Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

နာမည္ေက်ာ္အဆိုေတာ္ ပိုပိုတစ္ေယာက္ကေတာ့ သူမ ေဖ့စ္ဘုတ္မွာ စိတ္လြတ္ကိုယ္လြတ္ ပို႔စ္တစ္ခုတင္ခဲ့ပါတယ္။ ပို႔စ္ကို ၾကာသာပေတးေန႔ညပိုင္းက တင္ခဲ့တာျဖစ္ၿပီး sad reaction နဲ႔အတူ ပရိတ္သတ္မ်ားက စိုးရိမ္တဲ့ ေကာမန္႔မ်ား တက္လာၿပီးတဲ့ေနာက္မွာေတာ့ အဆိုေတာ္ပိုပိုက သူမရဲ့ပို႔စ္ကို ျပန္လည္ျဖဳတ္ခ်သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း screen shoot ရိုက္ယူထားလိုက္ႏိုင္တာေၾကာင့္ ဒီသတင္းကို တင္ဆက္ေပးလိုက္ပါတယ္။

သူမရဲ့အေကာင့္မွာ '' အသက္ရွင္ရတာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ဘူး Suicide လုပ္ခ်င္မိတယ္ or H1N1 ငါ့လာျဖစ္ပါလား'' ဟု ေရးသားခဲ့တာ ျဖစ္ပါတယ္။ ပိုပိုဟာ ပရိတ္သတ္ရင္ထဲေရာက္ ေအာင္ သီခ်င္းအေတာ္မ်ားမ်ား သီဆိုထားႏုိင္သူတစ္ဦးျဖစ္သလို ခုခ်ိန္ထိလည္း ခ်စ္ခင္အားေပးသူ ပရိတ္သတ္မ်ားစြာရွိၿပီး။ သူမရဲ့သီခ်င္းေတြကိုလည္း ႀကိဳက္ေနၾကဆဲျဖစ္သည္။ ဒါေပမယ့္လည္း သူမက ခံစားခ်က္ျပင္းထန္ပံုရသည္။ ေဖ့ဘုတ္လူမွုကြန္ယက္တြင္ ခံစားခ်က္ ပို႔စ္မ်ား တင္ေလ့ရွိသည္။

သီခ်င္းဆိုရံုတင္မကပဲ စာေပလည္း ၀ါသနာပါသူ၊ ဘာသာေရး၊ လူမွုေရးလည္း လိုက္စားသူျဖစ္သည္။ မၾကာေသးခင္ကပဲ နာမည္ႀကီးသူမ်ား ေရးသားေသာ ကဗ်ာမ်ား စုစည္းထားသည့္ ကဗ်ာစာအုပ္တစ္အုပ္ ထြက္ေပၚလာေအာင္ ႀကိဳးစားခဲ့ေသးသည္။ ပဌာန္းရြတ္ဖတ္မွုမ်ားလည္း အျမဲျပဳလုပ္ေလ့ရွိၿပီး ဘာသာေရးက ေအာင္ျမင္မွုကို အေတထာက္အကူျပဳႏိုင္ေၾကာင္း ယံုၾကည္ထားသူျဖစ္သည္။

မၾကာေသးခင္ကပဲ Linkin Park အဆိုေတာ္ Chester ကိုယ့္ကိုယ္ကိုယ္ သတ္ေသမွုျဖစ္ပြားခဲ့သည္။ ခံစားခ်က္ျပင္းထန္ၿပီး ေအာင္ျမင္လာသူ အဆိုေတာ္ျဖစ္သည့္အေလွ်ာက္ မြမ္းၾကပ္လာတဲ့ ခံစားခ်က္ေတြကိုလည္း အမ်ားႏွင့္မတူေအာင္ ေျဖရွင္းသြားျခင္ျဖစ္သည္။

Photos-Po Po Facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit:   PannPwint

#Unicode Version#
နာမည်ကျော်အဆိုတော် ပိုပိုတစ်ယောက်ကတော့ သူမ ဖေ့စ်ဘုတ်မှာ စိတ်လွတ်ကိုယ်လွတ် ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ ပို့စ်ကို ကြာသာပတေးနေ့ညပိုင်းက တင်ခဲ့တာဖြစ်ပြီး sad reaction နဲ့အတူ ပရိတ်သတ်များက စိုးရိမ်တဲ့ ကောမန့်များ တက်လာပြီးတဲ့နောက်မှာတော့ အဆိုတော်ပိုပိုက သူမရဲ့ပို့စ်ကို ပြန်လည်ဖြုတ်ချသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း screen shoot ရိုက်ယူထားလိုက်နိုင်တာကြောင့် ဒီသတင်းကို တင်ဆက်ပေးလိုက်ပါတယ်။

သူမရဲ့အကောင့်မှာ '' အသက်ရှင်ရတာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး Suicide လုပ်ချင်မိတယ် or H1N1 ငါ့လာဖြစ်ပါလား'' ဟု ရေးသားခဲ့တာ ဖြစ်ပါတယ်။ ပိုပိုဟာ ပရိတ်သတ်ရင်ထဲရောက် အောင် သီချင်းအတော်များများ သီဆိုထားနိုင်သူတစ်ဦးဖြစ်သလို ခုချိန်ထိလည်း ချစ်ခင်အားပေးသူ ပရိတ်သတ်များစွာရှိပြီး။ သူမရဲ့သီချင်းတွေကိုလည်း ကြိုက်နေကြဆဲဖြစ်သည်။ ဒါပေမယ့်လည်း သူမက ခံစားချက်ပြင်းထန်ပုံရသည်။ ဖေ့ဘုတ်လူမှုကွန်ယက်တွင် ခံစားချက် ပို့စ်များ တင်လေ့ရှိသည်။

သီချင်းဆိုရုံတင်မကပဲ စာပေလည်း ဝါသနာပါသူ၊ ဘာသာရေး၊ လူမှုရေးလည်း လိုက်စားသူဖြစ်သည်။ မကြာသေးခင်ကပဲ နာမည်ကြီးသူများ ရေးသားသော ကဗျာများ စုစည်းထားသည့် ကဗျာစာအုပ်တစ်အုပ် ထွက်ပေါ်လာအောင် ကြိုးစားခဲ့သေးသည်။ ပဌာန်းရွတ်ဖတ်မှုများလည်း အမြဲပြုလုပ်လေ့ရှိပြီး ဘာသာရေးက အောင်မြင်မှုကို အတေထာက်အကူပြုနိုင်ကြောင်း ယုံကြည်ထားသူဖြစ်သည်။

မကြာသေးခင်ကပဲ Linkin Park အဆိုတော် Chester ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်ပွားခဲ့သည်။ ခံစားချက်ပြင်းထန်ပြီး အောင်မြင်လာသူ အဆိုတော်ဖြစ်သည့်အလျှောက် မွမ်းကြပ်လာတဲ့ ခံစားချက်တွေကိုလည်း အများနှင့်မတူအောင် ဖြေရှင်းသွားခြင်ဖြစ်သည်။

Photos-Po Po Facebook


ဖိုးသူတော် (www.phothutaw.com)
Credit:   PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top