Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သမၺဳေဒၶ မေၾကာက္ေသာ သရဲ
၁၃၅၀ ခုႏွစ္ခန္႔က ျဖစ္ပါသည္။ ယၡဳရန္ကုန္တိုင္း ေရႊျပည္သာျမိဳ႕(၆) ၁၃ ရပ္ကြက္မွ ေဒၚတင္တစ္ေယာက္ -----ျမိဳ႕ ေဆးရံုၾကီး၏ အေရးေပၚခန္း တြင္ေရာက္လ်က္ ရွိသည္၊ ေရာဂါက

အမ်ိဳးသမီးမ်ားတြင္ အျဖစ္မ်ားေသာ သားအိမ္ထဲ အက်ိတ္အလံုးတည္ျခင္း၊ ေရာဂါတစ္္ခုပင္။
စိုးရိမ္ရသည့္အတြက္ အျမန္ခြဲစိတ္ရမည္ဟု ဆိုကာအေရးေပၚအခန္းထဲ ထည့္ထားျခင္းပင္။ တစ္ခုခက္ေနသည္မွာ ေဒၚတင္မွာရွိေနေသာ ေသြးတိုးေရာဂါပင္။
၎ေရာဂါကိုအရင္သက္သာေအာင္ ေဆးစားျပီးေစာင့္ေနရသည္က ႏွစ္ရက္သံုးရက္ၾကာ သြားသည္။ အေရးေပၚခန္းျဖစ္သည့္ အတြက္ေစာင့္ေပးေသာညီမမွာ
လည္းအထဲ၀င္ခြင့္မရ အျခားေနရာမွသာေစာင့္ရရွာသည္။
ညေရာက္လာသည္ႏွင့္ေၾကာက္စိတ္ ကအလိုလို၀င္လာသည္ အားကိုးျပဳစရာ ရွာၾကည့္ေတာ့ အခန္းထဲတြင္ ဘာသာျခားကုလားအမ်ိဳးသမီး တစ္ဦးကိုသာေတြ႔
ရသည္၊ ဘာသာေရာ လူမ်ိဳးပါမတူသျဖင့္ ေတာ္ေတာ္ႏွင့္စကားမေျပာျဖစ္ သံုးရက္ေျမာက္ေန႔ မနက္တြင္မေတာ့ ထိုဘာသာျခား အမ်ိဳးသမီးထံမွ ငိုရွိက္သံသဲ့သဲ့
ထြက္လာေတာ့ ေဒၚတင္တစ္ေယာက္မေနနိင္ေတာ့ မိန္းမခ်င္းကိုယ္ခ်င္းစာစိတ္ျဖင့္ သြားေ၇ာက္ေမးျမန္းမိသည္။
“ေၾသာ္-ဒီကညီမ ကၽြန္မဘာမ်ား အကူအညီေပးရမလည္းဟင္” သူက“က်ြန္မကို ကယ္နိင္ရင္ကယ္ပါရွင္ က်မေနရမွာ မဟုတ္ေတာ့ပါဘူး” ေျပာေျပာဆိုဆိုျဖင့္
ေဒၚတင္ဖက္သို႔ လွည့္ၾကည့္လိုက္ေသာ ဘာသာျခားအမ်ိဳးသမီးမ်က္ႏွာကို ျမင္လိုက္ရသည္ႏွင့္ ေဒၚတင္တေယာက္ ထိတ္ခနဲျဖစ္သြားခါ ထရပ္မိေတာ့သည္
ထရပ္မည္ဆိုလည္း ရပ္စရာပင္။ အဘယ္ေၾကာင့္ဆိုေသာ္ ဆင္းရက္ပင္ရျပီျဖစ္၍ က်န္းမာစျဖစ္ေနေသာ ဘာသာျခားအမ်ိဳးသမီးမွာ စိတ္ခ်မ္းခ်မ္းသာသာ ၀၀
ျဖိဳးျဖိဳး ေတြ႔ရေသာ္လည္း ယခုမနက္တြင္ကာ အသားအေရမ်ားမွာ ယူပစ္လိုက္သကဲ့သို႔ တကိုယ္လံုး အရိုးေပၚအေရတင္သာက်န္ရွာေလေတာ့သည္၊
ပါးေခ်ာင္ၾကီးက်ျပီး မ်က္တြင္ၾကီးခ်ိဳင့္ေနသည္မွာ ေၾကာက္တက္သူဆိုလွ်င္ လိပ္ျပာလြင့္ေလာက္ေပသည္။ သို႔ေသာ္ျမန္မာလူမ်ိဳးတို႔ လက္သံုးကရုဏာတရား
က အေၾကာက္တရားကိုလႊမ္းမိုးသြားသျဖင့္ ခုတင္ေဘးတြင္ တင္ပလႊဲထိုင္ေနရင္းက ထိုအမ်ိဳးသမီး၏လက္ကိုဆုပ္ကာ အားေပးလိုက္မိသည္။
"ညီမရယ္ အားငယ္စရာေတြမေျပာပါနဲ႕၊ ဆရာ၀န္ၾကီးကေတာင္ ညီမကိုဆင္းရက္ရျပီလို႕ ေျပာသြားတယ္မဟုတ္လား၊ ညီမ ဘာမွျဖစ္စရာမရွိပါဘူး"
"ညီမေနရဖို႕အခ်ိန္သိပ္မရွိပါဘူး၊အစ္မကိုပဲမွာခ်င္တာမွာခဲ့ပါရေစ၊ ေန႕ခင္းညီမအိမ္ကလူေတြလာတဲ့အခါ တစ္ခုေလာက္ေျပာေပးပါ"
"ေျပာေလညီမ ဘာေျပာရမလဲ"
"ညီမစုထားတဲ့ေငြေၾကးအခ်ိဳ႕ကိုကုသိုလ္ျပဳျပီး ညီမကိုအမွ်ေပးၾကပါလို႕"
"ညီမက ဗုဒၶဘာသာလား"
"ဗုဒၶဘာသာေတာ့မဟုတ္ပါဘူး၊ ဒါေပမယ့္ ကုသိုလ္ျပဳအမွ်ေ၀တဲ့အခါမွာေတာ့ ဗုဒၶဘာသာအတိုင္းသာျပဳေပးပါလို႕ ေျပာေပးပါ"
"ေအးေအး-ေအးေအး ေျပာေပးပါ့မယ္ကြယ္"
ထိုအခါ ေဒၚတင္တစ္ေယာက္ ပ်ဥ္းမနားမွ ကုလားသူေဌးၾကီးတစ္ေယာက္အေၾကာင္းကို သြားအမွတ္ရမိသည္။၄င္းသူေဌးၾကီးမွာ သမီးေလးတစ္ေယာက္သာ
ရွိရာ လင္မယားႏွစ္ေယာက္လုံး ငုံထားမတတ္ ခ်စ္ၾကသည္။
တစ္ေန႕တြင္ သမီးငယ္ေလးမွာ ရုတ္တရက္ ေရာဂါတစ္ခုျဖင့္ဆုံးပါးသြားေတာ့ရာ သူေဌးၾကီးတို႕ လင္မယားမွာ ေဆာက္တည္ရာမရျဖစ္ေအာင္ခံစားၾကရရွာ
သည္။မကြ်တ္ရွာေသာသမီးေလးမွာ ေသျပီးေနာက္တစ္ရက္မွာပင္ သူေနေသာအခန္းထဲမွ ခ်ိဳးခ်ိဳးခြ်တ္ခြ်တ္ အသံေပးျခင္း၊ မိဘႏွစ္ပါးသာရွိေနေသာအခါတို႕တြင္
