ခွဲတွင် လာ ရောက် လျှောက်ထားခြင်းဖြစ် သည်။ ထိုစက်ရုံမှ ထွက်ရှိသည့် ဓာတ်အားကို ဧရာဝတီတိုင်း အပါအဝင် အခြားပြည်နယ်နှင့် တိုင်းများအတွက် ဓာတ်အားလို အပ်မှု ဖြည့်ဆည်းရန်ဖြစ်သည်။

မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည့် လေအားလျှပ်စစ် စီမံကိန်းသည် တရုတ်အစိုးရပိုင် China Three Gorges (CTG) ကော်ပိုရေးရှင်း က ချောင်းသာကမ်းခြေ၌ တည် ဆောက်ရန် ဦးသိန်းစိန်အစိုးရ လက်ထက် သက်တမ်းမကုန်မီ တစ်လအလိုတွင် တရုတ်ကုမ္ပဏီ အား လုပ်ကိုင်ခွင့်ပေးခဲ့သည်။ ၂၀၁၆ ဖေဖော်ဝါရီ ၂၉ ရက်တွင် ဦးသိန်းစိန်အစိုးရနှင့် China  Three Gorges ကုမ္ပဏီတို့ လက် မှတ်ရေးထိုးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day  Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top