Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျမတ္စြာဘုရားရွင္လက္ထပ္တုန္းက သာေကတျမိဳ ႔မွာ “အေနာပမာ” ဆိုတဲ့ သူေဌးသမီးတစ္ဦး ရွိခဲ့ဖူးပါ တယ္။ လွပတဲ့ ရုပ္အဆင္း၊ ေၾကာ႔ရွင္းတဲ့ ခႏၶာကိုယ္ အခ်ိဳးအဆစ္ေတြက ဘယ္သူမွ ႏိႈင္းယွဥ္လို႔ မရေအာင္ ေခ်ာေမာေျပျပစ္ က်က္သေရရွိလြန္းလို႔ သူ႔ကို “အေနာပမာ” လို႔ ေခၚတာပါ။

“ အေနာပမာ” ဆိုတာ “ႏႈိင္းယွဥ္လို႔မရ၊ ႏႈိင္းယွဥ္စရာမရွိ၊ အႏႈိင္းယွဥ္မဲ့၊ အႏႈိင္းမဲ့” လို႔ အဓိပၸာယ္ရပါ တယ္။ ျမန္မာလိုဆိုရင္ သူ႔နာမည္က “အႏႈိင္းမဲ့” ေပါ့။ အႏႈိင္းမဲ့ေလး ၁၆ ႏွစ္အရြယ္ အရြယ္ ေရာက္တယ္ ဆိုရင္ပဲ ဘုရင့္သားေတာ္ေတြ၊ သူေဌးသားေတြ၊ ရာထူးရွိသူ၊ ပိုက္ဆံရွိသူေတြက ဖခင္ျဖစ္သူ မဇၥ်သူေဌးၾကီး ဆီကုိ ကိုယ္စားလွယ္ေတြ လႊတ္ျပီး အျပိဳင္အဆိုင္ သမီးေတာင္းၾကပါေတာ့တယ္။ “သူေဌးၾကီး…၊ သင့္သမီး အေနာပမာေလးကုိ ကၽြႏု္ပ္ကုိေပးပါ၊ ကၽြႏု္ပ္က သင္သူေဌးၾကီးကုိ ေရႊဘယ္ႏွပိႆာေပးပါ့မယ္။”

“သင့္သမီး အႏႈိင္းမဲ့ေလးဟာ ကၽြႏု္ပ္နဲ႔ပဲ ထုိက္တန္ပါတယ္၊ သင့္ကုိ စိန္ ဘယ္ႏွတင္းေပးမယ္ေလ” “အႏႈိင္းမဲ့ေလးအတြက္ဆိုရင္ ပတၱျမား၊ ေက်ာက္စိမ္း၊ ပုလဲ၊ သႏၲာ၊ နီလာ၊ ျမ ကၽြႏ္ုပ္မွာ ရွိသမွ် ေက်ာက္ မ်က္ ရတနာေတြ အကုန္ပံုေပးပါ့မယ္၊ အႏႈိင္းမဲ့ေလးကုိ ပုိင္ဆုိင္ခြင့္ရရင္ ေက်နပ္ပါျပီ”

“သင့္သမီး အႏႈိင္းမဲ့ကုိ ရုပ္လကၡဏာ နားလည္သူ ရာျဖတ္ေတြနဲ႔ တန္ဖိုးျဖတ္လိုက္ပါ ၊ ရာျဖတ္ေတြ ျဖတ္တဲ့ တန္ဖိုးထက္ ရွစ္ဆေပးျပီး အႏႈိင္းမဲ့ကုိ ယူပါမယ္” “ဆယ့္ေျခာက္ဆ ေပးမယ္” “သံုးဆယ့္ႏွစ္ဆ ေပးမယ္”

အႏႈိင္းမဲ့ေလးဟာ ကုိယ့္ကုိ လိုခ်င္တပ္မက္ သူေတြရဲ ႔ တန္ဖိုးျဖတ္ေတာင္း ဆုိသံေတြကုိ ၾကားရတဲ့ အခါ “ငါ ေတာ္ေတာ္ တန္ဖိုးၾကီးပါလား”လို႔ မာနစိတ္ လံုး၀မျဖစ္ဘဲ “ ငါတန္ဖိုးျဖတ္ခံေနရပါလား” လို႔ သံေ၀ဂစိတ္ေတြပဲ တဖြား ဖြား ျဖစ္လာပါတယ္။ “အို … ၾကည့္စမ္း….၊ ငါ့ကို တန္ဖိုးျဖတ္ေနလိုက္ ၾက တာ…၊ ဘယ္သူက ေရႊဘယ္ႏွပိႆာေပးမယ္၊ ဘယ္သူက စိတ္ဘယ္ႏွတင္း ေပးမယ္နဲ႔၊ ဘယ္သူက ရွစ္ဆေပးမယ္၊ ဘယ္သူက ဆယ္ေျခာက္ဆ ေပးမယ္နဲ႔” “သူတို႔က ငါ့ရဲ ႔ ခႏၶာကုိ ပစၥည္းဥစၥာနဲ႔ တန္ဖိုးျဖတ္ေနၾကတာ …၊ ဟင့္အင္း…၊ ငါ့ရဲ ႔ ခႏၶာကုိ ပစၥည္းဥစၥာနဲ႔ လံုး၀ တန္ဖိုးျဖတ္မခံႏုိင္ဘူး၊ ဘုရားပြင့္လို႔ တရားပြင့္ေနတဲ့ အခုလိုအခ်ိန္မွာ ငါ့ရဲ ႔ ခႏၶာကုိ တရားဓမၼနဲ႔ပဲ တန္ဖိုးအျဖတ္ခံမယ္” “အိမ္ေထာင္ျပဳတဲ့အလုပ္ကုိ ငါလံုး၀ စိတ္မ၀င္စားဘူး၊ ငါလံုး၀ အိမ္ေထာင္မျပဳခ်င္ဘူး၊ အိမ္ရာ တည္ေတာင္ လူ႔ေဘာင္မွာလည္း ငါလံုး၀မေနခ်င္ဘူး ။

အို ….ငါ ဘုရားဆီသြားျပီး တရားနာတာပဲ ေကာင္းတယ္” တရားနားရင္း တရားအားထုတ္လုိက္တာ ပါရမီဉာဏ္ ရင့္က်က္ခ်ိန္နဲ႔ တိုက္ဆိုင္သြားတဲ့ အတြက္ အႏႈိင္းမဲ့ေလး အနာဂါမ္ျဖစ္သြားပါတယ္။

တရားပြဲအျပီးမွာ ျမတ္စြာဘုရားထံခြင့္ေတာင္းျပီး ရဟန္းမ (ဘိကၡဴနီမ) ျပဳ ၊ဆက္တရားအားထုတ္လုိက္တာ ခုႏွစ္ရက္ေျမာက္ေန႔မွာ ရဟႏၲာ ျဖစ္သြားခဲ့ ပါ တယ္။