"ဒယ္ဒီနဲ႕မာမီ သမီးကို အ၀တ္အစားေတြေပးပါ" ဟူေသာ အသံကေလးကို ညတိုင္းၾကားေနရသျဖင့္ သူတို႕ဘာသာထုံးစံအတိုင္း ျပဳလုပ္ေပးေသာ္လည္း သမီးင
ငယ္ေလးအသံက ေပ်ာက္ပ်က္မသြားေပ။
သုိ႕ျဖင့္ မိဘႏွစ္ပါးမွာ ၾကံရာမရျဖစ္ေနစဥ္ သစ္လုပ္သားထဲမွ ဗုဒၶဘာသာတစ္ေယာက္ကို ဖြင့္ဟတိုင္ပင္ျပီး ဗုဒၶဘာသာနည္းအတိုင္း ရဟန္းသံဃာမ်ားပင့္ကာ
ဆြမ္း၊ သကၤန္းမ်ားလွဴျပီး အမွ်ေပးေသာအခါမွ ညတိုင္းၾကားေနရေသာ သမီးငယ္ေလး၏ အသံမွာေပ်ာက္သြားခဲ့ပါသည္။ ထိုမွေနာက္ သူေဌးၾကီးတို႕ လင္မယား
ႏွစ္ေယာက္မွာလည္း ဗုဒၶဘာသာအျဖစ္သို႕ ကူးေျပာင္းေရာက္ရွိလာခဲ့ပါေတာ့သည္။
ယခုအမ်ိဳးသမီးလဲထိုကဲ့သို႕ပင္ သေဘာေပါက္ထားေသာေၾကာင့္ ယခုလိုေျပာခိုင္းျခင္း ျဖစ္လိမ့္မည္ဟူ၍ နားလည္ထားလိုက္ပါသည္။
"အစ္မကိုလဲ ကိုယ့္အစ္မအရင္းလိုသေဘာထားျပီး တစ္ခုသတိေပးခဲ့ပါရေစ"
"ရွင္-ေၾသာ္-ေျပာေလ ညီမ၊ ေျပာပါ"
ကိုယ့္အေတြးႏွင့္ကိုယ္ လြင့္ေျမာေနေသာအခ်ိန္မို႕ ေဒၚတင္ထံမွ အာေမၮိတ္သံတစ္ခု ထြက္သြားသည္။
"အစ္မ-ညီမ အခုေသရမယ္ဆိုတာ တျခားေၾကာင့္မဟုတ္ဘူး၊ လူေတြရဲ႕ သာမန္မ်က္စိနဲ႕မျမင္ရႏိုင္တဲ့ မေကာင္းဆိုး၀ါးေတြေၾကာင့္ပဲ၊အစ္မလဲ ကိုယ့္ဘာသာ
နည္းနဲ႕ကိုယ္ မေကာင္းဆိုး၀ါး ေဘးကလြတ္ေအာင္ အကာအကြယ္လုပ္ထားပါ"
"ညီမ ကိုမေန႕ညက (၁၂) နာရီေလာက္မွာ အလြန္ေၾကာက္စရာေကာင္းတဲ့ ေခါင္းျပတ္ၾကီး ဆယ္လုံး၀ိုင္းျပီးလိုက္ၾကတယ္၊ ပထမေတာ့ကိုယ့္ဘာသာနည္း
နဲ႕ ၾကိဳးစားျပီးကာကြယ္ၾကည့္ေသးတယ္၊ ဘယ္လိုမွမရဘူး၊ မရတဲ့အဆုံးမွာေတာ့ သူလိုကိုယ္လိုပဲ ထြက္ေျပးရေတာ့တာေပါ့"
"ဒါေပမယ့္ မလြတ္ပါဘူးအစ္မရယ္၊ေနာက္ေတာ့ ညီမရဲ႕ ေဟာဒီလက္မေလးကို ေခါင္းျပတ္တစ္လုံးက ကိုက္မိသြားတယ္၊ ဒီမွာေသခ်ာၾကည့္ပါ အစ္မ"
ေဒၚတင္တစ္ေယာက္ မယုံတစ္၀က္ယုံတစ္၀က္မ်က္ႏွာျဖင့္ ေသခ်ာၾကည့္လိုက္ေတာ့ သြားကိုက္ရာေလးျဖင့္ ေသြးေျခဥေနေသာ လက္မေလးကို ေသေသ
ခ်ာခ်ာ ျမင္လိုက္ရသည္။
"ဘုရား-ဘုရား ဘယ္လိုမ်ားျဖစ္ကုန္ၾကပါလိမ့္" အထိတ္တလန္႕ျဖင့္ ဘုရားကိုပင္ စိတ္ထဲမွာ တ, လိုက္မိသည္။
"ညီမရဲ႕ လက္ကိုအကိုက္ခံလိုက္ရကတည္းက ညီမမွာရွိတဲ့ အားေတြ နည္းနည္းမွမက်န္ေအာင္ ထုတ္ယူပစ္သလိုခံစားလိုက္ရတယ္၊ လူလဲအ၀တ္ပုံၾကီးလို
ေခြက်သြားတယ္၊အဲဒီအခ်ိန္မွာပဲ မည္းမည္းအေကာင္ၾကီးတစ္ေကာင္က ညီမကို ဟိုး ေကာင္းကင္အျမင့္ၾကီးထိ ဖမ္းေခၚသြားျပီးမွ ေအာက္ေျမေပၚကို ျပန္လႊတ္ခ်
ပစ္လုိက္တယ္၊ အခုေတာ့ညီမ အဲ့ဒီဒဏ္နဲ႕ပဲေသရေတာ့မွာပါ၊ ကဲပကဲ- အစ္မလဲ အစ္မေနရာသြားျပီး ကိုယ့္အကာအကြယ္နဲ႕ကိုယ္ေနပါေတာ့"
ထိုသို႕ေျပာဆိုျပီးသည္ႏွင့္ အမ်ိဳးသမီးက ေစာင္ကို ေခါင္းျမီးျခံဳသြားသျဖင့္ ေဒၚတင္တစ္ေယာက္ ဘာမွဆက္မေျပာႏိုင္ေတာ့ဘဲ မိမိခုတင္သို႕ျပန္ခဲ့ရေတာ့
သည္။ထိုအခ်ိန္မွာပင္ လူနာေစာင့္တာ၀န္က်ေနေသာ ေဒၚတင္၏ညီမအငယ္ဆုံး အခန္းထဲ စားစာရာအခ်ိဳ႕ႏွင့္အတူ၀င္လာသည္။
"အစ္မေရ-ကြ်န္မ ဆရာ၀န္ၾကီးနဲ႕ေတြ႕လာတယ္၊ ဆရာ၀န္ၾကီးကေျပာတယ္၊ ေသြးတိုးေရာဂါ၊ စိတ္ခ်ရမွခြဲမွာဆိုေတာ့ ေနာက္သုံးရက္ေလာက္ေစာင့္ရဦး
မယ္တဲ့၊ အဲ့ဒီေတာ့ ခြဲစိတ္မယ့္ရက္မွပဲ ညီမလာေတာ့မယ္၊ ဒီၾကားထဲေတာ့ ေဆးရုံေရွ႕က ထမင္းဆိုင္မွာပဲ အစ္မဘာသာၾကည့္စားေပေတာ့၊ ဆိုင္ကိုလဲမွာထားပါ
တယ္၊အစ္မ လာမစားႏိုင္ရင္ အခန္းထဲထိ လာပို႕ပါလို႕၊ ကဲ-ကြ်န္မျပန္ေတာ့မယ္၊ အိမ္မွာ ကေလးေတြခ်ည္းဆိုေတာ့ စိတ္မခ်ရဘူး၊ အစ္မေရာဘာမွာခ်င္ေသး
လဲ"
