လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

၁။ မဂၤလာပါဆရာ Fordyce Spot အေၾကာင္းေလးသိခ်င္လို႔ပါခင္ဗ်။ Fordyce Spot ဆိုတာဘာလဲ၊ ဘယ္လိုေၾကာင့္ ျဖစ္တာလဲ၊ ဘယ္လိုကုသရမလဲ သိခ်င္လို႔ပါခင္ဗ်။ အစကဘာမွန္းေတာင္မသိပါဘူးခင္ဗ် google မွာ ရွာၾကည့္ေတာ့မွ Fordyce Spot လို႔ေခၚမွန္းသိရတာပါခင္ဗ်။ ဖတ္ႏိုင္သေလာက္ လိုက္ဖတ္ၾကည့္ေပမယ့္ အကုန္လံုးေတာ့ နားမလည္လို႔ပါခင္ဗ်။ ေက်းဇူးျပဳ၍ရွင္းျပေပးပါဆရာ။ ေက်းဇူးပါဆရာ။ အသက္ကေတာ့ ၂၅ ႏွစ္ပါ။ ေယာက္်ားေလးပါ ဆရာ။ ျဖစ္ေနတာေတာ့ ၃ ႏွစ္ေလာက္ရွိပါၿပီဆရာ။

၂။ ဆရာခင္ဗ် Fordyce spots အေၾကာင္းသိပါရေစဗ်။ ကုသမည့္နည္းလမ္းေလးပါေပေစလိုပါသည္ခင္ဗ်ာ။ ကြၽန္ေတာ့္မွာျဖစ္ေနလို႔ပါ။ အေပၚႏႈတ္ခမ္းႏွင့္လိင္အဂၤါမွာပါဆရာ။ ေက်းဇူးတင္လ်က္။ ေဆာင္ရန္ ေ႐ွာင္ရန္ေလးပါ ေျပာေပးပါဆရာ၊ အိမ္ ေထာင္႐ွိပါတယ္။

ပဌမေမးခြန္းမွာ အသက္ကိုေနာက္မွသာေရးတယ္။ အဲလို အသက္-က်ား-မ ကိုအရင္ဆံုးမေရးတာတိုင္းကို ၂ ခါဖတ္ရလို႔ အခ်န္ပိုကုန္ေၾကာင္း အၾကိမ္ေပါင္းမ်ားစြာေရးျပီးျဖစ္ပါတယ္။

ဒုတိယေမးသူ အသက္ မသိရပါ။ က်ားလို႔ေတာ့ယူဆပါတယ္။ ဘယ္ေလာက္ၾကာျပီလည္း မသိရပါ။

အသက္၂၇ ပါဆရာ၊ ၆ လ၊ ၇ လေလာက္႐ွိၿပီဆရာ၊ အေနအထိုင္ ဆင္ျခင္ပါတယ္။ ဘာလို႔ထြက္တာလည္းမသိလို႔ပါ။ ေသာက္ေဆးစားေဆးႏွင့္ ကုလို႔ရမလားဆရာ။

Fordyce spots ဆိုတာ မ်က္ႏွာ၊ ႏႈတ္ခမ္း၊ လိင္တံ၊ မိန္းမကိုယ္၊ ကပ္ပယ္အိတ္ေပၚမွာ အနီေရာင္ႏုႏု၊ ဝါျဖဴျဖဴ အေရျပားအထက္မွာ နည္းနည္းျမင့္ေနတဲ့ အစက္အေပ်ာက္ေလးေတြျဖစ္တယ္။ က်ား-မ ျဖစ္တယ္။