“ကၽြႏု္ပ္ကို သင့္ရဲ ႔ သမီးေပးပါ၊ သင့္ကုိ ဒါေတြ ဒါေတြ ေပးပါ့မယ္” ၾကည့္စမ္းပါဦး…၊ လူကုိမ်ား ကုန္ပစၥည္းတစ္ခုလို ၀ယ္ယူေနလိုက္ၾကတာ..။ “သင့္သမီး ဘယ္ေလာက္တန္သလဲ၊ ရာျဖတ္ေတြနဲ႔ တန္ဖိုးျဖတ္လိုက္ပါ၊ တန္ေၾကးထက္ ရွစ္ဆေပးမယ္” “ဆယ့္ေျခာက္ဆေပးမယ္” “သံုးဆယ့္ႏွစ္ဆေပးမယ္” ၾကည့္စမ္းပါဦး…၊ လူကုိမ်ား ေလလံဆြဲသလို ဆြဲေနလိုက္ၾကတာ။ ကိုယ့္ကုိ ကုန္ပစၥည္းတစ္ခုလို သေဘာထားျပီး ၀ယ္ယူေနလိုက္ၾကတာ၊ ေလလံဆြဲသလို ေစ်းျပိဳင္ေပးေနၾကတာ ရွက္ တတ္ရင္ ေနရာမွာတြင္ လဲေသလိုက္ဖို႔ ေကာင္းပါတယ္။ ဒါေပမဲ့ အမ်ား စုက ေတာ့ မရွက္တတ္ၾကပါဘူး။ ဘယ္သူေစ်းပိုေပးႏုိင္မလဲ ဆိုတာကုိပဲ စိတ္၀င္စား ေနၾကတာမ်ားပါတယ္။ စိန္ဘယ္ႏွဆင္စာ တင္ေတာင္းတယ္၊ သိန္းဘယ္ႏွရာတင္ေတာင္းတယ္ ဆိုတာေတြက ကုိယ့္ကုိ ကုန္ပစၥည္း တစ္ခုလို သေဘာထားျပီး တန္ဖိုးျဖတ္ ၀ယ္ယူ လိုက္တာပါ။ ■ မိဘေတြက ဘယ္ေလာက္ တင္ေတာင္းမွ လက္ခံႏုိင္မယ္၊ ဘာနဲ႔ တင္ေတာင္းမွ သေဘာတူ ႏုိင္မယ္လို႔ ေျပာတာဟာလည္း ကုိယ့္သားသမီးကုိ ကုန္ပစၥည္း တစ္ခုလို သေဘာထားျပီး တန္ဖိုးျဖတ္ ေရာင္းခ်ေနတာပါပဲ။

အႏႈိင္းမဲ့ေလးကေတာ့ ပါရမီဓာတ္ခံ ရင့္သန္ေနသူျဖစ္တဲ့အတြက္ ဘယ္ေလာက္ ခ်မ္းသာၾကြယ္၀တဲ့ သူက တင္ေတာင္းေတာင္း၊ ဘယ္ေလာက္ အရွိန္အ၀ါၾကီးမားတဲ့သူက ေစ်းေခၚေခၚ၊ လံုး၀ မတုန္လႈပ္ပါဘူး။ ကိုယ့္ကုိ ေရာင္းကုန္တစ္ခုအျဖစ္ သတ္မွတ္တာကုိ အရွက္ၾကီးရွက္ပါတယ္။ လဲေတာ့ မေသခ်င္ပါဘူး။ ရဟန္းျပဳျပီး တရားပဲ အားထုတ္ခ်င္ပါတယ္။ ကုိယ့္ကုိ လိုခ်င္သူေတြ ေစ်းျပိဳင္စနစ္နဲ႔ ေလလံဆြဲျပီး အေဖ့ဆီ စကားကမ္း လွမ္းၾကတာကုိ ၾကားတဲ့အတြက္ သံေ၀ဂရျပီး ရဟန္းျပဳျဖစ္သြားတာမို႔ အျပိဳင္ အဆိုင္ ေစ်းေခၚၾကတဲ့ ေမာင္မင္းၾကီးသား ေတြကုိ ေက်းဇူးရွင္ေတြအျဖစ္ ေက်းဇူးေတာင္ တင္ရပါဦးမယ္။ သူတို႔ကသာ အိမ္ေထာင္ျပဳဖို႔ စကားမကမ္း လွမ္းေသးရင္၊ ရဟန္းျပဳခ်င္စိတ္ ျဖစ္ခ်င္မွ ျဖစ္ဦးမွာေလ။

ပါရမီဓာတ္ခံရင့္သန္တဲ့သူမ်ားၾကေတာ့ “အိမ္ေထာင္ျပဳရေတာ့မွာပါလား” ဆိုတဲ့ အသိ၀င္တာနဲ႔ တစ္ျပိဳင္နက္ သံေ၀ဂေတြရျပီး ရဟန္းျပဳခ်င္တဲ့စိတ္၊ တရားကုိပဲ ေဇာက္ခ်အားထုတ္ခ်င္တဲ့ စိတ္ေတြ ျဖစ္သြားပါတယ္။ “ကာမဂုဏ္ ခံစားရေတာ့မွာပါလား” လို႔ ၀မ္းမသာဘဲ “အိမ္ေထာင္က်” - ဆိုတဲ့အတုိင္း “ အိမ္” ဆိုတဲ့ လြတ္ရက္မရွိတဲ့ “ ေထာင္” ထဲ “က်” ေတာ့မွာပါလား လို႔ ၀မ္း နည္းသြားပါတယ္။

ကုိယ့္ကုိယ္ကုိယ္ တန္ဖိုးျဖတ္တဲ့ေနရာမွာ “တန္ဖုိးျဖတ္ ရတဲ့ အရာနဲ႔ တန္ဖိုးျဖတ္တာရယ္” ၊ “တန္ဖိုး ျဖတ္မရတဲ႔အရာနဲ႔ တန္ဖုိးျဖတ္ တာရယ္” လို႔ ႏွစ္မ်ိဳးရွိပါတယ္။

ကာမဂုဏ္ခ်မ္းသာနဲ႔ တန္ဖိုး ျဖတ္တာဟာ တန္ဖိုးျဖတ္ရတဲ့အရာနဲ႔ တန္ဖိုးျဖတ္တာပါ။ တရားဓမၼခ်မ္းသာနဲ႔ တန္ဖိုးျဖတ္တာဟာ တန္ဖိုးျဖတ္မရတဲ့အရာနဲ႔ တန္ဖိုးျဖတ္တာပါ။ ကာမဂုဏ္ခ်မ္းသာဆုိတာ လူတကာခံစားေနတဲ့ ခ်မ္းသာမို႔ တန္ဖိုးျဖတ္မရတဲ့အရာ မဟုတ္ပါဘူး။ လူရယ္လို႔ျဖစ္လာရင္ အရြယ္ေရာက္တာနဲ႔ အိမ္ေထာင္ျပဳျပီး ကာမဂုဏ္ ခ်မ္းသာခံစားၾကတာပါပဲ။ ဒါ ေလာကသဘာ၀၊ ဒါ ေလာကဓမၼတာလို႔လည္း အျမဲေျပာေနၾကတာပဲေလ။ သူသူကုိယ္ကုိယ္ လူတုိင္းလုပ္ေနၾကတဲ့ အစဥ္အလာ လုပ္ရိုးလုပ္စဥ္အလုပ္မို႔ ကာမဂုဏ္ခ်မ္းသာ ခံစားတဲ့အလုပ္ဟာ တန္ဖုိးျဖတ္မရတဲ့ အလုပ္မဟုတ္ပါဘူး။ ျပီးေတာ့ ကာမဂုဏ္ခ်မ္းသာဆိုတာ လူ႔အဆင့္မ်ိဳးစံု၊ လူ႔အတန္းအစားမ်ိဳးစံု ခံစားေနတဲ့ခ်မ္းသာပါ။

