Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေကာင္ေလးေတြအတြက္ကေတာ့ ခ်စ္တင္းေႏွာတယ္ဆိုတာဟာ ေလာကႀကီးက ေပးထားတဲ့ ဆုလာဘ္တစ္ခုေတာင္ ျဖစ္မလား မေျပာတတ္ဘူးေနာ္။ သူတို႔ေတြအားလံုးလိုလိုဟာ ခ်စ္တင္းေႏွာရတာကို ႏွစ္သက္ၾကပါတယ္။ ဒါေပမယ့္လညး္ ခ်စ္တင္းေႏွာတယ္ဆိုတာ အေျခအေန၊ အခ်ိန္အခါသင့္မွသာ ေပ်ာ္ဖို႔ေကာင္းမွာပါေနာ္။ တခ်ိဳ႕ မိန္းကေလးေတြ ျပဳလုပ္လိုက္တဲ့အျပဳအမူေတြက ေကာင္ေလးေတြ ခ်စ္တင္းေႏွာခ်င္စိတ္ မရွိေလာက္ေအာင္ကို ပ်င္းရိၿငီးေငြ႕ေစႏိုင္တယ္ဆိုတာကိုေရာ သိၾကပါရဲ႕လား။ ခ်စ္တင္းေႏွာရမယ္ဆိုတိုင္း ေကာင္ေလးေတြ တက္ၾကြေနတယ္လို႔ မထင္လိုက္ပါနဲ႔။ သူတို႔စိတ္ညစ္တဲ့အေျခအေနေတြလည္း ရွိေနပါေသးတယ္။
ကလူက်ီစယ္မရွိတာေတြ ….

အၿမဲတမ္းေျပာေနၾကပါပဲ။ ခ်စ္တင္းေႏွာတယ္ဆိုတာ စိတ္လႈပ္ရွားဖို႔ေကာင္းၿပီး ေပ်ာ္ရႊင္ေနရမယ္။ ဒီလိုမွမဟုတ္ပဲ ေသြးသားဆႏၵျဖည့္ဆည္းရံုပဲဆိုရင္ေတာ့ သိပ္ၿပီးဘ၀င္က်စရာ မေကာင္းေတာ့ပါဘူး။ သင္က ကလူက်ီစယ္တာကို မႀကိဳက္ဘူး။ ရွက္ေနမယ္၊ အသည္းယားေနမယ္။ ဒါေၾကာင့္ သင္ဟာ ခ်စ္တင္းမေႏွာခင္ သင့္ရဲ႕ ေကာင္ေလးဆီက ကလူက်ီစယ္ျပဳတာကို အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ လက္ေရွာင္ေနမယ္ဆိုရင္ေတာ့ သင္တို႔ခ်စ္ခရီးက ေပ်ာ္စရာေကာင္းေတာ့မွာ မဟုတ္ပါဘူး။
ရွက္ေၾကာက္ေနတာေတြ ….

သင္ရဲ႕ ခ်စ္သူလည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒါမွမဟုတ္ သင့္ရဲ႕ အိမ္ေထာင္ဖက္လည္း ျဖစ္ခ်င္ျဖစ္မယ္။ ဒီေလာက္ အနီးဆံုးသူကိုပါ သင္ရွက္ေၾကာက္ေနမယ္ဆိုရင္ေတာ့ အဆင္မေျပပါဘူး။ ခ်စ္တင္းေႏွာရမွာကို ေၾကာက္ရြံ႕ေနမယ္၊ ရွက္ေနမယ္ဆိုရင္ေတာ့ ေကာင္ေလးေတြအေနနဲ႔လည္း ဘယ္လိုမွ ရင္ခုန္စိတ္လႈပ္ရွားဖြယ္ရာ ခ်စ္ခရီးကို ရရွိမွာမဟုတ္ပါဘူး။
ထပ္တလဲလဲပံုစံေတြ ….

ခ်စ္တင္းေႏွာတဲ့ ပံုစံေတြကို အခုေခတ္မွာ အလြယ္တကူ ရွာေဖြလို႔ရပါတယ္။ Youtube ထဲကရွာမလား။ Website ေတြကေန ရွာမွာလား။ ဒီလို အမ်ားႀကီးေလ့လာလို႔ရေနတာေတာင္မွ ေန႔စဥ္ေန႔တိုင္း ပံုစံတစ္ခုတည္းကိုပဲ ထပ္တလဲလဲ ျပဳမူေနမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ကို ပ်င္းရိဖို႔ေကာင္းေနေတာ့မွာပါပဲ။ သင့္ဘက္ကလည္း ဦးေဆာင္ၿပီး ပံုစံမေျပာင္းလဲဘူး။ သင့္ရဲ႕ေကာင္ေလးေျပာင္းေပးေတာ့လည္း မႀကိဳက္ဘူးဆိုရင္ေတာ့ ဒီခ်စ္ခရီးဟာ တီထြင္ဖန္တီးမႈေတြ လိုအပ္ေနၿပီဆိုတာ အေသအခ်ာပါပဲ။
ဟန္ေဆာင္တာေတြ ….

ဒီတစ္ေခါက္ကေတာ့ ေကာင္မေလးေတြကို ေမးခြန္းျပန္ထုတ္ခ်င္ပါတယ္။ ခ်စ္တင္းေႏွာရတိုင္း စိတ္ပါရဲ႕လားဆိုတာပါပဲ။ စိတ္မပါပဲ ဟန္ေဆာင္ေနတာေတြ၊ တစ္ခါတစ္ေလ စိတ္ဆႏၵၿပီးေျမာက္ခ်င္ေယာင္ေဆာင္ေနတာေတြ၊ အရမ္းစိတ္လႈပ္ရွားေပ်ာ္ရႊင္ေနဟန္ေဆာင္တာေတြအားလံုးဟာ ေကာင္ေလးေတြကို ကသိကေအာက္ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြပါပဲ။

ဒါမ်ိဳးေတြ လုပ္ျပလို႔ကေတာ့ ေကာင္္ေလးေတြ သင္နဲ႔ ခ်စ္တင္းေႏွာရမွာကို အရမ္းကို စိတ္ညစ္သြားႏိုင္ပါတယ္။ ခ်စ္သူနဲ႔ ခ်စ္တင္းေႏွာရတာကို သေဘာက်တဲ့ေကာင္မေလးေတြအတြက္ကေတာ့ ဒါမ်ိဳးေတြကို အဓိကထားေရွာင္ၾကဥ္ေပးရမွာျဖစ္လို႔ အထူးအထူးသတိေပးလိုက္ပါတယ္ေနာ္။

Editor : Moethae Say

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MODA
#Unicode Version#
ကောင်လေးတွေအတွက်ကတော့ ချစ်တင်းနှောတယ်ဆိုတာဟာ လောကကြီးက ပေးထားတဲ့ ဆုလာဘ်တစ်ခုတောင် ဖြစ်မလား မပြောတတ်ဘူးနော်။ သူတို့တွေအားလုံးလိုလိုဟာ ချစ်တင်းနှောရတာကို နှစ်သက်ကြပါတယ်။ ဒါပေမယ့်လည်း ချစ်တင်းနှောတယ်ဆိုတာ အခြေအနေ၊ အချိန်အခါသင့်မှသာ ပျော်ဖို့ကောင်းမှာပါနော်။ တချို့ မိန်းကလေးတွေ ပြုလုပ်လိုက်တဲ့အပြုအမူတွေက ကောင်လေးတွေ ချစ်တင်းနှောချင်စိတ် မရှိလောက်အောင်ကို ပျင်းရိငြီးငွေ့စေနိုင်တယ်ဆိုတာကိုရော သိကြပါရဲ့လား။ ချစ်တင်းနှောရမယ်ဆိုတိုင်း ကောင်လေးတွေ တက်ကြွနေတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့စိတ်ညစ်တဲ့အခြေအနေတွေလည်း ရှိနေပါသေးတယ်။
ကလူကျီစယ်မရှိတာတွေ ….

