ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

မြန္ျပည္နယ္တြင္ H1N1 ရာသီတုပ္ေကြး ေရာဂါ မေတြ႕ရွိေသးေၾကာင္း မြန္ျပည္ နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ေဒါက္တာေဇာ္မင္းထြန္းက ေျပာ ၾကားသည္။

မြန္ျပည္နယ္ လႊတ္ေတာ္႐ံုး တြင္ H1N1 ေရာဂါကာကြယ္ေရး လုပ္ငန္းမ်ားအတြက္ ျပည္နယ္ က်န္းမာေရး ဌာနမ်ားႏွင့္ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား ဇူလုိင္ ၂၈ ရက္က အစည္းအေဝးျပဳလုပ္ ၿပီး သတင္းေထာက္မ်ားကို ေဒါက္တာေဇာ္မင္းထြန္းက ေျပာၾကားခဲ့သည္။

‘‘ေလာေလာဆယ္ အေနနဲ႔ ေတာ့ H1N1 ကို Confirm Case မေတြ႕ေသးဘူးလုိ႔ပဲ ေျပာရမယ္။ ဒါကလည္း စမ္းသပ္ႏိုင္ေသးတာ လည္း မရွိေသးဘူး။ မြန္ျပည္နယ္ မွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ နဲ႔ လူနာႏွစ္ဦးကို ရန္ကုန္ပို႔ထား တယ္’’ ဟု ေဒါက္တာ ေဇာ္မင္း ထြန္းက ေျပာသည္။

ဇူလုိင္ ၂၇ ရက္က ေမာ္လ  ၿမိဳင္ၿမိဳ႕ရွိ ဇာနည္ေအာင္ေဆးခန္း တြင္ H1N1 သံသယရွိ အသက္ (၃၀)အရြယ္ အမ်ိဳးသမီး လူနာ တစ္ဦး ေတြ႕ရွိခဲ့ၿပီး ရန္ကုန္ေဆး ႐ံုႀကီးသို႔ ေအးျမၾကည္လင္ နာေရးကူညီမႈအသင္းက ပို႔ေဆာင္ခဲ့သည္။

ဇူလုိင္ ၂၈ ရက္တြင္ ေရးၿမိဳ႕နယ္ေဆး႐ံုမွတစ္ဆင့္ ေမာ္လၿမိဳင္ ကေလးေဆး႐ံုသို႔ အသက္ (၃) ႏွစ္အရြယ္ ကေလးတစ္ဦး လာ ေရာက္ကုသစဥ္ H1N1 ေရာဂါ သံသယရွိသျဖင့္ ရန္ကုန္ေဆး႐ံု ႀကီးသို႔ ပို႔ေဆာင္ၿပီး ဇူလုိင္ ၂၉ ရက္တြင္ ၎ကေလးငယ္ ေသဆံုးခဲ့သည္။ ကေလးေသဆံုးခဲ့သည့္ ေရာဂါႏွင့္ပတ္သက္ၿပီး သတင္း ထုတ္ျပန္ျခင္းမရွိဟု မိသားစုဝင္ မ်ားထံမွ သိရသည္။

မြန္ျပည္နယ္တြင္ H1N1 ႀကိဳ တင္ကာကြယ္မႈလုပ္ငန္းမ်ားကို ဇူလုိင္  ၃၁  ရက္တြင္ ၿမိဳ႕နယ္အလိုက္  ကာကြယ္တားဆီးေရး လုပ္ငန္းမ်ားႏွင့္ အသိပညာေပးေဟာေျပာပြဲမ်ား ျပဳလုပ္မည္ျဖစ္ ေၾကာင္း မြန္ျပည္နယ္ ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနမွ သိရ သည္။

ထို႔အျပင္ ထားဝယ္ၿမိဳ႕နယ္ ဝဲကြၽန္းထိန္သစ္ရပ္ကြက္ ဥစား ၾကက္ ေမြးျမဴေရးၿခံတြင္ ၾကက္ ငွက္တုပ္ေကြးေရာဂါ (H5N1) ျဖစ္ပြားခဲ့ေၾကာင္း မြန္ျပည္နယ္ တြင္ ျဖစ္ပြားမႈမရွိေစရန္ ေရးၿမိဳ႕ အဝင္ဂိတ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕ အဝင္ဂိတ္မ်ားတြင္ တိရစၧာန္တင္ေဆာင္ လာသည့္ကားမ်ားကို ေစာင့္ၾကည့္စစ္ေဆးမည္ျဖစ္ေၾကာင္း ျပည္နယ္ ေမြးကုဦးစီးဌာနက သတင္း ထုတ္ျပန္ထားသည္။

