ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ခႏၶာကုိယ္ထဲကုိ HIV ပုိး ၀င္ေရာက္ခံသူေတြရဲ႕ ၄၀% မွ ၉၀% ဟာ တစ္လမွ ႏွစ္လအတြင္း Acute retroviral syndrome လုိ႔ေခၚတဲ့ တုပ္ေကြးေရာဂါလုိမ်ဳိး လကၡဏာျဖစ္ေပၚတတ္ပါတယ္။ တခါတရံမွာ HIV ေရာဂါပုိး ၀င္တဲ့ လကၡဏာဟာ ႏွစ္ေပါင္းမ်ားစြာ ဒါမွမဟုတ္ ဆယ္စုႏွစ္ ထိေတာင္ မေပၚေပါက္ပဲ ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ HIV ေရာဂါပုိးရွိေနသူ ငါးေယာက္မွာ တစ္ေယာက္ႏႈန္းဟာ သူတုိ႔မွာ ပုိးရွိမွန္း မသိၾကပါဘူး။ ပုိးရွိမရွိ ေသြးစစ္ေဆးၾကည့္ဖုိ႔က အေရးႀကီးပါတယ္။ အထူးသျဖင့္ မိမိ အိမ္ ေထာင္ဖက္အေပၚ သစၥာမရွိဘဲ အျခားသူေတြနဲ႔ အကာအကြယ္မဲ့ လိင္ဆက္ဆံမႈ ျပဳသူေတြနဲ႔ မူးယစ္ေဆးကုိ အေၾကာေဆးအျဖစ္ ထုိးသြင္းသူအေနနဲ႔ HIV ပုိးအတြက္ စစ္ေဆးမႈျပဳလုပ္ဖုိ႔က လုိအပ္ပါတယ္။

ေအာက္ပါတုိ႔ဟာ HIV ပုိး ရွိႏုိင္မွန္းသိႏုိင္တဲ့ လကၡဏာ တစ္ခ်ဳိ႕ပါ။

၁။ အဖ်ားရွိျခင္း HIV ပုိး၀င္ေရာက္တဲ့ ပထမဦးဆုံ လကၡဏာအေနနဲ႔ အဖ်ားရွိတာပါ။ 102 ံ ေလာက္ထိရွိ တတ္ပါတယ္။ ေမာပန္းတာ၊ အက်ိတ္ေရာင္တာနဲ႔ လည္ေခ်ာင္းနာတာေတြပါ တဲြၿပီး ျဖစ္တတ္ ပါတယ္။ ဗုိင္းရပ္စ္ ပုိးဟာ ေသြးအတြင္းေရႊ႕လ်ားေနၿပီး အမ်ားအျပား ေပါက္ဖြားလာတဲ့အခါ ခုခံအားစနစ္တုံ႔ျပန္တာေၾကာင့္ ျဖစ္ေပၚတဲ့ လကၡဏာပါ။

၂။ ေမာပန္းျခင္း ခုခံအားစနစ္ရဲ႕ တုံ႔ျပန္မႈေၾကာင့္ ေမာပန္းတဲ့ေ၀ဒနာ ခံစားရႏုိင္ပါတယ္။ ေမာပန္းတာဟာ HIV ပုိးရွိတဲ့ ပထမနဲ႔ ေနာက္ဆုံး လကၡဏာလဲ ျဖစ္ႏုိင္ပါတယ္။

၃။ ၾကြက္သားနဲ႔ အဆစ္ေတြ နာက်င္ကုိက္ခဲျခင္း HIV ပုိး၀င္ေရာက္တဲ့ လကၡဏာဟာ တုပ္ေကြးနဲ႔ မွားယြင္းတတ္ပါတယ္။ တစ္ခါတစ္ရံမွာ ကာလသားေရာဂါ သုိ႔မဟုတ္ အသည္းေရာင္ေရာဂါနဲ႔လဲ မွားယြင္းတတ္ပါတယ္။ အဲဒီေရာဂါေတြ အားလုံးမွာ အဆစ္နဲ႔ ၾကြက္သား ကုိက္ခဲနာက်င္တာ၊ အက်ိတ္ေတြ ေရာင္တာေတြ ျဖစ္ေပၚတတ္လုိ႔ပါ။ ခႏၶာကုိယ္တြင္း ပုိး၀င္ေရာက္တာေၾကာင့္ ခႏၶာကုိယ္ရဲ႕ တုန္႔ျပန္မႈေၾကာင့္ အက်ိတ္ေရာင္တာ ျဖစ္ၿပီး မ်ားေသာအားျဖင့္ လည္ပင္း၊ ခ်ဳိင္းနဲ႔ ေပါင္ၿခံေနရာက အက်ိတ္ေတြမွာ ေရာင္ရမ္းေနတတ္ပါတယ္။