♦ မေကာင္းမႈဒုစရုိက္က်ဴးလြန္ေနၾကသူေတြလည္း ကာမဂုဏ္ ခံစားၾကတာပါပဲ။
♦ တစ္ကုိယ္ေကာင္းဆန္တဲ့သူ၊
♦ အတၱၾကီးတဲ့သူ၊
♦ သူတစ္ပါးကုိ ဒုကၡေပးေနတဲ့သူေတြလည္း ကာမဂုဏ္ ခံစားၾကတာပါပဲ။ ကုိယ္ရည္ကုိယ္ေသြး အဆင့္နိမ့္တဲ့သူေတြလည္း ခံစားေနၾကတဲ့ ခ်မ္းသာမို႔ ကာမဂုဏ္ခ်မ္းသာဟာ တန္ဖိုးျဖတ္မရတဲ့ အရာ မဟုတ္ပါဘူး။
♦ လူတကာတြင္လားဆုိေတာ့ မဟုတ္ပါဘူး၊ တိရစၧာန္တကာလည္း ကာမဂုဏ္ခ်မ္းသာ ခံစားၾကတာ ပါပဲ။ ေခြးေတြလည္း ကာမဂုဏ္ခံစား ၾက၊ ေလာက္ေတြလည္း ကာမဂုဏ္ခံစားၾက၊ ေခြးအစ ေလာက္အဆံုး တစ္ေလာကလံုး ရွိရွိသမွ် တိရစၧာန္ေတြ ခံစားေနၾကတဲ့ ကာမဂုဏ္ခ်မ္းသာမ်ိဳးု ကိုပဲ လူေတြ ခံစားေနၾကတာဆိုေတာ့ ကာမဂုဏ္ခ်မ္းသာကုိ တန္ဖိုးျဖတ္မရ တဲ့အရာေတြ ဘယ္လိုမွ ေျပာလို႔မရပါဘူး။ အမြမ္းအမံ အေဆာင္ အေယာင္ေတြ ဘယ္ေလာက္ပဲ ခမ္းနားခမ္းနား အေျခခံသေဘာကေတာ့ ဒါ-ဒါပါပဲ။ တိရစၧာန္လည္း ဒါပါပဲ။ လူလည္း ဒါပါပဲ။ အဓိက ကာမဂုဏ္ ခံစားေနတဲ့ေနရာမွာ တိရစၧာန္နဲ႔လူ ဘာမ်ား ထူးတာမွတ္လို႔။ အတူတူပါ ပဲ။ ျပီးေတာ့ ကာမဂုဏ္ခ်မ္းသာဆိုတာ တစ္သံသရာလံုး အၾကိမ္ၾကိမ္ ခံစားဖူးတဲ့ခ်မ္းသာပါ။ ♦ လူ႔ျပည္၊ နတ္ျပည္၊ သုဂတိဘ၀ေတြမွာလည္း ခံစားခဲ့ဖူးပါတယ္။ ♦ တိရစၧာန္၊ ျပိတၱာ၊ ဒုဂၢတိဘ၀ေတြမွာလည္း ခံစားခဲ့ ဖူးပါတယ္။ အစမထင္ သံသရာမွာ အၾကိမ္ေပါင္း မ်ားစြာေတာင္ မဟုတ္ ပါဘူး……. ဘ၀ေပါင္းမ်ားစြာ ဖန္တစ္ရာေတေအာင္ ခံစားခဲ့ဖူးတဲ့ ခ်မ္းသာမို႔ ……အထူးအဆန္းမဟုတ္ေတာ့တဲ့၊ ရုိးေနျပီျဖစ္တဲ့ ကာမဂုဏ္ခ်မ္းသာဟာ တန္ဖိုးျဖတ္ မရတဲ႔အရာမဟုတ္ပါဘူး။

တရားဓမၼခ်မ္းသာကေတာ့ လူတကာခံစားႏုိင္တဲ့ ခ်မ္းသာမဟုတ္ပါဘူး။

♦ ပါရမီဓာတ္ခံ ရင့္သန္တဲ့သူေတြ၊
♦ စိတ္ထားျမင့္ျမတ္တဲ့ သူေတာ္ေကာင္းေတြသာ ခံစားႏုိင္တဲ့ခ်မ္းသာပါ။ လူ႔အဆင့္အတန္း မ်ိဳးစံုလည္း ခံစားလို႔ မရပါဘူး။
♦ မေကာင္းမႈဒုစရုိက္ ေရွာင္ၾကဥ္တဲ့သူေတြ၊
♦ တစ္ကုိယ္ေကာင္းမဆန္၊
♦ အတၱမၾကီး၊
♦ သူတစ္ပါးကုိ ဒုကၡမေပးခ်င္တဲ့သူေတြပဲ ခံစားလို႔ ရပါတယ္။ ကုိယ္ရည္ကိုယ္ေသြး အဆင့္ျမင့္တဲ့ လူေတြမွ ခံစားႏုိင္တဲ့ ခ်မ္းသာမို႔ တရားဓမၼခ်မ္းသာဟာ တန္ဖုိးျဖတ္မရတဲ့အရာပါ။ ျပီးေတာ့ တရားဓမၼ ခ်မ္းသာက တိရစၧာန္ေတြလည္း ခံစားလို႔မရပါဘူး။ ရွားရွားပါးပါး တိရစၧာန္ တခ်ိဳ ႔ တရားအသံမွာ စိတ္ၾကည္ႏူးရံုေလာက္ပဲ ရွိပါတယ္။ ဒါလည္း မရွိသေလာက္ပါပဲ။ အသိဉာဏ္ျမင့္မားတဲ့လူေတြ၊ နတ္ေတြပဲ ခံစားခြင့္ရွိတဲ့ ခ်မ္းသာမို႔ တရားဓမၼခ်မ္းသာဟာ တန္ဖိုးျဖတ္မရတဲ့အရာပါ။ (ကာမဂုဏ္ခ်မ္းသာနဲ႔ ယွဥ္ေျပာတာမို႔ ျဗဟၼာကုိ ခ်န္ခဲ့ပါတယ္။ ျဗဟၼာက ကာမနယ္က မဟုတ္လို႔ပါ။) ျပီးေတာ့ တရားဓမၼခ်မ္းသာက တစ္သံသရာလံုး အၾကိမ္ၾကိမ္အခါခါ ခံစားခဲ့ဖူးတဲ့ခ်မ္းသာ မဟုတ္ပါဘူး။ ပညာရွိသူေတာ္ေကာင္းေတြ၊ ရေသ့ရဟန္း၊ ပေစၥကဗုဒၶါအရွင္ျမတ္ေတြနဲ႔ ဆံုေတြ႔ခြင့္ရတဲ့ ဘ၀မ်ိဳးမွာပဲ ခံစားခြင့္ရတာပါ။

♦ ဒါေတာင္ ကိုယ္ကလည္းက်င့္ဦးမွ။ အခုလို “သာသနာတြင္း တရားဓမၼခ်မ္းသာ” ဆိုတာကေတာ့ ဘုရားသာသနာနဲ႔ေတြ႔မွပဲ ခံစားခြင့္ရပါတယ္။ ဘုရားသာသနာနဲ႔ ေတြ႔ဖုိ႔ ဘယ္ေလာက္ ခက္ခဲတယ္ဆိုတာကေတာ့ အထူးေျပာေနစရာ မလိုေတာ့ပါဘူး။

တရားဓမၼခ်မ္းသာေတြထဲက….အထူးသျဖင့္…. နိဗၺာန္ခ်မ္းသာဆိုတာ တစ္သံသရာလံုး လံုး၀ကုိ မခံစားခဲ့ဖူးတဲ့ ခ်မ္းသာပါ။ ဘုရားအေလာင္းေတာ္ေတြေတာင္ ပါရမီျဖည့္စဥ္ သံသရာမွာ နိဗၺာန္ခ်မ္းသာ ကုိ လံုး၀မခံစားဖူးပါဘူး။ ဘုရားျဖစ္တဲ့ဘ၀က်မွ ခံစားခြင့္ရတာပါ။ ေအာက္ ထစ္ဆံုး ေသာတာပန္အရိယာျဖစ္မွ နိဗၺာန္ခ်မ္းသာကုိ ခံစားခြင့္ရွိပါတယ္။ ပါရမီဆိုတာ ပုထုဇဥ္ဘ၀နဲ႔ပဲ ျဖည့္ရတာပါ။ အႏႈိင္းမဲ့ေလးက ကုိယ့္ဘ၀ကိုယ္ ကာမဂုဏ္ခ်မ္းသာနဲ႔ တန္ဖုိးမျဖတ္ပါဘူး။ တရားဓမၼခ်မ္းသာနဲ႔ပဲ တန္ဖုိးျဖတ္ ပါတယ္။ ကာမဂုဏ္ခ်မ္းသာက သူလိုုကုိယ္လို စီးပြားရွာႏုိင္ရံုနဲ႔ ခံစားလို႔ ရပါတယ္။ တခ်ိဳ႕ စီးပြားမရွာဘဲေတာင္ ခံစားေနတာပါ။ တရားဓမၼခ်မ္းသာက စီးပြားရွာႏိုင္ရံုနဲ႔ ခံစားလို႔ မရပါဘူး။ ကာမဂုဏ္ခ်မ္းသာက ျမင့္ျမတ္တဲ့ အက်င့္နဲ႔ တည္ေဆာက္ယူစရာမလိုပါဘူး။ တရားဓမၼခ်မ္းသာက ျမင့္ျမတ္တဲ့ အက်င့္နဲ႔မွ တည္ေဆာက္ယူလို႔ ရပါတယ္။

