လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×







—Ref: Stylecraze

Credit: 7Day Daily

#Unicode Version#
စိတ်ဖိစီးမှုဖြစ်တဲ့အခါမျိုး တွေမှာ ကိုယ်ဖြစ်တဲ့ခံစားမှု အလိုက် လက်ချောင်းလေးတွေကို နှိပ်ပေးရုံနဲ့ စိတ်သက်သာရအောင် လုပ်နိုင်တယ်လို့ဆိုပါတယ်။ လက်ချောင်းတစ်ခုချင်းစီဟာ စိတ်ခံစားမှုတစ်ခုချင်းစီနဲ့ ဆက် စပ်နေတာမို့ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာအောင် လုပ်ကြည့် ဖို့အတွက် ဖော်ပြလိုက်ပါတယ်။

စိုးရိမ်မှုတွေအတွက် လက်မကို နှိပ်ပါ - စိုးရိမ်မှုဆိုတာမျိုးဟာ မကြာခဏဆိုသလို ဖြစ်လေ့ရှိပြီး ခေါင်းခဏခဏကိုက်တာတို့၊ နာ တာရှည်ခေါင်းကိုက်ဝေဒနာတွေ ဟာလည်း စိုးရိမ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး တွေကို ချက်ချင်းသက်သာစေဖို့ အတွက်ဆိုရင် လက်မကိုနှိပ်ပြီး အသက်ဝဝရှူသွင်း ရှူထုတ် သုံး ကြိမ်လောက်လုပ်ပြီး လက်ပြန် လွှတ်လိုက်တဲ့အခါ ထူးခြားမှုကို တွေ့မှာပါ။

ကြောက်ရွံ့မှုတွေအတွက် လက် ညှိုးကိုနှိပ်ပါ - တက်တက်ကြွကြွ ဖြစ်နေစေဖို့နဲ့ အရာရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အသင့်အနေအထား အတွက် လက်ညှိုးကိုနှိပ်ပေးရ မယ်လို့ဆိုပါတယ်။

ဒေါသထွက်မှုအတွက် လက် မလယ်ကိုနှိပ်ပါ - ဒေါသထွက်နေ တာကို တည်တည်ငြိမ်ငြိမ် အေး အေးဆေးဆေး အနေအထားဖြစ် ဖို့အတွက် လက်ခလယ်ကိုနှိပ် ထားကြည့်လိုက်ပါ။

ဝမ်းနည်းပူဆွေးမှုအတွက် လက် သူကြွယ်ကိုနှိပ်ပါ - ဒီလို စိတ်ခံ စားမှုတွေကို မြန်မြန်သက်သာစေ ချင်တယ်ဆိုရင် လက်သူကြွယ်ကို နှိပ်ပေးဖို့လိုပါတယ်။

ရဲဆေးတင်မှုအတွက် လက်သန်း ကိုနှိပ်ပါ - ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိရှိ လုပ်ဆောင်နိုင်ဖို့ ရဲ ဆေးတင်မယ်ဆိုရင်တော့ လက် သန်းလေးကိုသာနှိပ်ပါ။

—Ref: Stylecraze

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top