၄။ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကုိက္ျခင္း လည္ေခ်ာင္းနာတာနဲ႔ ေခါင္းကုိက္တာဟာလည္း အက်ိတ္ေရာင္တာလုိပဲ HIV ပိုး၀င္ေရာက္တဲ့ တျခားလကၡဏာပါ။

၅။ အေရျပားတြင္ အဖုအပိမ့္ေပါက္ျခင္း အေရျပားမွာ အဖုအပိမ့္ေပါက္တာဟာလည္း HIV ပုိး၀င္ေရာက္တဲ့ ေစာေစာစီးစီး လကၡဏာ ဒါမွမဟုတ္ ေနာက္က်တဲ့ လကၡဏာေတြ ျဖစ္ႏုိင္ပါတယ္။ ျပည္တည္နာလုိမ်ဳိး အနာေတြဟာ လက္ေမာင္းနဲ႔ ခႏၶာကုိယ္ အတြင္း ေပါက္ေနတတ္ပါတယ္။

၆။ ပ်ဳိ႕ျခင္း၊ အန္ျခင္း၊ ၀မ္းသြားျခင္ HIV ပုိး၀င္ေရာက္သူ ၃၀% မွ ၆၀% ဟာ ပ်ဳိ႕တာ၊ အန္တာ ဒါမွမဟုတ္ ၀မ္းပ်က္ တာေတြျဖစ္တတ္ပါတယ္။

၇။ ကုုိယ္အေလးခ်ိန္ က်ဆင္းျခင္း HV ပုိး၀င္ေရာက္တာေၾကာင့္ျဖစ္တဲ့ AIDS ေရာဂါရဲ႕ ေနာက္ဆုံးအဆင့္ေၾကာင့္ ျဖစ္ႏုိင္သလုိ ဆုိးဆုိး၀ါး၀ါး ၀မ္းပ်က္တာေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ကုိယ္အေလးခ်ိန္ က်ဆင္းေနတာဟာ ခုခံအားစနစ္ က်ဆင္းေနတယ္လုိ႔ မွတ္ယူရပါမယ္။ မိမိခႏၶာကုိယ္ အေလးခ်ိန္ရဲ႕ ၁၀% သုိ႔မဟုတ္ ဒါထက္ပုိၿပီး က်ဆင္းကာ ၀မ္းပ်က္ေနၿပီး ရက္ေပါင္း ၃၀ ေက်ာ္အထိ အဖ်ားရွိေနမယ္ဆုိရင္ HIV ပုိး၀င္ေရာက္ႏုိင္တယ္လုိ႔ သံသရရွိရပါမယ္။

 ၈။ ေခ်ာင္းေျခာက္ဆုိးျခင္း ေခ်ာင္းေျခာက္ဆုိးေနၿပီး ေခ်ာင္းဆုိးေပ်ာက္ေဆးနဲ႔ တျခားေဆး၀ါးေတြ အသုံးျပဳ ရင္ေတာင္ မေပ်ာက္ကင္းခဲ့ရင္ HIV ပုိးရွိတယ္လုိ႔ သံသယ ၀င္ရပါမယ္.

 ၉။ နမုိးနီးယား အဆုတ္ေရာင္ေရာဂါ ေခ်ာင္းဆုိးတာနဲ႔ ကုိယ္အေလးခ်ိန္က်တာဟာ HIV ပုိးဆုိး၀ါးစြာ ၀င္ေရာက္တဲ့ လကၡဏာျဖစ္ၿပီး ခႏၶာကုိယ္ရဲ႕ ခုခဲအားစနစ္ကလည္း ေကာင္းေကာင္း အလုပ္ မလုပ္ႏုိင္လုိ႔ ျဖစ္ပါတယ္။ ခုခံအားစနစ္ က်ဆင္း တာေၾကာင့္ ဒါကုိ အခြင့္ေကာင္းယူၿပီး ေရာဂါ ပုိးမ်ားစြာ ၀င္ေရာက္ႏုိင္ပါတယ္။ နမုိးနီးယားအျပင္ ေရယုန္နဲ႔ မႈိပုိးေတြပါ ၀င္ေရာက္ႏုိင္ပါတယ္။

