လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
 ဝတ်မှုံရွှေရည်
ဒေါင်း
ဖြူဖြူကျော်သိန်း
Lil’z
မယ်လိုဒီ
Credit: 7Day Daily
#Unicode Version#
 ရာသီတုပ်ကွေးရောဂါ (H1N1)သည် ပြင်းထန်သည့်ဗိုင်း ရပ်စ်ပိုးဖြစ်၍ ပြည်သူအများစုက စိုးရိမ်ပူပန်နေရာ အဆိုပါရောဂါ နှင့်ပတ်သက်၍ အနုပညာရှင်အချို့၏ အမြင်များနှင့် မည်သို့ ဂရုစိုက် နေထိုင်ရမည်ဆိုသည့် အကြံပေးချက်များကို စုစည်းဖော် ပြလိုက်ပါသည်။
ဝတ်မှုံရွှေရည်
‘‘လူများတဲ့နေရာတွေ သွား ရင် Mask ဝတ်ကြဦးနော်။ ကစ်ရဲ့ ချစ်ချစ်တို့ N95 Mask က ပို Protection ဖြစ်တယ်ဆိုလို့ ဖြစ်နိုင်ရင် ကာကွယ်ဆေး Vaccine ပါ ထိုးထားပါလို့ (ကစ်ကတော့ မထိုးရသေးဘူး။) ဂရုစိုက်ကြပါနော်’’ဟု ၎င်းအသုံးပြုနေသည့် ဝတ်မှုံရွှေရည် ပေ့ချ်တွင် ရေးသားထား သည်။
ဒေါင်း
H1N1 နဲ့ပတ်သက်ပြီး ကိုယ်ခံအားကောင်းဖို့ အရေးကြီးတယ်။  အစားအသောက်မှန်မှန်စားဖို့ လို တယ်။ မှန်မှန်အိပ်ဖို့ လိုတယ်။ တစ်ကိုယ်ရေသန့်ရှင်းဖို့လိုတယ်။ သာမန်ထက် ပိုသတိထားပြီးနေ သင့်တယ်။ အဓိကက ရိုးရိုးတုပ် ကွေးကနေပဲ ပြောင်းလဲသွားတတ် တယ်။ ကိုယ်နေမကောင်းတဲ့အ ချိန်မှာ ဂရုတစိုက်နဲ့ သတိထားပြီး နေသင့်တယ်။ လူထူထပ်တဲ့နေရာ မသွားသင့်ဘူး။ ကျွန်တော်က တော့ အပြင်သွားပြီး ပြန်လာရင် တစ်ကိုယ်ရေသန့်ရှင်းမှု  လုပ် တယ်။ အကျႌအဝတ်အစားကို လဲ တယ်။ အဓိကကအပြင်ထွက်တာ နဲ့ N95 Mask အုပ်တယ်။ အဲဒီ Maskကိုပဲ သုံးသင့်တယ်လို့ အကြံပေးချင်တယ်။ အခုဖြစ်နေတာက အပြင်သွားရင် Mask အုပ်ရမှာကို ရှက်ရွံ့နေတာ၊မလုပ်ချင်တာ ဖြစ် နေတာမျိုးတွေ့ရတယ်။ Mask တပ်ရမှာကို မရှက်ပါနဲ့လို့ ပြောချင်တယ်။ နောက်ပြီးတော့ အဲဒီရော ဂါနဲ့ပတ်သက်ပြီး ကိုယ်သိသမျှ အချင်းချင်းကို Share (မျှဝေ)ပေး သင့်တယ်။ မသိတဲ့သူတွေလည်း အများကြီးရှိတယ်။ အဲဒီလူတွေ အားလုံးသိဖို့အတွက်ကို အနုပ ညာသမားတွေကရော၊ မီဒီယာ တွေကရော သိအောင် အကြံ ဉာဏ်ပေးသင့်တယ်။ ပျံ့နှံ့သွား အောင် လုပ်ပေးသင့်တယ်။ အဲဒါ မှ သူတို့တွေရဲ့အသိမှာ ဒါဟာ သုံးကို သုံးသင့်တဲ့အရာ၊ ဒါဟာ လုပ်ကို လုပ်သင့်တဲ့အရာဆိုတာ သိသွားအောင် ဖြန့်ဝေပေးချင်ပါ တယ်။ အစိုးရရဲ့ရောဂါကာကွယ် ကုသမှုသတင်းထုတ်ပြန်မှုတွေအ ပေါ်မှာလည်း ဒီထက်ပိုပြီး ပွင့် လင်းမြင်သာစေချင်တယ်။ ဒီ ထက်ပိုပြီး လူတွေအားလုံးသိစေ ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါမှလည်း မဖြစ်သင့်တာမဖြစ် မှာ။ မဖြစ်မှလည်း မပြန့်မှာ။ မပြန့် မှလည်း အားလုံးအဆင်ပြေမှာ။ အဲဒီရောဂါခန္ဓာကိုယ်ထဲ ရောက် လာပြီဆိုရင် ကုသဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။    အဲဒါကြောင့် အရာအားလုံးကို သတိရှိရှိနဲ့ နေ ထိုင်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ဂရု စိုက်ဖို့ အားလုံးကို အကြံပေးချင် ပါတယ်။
ဖြူဖြူကျော်သိန်း
H1N1 နဲ့ပတ်သက်ပြီး ကိုယ်တိုင်  ပြည်တွင်းမှာရှိမနေတော့ အွန်လိုင်းမှာ တက်သလောက်ပဲ သိရပါတယ်။ ဘာပဲဖြစ်ဖြစ်ကြို တင်ကာကွယ်မှု  လုပ်ထားတာ မမှားဘူးလို့ ထင်ပါတယ်။ မြန်မာ ပြည်မှာ ကျန်ခဲ့တဲ့ ကိုယ့်ပရိသတ် တွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်း တွေအတွက်လည်း    စိတ်ပူပါ တယ်။ ယုံကြည်စိတ်ချရတဲ့တရား ဝင်သတင်းထုတ်ပြန်မှုတွေ၊ ကျန်း မာရေးဌာနက ထုတ်ပြန်ပေးတဲ့ ဆောင်ရန်ရှောင်ရန်တွေကို မျက် ခြည်မပြတ်စေချင်ပါဘူး။ အခြေခံ  ကာကွယ်မှုတွေဖြစ်တဲ့ လူထူထပ် တာရှောင်ဖို့၊ Mask တပ်ဖို့၊ Disinfectant နဲ့လက်ဆေးဖို့ စတဲ့ အချက်တွေကို သေချာလိုက်နာ သင့်ပါတယ်။ ကာကွယ်ဆေးက တော့ သေချာနားလည်တဲ့ ပညာ ရှင်နဲ့ တိုင်ပင်ပြီး လိုအပ်မှပဲ ထိုး သင့်ပါတယ်။ အားလုံးကျန်းမာ ဘေးကင်းပါစေလို့ ဆုတောင်း လိုက်ပါတယ်။
Lil’z
‘‘H1N1 ကို အထူးသတိပြုကြ ပါ။ ကိုယ်ခံအားကောင်းအောင် အနေအထိုင်၊ အစားအသောက် ဆင်ခြင်ကြပါ။ လက်ခဏခဏ ဆေးပေးပါ။ ရေများများသောက် ပါ။ လူထူထပ်တဲ့နေရာတွေ ရှောင်ပါ။ ကိုယ်တိုင်ဖျားနေရင် Mask (N95) တပ်ပြီး ရောဂါမပြန့်ပွား စေရန် ကူညီဆောင်ရွက်ပေးပါ။ အကုန်လုံးကို စိတ်ပူတယ်။ သိသ လောက် ပြန်မျှဝေတယ်။ ဂရုစိုက် ကြပါဗျိုး’’ဟု ၎င်းအသုံးပြုသည့် နေဦးလင်းအကောင့်တွင် ၂၅ ရက်နေ့ ည ၁၂ နာရီကျော်က  ရေး သားထားသည်။