တရားဓမၼခ်မ္းသာကုိ ျမင့္ျမတ္တဲ့အက်င့္နဲ႔ တည္ေဆာက္ယူဖို႔အတြက္ အႏႈိင္းမဲ့ေလး အိမ္ေထာင္ ျပဳတဲ့အလုပ္ကုိ စြန္႔လႊတ္ျပီး ရဟန္းျပဳတဲ့အလုပ္ ကုိ ေရြးခ်ယ္လိုက္တာပါ။ ရုပ္ရည္၊ ဥစၥာ ျပည့္စံုပါလ်က္ လူတကာမက္တဲ႔ ကာမဂုဏ္ခ်မ္းသာကို စြန္႔လႊတ္ႏိုင္တာ ၾကည္ညိဳစရာ ေကာင္းလွပါတယ္။ ရခဲတဲ့ လူ႔ဘ၀ကုိရခိုက္၊ ေတြ႔ခဲတဲ့ တရားဓမၼကုိေတြ႔ခုိက္၊ ကုိယ့္ဘ၀ကိုယ္ ဘာနဲ႔ တန္ဖိုးျဖတ္မလဲ ဆိုတာကေတာ့ ကိုယ္ကုိယ္တုိင္ စဥ္းစားဆံုးျဖတ္ရမွာ ပါပဲ။ ေက်ာက္မ်က္ရတနာနဲ႔ တန္ဖိုးျဖတ္တာရယ္၊ ဓမၼရတနာနဲ႔ တန္ဖုိးျဖတ္တာရယ္လို႔ တန္ဖုိးျဖတ္ျခင္းကေတာ့ ႏွစ္မ်ိဳးရွိပါတယ္။

(၃) “သင့္ရဲ ႔ သမီး ကၽြႏု္ပ္ကုိေပးပါ။ သင့္ကုိ ကၽြႏ္ုပ္ ဒီေလာက္ ေပးပ့ါမယ္” ဆိုတဲ့ ေတာင္းရမ္းစကားနဲ႔ ပတ္သက္ျပီး ေျပာခ်င္တာက …..

♦ အိမ္ေထာင္ေရးကို ေငြေၾကးနဲ႔ တန္ဖိုးမျဖတ္ပါနဲ႔။
♦ အခ်စ္နဲ႔ပဲ တန္ဖုိးျဖတ္ပါ။
♦ အိမ္ေထာင္က်ခါစ မခ်မ္းသာေပမယ့္ ေမာင္တစ္ထမ္းမယ္တစ္ရြက္နဲ႔ ၾကိဳးစားလိုက္ရင္ ခ်မ္းသာလာႏုိင္ပါတယ္။
♦ ေငြေၾကးမခ်မ္းသာလည္း အေရးမၾကီးပါဘူး။ စိတ္ခ်မ္းသာဖို႔က အဓိကပါပဲ။ ♦ အခ်စ္မပါတဲ့ အိမ္ေထာင္ေရးက ဘယ္လိုနည္းနဲ႔မွ စိတ္မခ်မ္းသာႏုိင္ပါဘူး။ သားသမီးေတြရဲ ႔ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ျပီး မိဘေတြရဲ ႔ ေငြမက္မႈ၊ အဆင့္အတန္းခြဲမႈေၾကာင့္ သားသမီးေတြ စိတ္ဆင္းရဲရ၊ ဘ၀ပ်က္ရတာေတြ အမ်ားၾကီးပါ။

■ “သားသမီးကုိ ဆင္စီးျပီး ျမင္းရံတာပဲ ျမင္ခ်င္တယ္” ဆိုတဲ့ လက္သံုးစကား နဲ႔ ကိုင္ေပါက္ျပီး ခ်မ္းသာၾကြယ္၀သူ၊ အရွိန္အ၀ါရွိသူနဲ႔ ေပးစားလိုက္ကာမွ သားသမီးမွာ “ဆင္နင္းျပီး ျမင္းကန္ခံလုိက္ရတာ” ေတြ မေရမတြက္ႏိုင္ေအာင္ပါပဲ။ ပကာသနမက္ေမာက္မႈကုိ မိဘေမတၱာလို႔ နာမည္တပ္ျပီး အတၱၾကီးလိုက္တာ သားသမီးကို ခ်စ္ရာမေရာက္ဘဲ ႏွစ္ရာေရာက္သြားပါတယ္။ ကာမဂုဏ္ခ်မ္းသာကုိ မစြန္႔ႏိုင္သူေတြအေနနဲ႔ ကာမဂုဏ္ခ်မ္းသာရဲ ႔ တန္ဖုိးျဖတ္မရတဲ႔အရာ မဟုတ္ပံုေတြကုိ ေတြးျပီး စိတ္ညစ္ေနစရာ မလိုပါဘူး။ ကုိယ္က ရဟန္းမျပဳႏိုင္ဘူးဆုိရင္ အိမ္ ေထာင္ျပဳေပါ့။ ရဟန္းျပဳနဲ႔ အိမ္ေထာင္ျပဳလို႔ “ျပဳႏွစ္ျပဳ” ရွိတာဆိုေတာ့ တစ္ျပဳျပဳကုိေတာ့ ေရြးခ်ယ္ရမွာပါပဲ။ ကာမဂုဏ္ခ်မ္းသာ မစြန္႔ႏုိင္လို႔ အိမ္ေထာင္ျပဳလိုက္ရတဲ့သူေတြအေနနဲ႔