 ၁၀။ ညဘက္ ေခၽြးထြက္ျခင္း HIV ပုိး၀င္ေရာက္သူ ထက္၀က္ခန္႔ဟာ ညဘက္မွာ ေခၽြးထြက္တတ္ပါတယ္။ မီးယပ္ေသြးဆုံးၿပီးသူ အမ်ဳိးသမီးေတြ ခံစားရတဲ့ေ၀ဒနာလုိမ်ဳိးပါ။ အခန္းအပူခ်ိန္ ဒါမွမဟုတ္ ေလ့က်င့္ခန္းျပဳလုပ္တာနဲ႔ မသက္ဆုိင္ပါဘူး။

၁၁။ လက္သည္း ေျခသည္းေျပာင္းလဲျခင္း HIV ပုိး၀င္ေရာက္တဲ့ လကၡဏာဟာ လက္သည္းေျခသည္းေတြ တင္းပုတ္ပုံ ေျပာင္းလဲတာ။ လက္သည္းကဲြတာ ဒါမွမဟုတ္ လက္သည္းအေရာင္ေျပာင္း တာေတြ ျဖစ္တတ္ပါတယ္။ မႈိပုိးကူးစက္တာေၾကာင့္ ျဖစ္တတ္ၿပီး ခုခံအား က်ဆင္းေနတဲ့အတြက္ ပုိးမႊားေတြ အလြယ္တကူ၀င္ေရာက္ႏုိင္လုိ႔ပါ။

၁၂။ မႈိေရာဂါပုိး ဝင္ေရာက္ျခင္း မွကၡရု ေပါက္တာဟာ HIV ပုိးရွိသူေတြမွာ ျဖစ္မ်ားပါတယ္။ ကန္ဒိတာ မႈိပုိးေၾကာင့္ ျဖစ္ၿပီး ပါးစပ္ ဒါမွမဟုတ္ အစာမ်ဳိျပြန္မွာ ျဖစ္တတ္တာမုိ႔ အစာမ်ဳိရခက္ခဲတတ္ပါတယ္။

၁၃။ အာရုံစူးစုိက္ရန္ခက္ခဲျခင္း မွတ္္ဥာဏ္ ျပႆနာ၊ အာရုံစူးစုိက္ရ ခက္ခဲတဲ့ ျပႆနာေၾကာင့္ စိတ္တုိလြယ္တာ ဒါမွမဟုတ္ စိတ္ဆတ္တာဟာ HIV ပုိး ၀င္ေရာက္ခံရတဲ့ လကၡဏာပါ။ စာေရးတာလုိမ်ဳိး ေန႔စဥ္ အလြယ္တကူ ျပဳလုပ္ရတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္ဖုိ႔လည္း ခက္ခဲ တတ္ပါတယ္။

၁၄။ ေရယုန္ေပါက္ျခင္း သုိ႔မဟုတ္ လိင္အဂၤါ ေရယုန္ေပါက္ျခင္း ပါးစပ္ေရယုန္နဲ႔ လိင္အဂၤါ ေရယုန္ေပါက္တာဟာ HIV ပုိးရဲ႕ ေနာင္ဆုံးအဆင့္ လကၡဏာ ေတြပါ။ ဒါ့အျပင္ ေရယုန္ေပါက္တာေၾကာင့္လည္း HIV ပုိးကူးစက္ဖုိ႔ ပုိလြယ္ကူသြားပါတယ္။ ေရယုန္ေပါက္တာေၾကာင့္ အနာျဖစ္ရာမွ လိင္ဆက္ဆံ ေနစဥ္ အတြင္း HIV ပုိးဟာ ခႏၶာကိုယ္တြင္း အလြယ္တကူ ၀င္ေရာက္ႏုိင္လုိ႔ပါ။