အမြဲတမ်းပြောနေကြပါပဲ။ ချစ်တင်းနှောတယ်ဆိုတာ စိတ်လှုပ်ရှားဖို့ကောင်းပြီး ပျော်ရွှင်နေရမယ်။ ဒီလိုမှမဟုတ်ပဲ သွေးသားဆန္ဒဖြည့်ဆည်းရုံပဲဆိုရင်တော့ သိပ်ပြီးဘဝင်ကျစရာ မကောင်းတော့ပါဘူး။ သင်က ကလူကျီစယ်တာကို မကြိုက်ဘူး။ ရှက်နေမယ်၊ အသည်းယားနေမယ်။ ဒါကြောင့် သင်ဟာ ချစ်တင်းမနှောခင် သင့်ရဲ့ ကောင်လေးဆီက ကလူကျီစယ်ပြုတာကို အကြောင်းအမျိုးမျိုးနဲ့ လက်ရှောင်နေမယ်ဆိုရင်တော့ သင်တို့ချစ်ခရီးက ပျော်စရာကောင်းတော့မှာ မဟုတ်ပါဘူး။
ရှက်ကြောက်နေတာတွေ ….

သင်ရဲ့ ချစ်သူလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် သင့်ရဲ့ အိမ်ထောင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်။ ဒီလောက် အနီးဆုံးသူကိုပါ သင်ရှက်ကြောက်နေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ချစ်တင်းနှောရမှာကို ကြောက်ရွံ့နေမယ်၊ ရှက်နေမယ်ဆိုရင်တော့ ကောင်လေးတွေအနေနဲ့လည်း ဘယ်လိုမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ချစ်ခရီးကို ရရှိမှာမဟုတ်ပါဘူး။
ထပ်တလဲလဲပုံစံတွေ ….

ချစ်တင်းနှောတဲ့ ပုံစံတွေကို အခုခေတ်မှာ အလွယ်တကူ ရှာဖွေလို့ရပါတယ်။ Youtube ထဲကရှာမလား။ Website တွေကနေ ရှာမှာလား။ ဒီလို အများကြီးလေ့လာလို့ရနေတာတောင်မှ နေ့စဉ်နေ့တိုင်း ပုံစံတစ်ခုတည်းကိုပဲ ထပ်တလဲလဲ ပြုမူနေမယ်ဆိုရင်တော့ တော်တော်ကို ပျင်းရိဖို့ကောင်းနေတော့မှာပါပဲ။ သင့်ဘက်ကလည်း ဦးဆောင်ပြီး ပုံစံမပြောင်းလဲဘူး။ သင့်ရဲ့ကောင်လေးပြောင်းပေးတော့လည်း မကြိုက်ဘူးဆိုရင်တော့ ဒီချစ်ခရီးဟာ တီထွင်ဖန်တီးမှုတွေ လိုအပ်နေပြီဆိုတာ အသေအချာပါပဲ။
ဟန်ဆောင်တာတွေ ….

ဒီတစ်ခေါက်ကတော့ ကောင်မလေးတွေကို မေးခွန်းပြန်ထုတ်ချင်ပါတယ်။ ချစ်တင်းနှောရတိုင်း စိတ်ပါရဲ့လားဆိုတာပါပဲ။ စိတ်မပါပဲ ဟန်ဆောင်နေတာတွေ၊ တစ်ခါတစ်လေ စိတ်ဆန္ဒပြီးမြောက်ချင်ယောင်ဆောင်နေတာတွေ၊ အရမ်းစိတ်လှုပ်ရှားပျော်ရွှင်နေဟန်ဆောင်တာတွေအားလုံးဟာ ကောင်လေးတွေကို ကသိကအောက်ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။

ဒါမျိုးတွေ လုပ်ပြလို့ကတော့ ကောင်လေးတွေ သင်နဲ့ ချစ်တင်းနှောရမှာကို အရမ်းကို စိတ်ညစ်သွားနိုင်ပါတယ်။ ချစ်သူနဲ့ ချစ်တင်းနှောရတာကို သဘောကျတဲ့ကောင်မလေးတွေအတွက်ကတော့ ဒါမျိုးတွေကို အဓိကထားရှောင်ကြဉ်ပေးရမှာဖြစ်လို့ အထူးအထူးသတိပေးလိုက်ပါတယ်နော်။

Editor : Moethae Say

ဖိုးသူတော် (www.phothutaw.com)
Credit: MODA
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top