■ “အိမ္ေထာင္ဖက္သည္ ပါရမီျဖည့္ဖက္ျဖစ္ရမည္” ဆိုတဲ႔ မူကုိ လက္ကိုင္ထားျပီး ကုသိုလ္ပါရမီေတြ ျဖည့္က်င့္သြားမယ္ဆိုရင္ တန္ဖုိးျဖတ္ရတဲ့ ကာမဂုဏ္ခ်မ္းသာကုိ ခံစားေနရင္းနဲ႔ တန္ဖိုးျဖတ္မရတဲ႔ တရားဓမၼခ်မ္းသာကုိလည္း ခံစားခြင့္ ရမွာပါပဲ။ ပါရမီျဖည့္ဖို႔ဆိုတာ တြန္းအားလိုပါတယ္။ အလိုျပည့္လို႔ေက်နပ္ေနတဲ့ စိတ္ဓာတ္အင္အားဟာ ပါရမီျဖည့္ဖို႔ တြန္းအားပါပဲ။ တြန္းအားမရွိလို႔ ပါရမီ မျဖည့္ျဖစ္တာထက္စာရင္ တြန္းအားရွိလို႔ ပါရမီျဖည့္ျဖစ္တာက ပုိေကာင္းပါတယ္။ ပါရမီျပည့္သြားရင္ တန္ဖုိးျဖတ္မရတဲ႔ နိဗၺာန္ခ်မ္းသာကုိ ရႏုိင္သလို ပါရမီျဖည့္စဥ္မွုာလည္း တန္ဖုိးျဖတ္မရတဲ႔ တရားဓမၼနဲ႔ ယွဥ္တဲ႔ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္မႈကုိ ရေနတာပါပဲ။ သူ႔အခ်ိန္နဲ႔သူ စိတ္ကုိ ျဖတ္ထားခဲ့ပါ။ ကိေလသာျဖစ္ခ်ိန္ နည္းပါေစ။ မလႊဲမေရွာင္သာ ျဖစ္လိုက္ရတဲ႔ ကိေလသာဟာ ပါရမီအတြက္ တြန္းအားျဖစ္ပါေစ။ ေနာက္ဆံုးေတာ့ အိမ္ေထာင္ျပဳသူကိုေရာ၊ အိမ္ေထာင္မျပဳသူကုိပါ “ ပရဟိတ” နဲ႔ တန္ဖုိးျဖတ္ရမွာပါပဲ။ အိမ္ေထာင္ျပဳသူပဲျဖစ္ျဖစ္၊ အိမ္ေထာင္မျပဳသူပဲျဖစ္ျဖစ္ အမ်ားေကာင္းက်ိဳးျပဳ ပရဟိတ အလုပ္ေတြကုိ စြမ္းႏုိင္သမွ် လုပ္ရပါမယ္။ ပရဟိတ လုပ္ေနတာဟာ ကုသိုလ္ျပဳေနတာပါ၊ ပါရမီျဖည့္ေနတာပါ။ ပရဟိတ၊ ကုသိုလ္နဲ႔ ပါရမီဆိုတာ စကားလံုးကြဲျပားေပမယ့္ အႏွစ္သာရကေတာ့ အတူတူပါပဲ။ ဒါေၾကာင့္ လက္ေတြ႔က်တဲ႔ စကားလံုး၊ ေလာေလာဆယ္ ေရပန္းစားေနတဲ့ စကားလံုးနဲ႔ေျပာရရင္ “ပရဟိတ”နဲ႔ တန္ဖုိးျဖတ္တာဟာ ကိုယ့္ကုိယ္ကို တန္ဖုိးျဖတ္မရတဲ႔ အရာနဲ႔ တန္ဖိုးျဖတ္တာပါပဲ။ ပရဟိတ မ်ားမ်ားလုပ္ေလ ကုိယ္ဟာ တန္ဖိုးျဖတ္မရေအာင္ တန္ဖုိးၾုကီးမားေလ ျဖစ္သြားပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Akar hyoe တရားေတာ္မ်ား

#Unicode Version#
မြတ်စွာဘုရားရှင်လက်ထပ်တုန်းက သာကေတမြို့မှာ “အနောပမာ” ဆိုတဲ့ သူဌေးသမီးတစ်ဦး ရှိခဲ့ဖူးပါ တယ်။ လှပတဲ့ ရုပ်အဆင်း၊ ကြော့ရှင်းတဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေက ဘယ်သူမှ နှိုင်းယှဉ်လို့ မရအောင် ချောမောပြေပြစ် ကျက်သရေရှိလွန်းလို့ သူ့ကို “အနောပမာ” လို့ ခေါ်တာပါ။

“ အနောပမာ” ဆိုတာ “နှိုင်းယှဉ်လို့မရ၊ နှိုင်းယှဉ်စရာမရှိ၊ အနှိုင်းယှဉ်မဲ့၊ အနှိုင်းမဲ့” လို့ အဓိပ္ပာယ်ရပါ တယ်။ မြန်မာလိုဆိုရင် သူ့နာမည်က “အနှိုင်းမဲ့” ပေါ့။ အနှိုင်းမဲ့လေး ၁၆ နှစ်အရွယ် အရွယ် ရောက်တယ် ဆိုရင်ပဲ ဘုရင့်သားတော်တွေ၊ သူဌေးသားတွေ၊ ရာထူးရှိသူ၊ ပိုက်ဆံရှိသူတွေက ဖခင်ဖြစ်သူ မဇ္ဈသူဌေးကြီး ဆီကို ကိုယ်စားလှယ်တွေ လွှတ်ပြီး အပြိုင်အဆိုင် သမီးတောင်းကြပါတော့တယ်။ “သူဌေးကြီး…၊ သင့်သမီး အနောပမာလေးကို ကျွနု်ပ်ကိုပေးပါ၊ ကျွနု်ပ်က သင်သူဌေးကြီးကို ရွှေဘယ်နှပိဿာပေးပါ့မယ်။”

“သင့်သမီး အနှိုင်းမဲ့လေးဟာ ကျွနု်ပ်နဲ့ပဲ ထိုက်တန်ပါတယ်၊ သင့်ကို စိန် ဘယ်နှတင်းပေးမယ်လေ” “အနှိုင်းမဲ့လေးအတွက်ဆိုရင် ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲ၊ သန္တာ၊ နီလာ၊ မြ ကျွန်ုပ်မှာ ရှိသမျှ ကျောက် မျက် ရတနာတွေ အကုန်ပုံပေးပါ့မယ်၊ အနှိုင်းမဲ့လေးကို ပိုင်ဆိုင်ခွင့်ရရင် ကျေနပ်ပါပြီ”

“သင့်သမီး အနှိုင်းမဲ့ကို ရုပ်လက္ခဏာ နားလည်သူ ရာဖြတ်တွေနဲ့ တန်ဖိုးဖြတ်လိုက်ပါ ၊ ရာဖြတ်တွေ ဖြတ်တဲ့ တန်ဖိုးထက် ရှစ်ဆပေးပြီး အနှိုင်းမဲ့ကို ယူပါမယ်” “ဆယ့်ခြောက်ဆ ပေးမယ်” “သုံးဆယ့်နှစ်ဆ ပေးမယ်”

အနှိုင်းမဲ့လေးဟာ ကိုယ့်ကို လိုချင်တပ်မက် သူတွေရဲ့ တန်ဖိုးဖြတ်တောင်း ဆိုသံတွေကို ကြားရတဲ့ အခါ “ငါ တော်တော် တန်ဖိုးကြီးပါလား”လို့ မာနစိတ် လုံးဝမဖြစ်ဘဲ “ ငါတန်ဖိုးဖြတ်ခံနေရပါလား” လို့ သံဝေဂစိတ်တွေပဲ တဖွား ဖွား ဖြစ်လာပါတယ်။ “အို … ကြည့်စမ်း….၊ ငါ့ကို တန်ဖိုးဖြတ်နေလိုက် ကြ တာ…၊ ဘယ်သူက ရွှေဘယ်နှပိဿာပေးမယ်၊ ဘယ်သူက စိတ်ဘယ်နှတင်း ပေးမယ်နဲ့၊ ဘယ်သူက ရှစ်ဆပေးမယ်၊ ဘယ်သူက ဆယ်ခြောက်ဆ ပေးမယ်နဲ့” “သူတို့က ငါ့ရဲ့ ခန္ဓာကို ပစ္စည်းဥစ္စာနဲ့ တန်ဖိုးဖြတ်နေကြတာ …၊ ဟင့်အင်း…၊ ငါ့ရဲ့ ခန္ဓာကို ပစ္စည်းဥစ္စာနဲ့ လုံး၀ တန်ဖိုးဖြတ်မခံနိုင်ဘူး၊ ဘုရားပွင့်လို့ တရားပွင့်နေတဲ့ အခုလိုအချိန်မှာ ငါ့ရဲ့ ခန္ဓာကို တရားဓမ္မနဲ့ပဲ တန်ဖိုးအဖြတ်ခံမယ်” “အိမ်ထောင်ပြုတဲ့အလုပ်ကို ငါလုံး၀ စိတ်မဝင်စားဘူး၊ ငါလုံး၀ အိမ်ထောင်မပြုချင်ဘူး၊ အိမ်ရာ တည်တောင် လူ့ဘောင်မှာလည်း ငါလုံးဝမနေချင်ဘူး ။