ေစာင့္ေပးေနေသာ ညီမက ျပန္သြားေတာ့မည္ဆိုေတာ့လဲ အားငယ္စိတ္က အလိုလို၀င္လာသည္။ သူ႕ကိုယ္သူေသမည္ဟု ေျပာေနေသာ အမိ်ဳးသမီးကို
လွမ္းၾကည့္လုိက္ေတာ့ ေစာင္ေခါင္းျမီးျခံဳလ်က္ တိတ္ဆိတ္ျငိမ္သက္စြာေတြ႕ရေသာေၾကာင့္ ေသမ်ားသြားျပီလားဟူေသာ အေတြးႏွင့္အတူ ခႏၶာကိုယ္မွာ ဆတ္
ကနဲ တစ္ခ်က္တုန္သြားသည္ကို ကိုယ့္ကိုယ္ကို သတိထားမိလိုက္သည္။
အၾကီးဆုံးအစ္မတစ္ေယာက္က အငယ္ဆုံးညီမတစ္ေယာက္ကို ငါေၾကာက္လို႕မျပန္ပါနဲ႕ဟူေသာစကားကိုလဲ ေျပာရမွာ ရွက္ေနသျဖင့္ ဘာမွမေျပာမိ။
"ကဲပါေလ ျပန္ခ်င္ျပန္ပါ၊ အစ္မအတြက္ဘာမွပူစရာ မရွိပါဘူး၊ မွာစရာလဲမရွိပါဘူး"
ေဒၚတင္၏စကားဆုံးသည္ႏွင့္ ညီမျဖစ္သူမွာသိမ္းစရာရွိေသာ ပစၥည္းတခ်ိဳ႕ကို သိမ္းဆည္း၍ ေဆးရုံ၀င္းထဲမွ ထြက္ခြာသြားပါေတာ့သည္။ ဟိုေတြးဒီေတြး
ျဖင့္ အခ်ိန္ကုန္သြားရာ ေန႕လယ္ (၁၁) နာရီခန္႕အခ်ိန္မွာပင္ ဘာသာျခား အမ်ိဳးသမီး၏ ေဆြမ်ိဳးမ်ားျဖစ္ဟန္တူေသာ မိန္းမႏွစ္ေယာက္ႏွင့္ေယာက္်ားတစ္
ေယာက္တို႕၀င္လာသည္ကို ေတြ႕လုိက္ရသည္။
တစ္ခဏအၾကာမွာပင္ ထိုအမ်ိဳးသမီးခုတင္မွ စူးစူး၀ါး၀ါး ေအာ္ဟစ္ငိုယိုသံတစ္သံကို ၾကားလုိက္ရသည္။
"အမယ္ေလးသမီးရဲ႕ အျဖစ္ဆုိးလွခ်ည္လား၊ ေဆးရုံကဆင္းခြင့္ရျပီးကာမွ ဘယ္လိုအျဖစ္ဆုိးနဲ႕ၾကံဳရတာလဲကြယ့္၊ ဟဲ့ဟဲ့"
ငိုယိုသံကိုေထာက္ဆၾကည့္လိုက္လွ်င္ ထိုအမ်ိဳးသမီး ေသဆုံးသည္မွာေသခ်ာေနေပျပီ။ ၄င္း မွာထားေသာ စကားမ်ားကို သတိရလိုက္မိသည္ႏွင့္ ေၾကာက္
စိတ္ေၾကာင့္ ၾကက္သီးမ်ား တဖ်န္ဖ်န္း ထသြားရင္းျဖင့္ပင္။ ထုိအမ်ိဳးသမိ၏ီး ၏ မွာထားခ်က္မ်ားကို သြား၍ေျပာလုိက္ရေသးသည္။ သူတို႕တစ္ေတြက မယုံသလို
ယုံသလို မ်က္ႏွာေပးေတြႏွင့္ၾကည့္ေနၾကသျဖင့္ ယုံတာ၊ မယုံတာ သူတို႕အလုပ္၊ မွာထားခဲ့သည့္အတိုင္းေျပာရမွာ ငါ့အလုပ္ဟု သေဘာထားျပီး ေျပာျပီးသည္ႏွင့္
ကိုယ့္ေနရာကို ေအးေအးေဆးေဆး ျပန္လာခဲ့လိုက္သည္။
ဘာသာျခားအမ်ိဳးသမီး၏ အေလာင္းကို ပိတ္ျဖဴအုပ္ျပီး ထုတ္ယူသြားသည္ႏွင့္ ျမင္ကြင္းက ေဒၚတင္၏မ်က္စိထဲတြင္ေဖ်ာက္မရႏိုင္ေအာင္ ျဖစ္ေနရသည္။ည
မိုးခ်ဳပ္လာသည္ႏွင့္ေၾကာက္ရြံ႕စိတ္တို႕က တျဖည္းျဖည္းမ်ားလာသည္။ က်န္လူနာခန္းမ်ားႏွင့္ အေရးေပၚခန္းမွာ ဘာမွေ၀းသည္ေတာ့မဟုတ္။
စကားက်ယ္က်ယ္ေျပာလွ်င္ပင္ ၾကားႏိုင္ေလာက္ေသာ အေနအထားရွိသည္။ေခ်ာက္ခ်ားေသာ စိတ္ကို ေျဖေဖ်ာက္ရင္အလို႕ငွာ တျခားအခန္းမွ လူနာမ်ား
ကို သြားေရာက္စကားေျပာရင္းျဖင့္ အခ်ိန္ျဖဳန္းေနလိုက္သည္။ သို႕ေသာ္ ည (၁၀) နာရီခန္႕ရွိေသာအခ်ိန္တြင္ကား အိပ္ခ်ိန္ေရာက္ေနျပီျဖစ္သျဖင့္ ကိုယ့္ေနရာ
ကိုယ္ အလိုက္တသိ ျပန္ေရရေတာ့သည္။
ဘာသာျခားအမ်ိဳးသမီးမွာခဲ့ေသာ "ညီမ အခုေသရမယ္ ဆိုတာတျခားေၾကာင့္မဟုတ္ဘူး၊ လူေတြရဲ႕ သာမန္မ်က္စိနဲ႕မျမင္ႏိုင္တဲ့မေကာင္းဆိုး၀ါးေတြ
ေၾကာင့္ပဲ" ဆိုသည့္စကားလုံးက ေဒၚတင္၏ စိတ္ႏွလုံးကို တစ္ညလုံးေခ်ာက္ခ်ားေစခဲ့သည္။ဟိုလူး ဒီလိွမ့္ျဖင့္ ည (၁၂) နာရီ ထိုးသြားခဲ့ေလျပီ။
ထိုအခ်ိန္မွာပင္ မိမိအခန္းဆီသို႕ တရွပ္ရွပ္ျဖင့္လာေနေသာ ေျခသံကို ၾကားလုိက္ရသ္ျဖင့္ ေခါင္းျမီးျခံဳထားေသာ ေစာင္ကို ဖယ္၍ ေသခ်ာစြာၾကည့္လုိက္ရာ
ဘာကိုမွ မေတြ႕ရ။
ခုတင္ေပၚတြင္ အသီးသီးအိပ္ေပ်ာ္ေနၾကေသာ လူနာမ်ားကိုလည္း မွန္ခန္းစည္းမွ အတိုင္းသားျမင္ေနရသည္။ ထူးျခားသည္က ေျခသံကိုၾကားေနရသည္။
ေျခသံပိုင္ရွင္ကို မေတြ႕ရျဖစ္ေနျခင္းပင္။ မိမိေနေသာ အေရးေပၚအခန္း၀၊ လူ၀င္တံခါးနားေရာက္ေတာ့ ေျခသံက ခဏေပ်ာက္သြားသည္။