ျမန္မာႏုိင္ငံတြင္ H1N1 ျဖစ္ ပြားမႈသည္ ၂၀၀၉ တြင္ ၁၄ ဦး၊ ၂၀၁၀ တြင္ ၂၃၂ ဦး၊ ၂၀၁၄ တြင္ ၁၆၇ ဦးရွိေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ သိရ ၿပီး လက္ရွိတြင္ H1N1 ကူးစက္ ေရာဂါ ျဖစ္ပြားသူ ၃၅ ဦးရွိၿပီး ေျခာက္ဦး ေသဆံုးခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
မွန်ပြည်နယ်တွင် H1N1 ရာသီတုပ်ကွေး ရောဂါ မတွေ့ရှိသေးကြောင်း မွန်ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက ပြော ကြားသည်။

မွန်ပြည်နယ် လွှတ်တော်ရုံး တွင် H1N1 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် ပြည်နယ် ကျန်းမာရေး ဌာနများနှင့် လွှတ် တော်ကိုယ်စားလှယ်များ ဇူလိုင် ၂၈ ရက်က အစည်းအဝေးပြုလုပ် ပြီး သတင်းထောက်များကို ဒေါက်တာဇော်မင်းထွန်းက ပြောကြားခဲ့သည်။

‘‘လောလောဆယ် အနေနဲ့ တော့ H1N1 ကို Confirm Case မတွေ့သေးဘူးလို့ပဲ ပြောရမယ်။ ဒါကလည်း စမ်းသပ်နိုင်သေးတာ လည်း မရှိသေးဘူး။ မွန်ပြည်နယ် မှာ ပြင်းထန်အဆုတ်ရောင်ရောဂါ နဲ့ လူနာနှစ်ဦးကို ရန်ကုန်ပို့ထား တယ်’’ ဟု ဒေါက်တာ ဇော်မင်း ထွန်းက ပြောသည်။

ဇူလိုင် ၂၇ ရက်က မော်လ  မြိုင်မြို့ရှိ ဇာနည်အောင်ဆေးခန်း တွင် H1N1 သံသယရှိ အသက် (၃၀)အရွယ် အမျိုးသမီး လူနာ တစ်ဦး တွေ့ရှိခဲ့ပြီး ရန်ကုန်ဆေး ရုံကြီးသို့ အေးမြကြည်လင် နာရေးကူညီမှုအသင်းက ပို့ဆောင်ခဲ့သည်။

ဇူလိုင် ၂၈ ရက်တွင် ရေးမြို့နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင် ကလေးဆေးရုံသို့ အသက် (၃) နှစ်အရွယ် ကလေးတစ်ဦး လာ ရောက်ကုသစဉ် H1N1 ရောဂါ သံသယရှိသဖြင့် ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ပြီး ဇူလိုင် ၂၉ ရက်တွင် ၎င်းကလေးငယ် သေဆုံးခဲ့သည်။ ကလေးသေဆုံးခဲ့သည့် ရောဂါနှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ခြင်းမရှိဟု မိသားစုဝင် များထံမှ သိရသည်။

မွန်ပြည်နယ်တွင် H1N1 ကြို တင်ကာကွယ်မှုလုပ်ငန်းများကို ဇူလိုင်  ၃၁  ရက်တွင် မြို့နယ်အလိုက်  ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် အသိပညာပေးဟောပြောပွဲများ ပြုလုပ်မည်ဖြစ် ကြောင်း မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။

ထို့အပြင် ထားဝယ်မြို့နယ် ဝဲကျွန်းထိန်သစ်ရပ်ကွက် ဥစား ကြက် မွေးမြူရေးခြံတွင် ကြက် ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ် တွင် ဖြစ်ပွားမှုမရှိစေရန် ရေးမြို့ အဝင်ဂိတ်နှင့် သံဖြူဇရပ်မြို့ အဝင်ဂိတ်များတွင် တိရစ္ဆာန်တင်ဆောင် လာသည့်ကားများကို စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း ပြည်နယ် မွေးကုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် H1N1 ဖြစ် ပွားမှုသည် ၂၀၀၉ တွင် ၁၄ ဦး၊ ၂၀၁၀ တွင် ၂၃၂ ဦး၊ ၂၀၁၄ တွင် ၁၆၇ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရ ပြီး လက်ရှိတွင် H1N1 ကူးစက် ရောဂါ ဖြစ်ပွားသူ ၃၅ ဦးရှိပြီး ခြောက်ဦး သေဆုံးခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top