အို ….ငါ ဘုရားဆီသွားပြီး တရားနာတာပဲ ကောင်းတယ်” တရားနားရင်း တရားအားထုတ်လိုက်တာ ပါရမီဉာဏ် ရင့်ကျက်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့ အတွက် အနှိုင်းမဲ့လေး အနာဂါမ်ဖြစ်သွားပါတယ်။

တရားပွဲအပြီးမှာ မြတ်စွာဘုရားထံခွင့်တောင်းပြီး ရဟန်းမ (ဘိက္ခူနီမ) ပြု ၊ဆက်တရားအားထုတ်လိုက်တာ ခုနှစ်ရက်မြောက်နေ့မှာ ရဟန္တာ ဖြစ်သွားခဲ့ ပါ တယ်။

“ကျွနု်ပ်ကို သင့်ရဲ့ သမီးပေးပါ၊ သင့်ကို ဒါတွေ ဒါတွေ ပေးပါ့မယ်” ကြည့်စမ်းပါဦး…၊ လူကိုများ ကုန်ပစ္စည်းတစ်ခုလို ဝယ်ယူနေလိုက်ကြတာ..။ “သင့်သမီး ဘယ်လောက်တန်သလဲ၊ ရာဖြတ်တွေနဲ့ တန်ဖိုးဖြတ်လိုက်ပါ၊ တန်ကြေးထက် ရှစ်ဆပေးမယ်” “ဆယ့်ခြောက်ဆပေးမယ်” “သုံးဆယ့်နှစ်ဆပေးမယ်” ကြည့်စမ်းပါဦး…၊ လူကိုများ လေလံဆွဲသလို ဆွဲနေလိုက်ကြတာ။ ကိုယ့်ကို ကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး ဝယ်ယူနေလိုက်ကြတာ၊ လေလံဆွဲသလို ဈေးပြိုင်ပေးနေကြတာ ရှက် တတ်ရင် နေရာမှာတွင် လဲသေလိုက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အများ စုက တော့ မရှက်တတ်ကြပါဘူး။ ဘယ်သူဈေးပိုပေးနိုင်မလဲ ဆိုတာကိုပဲ စိတ်ဝင်စား နေကြတာများပါတယ်။ စိန်ဘယ်နှဆင်စာ တင်တောင်းတယ်၊ သိန်းဘယ်နှရာတင်တောင်းတယ် ဆိုတာတွေက ကိုယ့်ကို ကုန်ပစ္စည်း တစ်ခုလို သဘောထားပြီး တန်ဖိုးဖြတ် ဝယ်ယူ လိုက်တာပါ။ ■ မိဘတွေက ဘယ်လောက် တင်တောင်းမှ လက်ခံနိုင်မယ်၊ ဘာနဲ့ တင်တောင်းမှ သဘောတူ နိုင်မယ်လို့ ပြောတာဟာလည်း ကိုယ့်သားသမီးကို ကုန်ပစ္စည်း တစ်ခုလို သဘောထားပြီး တန်ဖိုးဖြတ် ရောင်းချနေတာပါပဲ။

အနှိုင်းမဲ့လေးကတော့ ပါရမီဓာတ်ခံ ရင့်သန်နေသူဖြစ်တဲ့အတွက် ဘယ်လောက် ချမ်းသာကြွယ်ဝတဲ့ သူက တင်တောင်းတောင်း၊ ဘယ်လောက် အရှိန်အဝါကြီးမားတဲ့သူက ဈေးခေါ်ခေါ်၊ လုံး၀ မတုန်လှုပ်ပါဘူး။ ကိုယ့်ကို ရောင်းကုန်တစ်ခုအဖြစ် သတ်မှတ်တာကို အရှက်ကြီးရှက်ပါတယ်။ လဲတော့ မသေချင်ပါဘူး။ ရဟန်းပြုပြီး တရားပဲ အားထုတ်ချင်ပါတယ်။ ကိုယ့်ကို လိုချင်သူတွေ ဈေးပြိုင်စနစ်နဲ့ လေလံဆွဲပြီး အဖေ့ဆီ စကားကမ်း လှမ်းကြတာကို ကြားတဲ့အတွက် သံဝေဂရပြီး ရဟန်းပြုဖြစ်သွားတာမို့ အပြိုင် အဆိုင် ဈေးခေါ်ကြတဲ့ မောင်မင်းကြီးသား တွေကို ကျေးဇူးရှင်တွေအဖြစ် ကျေးဇူးတောင် တင်ရပါဦးမယ်။ သူတို့ကသာ အိမ်ထောင်ပြုဖို့ စကားမကမ်း လှမ်းသေးရင်၊ ရဟန်းပြုချင်စိတ် ဖြစ်ချင်မှ ဖြစ်ဦးမှာလေ။

ပါရမီဓာတ်ခံရင့်သန်တဲ့သူများကြတော့ “အိမ်ထောင်ပြုရတော့မှာပါလား” ဆိုတဲ့ အသိဝင်တာနဲ့ တစ်ပြိုင်နက် သံဝေဂတွေရပြီး ရဟန်းပြုချင်တဲ့စိတ်၊ တရားကိုပဲ ဇောက်ချအားထုတ်ချင်တဲ့ စိတ်တွေ ဖြစ်သွားပါတယ်။ “ကာမဂုဏ် ခံစားရတော့မှာပါလား” လို့ ဝမ်းမသာဘဲ “အိမ်ထောင်ကျ” - ဆိုတဲ့အတိုင်း “ အိမ်” ဆိုတဲ့ လွတ်ရက်မရှိတဲ့ “ ထောင်” ထဲ “ကျ” တော့မှာပါလား လို့ ဝမ်း နည်းသွားပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်တဲ့နေရာမှာ “တန်ဖိုးဖြတ် ရတဲ့ အရာနဲ့ တန်ဖိုးဖြတ်တာရယ်” ၊ “တန်ဖိုး ဖြတ်မရတဲ့အရာနဲ့ တန်ဖိုးဖြတ် တာရယ်” လို့ နှစ်မျိုးရှိပါတယ်။

ကာမဂုဏ်ချမ်းသာနဲ့ တန်ဖိုး ဖြတ်တာဟာ တန်ဖိုးဖြတ်ရတဲ့အရာနဲ့ တန်ဖိုးဖြတ်တာပါ။ တရားဓမ္မချမ်းသာနဲ့ တန်ဖိုးဖြတ်တာဟာ တန်ဖိုးဖြတ်မရတဲ့အရာနဲ့ တန်ဖိုးဖြတ်တာပါ။ ကာမဂုဏ်ချမ်းသာဆိုတာ လူတကာခံစားနေတဲ့ ချမ်းသာမို့ တန်ဖိုးဖြတ်မရတဲ့အရာ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုပြီး ကာမဂုဏ် ချမ်းသာခံစားကြတာပါပဲ။ ဒါ လောကသဘာဝ၊ ဒါ လောကဓမ္မတာလို့လည်း အမြဲပြောနေကြတာပဲလေ။ သူသူကိုယ်ကိုယ် လူတိုင်းလုပ်နေကြတဲ့ အစဉ်အလာ လုပ်ရိုးလုပ်စဉ်အလုပ်မို့ ကာမဂုဏ်ချမ်းသာ ခံစားတဲ့အလုပ်ဟာ တန်ဖိုးဖြတ်မရတဲ့ အလုပ်မဟုတ်ပါဘူး။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာ လူ့အဆင့်မျိုးစုံ၊ လူ့အတန်းအစားမျိုးစုံ ခံစားနေတဲ့ချမ်းသာပါ။