၁၅။ ထုံက်ဥ္ျခင္း၊ အားနည္းျခင္း HIV ပုိးရွိေနရင္ ေျခေထာက္နဲ႔ လက္မွာ ထုံတာေတြ က်ဥ္တာေတြ ျဖစ္တတ္ပါတယ္။ အာရုံေၾကာ ပ်က္စီးတာေၾကာင့္ ျဖစ္ၿပီး ဆီးခ်ဳိေရာဂါကုိ မထိန္းနိုင္သူေတြမွာ ျဖစ္တတ္တာနဲ႔ တူပါတယ္။ ၁၆။ ဓမၼတာ မမွန္ျခင္း HIV ပုိးရွိသူေတြ အေနနဲ႔ ရာသီေသြးနည္းတာ၊ ေသြးက်ဲတာေတြ ျဖစ္တတ္ပါတယ္။ အခ်ိန္မတုိင္ခင္ မီးယပ္ေသြးဆုံးတာ ျဖစ္တတ္ပါတယ္။ ပုံမွန္္အားျဖင့္ ၄၉ ႏွစ္မွ ၅၃ ႏွစ္ အရြယ္မွာ ေသြးဆုံးတတ္ေပမဲ့ HIV ပုိးကူးစက္ခံရသူေတြမွာ ၄၇ မွ ၄၈ႏွစ္အရြယ္မွာ ေသြးဆုံးတတ္ပါတယ္။

Ref: ေဒါက္တာ ခင္မုိးမုိး၏ ေဆာင္းပါးကုိ ကူးယူေဖၚျပျခင္းျဖစ္ပါတယ္..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Shwemintharlay


#Unicode Version#
ခန္ဓာကိုယ်ထဲကို HIV ပိုး ဝင်ရောက်ခံသူတွေရဲ့ ၄၀% မှ ၉၀% ဟာ တစ်လမှ နှစ်လအတွင်း Acute retroviral syndrome လို့ခေါ်တဲ့ တုပ်ကွေးရောဂါလိုမျိုး လက္ခဏာဖြစ်ပေါ်တတ်ပါတယ်။ တခါတရံမှာ HIV ရောဂါပိုး ဝင်တဲ့ လက္ခဏာဟာ နှစ်ပေါင်းများစွာ ဒါမှမဟုတ် ဆယ်စုနှစ် ထိတောင် မပေါ်ပေါက်ပဲ ရှိနေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုးရှိနေသူ ငါးယောက်မှာ တစ်ယောက်နှုန်းဟာ သူတို့မှာ ပိုးရှိမှန်း မသိကြပါဘူး။ ပိုးရှိမရှိ သွေးစစ်ဆေးကြည့်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် မိမိ အိမ် ထောင်ဖက်အပေါ် သစ္စာမရှိဘဲ အခြားသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုသူတွေနဲ့ မူးယစ်ဆေးကို အကြောဆေးအဖြစ် ထိုးသွင်းသူအနေနဲ့ HIV ပိုးအတွက် စစ်ဆေးမှုပြုလုပ်ဖို့က လိုအပ်ပါတယ်။



အောက်ပါတို့ဟာ HIV ပိုး ရှိနိုင်မှန်းသိနိုင်တဲ့ လက္ခဏာ တစ်ချို့ပါ။



၁။ အဖျားရှိခြင်း HIV ပိုးဝင်ရောက်တဲ့ ပထမဦးဆုံ လက္ခဏာအနေနဲ့ အဖျားရှိတာပါ။ 102 ံ လောက်ထိရှိ တတ်ပါတယ်။ မောပန်းတာ၊ အကျိတ်ရောင်တာနဲ့ လည်ချောင်းနာတာတွေပါ တွဲပြီး ဖြစ်တတ် ပါတယ်။ ဗိုင်းရပ်စ် ပိုးဟာ သွေးအတွင်းရွှေ့လျားနေပြီး အများအပြား ပေါက်ဖွားလာတဲ့အခါ ခုခံအားစနစ်တုံ့ပြန်တာကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာပါ။



၂။ မောပန်းခြင်း ခုခံအားစနစ်ရဲ့ တုံ့ပြန်မှုကြောင့် မောပန်းတဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။ မောပန်းတာဟာ HIV ပိုးရှိတဲ့ ပထမနဲ့ နောက်ဆုံး လက္ခဏာလဲ ဖြစ်နိုင်ပါတယ်။