လူ၀င္တံခါးကလည္းမွန္ကိုသာတပ္ထားသည္မို႕ အျပင္ဘက္ကို အထင္းသားျမင္ေနရပါသည္။ခဏအၾကာမွာပင္ လူ၀င္တံခါး ေရွ႕မိမိအခန္း၀တြင္ စုတ္
ျပတ္ေပေရေနေသာ လူတစ္ေယာက္ကိုေတြ႕လုိက္ရသည္။ ေအးစက္စက္ႏွင့္ ျဖဳဖပ္ျဖဴေရာ္ျဖစ္ေနေသာမ်က္ႏွာထားၾကီးကိုျမင္လုိက္ရသည္ႏွင့္ဘယ္လိုကဘယ္
လိုျဖစ္သြားသည္မသိ။
ေဒၚတင္၏ ညာဘက္လက္ညိွဳးက ထိုမေကာင္းဆိုး၀ါးရွိရာ တည့္တည့္ထိုးလ်က္ သမၺဳေဒၶဂါထာေတာ္ကို ႏွဳတ္တက္ရြရြရြတ္ဆို လ်က္ရိွပါေတာ့သည္။ ဂါ
တာတစ္ေခါက္မဆုံးမီမွာပင္ စိတ္ပ်က္ေသာအမူအရာႏွင့္ ျပန္ထြက္သြားသည္ကို မ်က္၀ါးထင္ထင္ ျမင္ေတြ႕ေနရသည္။
မိမိ၏ျမင္ကြင္းမွ ကြယ္ေပ်ာက္သြားသည္ႏွင့္ ဂါထာကို အရြပ္ရပ္ျပီး ေနခင္းကမွ ေသဆုံးသြားေသာ ဘာသာျခားအမ်ိဳးသမီး၏ ခုတင္ကိုလွမ္းၾကည့္လုိက္မိ
ေသးသည္။ ထိုအမ်ိဳးသမီး၏မွာၾကားခဲ့ေသာစကားတို႕မွာ ေသခါနီး ကေယာင္ေခ်ာက္ခ်ားထင္မိ ထင္ရာေျပာခဲ့ျခင္းမဟုတ္သည္မွာေတာ့ ေသခ်ာေနသည္။
မေကာင္းဆိုး၀ါးကို မိမိကိုယ္တိုင္ ေတြ႕လုိက္ရျပီမဟုတ္ပါလား။ ဘာမွေတာ့ သိပ္ၾကာလိုက္သည္ မထင္ရ။ ေစာေစာက လူ၀င္တံခါးမွပင္အျဖဴေရာင္အ
၀တ္စသဏၭာန္ကို ေတြ႕လုိက္ရသလို ရွိသျဖင့္ ေသေသခ်ာခ်ာစိုက္ၾကည့္လုိက္မိသည္။ ေသခ်ာသြားေလျပီ။
"မေသခင္ ကိုယ့္ဘာသာ သရဏဂုံတင္ထားျပီး စြဲျမဲေနဖို႕ပဲ အေရးၾကီးတယ္၊ ေသျပီးမွ သရဏဂုံတင္ေနလို႕ကေတာ့ ေသသြားသူအတြက္ ဘာမွအက်ိဳးမရွိ
ဘူး၊ က်န္ရစ္တဲ့ မိသားစုအတြက္ပဲ အက်ိဳးရွိတယ္" ဟူေသာ ဆရာေတာ္ၾကီးမ်ား၏ အဆုံးအမကို သတိရသည္ႏွင့္ ေဒၚတင္တစ္ေယာက္အခ်ည္းအႏွီးျဖစ္ေသာ
ရုန္းကန္ေနသည့္အလုပ္ကိုရပ္လိုက္ကာ-
ဗုဒၶံ သရဏံ ဂစာၦမိ၊
ျမတ္စြာဘုရားကို ကိုးကြယ္ရာဟူ၍ ဆည္းကပ္ပါ၏။
ဓမၼံ သရဏံ ဂစာၦမိ၊
တရားေတာ္ျမတ္ကို ကိုးကြယ္ရာဟူ၍ ဆည္းကပ္ပါ၏။
သံဃံ သရဏံ ဂစာၦမိ၊
သံဃာေတာ္အရွင္ျမတ္တို႕ကို ကိုးကြယ္ရာဟူ၍ ဆည္းကပ္ပါ၏ဟူ၍ ေနာက္ဆုံးေဆာက္တည္ေနျခင္းအေနျဖင့္ အာရုံရရြတ္ဆိုေဆာက္တည္လိုက္ရာ သရဏဂုံအဆုံးမွာပင္ သရဏဂုံသုံးပါ၏

အစြမ္းသတၱိကို ကိုယ္ေတြ႕ၾကံဳလိုက္ရေသာ ေဒၚတင္ကေတာ့ တျခားဘာကိုမွ အာရုံမထားႏိုင္ေတာ့ဘဲ သရဏဂုံသုံးပါး
ကိုသာ ဆက္တိုက္ရြတ္ဖတ္သရဇၥ်ာယ္ေနေတာ့ရာ မည္မွ်ေလာက္ၾကာသြားသည္ မသိေတာ့။
တာ၀န္က် သူနာျပဳေလးမ်ားႏွင့္ တျခားအခန္းမွ လူနာမ်ားအခန္းထဲ၀င္လာျပီး ၀ိုင္း၀န္းေမးျမန္းျပဳစုေတာ့မွပင္ အရြတ္ရပ္ႏိုင္ပါေတာ့သည္။ေဘးကလူ
မ်ားကေတာ့ တျခားဘာကိုမွမျမင္လုိက္ၾက။ သရဏဂုံသုံးပါးကို ပက္လက္ၾကီးလွန္၊ လက္အုပ္ခ်ီျပီး အသံက်ယ္ ၾကီးျဖင့္ ဆက္တုိက္ရြတ္ဖတ္ေနေသာေၾကာင့္
သာ အထူးအဆန္း ျဖစ္ျပီး ၀င္ေရာက္ေမးျမန္းၾကျခင္းျဖစ္သည္။
ထိုရက္မွေနာက္တြင္ကား ၄င္းအခန္းထဲတြင္ မေကာင္းဆိုး၀ါး အႏၱရာယ္ လုံး၀ကင္းရွင္းသြားေၾကာင္း၊ သူကိုယ္တိုင္လည္း ခြဲစိတ္ျပီးသည္အထိေနခဲ့
ေသာ္လည္း ဘာအေႏွာင့္အယွက္မွ ထပ္မေတြ႕ေတာ့ေၾကာင္းကို ၀မ္းသာအားရ ေျပာျပခဲ့ပါသညါ။ စာရႈသူအေပါင္းလည္း သရဏဂုံအစြမ္းျဖင့္ မေကာင္းဆိုး၀ါး
အႏၱရာယ္မွကင္းေ၀းၾကပါေစေသာ္/
(အရွင္ဇ၀နေရးေသာ သရဏဂံုအစြမ္းစာအုပ္မွေဖၚျပသည္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: (၀ိဇၨာစရဏသမၸေတာ)
#Unicode  Version#
သမ္ဗုဒ္ဓေ မကြောက်သော သရဲ
၁၃၅၀ ခုနှစ်ခန့်က ဖြစ်ပါသည်။ ယ္ခုရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် -----မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက

အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံးတည်ခြင်း၊ ရောဂါတစ်ခုပင်။
စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာအရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေသည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။
၎င်းရောဂါကိုအရင်သက်သာအောင် ဆေးစားပြီးစောင့်နေရသည်က နှစ်ရက်သုံးရက်ကြာ သွားသည်။ အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသောညီမမှာ
လည်းအထဲဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။
ညရောက်လာသည်နှင့်ကြောက်စိတ် ကအလိုလိုဝင်လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားကုလားအမျိုးသမီး တစ်ဦးကိုသာတွေ့
ရသည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့်စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီးထံမှ ငိုရှိက်သံသဲ့သဲ့
ထွက်လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားရောက်မေးမြန်းမိသည်။
“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရမလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်
ဒေါ်တင်ဖက်သို့ လှည့်ကြည့်လိုက်သော ဘာသာခြားအမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်
ထရပ်မည်ဆိုလည်း ရပ်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဆင်းရက်ပင်ရပြီဖြစ်၍ ကျန်းမာစဖြစ်နေသော ဘာသာခြားအမျိုးသမီးမှာ စိတ်ချမ်းချမ်းသာသာ ၀၀
ဖြိုးဖြိုး တွေ့ရသော်လည်း ယခုမနက်တွင်ကာ အသားအရေများမှာ ယူပစ်လိုက်သကဲ့သို့ တကိုယ်လုံး အရိုးပေါ်အရေတင်သာကျန်ရှာလေတော့သည်၊
ပါးချောင်ကြီးကျပြီး မျက်တွင်ကြီးချိုင့်နေသည်မှာ ကြောက်တက်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပေသည်။ သို့သော်မြန်မာလူမျိုးတို့ လက်သုံးကရုဏာတရား
က အကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ခုတင်ဘေးတွင် တင်ပလွှဲထိုင်နေရင်းက ထိုအမျိုးသမီး၏လက်ကိုဆုပ်ကာ အားပေးလိုက်မိသည်။
"ညီမရယ် အားငယ်စရာတွေမပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကိုဆင်းရက်ရပြီလို့ ပြောသွားတယ်မဟုတ်လား၊ ညီမ ဘာမှဖြစ်စရာမရှိပါဘူး"
"ညီမနေရဖို့အချိန်သိပ်မရှိပါဘူး၊အစ်မကိုပဲမှာချင်တာမှာခဲ့ပါရစေ၊ နေ့ခင်းညီမအိမ်ကလူတွေလာတဲ့အခါ တစ်ခုလောက်ပြောပေးပါ"
"ပြောလေညီမ ဘာပြောရမလဲ"
"ညီမစုထားတဲ့ငွေကြေးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့"
"ညီမက ဗုဒ္ဓဘာသာလား"
"ဗုဒ္ဓဘာသာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်းသာပြုပေးပါလို့ ပြောပေးပါ"
"အေးအေး-အေးအေး ပြောပေးပါ့မယ်ကွယ်"
ထိုအခါ ဒေါ်တင်တစ်ယောက် ပျဉ်းမနားမှ ကုလားသူဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရမိသည်။၎င်းသူဌေးကြီးမှာ သမီးလေးတစ်ယောက်သာ
ရှိရာ လင်မယားနှစ်ယောက်လုံး ငုံထားမတတ် ချစ်ကြသည်။
တစ်နေ့တွင် သမီးငယ်လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့်ဆုံးပါးသွားတော့ရာ သူဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရဖြစ်အောင်ခံစားကြရရှာ
သည်။မကျွတ်ရှာသောသမီးလေးမှာ သေပြီးနောက်တစ်ရက်မှာပင် သူနေသောအခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊ မိဘနှစ်ပါးသာရှိနေသောအခါတို့တွင်