♦ မကောင်းမှုဒုစရိုက်ကျူးလွန်နေကြသူတွေလည်း ကာမဂုဏ် ခံစားကြတာပါပဲ။
♦ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊
♦ အတ္တကြီးတဲ့သူ၊
♦ သူတစ်ပါးကို ဒုက္ခပေးနေတဲ့သူတွေလည်း ကာမဂုဏ် ခံစားကြတာပါပဲ။ ကိုယ်ရည်ကိုယ်သွေး အဆင့်နိမ့်တဲ့သူတွေလည်း ခံစားနေကြတဲ့ ချမ်းသာမို့ ကာမဂုဏ်ချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့ အရာ မဟုတ်ပါဘူး။
♦ လူတကာတွင်လားဆိုတော့ မဟုတ်ပါဘူး၊ တိရစ္ဆာန်တကာလည်း ကာမဂုဏ်ချမ်းသာ ခံစားကြတာ ပါပဲ။ ခွေးတွေလည်း ကာမဂုဏ်ခံစား ကြ၊ လောက်တွေလည်း ကာမဂုဏ်ခံစားကြ၊ ခွေးအစ လောက်အဆုံး တစ်လောကလုံး ရှိရှိသမျှ တိရစ္ဆာန်တွေ ခံစားနေကြတဲ့ ကာမဂုဏ်ချမ်းသာမျိုးု ကိုပဲ လူတွေ ခံစားနေကြတာဆိုတော့ ကာမဂုဏ်ချမ်းသာကို တန်ဖိုးဖြတ်မရ တဲ့အရာတွေ ဘယ်လိုမှ ပြောလို့မရပါဘူး။ အမွမ်းအမံ အဆောင် အယောင်တွေ ဘယ်လောက်ပဲ ခမ်းနားခမ်းနား အခြေခံသဘောကတော့ ဒါ-ဒါပါပဲ။ တိရစ္ဆာန်လည်း ဒါပါပဲ။ လူလည်း ဒါပါပဲ။ အဓိက ကာမဂုဏ် ခံစားနေတဲ့နေရာမှာ တိရစ္ဆာန်နဲ့လူ ဘာများ ထူးတာမှတ်လို့။ အတူတူပါ ပဲ။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာ တစ်သံသရာလုံး အကြိမ်ကြိမ် ခံစားဖူးတဲ့ချမ်းသာပါ။ ♦ လူ့ပြည်၊ နတ်ပြည်၊ သုဂတိဘဝတွေမှာလည်း ခံစားခဲ့ဖူးပါတယ်။ ♦ တိရစ္ဆာန်၊ ပြိတ္တာ၊ ဒုဂ္ဂတိဘဝတွေမှာလည်း ခံစားခဲ့ ဖူးပါတယ်။ အစမထင် သံသရာမှာ အကြိမ်ပေါင်း များစွာတောင် မဟုတ် ပါဘူး……. ဘဝပေါင်းများစွာ ဖန်တစ်ရာတေအောင် ခံစားခဲ့ဖူးတဲ့ ချမ်းသာမို့ ……အထူးအဆန်းမဟုတ်တော့တဲ့၊ ရိုးနေပြီဖြစ်တဲ့ ကာမဂုဏ်ချမ်းသာဟာ တန်ဖိုးဖြတ် မရတဲ့အရာမဟုတ်ပါဘူး။

တရားဓမ္မချမ်းသာကတော့ လူတကာခံစားနိုင်တဲ့ ချမ်းသာမဟုတ်ပါဘူး။

♦ ပါရမီဓာတ်ခံ ရင့်သန်တဲ့သူတွေ၊
♦ စိတ်ထားမြင့်မြတ်တဲ့ သူတော်ကောင်းတွေသာ ခံစားနိုင်တဲ့ချမ်းသာပါ။ လူ့အဆင့်အတန်း မျိုးစုံလည်း ခံစားလို့ မရပါဘူး။
♦ မကောင်းမှုဒုစရိုက် ရှောင်ကြဉ်တဲ့သူတွေ၊
♦ တစ်ကိုယ်ကောင်းမဆန်၊
♦ အတ္တမကြီး၊
♦ သူတစ်ပါးကို ဒုက္ခမပေးချင်တဲ့သူတွေပဲ ခံစားလို့ ရပါတယ်။ ကိုယ်ရည်ကိုယ်သွေး အဆင့်မြင့်တဲ့ လူတွေမှ ခံစားနိုင်တဲ့ ချမ်းသာမို့ တရားဓမ္မချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့အရာပါ။ ပြီးတော့ တရားဓမ္မ ချမ်းသာက တိရစ္ဆာန်တွေလည်း ခံစားလို့မရပါဘူး။ ရှားရှားပါးပါး တိရစ္ဆာန် တချို့ တရားအသံမှာ စိတ်ကြည်နူးရုံလောက်ပဲ ရှိပါတယ်။ ဒါလည်း မရှိသလောက်ပါပဲ။ အသိဉာဏ်မြင့်မားတဲ့လူတွေ၊ နတ်တွေပဲ ခံစားခွင့်ရှိတဲ့ ချမ်းသာမို့ တရားဓမ္မချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့အရာပါ။ (ကာမဂုဏ်ချမ်းသာနဲ့ ယှဉ်ပြောတာမို့ ဗြဟ္မာကို ချန်ခဲ့ပါတယ်။ ဗြဟ္မာက ကာမနယ်က မဟုတ်လို့ပါ။) ပြီးတော့ တရားဓမ္မချမ်းသာက တစ်သံသရာလုံး အကြိမ်ကြိမ်အခါခါ ခံစားခဲ့ဖူးတဲ့ချမ်းသာ မဟုတ်ပါဘူး။ ပညာရှိသူတော်ကောင်းတွေ၊ ရသေ့ရဟန်း၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေနဲ့ ဆုံတွေ့ခွင့်ရတဲ့ ဘဝမျိုးမှာပဲ ခံစားခွင့်ရတာပါ။

♦ ဒါတောင် ကိုယ်ကလည်းကျင့်ဦးမှ။ အခုလို “သာသနာတွင်း တရားဓမ္မချမ်းသာ” ဆိုတာကတော့ ဘုရားသာသနာနဲ့တွေ့မှပဲ ခံစားခွင့်ရပါတယ်။ ဘုရားသာသနာနဲ့ တွေ့ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာကတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။

တရားဓမ္မချမ်းသာတွေထဲက….အထူးသဖြင့်…. နိဗ္ဗာန်ချမ်းသာဆိုတာ တစ်သံသရာလုံး လုံးဝကို မခံစားခဲ့ဖူးတဲ့ ချမ်းသာပါ။ ဘုရားအလောင်းတော်တွေတောင် ပါရမီဖြည့်စဉ် သံသရာမှာ နိဗ္ဗာန်ချမ်းသာ ကို လုံးဝမခံစားဖူးပါဘူး။ ဘုရားဖြစ်တဲ့ဘဝကျမှ ခံစားခွင့်ရတာပါ။ အောက် ထစ်ဆုံး သောတာပန်အရိယာဖြစ်မှ နိဗ္ဗာန်ချမ်းသာကို ခံစားခွင့်ရှိပါတယ်။ ပါရမီဆိုတာ ပုထုဇဉ်ဘဝနဲ့ပဲ ဖြည့်ရတာပါ။ အနှိုင်းမဲ့လေးက ကိုယ့်ဘဝကိုယ် ကာမဂုဏ်ချမ်းသာနဲ့ တန်ဖိုးမဖြတ်ပါဘူး။ တရားဓမ္မချမ်းသာနဲ့ပဲ တန်ဖိုးဖြတ် ပါတယ်။ ကာမဂုဏ်ချမ်းသာက သူလိုုကိုယ်လို စီးပွားရှာနိုင်ရုံနဲ့ ခံစားလို့ ရပါတယ်။ တချို့ စီးပွားမရှာဘဲတောင် ခံစားနေတာပါ။ တရားဓမ္မချမ်းသာက စီးပွားရှာနိုင်ရုံနဲ့ ခံစားလို့ မရပါဘူး။ ကာမဂုဏ်ချမ်းသာက မြင့်မြတ်တဲ့ အကျင့်နဲ့ တည်ဆောက်ယူစရာမလိုပါဘူး။ တရားဓမ္မချမ်းသာက မြင့်မြတ်တဲ့ အကျင့်နဲ့မှ တည်ဆောက်ယူလို့ ရပါတယ်။

