ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

Facebook (လူမႈကြန္ရက္စာမ်က္ႏွာ)ေပၚမွာ သတင္းမွားေတြ ျဖန္႔ေဝေနတဲ့ ႐ိုဟင္ဂ်ာဗီးရွင္း ျမန္မာအပါအဝင္ တရားမဝင္ အြန္လိုင္းမီဒီယာေတြကို ထိထိေရာက္ေရာက္ ကိုင္တြယ္ႏိုင္ဖုိ႔ Facebook ကုမၸဏီတာဝန္ရွိသူေတြနဲ႔ ညႇိႏိႈင္းမႈေတြ ျပဳလုပ္ေနတယ္လို႔ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

“Facebook နဲ႔ညႇိႏိႈင္းမႈေတြ လုပ္ေနပါတယ္။ သတင္းအမွားေတြ လႊင့္တာနဲ႔ပတ္သက္ၿပီး ဘယ္လိုဟိုဘက္ဒီဘက္ေဆာင္႐ြက္လို႔ရမယ္ဆိုတာ ကြၽန္ေတာ္တို႔ ေဆြးေႏြးေနပါတယ္”လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတာေၾကာင့္ အေရးယူေဆာင္႐ြက္မယ့္ ကိစၥေတြကို လက္ရွိအခ်ိန္မွာ မျပဳလုပ္ႏိုင္ေသးဘူးလို႔ သိရပါတယ္။

 ‘႐ိုဟင္ဂ်ာဗီးရွင္းျမန္မာ’ လို႔ နာမည္ေပးထားတဲ့ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး မဟုတ္မမွန္သတင္းေတြကို ထုတ္လႊင့္ေနၿပီး ဒီလိုမီဒီယာေတြကို အေရးယူေဆာင္႐ြက္ႏိုင္ဖုိ႔ ညႇိႏိႈင္းမႈေတြ ေဆာင္႐ြက္ေနတာလို႔ ႏိုင္ငံေတာ္သမၼတ႐ုံးကေန သိရပါတယ္။

လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ သတင္းအမွားေတြ ျဖန္႔ေဝေနတဲ့ မီဒီယာစာရင္းအတိအက်ကို လက္တေလာမသိရေသးဘဲ စာရင္းေကာ က္ယူမႈေတြ ျပဳလုပ္ေနတယ္လို႔ ဦးေဇာ္ေဌးက ေျပာပါတယ္။

Source : The Voice
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
Facebook (လူမှုကွန်ရက်စာမျက်နှာ)ပေါ်မှာ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ ရိုဟင်ဂျာဗီးရှင်း မြန်မာအပါအဝင် တရားမဝင် အွန်လိုင်းမီဒီယာတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ Facebook ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“Facebook နဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ သတင်းအမှားတွေ လွှင့်တာနဲ့ပတ်သက်ပြီး ဘယ်လိုဟိုဘက်ဒီဘက်ဆောင်ရွက်လို့ရမယ်ဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆွေးနွေးမှုတေါ ပြုလုပ်နေတာကြောင့် အရေးယူဆောင်ရွက်မယ့် ကိစ္စတွေကို လက်ရှိအချိန်မှာ မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။

 ‘ရိုဟင်ဂျာဗီးရှင်းမြန်မာ’ လို့ နာမည်ပေးထားတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေကို ထုတ်လွှင့်နေပြီး ဒီလိုမီဒီယာတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတာလို့ နိုင်ငံတော်သမ္မတရုံးကနေ သိရပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းအမှားတွေ ဖြန့်ဝေနေတဲ့ မီဒီယာစာရင်းအတိအကျကို လက်တလောမသိရသေးဘဲ စာရင်းကော က်ယူမှုတွေ ပြုလုပ်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Source : The Voice

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top