လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
 ‘‘ညီမကို ပြုစုပေးကြတဲ့ အဖေရော၊ အမေရော၊ အစ်မရော၊ အဒေါ်ရော၊ ဆေးရုံက ဆရာမတွေရော၊ ဆရာဝန်တွေရော ဘယ်သူ့ကိုမှ ကူးတာမရှိသေးဘူး’’
ကျေးဇူးတင်ပါတယ်။
Credit: 7daydaily
#Unicode Version#
 မွေးမြူရေးဆိုင်ရာ ဆေး တက္ကသိုလ်နောက်ဆုံးနှစ် တက် ရောက်နေပြီး အနုပညာလောက တွင် သုံးနှစ်ခန့်ကြာ လျှောက်လှမ်း နေသည့် မော်ဒယ်စုလင်းရှိန်သည် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) 2009) ဖြင့် ဇူလိုင် ၁၃ ရက်ကစ ၍ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးတွင် တက်ရောက်ဆေး ကုသမှု ခံယူနေသည်။ ယခုအခါ ကျန်းမာရေး ကောင်းမွန်နေပြီ ဖြစ်ပြီး ဆေးရုံဆင်းရမည့်ရက်ကို စောင့်ဆိုင်းနေသည့် ၎င်းကို H1N1 ရောဂါဖြစ်ပွားပုံနှင့် ဆေးဝါးကုသခဲ့ပုံများကို 7Day Daily သတင်းစာက ယမန်နေ့ညတွင်ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။
လက်ရှိကျန်းမာရေးအနေအထား လေးကို ပြောပြပါဦး။
အခုက ကျန်းမာနေပါပြီ။ ဆေးရုံက ဘယ်တော့ဆင်းရမလဲ ဆိုတာတော့ မသိသေးပါဘူး။
H1N1ရောဂါဘယ်လိုစဖြစ်တာ လဲ။
ညီမ ၈ ရက်နေ့က တုပ်ကွေး စဖြစ်တော့ ဖျားလို့ အိမ်မှာပဲဆေးသောက်ပြီးနေတယ်။ ဒါပေမဲ့ ၁၃ ရက်နေ့မှာ ချောင်းအရမ်းဆိုးပြီးမောလာလို့ ရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီးမှာ သွားပြတယ်။ အဲဒီမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်နေတယ်ဆိုပြီး ဆေးရုံတက်ရ တယ်။ ရောဂါလက္ခဏာတွေက အသက်ရှူမဝဘူး၊ မောတယ်။ အဲဒါကြောင့် ညီမအောက်ဆီဂျင် နဲ့အသက်ရှူရတယ်။ ဆေးကုသ ပြီး နှစ်ရက်လောက်နေတဲ့အချိန် မှာ ရောဂါက တော်တော်လေး သက်သာသွားပါတယ်။
H1N1 ရောဂါမှန်းစသိတဲ့ အချိန် မှာ အရမ်းစိုးရိမ်သွားလား။
ညီမက ပြင်းထန်အဆုတ် ရောင်ရောဂါကို ခံစားရပြီးသက် သာမှ ရောဂါနာမည်ကို သိရ တယ်။ ပြီးတော့ နေမကောင်းတဲ့ အတွက် ဖုန်းလည်း မသုံးဖြစ် တော့ လူတွေအရမ်းကြောက်နေ ကြမှန်းမသိဘူး။ အမေကလည်း အရမ်းမကြောက်ခိုင်းဘူး။ အိမ်က မိသားစုကလည်း မကြောက်ကြ ဘူး။ အဲဒါကြောင့် H1N1 ရောဂါ ကို ညီမကအရမ်းကြီးမကြောက် တာပါ။ ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တွေ မတက်ခင်၊ စာတွေမတက်ခင် တစ်ရက်လောက်မှ H1N1 ရောဂါ မှန်းစသိတာပါ။ စသိတဲ့အချိန်မှာ လည်း ရောဂါသက်သာနေပါပြီ။
