ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

မံုရြာျပည္သူ႔ေဆး႐ံုႀကီးတြင္ ေဆး၀ါးကုသမႈ ခံယူခဲ့ေသာ H1N1 သံသယလူနာတစ္ဦး ေသ ဆံုးခဲ့ေၾကာင္း စစ္ကုိင္းတိုင္းေဒသ ႀကီးအစိုးရအဖဲြ႕ လူမႈေရး၀န္ႀကီး ေဒါက္တာေဇာ္၀င္းက ေျပာ ၾကားသည္။

ကန္႔ဘလူၿမိဳ႕နယ္ေန အ သက္ (၁၈)ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦးသည္ H1N1 သံသယျဖစ္ ဖြယ္ေရာဂါလက​ၡဏာျဖင့္ မံုရြာ ျပည္သူ႔ေဆး႐ံုႀကီးတြင္ ဇူလိုင္ ၂၉ ရက္ မြန္းလဲြ ၁ နာရီ မိနစ္ ၂၀ ခန္႔ ၌ ေရာက္ရွိၿပီး ေဆး၀ါးကုသမႈ ခံယူစဥ္ ညေန ၅ နာရီခန္႔တြင္ ေသဆံုးခဲ့ေၾကာင္း ေဒါက္တာ ေဇာ္၀င္းက ဆက္လက္ေျပာၾကား သည္။

‘‘ဒီေန႔ညျဖစ္ျဖစ္၊ မနက္ျဖန္ ျဖစ္ျဖစ္ဓာတ္ခဲြခန္းပို႔ၿပီး စစ္ရ မယ္။ ဟုတ္၊ မဟုတ္ေတာ့ ဓာတ္ ခဲြခန္း အေျဖရမွာ သိရမယ္။ အခု ေလာေလာဆယ္ေတာ့ သံသယ လူနာေပါ့ေလ’’ဟု ေဒါက္တာေဇာ္ ၀င္းက ေျပာသည္။

ဇူလိုင္ ၂၉ ရက္အထိ H1N1 ေၾကာင့္ ေသဆံုးသူ ခုနစ္ဦး ရွိၿပီ ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္အား ကစား၀န္ႀကီးဌာနက သတင္း ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့သော H1N1 သံသယလူနာတစ်ဦး သေ ဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြော ကြားသည်။

ကန့်ဘလူမြို့နယ်နေ အ သက် (၁၈)နှစ်အရွယ် အမျိုးသား တစ်ဦးသည် H1N1 သံသယဖြစ် ဖွယ်ရောဂါလက္ခဏာဖြင့် မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့် ၌ ရောက်ရှိပြီး ဆေးဝါးကုသမှု ခံယူစဉ် ညနေ ၅ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း ဒေါက်တာ ဇော်ဝင်းက ဆက်လက်ပြောကြား သည်။

‘‘ဒီနေ့ညဖြစ်ဖြစ်၊ မနက်ဖြန် ဖြစ်ဖြစ်ဓာတ်ခွဲခန်းပို့ပြီး စစ်ရ မယ်။ ဟုတ်၊ မဟုတ်တော့ ဓာတ် ခွဲခန်း အဖြေရမှာ သိရမယ်။ အခု လောလောဆယ်တော့ သံသယ လူနာပေါ့လေ’’ဟု ဒေါက်တာဇော် ဝင်းက ပြောသည်။

ဇူလိုင် ၂၉ ရက်အထိ H1N1 ကြောင့် သေဆုံးသူ ခုနစ်ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top