၃။ ကြွက်သားနဲ့ အဆစ်တွေ နာကျင်ကိုက်ခဲခြင်း HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ တုပ်ကွေးနဲ့ မှားယွင်းတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကာလသားရောဂါ သို့မဟုတ် အသည်းရောင်ရောဂါနဲ့လဲ မှားယွင်းတတ်ပါတယ်။ အဲဒီရောဂါတွေ အားလုံးမှာ အဆစ်နဲ့ ကြွက်သား ကိုက်ခဲနာကျင်တာ၊ အကျိတ်တွေ ရောင်တာတွေ ဖြစ်ပေါ်တတ်လို့ပါ။ ခန္ဓာကိုယ်တွင်း ပိုးဝင်ရောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကြောင့် အကျိတ်ရောင်တာ ဖြစ်ပြီး များသောအားဖြင့် လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံနေရာက အကျိတ်တွေမှာ ရောင်ရမ်းနေတတ်ပါတယ်။



၄။ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း လည်ချောင်းနာတာနဲ့ ခေါင်းကိုက်တာဟာလည်း အကျိတ်ရောင်တာလိုပဲ HIV ပိုးဝင်ရောက်တဲ့ တခြားလက္ခဏာပါ။



၅။ အရေပြားတွင် အဖုအပိမ့်ပေါက်ခြင်း အရေပြားမှာ အဖုအပိမ့်ပေါက်တာဟာလည်း HIV ပိုးဝင်ရောက်တဲ့ စောစောစီးစီး လက္ခဏာ ဒါမှမဟုတ် နောက်ကျတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ပြည်တည်နာလိုမျိုး အနာတွေဟာ လက်မောင်းနဲ့ ခန္ဓာကိုယ် အတွင်း ပေါက်နေတတ်ပါတယ်။



၆။ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းသွားခြင် HIV ပိုးဝင်ရောက်သူ ၃၀% မှ ၆၀% ဟာ ပျို့တာ၊ အန်တာ ဒါမှမဟုတ် ဝမ်းပျက် တာတွေဖြစ်တတ်ပါတယ်။



၇။ ကိုုယ်အလေးချိန် ကျဆင်းခြင်း HV ပိုးဝင်ရောက်တာကြောင့်ဖြစ်တဲ့ AIDS ရောဂါရဲ့ နောက်ဆုံးအဆင့်ကြောင့် ဖြစ်နိုင်သလို ဆိုးဆိုးဝါးဝါး ဝမ်းပျက်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန် ကျဆင်းနေတာဟာ ခုခံအားစနစ် ကျဆင်းနေတယ်လို့ မှတ်ယူရပါမယ်။ မိမိခန္ဓာကိုယ် အလေးချိန်ရဲ့ ၁၀% သို့မဟုတ် ဒါထက်ပိုပြီး ကျဆင်းကာ ဝမ်းပျက်နေပြီး ရက်ပေါင်း ၃၀ ကျော်အထိ အဖျားရှိနေမယ်ဆိုရင် HIV ပိုးဝင်ရောက်နိုင်တယ်လို့ သံသရရှိရပါမယ်။



 ၈။ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးပျောက်ဆေးနဲ့ တခြားဆေးဝါးတွေ အသုံးပြု ရင်တောင် မပျောက်ကင်းခဲ့ရင် HIV ပိုးရှိတယ်လို့ သံသယ ဝင်ရပါမယ်.



 ၉။ နမိုးနီးယား အဆုတ်ရောင်ရောဂါ ချောင်းဆိုးတာနဲ့ ကိုယ်အလေးချိန်ကျတာဟာ HIV ပိုးဆိုးဝါးစွာ ဝင်ရောက်တဲ့ လက္ခဏာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခဲအားစနစ်ကလည်း ကောင်းကောင်း အလုပ် မလုပ်နိုင်လို့ ဖြစ်ပါတယ်။ ခုခံအားစနစ် ကျဆင်း တာကြောင့် ဒါကို အခွင့်ကောင်းယူပြီး ရောဂါ ပိုးများစွာ ဝင်ရောက်နိုင်ပါတယ်။ နမိုးနီးယားအပြင် ရေယုန်နဲ့ မှိုပိုးတွေပါ ဝင်ရောက်နိုင်ပါတယ်။