Ectopic sebaceous gland ေခြ်းထြက္အိတ္ေလးေတြေနရာမွားေရာက္ေနတာလို႔ေခၚတယ္။ ေရာဂါရယ္လို႔မဟုတ္ပါ။ ကူးစက္တာလည္းမဟုတ္ပါ။ Electro desiccation or CO2 laser နဲ႔ Pulsed dye lasers နည္းေတြလုပ္ႏိုင္တယ္။ အားလံုးေပ်ာက္မယ္လို႔ေတာ့ အာမခံခ်က္မရွိပါ။ တျခားကုသနည္းေတြ မသင့္ပါ။ အဆင္မသင့္ရင္ ပိုဆိုးတတ္တယ္။

https://www.facebook.com/drtintswe

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဒါက္တာတင့္ေဆြ

#Unicode Version#
၁။ မင်္ဂလာပါဆရာ Fordyce Spot အကြောင်းလေးသိချင်လို့ပါခင်ဗျ။ Fordyce Spot ဆိုတာဘာလဲ၊ ဘယ်လိုကြောင့် ဖြစ်တာလဲ၊ ဘယ်လိုကုသရမလဲ သိချင်လို့ပါခင်ဗျ အစကဘာမှန်းတောင်မသိပါဘူးခင်ဗျ google မှာ ရှာကြည့်တော့မှ Fordyce Spot လို့ခေါ်မှန်းသိရတာပါခင်ဗျ ဖတ်နိုင်သလောက် လိုက်ဖတ်ကြည့်ပေမယ့် အကုန်လုံးတော့ နားမလည်လို့ပါခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါဆရာ။ ကျေးဇူးပါဆရာ။ အသက်ကတော့ ၂၅ နှစ်ပါ။ ယောက်ျားလေးပါ ဆရာ။ ဖြစ်နေတာတော့ ၃ နှစ်လောက်ရှိပါပြီဆရာ။

၂။ ဆရာခင်ဗျ Fordyce spots အကြောင်းသိပါရစေဗျ။ ကုသမည့်နည်းလမ်းလေးပါပေစေလိုပါသည်ခင်ဗျာ။ ကျွန်တော့်မှာဖြစ်နေလို့ပါ။ အပေါ်နှုတ်ခမ်းနှင့်လိင်အဂါ မှာပါဆရာ။ ကျေးဇူးတင်လျက်။ ဆောင်ရန် ရှောင်ရန်လေးပါ ပြောပေးပါဆရာ၊ အိမ်ထောင်ရှိပါတယ်။

ပဌမမေးခွန်းမှာ အသက်ကိုနောက်မှသာရေးတယ်။ အဲလို အသက်-ကျား-မ ကိုအရင်ဆုံးမရေးတာတိုင်းကို ၂ ခါဖတ်ရလို့ အချန်ပိုကုန်ကြောင်း အကြိမ်ပေါင်းများစွာရေးပြီးဖြစ်ပါတယ်။

ဒုတိယမေးသူ အသက် မသိရပါ။ ကျားလို့တော့ယူဆပါတယ်။ ဘယ်လောက်ကြာပြီလည်း မသိရပါ။

အသက်၂၇ ပါဆရာ၊ ၆ လ၊ ၇ လလောက်ရှိပြီဆရာ၊ အနေအထိုင် ဆင်ခြင်ပါတယ်။ ဘာလို့ထွက်တာလည်းမသိလို့ပါ။ သောက်ဆေးစားဆေးနှင့် ကုလို့ရမလားဆရာ။

Fordyce spots ဆိုတာ မျက်နှာ၊ နှုတ်ခမ်း၊ လိင်တံ၊ မိန်းမကိုယ်၊ ကပ်ပယ်အိတ်ပေါ်မှာ အနီရောင်နုနု၊ ဝါဖြူဖြူ အရေပြားအထက်မှာ နည်းနည်းမြင့်နေတဲ့ အစက်အပျောက်လေးတွေဖြစ်တယ်။ ကျား-မ ဖြစ်တယ်။

Ectopic sebaceous gland ချွေးထွက်အိတ်လေးတွေနေရာမှားရောက်နေတာလို့ခေါ်တယ်။ ရောဂါရယ်လို့မဟုတ်ပါ။ ကူးစက်တာလည်းမဟုတ်ပါ။ Electro desiccation or CO2 laser နဲ့ Pulsed dye lasers နည်းတွေလုပ်နိုင်တယ်။ အားလုံးပျောက်မယ်လို့တော့ အာမခံချက်မရှိပါ။ တခြားကုသနည်းတွေ မသင့်ပါ။ အဆင်မသင့်ရင် ပိုဆိုးတတ်တယ်။

https://www.facebook.com/drtintswe

ဖိုးသူတော် (www.phothutaw.com)
Credit:  ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top