မယ်လိုဒီ
မျိုးကတော့ သွားစရာရှိတာ သွားတယ်။ လုပ်စရာရှိတာ လုပ် နေတာပဲ။ အထွေအထူးတော့ မလုပ်ဖြစ်ဘူး။ မျိုး Mask လည်း မတပ်ဖြစ်ဘူး။ Gym လည်း နေ့ တိုင်းသွားတယ်။ လူက ဖြစ်ချင်ပြီ ဆို အိမ်ထဲမှာနေတာတောင် ကား တိုက်တဲ့အမျိုးလေ။ အဲဒါကို မျိုး ကတော့ ဘာသာတရားနဲ့ပဲ တွက် လိုက်တော့တယ်။ အရမ်းကြီးလူ ထူထပ်တဲ့နေရာတော့ မသွားဘူး။ ပုံမှန်ကိုယ်သွားနေကျ နေရာတွေ တော့ သွားဖြစ်တယ်။ လူတွေအား လုံးသတိထားပြီးနေတာတော့ ကောင်းပေမယ့် အရမ်းကြီးစိတ်ပူ စေတာကျတော့လည်း မကောင်း ဘူးလေ။ သတိဆိုတာက ပိုတယ် တော့ မရှိပါဘူးလေ။ သားကိုတော့ အခုမှ မထွက်ခိုင်းတာမဟုတ်ဘူး။ ဟိုတစ်လောကတည်းက မထွက် ခိုင်းတော့တာ။ H1N1 မပေါ်ခင် မိုးရာသီအစ တုပ်ကွေးတွေဖြစ် ခါစကတည်းက မထွက်ခိုင်းတော့ ဘူး။ အစက ကစားကွင်း ဘာညာ လိုက်ပို့ဖြစ်သေးတယ်။ ကလေးတွေ တုပ်ကွေးဖြစ်တယ် အသံကြားကတည်းက မထွက်တော့ ဘူး။ ဆေးခန်းလည်း မသွားဖြစ် ဘူး။ ချောင်းဆိုးတယ် ဘာညာ ဆိုရင်လည်း ဆရာဝန်ကို ဖုန်းဆက်မေးပြီး ဆေးတိုက်လိုက်တယ်။ ဒီ အချိန်သွားရင် ဆေးရုံ၊ ဆေးခန်း မှာက နေမကောင်းဖြစ်တဲ့သူပိုများ တဲ့အတွက် မသွားဖြစ်တော့ဘူး။ အစိုးရရဲ့ရောဂါကာကွယ်ကုသမှု သတင်းထုတ်ပြန်ချက်နဲ့ ပတ် သက်ပြီး ကောင်းပါတယ်။ ပွင့် လင်းမြင်သာလာတာပေါ့။ လူတွေ အနေနဲ့လည်း ဆောင်ရန်၊ ရှောင် ရန်ကို သေချာလုပ်လို့ရတယ်။ အဲဒါကို အရမ်းသဘောကျပါ တယ်။ အဲဒါက လိုကို လိုအပ် တယ်။ အဲဒီရောဂါကြီးက ကျိတ် ပြီး ကုလို့ ရတဲ့ရောဂါမဟုတ်ဘူး ဆိုတော့လေ။ မျိုးကတော့ သိပ်မ ကြောက်တတ်ဘူး။ လူဆိုတာ တစ် နေ့သေရမှာပဲ။ ရောဂါတစ်မျိုးမျိုး ကြောင့်မဟုတ်ရင် အက်ဆီးဒင့် တစ်ခုခုကြောင့် သေသွားနိုင် တယ်။ လေဆိုတာကလည်း လူ တိုင်း ရှူနေရတာဆိုတော့ အဲဒီ ရောဂါနဲ့ပတ်သက်လို့ မျိုးကတော့ သိပ်မတုန်လှုပ်ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top