 ၁၀။ ညဘက် ချွေးထွက်ခြင်း HIV ပိုးဝင်ရောက်သူ ထက်ဝက်ခန့်ဟာ ညဘက်မှာ ချွေးထွက်တတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေ ခံစားရတဲ့ဝေဒနာလိုမျိုးပါ။ အခန်းအပူချိန် ဒါမှမဟုတ် လေ့ကျင့်ခန်းပြုလုပ်တာနဲ့ မသက်ဆိုင်ပါဘူး။



၁၁။ လက်သည်း ခြေသည်းပြောင်းလဲခြင်း HIV ပိုးဝင်ရောက်တဲ့ လက္ခဏာဟာ လက်သည်းခြေသည်းတွေ တင်းပုတ်ပုံ ပြောင်းလဲတာ။ လက်သည်းကွဲတာ ဒါမှမဟုတ် လက်သည်းအရောင်ပြောင်း တာတွေ ဖြစ်တတ်ပါတယ်။ မှိုပိုးကူးစက်တာကြောင့် ဖြစ်တတ်ပြီး ခုခံအား ကျဆင်းနေတဲ့အတွက် ပိုးမွှားတွေ အလွယ်တကူဝင်ရောက်နိုင်လို့ပါ။



၁၂။ မှိုရောဂါပိုး ဝင်ရောက်ခြင်း မှက္ခရု ပေါက်တာဟာ HIV ပိုးရှိသူတွေမှာ ဖြစ်များပါတယ်။ ကန်ဒိတာ မှိုပိုးကြောင့် ဖြစ်ပြီး ပါးစပ် ဒါမှမဟုတ် အစာမျိုပြွန်မှာ ဖြစ်တတ်တာမို့ အစာမျိုရခက်ခဲတတ်ပါတယ်။



၁၃။ အာရုံစူးစိုက်ရန်ခက်ခဲခြင်း မှတ်ဉာဏ် ပြဿနာ၊ အာရုံစူးစိုက်ရ ခက်ခဲတဲ့ ပြဿနာကြောင့် စိတ်တိုလွယ်တာ ဒါမှမဟုတ် စိတ်ဆတ်တာဟာ HIV ပိုး ဝင်ရောက်ခံရတဲ့ လက္ခဏာပါ။ စာရေးတာလိုမျိုး နေ့စဉ် အလွယ်တကူ ပြုလုပ်ရတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ဖို့လည်း ခက်ခဲ တတ်ပါတယ်။



၁၄။ ရေယုန်ပေါက်ခြင်း သို့မဟုတ် လိင်အင်္ဂါ ရေယုန်ပေါက်ခြင်း ပါးစပ်ရေယုန်နဲ့ လိင်အင်္ဂါ ရေယုန်ပေါက်တာဟာ HIV ပိုးရဲ့ နောင်ဆုံးအဆင့် လက္ခဏာ တွေပါ။ ဒါ့အပြင် ရေယုန်ပေါက်တာကြောင့်လည်း HIV ပိုးကူးစက်ဖို့ ပိုလွယ်ကူသွားပါတယ်။ ရေယုန်ပေါက်တာကြောင့် အနာဖြစ်ရာမှ လိင်ဆက်ဆံ နေစဉ် အတွင်း HIV ပိုးဟာ ခန္ဓာကိုယ်တွင်း အလွယ်တကူ ဝင်ရောက်နိုင်လို့ပါ။



၁၅။ ထုံကျဉ်ခြင်း၊ အားနည်းခြင်း HIV ပိုးရှိနေရင် ခြေထောက်နဲ့ လက်မှာ ထုံတာတွေ ကျဉ်တာတွေ ဖြစ်တတ်ပါတယ်။ အာရုံကြော ပျက်စီးတာကြောင့် ဖြစ်ပြီး ဆီးချိုရောဂါကို မထိန်းနိုင်သူတွေမှာ ဖြစ်တတ်တာနဲ့ တူပါတယ်။ ၁၆။ ဓမ္မတာ မမှန်ခြင်း HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန်မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ် အရွယ်မှာ သွေးဆုံးတတ်ပေမဲ့ HIV ပိုးကူးစက်ခံရသူတွေမှာ ၄၇ မှ ၄၈နှစ်အရွယ်မှာ သွေးဆုံးတတ်ပါတယ်။

Ref: ဒေါက်တာ ခင်မိုးမိုး၏ ဆောင်းပါးကို ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ်..

ဖိုးသူတော် (www.phothutaw.com)
Credit:  Shwemintharlay




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top