ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

မႏၲေလးၿမိဳ႕တြင္ ဇူလုိင္၂၃ရက္ကက်င္းပခဲ့ေသာ ေဆြးေႏြးပြဲသုိ႔ တက္ေရာက္လာၾကသူမ်ား (ဓာတ္ပုံ−ညီညီေဇာ္)
 ေဖ့စ္ဘြတ္ခ္ အြန္လုိင္း မွတစ္ဆင့္ ေရာင္းခ်ေနေသာ ေဆး၀ါးႏွင့္ အလွကုန္ပစၥည္းမ်ား သည္ FDA က စစ္ေဆးထားျခင္း မရွိ၍ ျပည္သူမ်ားအေနျဖင့္ အဆို ပါထုတ္ကုန္မ်ားကုိ သံုးစဲြျခင္းမ ျပဳရန္ အစားအေသာက္ႏွင့္ ေဆး ၀ါးကြပ္ကဲေရးဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ခင္ခ်စ္က တိုက္တြန္းထားသည္။

ဇူလိုင္ ၂၃ ရက္က မႏၲေလး ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည့္ ‘အမ်ိဳးသားေရးအျမင္ျဖင့္ ေဘး အႏၲရာယ္ကင္းရွင္းေသာ စား ေသာက္ကုန္မ်ားဆီသို႔’ ေခါင္းစဥ္ ျဖင့္ က်င္းပသည့္ ေဆြးေႏြးပဲြ၌ ေဒါက္တာခင္ခ်စ္က ေျပာ ၾကားျခင္းျဖစ္သည္။

အဆိုပါ အခမ္းအနားတြင္ အမ်ိဳးသမီးတစ္ဦးက အြန္လိုင္း တြင္ မည္သည့္ႏုိင္ငံက ၀င္လာမွန္းမသိသည့္ ေဆး၀ါးႏွင့္ စားေသာက္ကုန္ပစၥည္း၊ အလွအပႏွင့္အသား ျဖဴေဆးမ်ား၊ အမ်ိဳးသားအဂၤါႀကီး ထြားေဆးမ်ား ေရာင္းခ်ေနၾက ေၾကာင္း၊ ေဖ့စ္ဘြတ္ခ္သည္ လူ တန္းစားမေရြး အသံုးျပဳေနၿပီျဖစ္ ၍ လူငယ္လူရြယ္မ်ားလည္းပါ၀င္ ေၾကာင္း အဆိုပါပစၥည္းမ်ားသံုးၿပီး ေဘးထြက္ဆိုးက်ိဳးျဖစ္ေပၚလာပါ က မည္သူ႔တြင္ တာ၀န္ရွိသည္ကို သိရွိလိုၿပီး မည္ကဲ့သို႔ တားျမစ္ ေပးႏုိင္မည္ကို သိရွိလိုေၾကာင္း ေမးျမန္းခဲ့သည္။

အစားအေသာက္ႏွင့္ ေဆး ၀ါးကြပ္ကဲေရးဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ခင္ခ်စ္က ‘‘အြန္လုိင္းကေန ေရာင္းခ်ေနတဲ့ ေဆး၀ါးေတြ၊ အလွကုန္ပစၥည္းေတြအားလံုးဟာ ကၽြန္မတို႔ FDA ကလည္း စစ္ေဆး ထားတာ တစ္ခုမွမရွိပါဘူး။ FDA လုိပဲ တျခားတာ၀န္ရွိတဲ့အဖဲြ႕အ စည္းေတြျဖစ္တဲ့ စည္ပင္သာယာ တို႔၊ စက္မႈတုိ႔ကလည္း လိုင္စင္ ေတြထုတ္ေပးထားတာ တစ္ခုမွ မရွိပါဘူး။ ဒါေၾကာင့္ ကၽြန္မတို႔က ဒီထုတ္ကုန္ေတြကို တစ္ခုမွ အသိ အမွတ္မျပဳပါဘူး။ အဲဒီထုတ္ကုန္ ေတြကိုလည္း မသံုးစဲြဖို႔ ျပည္သူ လူထုုကို တိုက္တြန္းပါတယ္’’ဟု ေျပာၾကားသည္။ အြန္လိုင္းက ပစၥည္းမ်ားသည္ အေျခအျမစ္မရွိ ေသာ သတင္းအခ်က္အလက္မ်ား ဟု ယူဆရၿပီး သိပၸံနည္းက် သက္ ေသျပထားျခင္းလည္းမရွိသျဖင့္ အြန္လိုင္းပစၥည္းမ်ားကို ကန္႔ ကြက္ေၾကာင္း ေဒါက္တာခင္ခ်စ္ က ေျပာၾကားသည္။

စားသံုးသူေရးရာဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေဆြတင့္ၾကဴး က ‘‘ေဖ့စ္ဘြတ္ခ္ထက္ တရား၀င္ မွတ္ပံုတင္ထားေသာ စိတ္ခ်ရ ေသာ ၀က္ဘ္ဆိုက္မ်ားမွ ၀ယ္ယူ ျခင္းက စိတ္ခ်ရႏုိင္ေၾကာင္း ေျပာ ၾကားသည္။ ေဖ့စ္ဘြတ္ခ္က လိမ္ လည္ဖုိ႔ အသံုးခ်တဲ့သူေတြအ တြက္ အင္မတန္ေကာင္းတ့ဲ ကိရိ ယာတစ္ခုျဖစ္ပါတယ္။ ပထမပိုင္း မွာ ေစ်းသက္သာမယ္၊ ေကာင္း မယ္၊ ျမန္မယ္။ ေနာက္ပိုင္း လႊဲတဲ့ ေငြေတြ မ်ားလာလို႔ ေျခရာေဖ်ာက္ သြားရင္ တားဆီးဖို႔ခက္ပါတယ္’’ ဟု ဦးေဆြတင့္ၾကဴးက ေျပာၾကား သည္။ အဆုိပါအစည္းအေ၀းတြင္ အြန္လိုင္းပစၥည္းမ်ားအျပင္ ေဘး အႏၲရာယ္ကင္းရွင္းေသာ စား ေသာက္ကုန္မ်ား ထုတ္လုပ္ျဖန္႔ ခ်ိေရး၊ ျပည္ပသို႔ အရည္အေသြး အဆင့္မီေသာ စားေသာက္ကုန္ မ်ားတင္ပို႔ေရာင္းခ်ေရး၊ ျပည္ပမွ စံမမီေသာ စားေသာက္ကုန္တင္ သြင္းလာမႈ တားဆီးေရး အစရွိ သည့္အခ်က္မ်ားကိုပါ ေဆြးေႏြးခဲ့ ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
မန္တလေးမြို့တွင် ဇူလိုင်၂၃ရက်ကကျင်းပခဲ့သော ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ (ဓာတ်ပုံ−ညီညီဇော်)

 ဖေ့စ်ဘွတ်ခ် အွန်လိုင်း မှတစ်ဆင့် ရောင်းချနေသော ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ သည် FDA က စစ်ဆေးထားခြင်း မရှိ၍ ပြည်သူများအနေဖြင့် အဆို ပါထုတ်ကုန်များကို သုံးစွဲခြင်းမ ပြုရန် အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ချစ်က တိုက်တွန်းထားသည်။