"ဒယ်ဒီနဲ့မာမီ သမီးကို အဝတ်အစားတွေပေးပါ" ဟူသော အသံကလေးကို ညတိုင်းကြားနေရသဖြင့် သူတို့ဘာသာထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးင
ငယ်လေးအသံက ပျောက်ပျက်မသွားပေ။
သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ
ဆွမ်း၊ သင်္ကန်းများလှူပြီး အမျှပေးသောအခါမှ ညတိုင်းကြားနေရသော သမီးငယ်လေး၏ အသံမှာပျောက်သွားခဲ့ပါသည်။ ထိုမှနောက် သူဌေးကြီးတို့ လင်မယား
နှစ်ယောက်မှာလည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့သည်။
ယခုအမျိုးသမီးလဲထိုကဲ့သို့ပင် သဘောပေါက်ထားသောကြောင့် ယခုလိုပြောခိုင်းခြင်း ဖြစ်လိမ့်မည်ဟူ၍ နားလည်ထားလိုက်ပါသည်။
"အစ်မကိုလဲ ကိုယ့်အစ်မအရင်းလိုသဘောထားပြီး တစ်ခုသတိပေးခဲ့ပါရစေ"
"ရှင်-သြော်-ပြောလေ ညီမ၊ ပြောပါ"
ကိုယ့်အတွေးနှင့်ကိုယ် လွင့်မြောနေသောအချိန်မို့ ဒေါ်တင်ထံမှ အာမေဍ္ဍိတ်သံတစ်ခု ထွက်သွားသည်။
"အစ်မ-ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ၊အစ်မလဲ ကိုယ့်ဘာသာ
နည်းနဲ့ကိုယ် မကောင်းဆိုးဝါး ဘေးကလွတ်အောင် အကာအကွယ်လုပ်ထားပါ"
"ညီမ ကိုမနေ့ညက (၁၂) နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီး ဆယ်လုံးဝိုင်းပြီးလိုက်ကြတယ်၊ ပထမတော့ကိုယ့်ဘာသာနည်း
နဲ့ ကြိုးစားပြီးကာကွယ်ကြည့်သေးတယ်၊ ဘယ်လိုမှမရဘူး၊ မရတဲ့အဆုံးမှာတော့ သူလိုကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့"
"ဒါပေမယ့် မလွတ်ပါဘူးအစ်မရယ်၊နောက်တော့ ညီမရဲ့ ဟောဒီလက်မလေးကို ခေါင်းပြတ်တစ်လုံးက ကိုက်မိသွားတယ်၊ ဒီမှာသေချာကြည့်ပါ အစ်မ"
ဒေါ်တင်တစ်ယောက် မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာလေးဖြင့် သွေးခြေဥနေသော လက်မလေးကို သေသေ
ချာချာ မြင်လိုက်ရသည်။
"ဘုရား-ဘုရား ဘယ်လိုများဖြစ်ကုန်ကြပါလိမ့်" အထိတ်တလန့်ဖြင့် ဘုရားကိုပင် စိတ်ထဲမှာ တ, လိုက်မိသည်။
"ညီမရဲ့ လက်ကိုအကိုက်ခံလိုက်ရကတည်းက ညီမမှာရှိတဲ့ အားတွေ နည်းနည်းမှမကျန်အောင် ထုတ်ယူပစ်သလိုခံစားလိုက်ရတယ်၊ လူလဲအဝတ်ပုံကြီးလို
ခွေကျသွားတယ်၊အဲဒီအချိန်မှာပဲ မည်းမည်းအကောင်ကြီးတစ်ကောင်က ညီမကို ဟိုး ကောင်းကင်အမြင့်ကြီးထိ ဖမ်းခေါ်သွားပြီးမှ အောက်မြေပေါ်ကို ပြန်လွှတ်ချ
ပစ်လိုက်တယ်၊ အခုတော့ညီမ အဲ့ဒီဒဏ်နဲ့ပဲသေရတော့မှာပါ၊ ကဲပကဲ- အစ်မလဲ အစ်မနေရာသွားပြီး ကိုယ့်အကာအကွယ်နဲ့ကိုယ်နေပါတော့"
ထိုသို့ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင်ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ်ယောက် ဘာမှဆက်မပြောနိုင်တော့ဘဲ မိမိခုတင်သို့ပြန်ခဲ့ရတော့
သည်။ထိုအချိန်မှာပင် လူနာစောင့်တာဝန်ကျနေသော ဒေါ်တင်၏ညီမအငယ်ဆုံး အခန်းထဲ စားစာရာအချို့နှင့်အတူဝင်လာသည်။
"အစ်မရေ-ကျွန်မ ဆရာဝန်ကြီးနဲ့တွေ့လာတယ်၊ ဆရာဝန်ကြီးကပြောတယ်၊ သွေးတိုးရောဂါ၊ စိတ်ချရမှခွဲမှာဆိုတော့ နောက်သုံးရက်လောက်စောင့်ရဦး
မယ်တဲ့၊ အဲ့ဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊ ဒီကြားထဲတော့ ဆေးရုံရှေ့က ထမင်းဆိုင်မှာပဲ အစ်မဘာသာကြည့်စားပေတော့၊ ဆိုင်ကိုလဲမှာထားပါ
တယ်၊အစ်မ လာမစားနိုင်ရင် အခန်းထဲထိ လာပို့ပါလို့၊ ကဲ-ကျွန်မပြန်တော့မယ်၊ အိမ်မှာ ကလေးတွေချည်းဆိုတော့ စိတ်မချရဘူး၊ အစ်မရောဘာမှာချင်သေး
လဲ"