တရားဓမ္မချမ်းသာကို မြင့်မြတ်တဲ့အကျင့်နဲ့ တည်ဆောက်ယူဖို့အတွက် အနှိုင်းမဲ့လေး အိမ်ထောင် ပြုတဲ့အလုပ်ကို စွန့်လွှတ်ပြီး ရဟန်းပြုတဲ့အလုပ် ကို ရွေးချယ်လိုက်တာပါ။ ရုပ်ရည်၊ ဥစ္စာ ပြည့်စုံပါလျက် လူတကာမက်တဲ့ ကာမဂုဏ်ချမ်းသာကို စွန့်လွှတ်နိုင်တာ ကြည်ညိုစရာ ကောင်းလှပါတယ်။ ရခဲတဲ့ လူ့ဘဝကိုရခိုက်၊ တွေ့ခဲတဲ့ တရားဓမ္မကိုတွေ့ခိုက်၊ ကိုယ့်ဘဝကိုယ် ဘာနဲ့ တန်ဖိုးဖြတ်မလဲ ဆိုတာကတော့ ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာ ပါပဲ။ ကျောက်မျက်ရတနာနဲ့ တန်ဖိုးဖြတ်တာရယ်၊ ဓမ္မရတနာနဲ့ တန်ဖိုးဖြတ်တာရယ်လို့ တန်ဖိုးဖြတ်ခြင်းကတော့ နှစ်မျိုးရှိပါတယ်။

(၃) “သင့်ရဲ့ သမီး ကျွနု်ပ်ကိုပေးပါ။ သင့်ကို ကျွန်ုပ် ဒီလောက် ပေးပ့ါမယ်” ဆိုတဲ့ တောင်းရမ်းစကားနဲ့ ပတ်သက်ပြီး ပြောချင်တာက …..

♦ အိမ်ထောင်ရေးကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်ပါနဲ့။
♦ အချစ်နဲ့ပဲ တန်ဖိုးဖြတ်ပါ။
♦ အိမ်ထောင်ကျခါစ မချမ်းသာပေမယ့် မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ ကြိုးစားလိုက်ရင် ချမ်းသာလာနိုင်ပါတယ်။
♦ ငွေကြေးမချမ်းသာလည်း အရေးမကြီးပါဘူး။ စိတ်ချမ်းသာဖို့က အဓိကပါပဲ။ ♦ အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုနည်းနဲ့မှ စိတ်မချမ်းသာနိုင်ပါဘူး။ သားသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ ငွေမက်မှု၊ အဆင့်အတန်းခွဲမှုကြောင့် သားသမီးတွေ စိတ်ဆင်းရဲရ၊ ဘဝပျက်ရတာတွေ အများကြီးပါ။

■ “သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်တယ်” ဆိုတဲ့ လက်သုံးစကား နဲ့ ကိုင်ပေါက်ပြီး ချမ်းသာကြွယ်ဝသူ၊ အရှိန်အဝါရှိသူနဲ့ ပေးစားလိုက်ကာမှ သားသမီးမှာ “ဆင်နင်းပြီး မြင်းကန်ခံလိုက်ရတာ” တွေ မရေမတွက်နိုင်အောင်ပါပဲ။ ပကာသနမက်မောက်မှုကို မိဘမေတ္တာလို့ နာမည်တပ်ပြီး အတ္တကြီးလိုက်တာ သားသမီးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားပါတယ်။ ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်သူတွေအနေနဲ့ ကာမဂုဏ်ချမ်းသာရဲ့ တန်ဖိုးဖြတ်မရတဲ့အရာ မဟုတ်ပုံတွေကို တွေးပြီး စိတ်ညစ်နေစရာ မလိုပါဘူး။ ကိုယ်က ရဟန်းမပြုနိုင်ဘူးဆိုရင် အိမ် ထောင်ပြုပေါ့။ ရဟန်းပြုနဲ့ အိမ်ထောင်ပြုလို့ “ပြုနှစ်ပြု” ရှိတာဆိုတော့ တစ်ပြုပြုကိုတော့ ရွေးချယ်ရမှာပါပဲ။ ကာမဂုဏ်ချမ်းသာ မစွန့်နိုင်လို့ အိမ်ထောင်ပြုလိုက်ရတဲ့သူတွေအနေနဲ့

■ “အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်” ဆိုတဲ့ မူကို လက်ကိုင်ထားပြီး ကုသိုလ်ပါရမီတွေ ဖြည့်ကျင့်သွားမယ်ဆိုရင် တန်ဖိုးဖြတ်ရတဲ့ ကာမဂုဏ်ချမ်းသာကို ခံစားနေရင်းနဲ့ တန်ဖိုးဖြတ်မရတဲ့ တရားဓမ္မချမ်းသာကိုလည်း ခံစားခွင့် ရမှာပါပဲ။ ပါရမီဖြည့်ဖို့ဆိုတာ တွန်းအားလိုပါတယ်။ အလိုပြည့်လို့ကျေနပ်နေတဲ့ စိတ်ဓာတ်အင်အားဟာ ပါရမီဖြည့်ဖို့ တွန်းအားပါပဲ။ တွန်းအားမရှိလို့ ပါရမီ မဖြည့်ဖြစ်တာထက်စာရင် တွန်းအားရှိလို့ ပါရမီဖြည့်ဖြစ်တာက ပိုကောင်းပါတယ်။ ပါရမီပြည့်သွားရင် တန်ဖိုးဖြတ်မရတဲ့ နိဗ္ဗာန်ချမ်းသာကို ရနိုင်သလို ပါရမီဖြည့်စဉ်မှုာလည်း တန်ဖိုးဖြတ်မရတဲ့ တရားဓမ္မနဲ့ ယှဉ်တဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရနေတာပါပဲ။ သူ့အချိန်နဲ့သူ စိတ်ကို ဖြတ်ထားခဲ့ပါ။ ကိလေသာဖြစ်ချိန် နည်းပါစေ။ မလွှဲမရှောင်သာ ဖြစ်လိုက်ရတဲ့ ကိလေသာဟာ ပါရမီအတွက် တွန်းအားဖြစ်ပါစေ။ နောက်ဆုံးတော့ အိမ်ထောင်ပြုသူကိုရော၊ အိမ်ထောင်မပြုသူကိုပါ “ ပရဟိတ” နဲ့ တန်ဖိုးဖြတ်ရမှာပါပဲ။ အိမ်ထောင်ပြုသူပဲဖြစ်ဖြစ်၊ အိမ်ထောင်မပြုသူပဲဖြစ်ဖြစ် အများကောင်းကျိုးပြု ပရဟိတ အလုပ်တွေကို စွမ်းနိုင်သမျှ လုပ်ရပါမယ်။ ပရဟိတ လုပ်နေတာဟာ ကုသိုလ်ပြုနေတာပါ၊ ပါရမီဖြည့်နေတာပါ။ ပရဟိတ၊ ကုသိုလ်နဲ့ ပါရမီဆိုတာ စကားလုံးကွဲပြားပေမယ့် အနှစ်သာရကတော့ အတူတူပါပဲ။ ဒါကြောင့် လက်တွေ့ကျတဲ့ စကားလုံး၊ လောလောဆယ် ရေပန်းစားနေတဲ့ စကားလုံးနဲ့ပြောရရင် “ပရဟိတ”နဲ့ တန်ဖိုးဖြတ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မရတဲ့ အရာနဲ့ တန်ဖိုးဖြတ်တာပါပဲ။ ပရဟိတ များများလုပ်လေ ကိုယ်ဟာ တန်ဖိုးဖြတ်မရအောင် တန်ဖိုးြုကီးမားလေ ဖြစ်သွားပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  Akar hyoe တရားတော်များ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top