ဇူလိုင် ၂၃ ရက်က မန္တလေး မြို့တော်ခန်းမတွင် ကျင်းပသည့် ‘အမျိုးသားရေးအမြင်ဖြင့် ဘေး အန္တရာယ်ကင်းရှင်းသော စား သောက်ကုန်များဆီသို့’ ခေါင်းစဉ် ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲ၌ ဒေါက်တာခင်ချစ်က ပြော ကြားခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားတွင် အမျိုးသမီးတစ်ဦးက အွန်လိုင်း တွင် မည်သည့်နိုင်ငံက ဝင်လာမှန်းမသိသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း၊ အလှအပနှင့်အသား ဖြူဆေးများ၊ အမျိုးသားအင်္ဂါကြီး ထွားဆေးများ ရောင်းချနေကြ ကြောင်း၊ ဖေ့စ်ဘွတ်ခ်သည် လူ တန်းစားမရွေး အသုံးပြုနေပြီဖြစ် ၍ လူငယ်လူရွယ်များလည်းပါဝင် ကြောင်း အဆိုပါပစ္စည်းများသုံးပြီး ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်လာပါ က မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုပြီး မည်ကဲ့သို့ တားမြစ် ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ချစ်က ‘‘အွန်လိုင်းကနေ ရောင်းချနေတဲ့ ဆေးဝါးတွေ၊ အလှကုန်ပစ္စည်းတွေအားလုံးဟာ ကျွန်မတို့ FDA ကလည်း စစ်ဆေး ထားတာ တစ်ခုမှမရှိပါဘူး။ FDA လိုပဲ တခြားတာဝန်ရှိတဲ့အဖွဲ့အ စည်းတွေဖြစ်တဲ့ စည်ပင်သာယာ တို့၊ စက်မှုတို့ကလည်း လိုင်စင် တွေထုတ်ပေးထားတာ တစ်ခုမှ မရှိပါဘူး။ ဒါကြောင့် ကျွန်မတို့က ဒီထုတ်ကုန်တွေကို တစ်ခုမှ အသိ အမှတ်မပြုပါဘူး။ အဲဒီထုတ်ကုန် တွေကိုလည်း မသုံးစွဲဖို့ ပြည်သူ လူထုုကို တိုက်တွန်းပါတယ်’’ဟု ပြောကြားသည်။ အွန်လိုင်းက ပစ္စည်းများသည် အခြေအမြစ်မရှိ သော သတင်းအချက်အလက်များ ဟု ယူဆရပြီး သိပ္ပံနည်းကျ သက် သေပြထားခြင်းလည်းမရှိသဖြင့် အွန်လိုင်းပစ္စည်းများကို ကန့် ကွက်ကြောင်း ဒေါက်တာခင်ချစ် က ပြောကြားသည်။

စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူး က ‘‘ဖေ့စ်ဘွတ်ခ်ထက် တရားဝင် မှတ်ပုံတင်ထားသော စိတ်ချရ သော ဝက်ဘ်ဆိုက်များမှ ဝယ်ယူ ခြင်းက စိတ်ချရနိုင်ကြောင်း ပြော ကြားသည်။ ဖေ့စ်ဘွတ်ခ်က လိမ် လည်ဖို့ အသုံးချတဲ့သူတွေအ တွက် အင်မတန်ကောင်းတဲ့ ကိရိ ယာတစ်ခုဖြစ်ပါတယ်။ ပထမပိုင်း မှာ ဈေးသက်သာမယ်၊ ကောင်း မယ်၊ မြန်မယ်။ နောက်ပိုင်း လွှဲတဲ့ ငွေတွေ များလာလို့ ခြေရာဖျောက် သွားရင် တားဆီးဖို့ခက်ပါတယ်’’ ဟု ဦးဆွေတင့်ကြူးက ပြောကြား သည်။ အဆိုပါအစည်းအဝေးတွင် အွန်လိုင်းပစ္စည်းများအပြင် ဘေး အန္တရာယ်ကင်းရှင်းသော စား သောက်ကုန်များ ထုတ်လုပ်ဖြန့် ချိရေး၊ ပြည်ပသို့ အရည်အသွေး အဆင့်မီသော စားသောက်ကုန် များတင်ပို့ရောင်းချရေး၊ ပြည်ပမှ စံမမီသော စားသောက်ကုန်တင် သွင်းလာမှု တားဆီးရေး အစရှိ သည့်အချက်များကိုပါ ဆွေးနွေးခဲ့ ကြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top