စောင့်ပေးနေသော ညီမက ပြန်သွားတော့မည်ဆိုတော့လဲ အားငယ်စိတ်က အလိုလိုဝင်လာသည်။ သူ့ကိုယ်သူသေမည်ဟု ပြောနေသော အမျိုးသမီးကို
လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမြီးခြုံလျက် တိတ်ဆိတ်ငြိမ်သက်စွာတွေ့ရသောကြောင့် သေများသွားပြီလားဟူသော အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်
ကနဲ တစ်ချက်တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။
အကြီးဆုံးအစ်မတစ်ယောက်က အငယ်ဆုံးညီမတစ်ယောက်ကို ငါကြောက်လို့မပြန်ပါနဲ့ဟူသောစကားကိုလဲ ပြောရမှာ ရှက်နေသဖြင့် ဘာမှမပြောမိ။
"ကဲပါလေ ပြန်ချင်ပြန်ပါ၊ အစ်မအတွက်ဘာမှပူစရာ မရှိပါဘူး၊ မှာစရာလဲမရှိပါဘူး"
ဒေါ်တင်၏စကားဆုံးသည်နှင့် ညီမဖြစ်သူမှာသိမ်းစရာရှိသော ပစ္စည်းတချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေးဒီတွေး
ဖြင့် အချိန်ကုန်သွားရာ နေ့လယ် (၁၁) နာရီခန့်အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့်ယောက်ျားတစ်
ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရသည်။
တစ်ခဏအကြာမှာပင် ထိုအမျိုးသမီးခုတင်မှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတစ်သံကို ကြားလိုက်ရသည်။
"အမယ်လေးသမီးရဲ့ အဖြစ်ဆိုးလှချည်လား၊ ဆေးရုံကဆင်းခွင့်ရပြီးကာမှ ဘယ်လိုအဖြစ်ဆိုးနဲ့ကြုံရတာလဲကွယ့်၊ ဟဲ့ဟဲ့"
ငိုယိုသံကိုထောက်ဆကြည့်လိုက်လျှင် ထိုအမျိုးသမီး သေဆုံးသည်မှာသေချာနေပေပြီ။ ၎င်း မှာထားသော စကားများကို သတိရလိုက်မိသည်နှင့် ကြောက်
စိတ်ကြောင့် ကြက်သီးများ တဖျန်ဖျန်း ထသွားရင်းဖြင့်ပင်။ ထိုအမျိုးသမိ၏ီး ၏ မှာထားချက်များကို သွား၍ပြောလိုက်ရသေးသည်။ သူတို့တစ်တွေက မယုံသလို
ယုံသလို မျက်နှာပေးတွေနှင့်ကြည့်နေကြသဖြင့် ယုံတာ၊ မယုံတာ သူတို့အလုပ်၊ မှာထားခဲ့သည့်အတိုင်းပြောရမှာ ငါ့အလုပ်ဟု သဘောထားပြီး ပြောပြီးသည်နှင့်
ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။
ဘာသာခြားအမျိုးသမီး၏ အလောင်းကို ပိတ်ဖြူအုပ်ပြီး ထုတ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏မျက်စိထဲတွင်ဖျောက်မရနိုင်အောင် ဖြစ်နေရသည်။ည
မိုးချုပ်လာသည်နှင့်ကြောက်ရွံ့စိတ်တို့က တဖြည်းဖြည်းများလာသည်။ ကျန်လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမှဝေးသည်တော့မဟုတ်။
စကားကျယ်ကျယ်ပြောလျှင်ပင် ကြားနိုင်လောက်သော အနေအထားရှိသည်။ချောက်ချားသော စိတ်ကို ဖြေဖျောက်ရင်အလို့ငှာ တခြားအခန်းမှ လူနာများ
ကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည်။ သို့သော် ည (၁၀) နာရီခန့်ရှိသောအချိန်တွင်ကား အိပ်ချိန်ရောက်နေပြီဖြစ်သဖြင့် ကိုယ့်နေရာ
ကိုယ် အလိုက်တသိ ပြန်ရေရတော့သည်။
ဘာသာခြားအမျိုးသမီးမှာခဲ့သော "ညီမ အခုသေရမယ် ဆိုတာတခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေ
ကြောင့်ပဲ" ဆိုသည့်စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံးချောက်ချားစေခဲ့သည်။ဟိုလူး ဒီလှိမ့်ဖြင့် ည (၁၂) နာရီ ထိုးသွားခဲ့လေပြီ။
ထိုအချိန်မှာပင် မိမိအခန်းဆီသို့ တရှပ်ရှပ်ဖြင့်လာနေသော ခြေသံကို ကြားလိုက်ရသ်ဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာစွာကြည့်လိုက်ရာ
ဘာကိုမှ မတွေ့ရ။
ခုတင်ပေါ်တွင် အသီးသီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ခန်းစည်းမှ အတိုင်းသားမြင်နေရသည်။ ထူးခြားသည်က ခြေသံကိုကြားနေရသည်။
ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ်အခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏပျောက်သွားသည်။
လူဝင်တံခါးကလည်းမှန်ကိုသာတပ်ထားသည်မို့ အပြင်ဘက်ကို အထင်းသားမြင်နေရပါသည်။ခဏအကြာမှာပင် လူဝင်တံခါး ရှေ့မိမိအခန်းဝတွင် စုတ်
ပြတ်ပေရေနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ အေးစက်စက်နှင့် ဖြုဖပ်ဖြူရော်ဖြစ်နေသောမျက်နှာထားကြီးကိုမြင်လိုက်ရသည်နှင့်ဘယ်လိုကဘယ်
လိုဖြစ်သွားသည်မသိ။
ဒေါ်တင်၏ ညာဘက်လက်ညှိုးက ထိုမကောင်းဆိုးဝါးရှိရာ တည့်တည့်ထိုးလျက် သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်တက်ရွရွရွတ်ဆို လျက်ရှိပါတော့သည်။ ဂါ
တာတစ်ခေါက်မဆုံးမီမှာပင် စိတ်ပျက်သောအမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။
မိမိ၏မြင်ကွင်းမှ ကွယ်ပျောက်သွားသည်နှင့် ဂါထာကို အရွပ်ရပ်ပြီး နေခင်းကမှ သေဆုံးသွားသော ဘာသာခြားအမျိုးသမီး၏ ခုတင်ကိုလှမ်းကြည့်လိုက်မိ
သေးသည်။ ထိုအမျိုးသမီး၏မှာကြားခဲ့သောစကားတို့မှာ သေခါနီး ကယောင်ချောက်ချားထင်မိ ထင်ရာပြောခဲ့ခြင်းမဟုတ်သည်မှာတော့ သေချာနေသည်။
မကောင်းဆိုးဝါးကို မိမိကိုယ်တိုင် တွေ့လိုက်ရပြီမဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါးမှပင်အဖြူရောင်အ
ဝတ်စသဏ္ဌာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာစိုက်ကြည့်လိုက်မိသည်။ သေချာသွားလေပြီ။
"မသေခင် ကိုယ့်ဘာသာ သရဏဂုံတင်ထားပြီး စွဲမြဲနေဖို့ပဲ အရေးကြီးတယ်၊ သေပြီးမှ သရဏဂုံတင်နေလို့ကတော့ သေသွားသူအတွက် ဘာမှအကျိုးမရှိ
ဘူး၊ ကျန်ရစ်တဲ့ မိသားစုအတွက်ပဲ အကျိုးရှိတယ်" ဟူသော ဆရာတော်ကြီးများ၏ အဆုံးအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက်အချည်းအနှီးဖြစ်သော
ရုန်းကန်နေသည့်အလုပ်ကိုရပ်လိုက်ကာ-
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ၊
သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟူ၍ နောက်ဆုံးဆောက်တည်နေခြင်းအနေဖြင့် အာရုံရရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါ၏

အစွမ်းသတ္တိကို ကိုယ်တွေ့ကြုံလိုက်ရသော ဒေါ်တင်ကတော့ တခြားဘာကိုမှ အာရုံမထားနိုင်တော့ဘဲ သရဏဂုံသုံးပါး
ကိုသာ ဆက်တိုက်ရွတ်ဖတ်သရဇ္ဈာယ်နေတော့ရာ မည်မျှလောက်ကြာသွားသည် မသိတော့။
တာဝန်ကျ သူနာပြုလေးများနှင့် တခြားအခန်းမှ လူနာများအခန်းထဲဝင်လာပြီး ဝိုင်းဝန်းမေးမြန်းပြုစုတော့မှပင် အရွတ်ရပ်နိုင်ပါတော့သည်။ဘေးကလူ
များကတော့ တခြားဘာကိုမှမမြင်လိုက်ကြ။ သရဏဂုံသုံးပါးကို ပက်လက်ကြီးလှန်၊ လက်အုပ်ချီပြီး အသံကျယ် ကြီးဖြင့် ဆက်တိုက်ရွတ်ဖတ်နေသောကြောင့်
သာ အထူးအဆန်း ဖြစ်ပြီး ဝင်ရောက်မေးမြန်းကြခြင်းဖြစ်သည်။
ထိုရက်မှနောက်တွင်ကား ၎င်းအခန်းထဲတွင် မကောင်းဆိုးဝါး အန္တရာယ် လုံးဝကင်းရှင်းသွားကြောင်း၊ သူကိုယ်တိုင်လည်း ခွဲစိတ်ပြီးသည်အထိနေခဲ့
သော်လည်း ဘာအနှောင့်အယှက်မှ ထပ်မတွေ့တော့ကြောင်းကို ဝမ်းသာအားရ ပြောပြခဲ့ပါသညါ။ စာရှုသူအပေါင်းလည်း သရဏဂုံအစွမ်းဖြင့် မကောင်းဆိုးဝါး
အန္တရာယ်မှကင်းဝေးကြပါစေသော်/
(အရှင်ဇဝနရေးသော သရဏဂုံအစွမ်းစာအုပ်မှဖေါ်ပြသည်)
ဖိုးသူတော် (www.phothutaw.com)
Credit: (ဝိဇ္ဇာစရဏသမ္ပတော)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top