H1N1 ရောဂါကြောင့် အပြင်မှာ အသက်ဆုံးရှုံးရတဲ့ လူနာတွေ လည်းရှိတယ်။ ဒီရောဂါနဲ့ပတ် သက်ပြီး ညီမက ကိုယ်တိုင်ခံစားရ တဲ့သူဖြစ်တဲ့အတွက် အတွေ့အ ကြုံပြောပြပါဦး။
တချို့တွေကျတော့ သိတာ နောက်ကျပြီး ဆေးရုံရောက်တာ နောက်ကျလို့ အသက်ဆုံးရှုံးကြ တာလို့ထင်တယ်။ ပြီးတော့ ကိုယ် ခံအားနည်းလို့ ဖြစ်တာကြောင့် လည်းပါမယ်ထင်တယ်။ ရောဂါ ဖြစ်တဲ့အချိန်အရမ်းဖျားတယ်၊ အ ရမ်းမောတယ်။ အဲဒါကြောင့် အောက်ဆီဂျင်ပေးထားရတယ်။
ညီမအမေကိုယ်တိုင် ဘေးကနေ ပြုစုစောင့်ရှောက်ပေးနေတာ တွေ့ရတယ်။ မိသားစုဝင်တွေကို ကူးစက်တာမျိုးကော ရှိလား။
မရှိဘူးအစ်မ၊ မကူးဘူး။ ညီမရောဂါစဖြစ်ကတည်းကညီမ ကို ပြုစုပေးကြတဲ့ အဖေရော၊ အမေရော၊ အဒေါ်ရော၊ ဆေးရုံ ကဆရာမတွေရော၊ ဆရာဝန် တွေရော အခုအချိန်ထိ ဘယ်သူ့ ကိုမှ ကူးတာမရှိသေးပါဘူး။ ကိုယ်ခံအားကောင်းကြလို့လည်း ဖြစ်ပါလိမ့်မယ်။ ရောဂါစဖြစ်တုန်း က ဒီအတိုင်းပဲ ဘာမှမကာကွယ် ဘဲ လာပြုစုကြတယ်။ ရောဂါနာ မည်သိမှသာ အမေတို့က Mask အုပ်ပြီး ပြုစုပေးကြတာပါ။
ဒီရောဂါကို အရမ်းစိုးရိမ်စိတ်ပူပြီးကြောက်လန့်နေကြတဲ့ ပြည်သူ တွေကိုကော ဘာများအကြံပေးချင်သေးလဲ။
အရမ်းကြီး၊ တရားလွန်ကြီး ရှူးရှဲနဲ့ကူးသွားတဲ့ ရောဂါမျိုး တော့ မဟုတ်ပါဘူး။ ကိုယ့်ဟာ နဲ့ကိုယ် ကိုယ်ခံအားကောင်း အောင်၊ ကိုယ်ခံအားရှိအောင် နေ ထိုင်စားသောက်ပြီးတော့ လူ ကြားထဲ သွားတဲ့အခါမျိုးတွေမှ သာ Mask လေးတပ်ပြီး သွားတာ မျိုးလုပ်သင့်တယ်လို့ အကြံပေး ချင်ပါတယ်။
ညီမကို စိုးရိမ်စိတ်ပူနေတဲ့ ပရိ သတ်တွေကိုကော ဘယ်လိုမျိုး လေး ပြောပြချင်သေးလဲ။
ညီမရောဂါက ဘာမှမဖြစ် တော့ပါဘူး။ ပရိသတ်တွေ ဆု တောင်းပေးကြလို့၊ စိတ်ပူပေး ကြလို့ အမြန်သက်သာလာတဲ့ အတွက် ပရိသတ်တွေအကုန် လုံးကို ကျေးဇူးတင်ပါတယ်။ ရော ဂါခံစားနေရတဲ့ ပရိသတ်တစ် ယောက်ချင်းစီကိုလည်း အမြန် သက်သာပြီး ပျောက်ကင်းကြပါ စေလို့ ဆုတောင်းပေးပါတယ်။
ကျေးဇူးတင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top