ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေနရာကြက္မိုးႀကီးေန၍ ေရႀကီးနစ္ျမဳပ္မႈ ဆက္လက္ျဖစ္ ေပၚေနကာ လူဦးေရ ငါးေထာင္ ေက်ာ္ ထပ္မံေရႊ႕ေျပာင္းထားရ ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနမွ သတင္းရရွိသည္။

ဧရာဝတီတုိင္းေဒသႀကီးႏွင့္ ရခုိင္ျပည္နယ္တြင္ ေနရာကြက္ မိုးႀကီးေနကာ ေဒသတြင္း ျမစ္ ေခ်ာင္းမ်ား ေရမ်ားေန၍ ေရေဘးရင္ဆုိင္ရသူ လူဦးေရတုိးလာျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

ဇူလုိင္ ၂၄ ရက္အထိ စာရင္း အရ ေရေဘးေၾကာင့္ ေရႊ႕ေျပာင္း ရသူ ၁၃၄,၉၅၁ ဦး ရွိရာမွ၅,၂၈၆ ဦး တိုးလာကာ လူဦးေရ ၁၃၉,၈၇၇ ဦး ျဖစ္လာခဲ့ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ဌာနက သတင္းထုတ္ျပန္ထား သည္။ ေနရာကြက္မိုးႀကီးမႈႏွင့္ ျမစ္ေရဝင္မႈေၾကာင့္ စစ္ကိုင္း၊ မေကြး၊ပဲခူး၊ ဧရာဝတီတုိင္းေဒသႀကီး၊ ခ်င္း၊ ရခိုင္၊ ကရင္ႏွင့္ မြန္ျပည္ နယ္တုိ႔တြင္ ေရႀကီးနစ္ျမဳပ္မႈ ရင္ ဆုိင္ေနရျခင္းျဖစ္သည္။ ဇူလုိင္ ၁ ရက္က စတင္သည့္ ေရေဘး အတြင္း ေနအိမ္ ၃၄,၀၀၀ ေက်ာ္ ေရနစ္ျမဳပ္ခဲ့သည္။

လက္ရွိ ရာသီဥတုအေျခအ ေနအရ တနသၤာရီတုိင္းေဒသႀကီး၊ ကရင္၊ မြန္ျပည္နယ္၊ ပဲခူး၊ ရန္ ကုန္ႏွင့္ ဧရာဝတီတုိင္းေဒသႀကီး တုိ႔တြင္ ေနရာကြက္မိုးႀကီးႏိုင္ကာ ေရေဘးအႏၲရာယ္ သတိျပဳရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကား မႈဦးစီးဌာနက သတင္းထုတ္ျပန္ ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
  နေရာကွက်မိုးကြီးနေ၍ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ် ပေါ်နေကာ လူဦးရေ ငါးထောင် ကျော် ထပ်မံရွှေ့ပြောင်းထားရ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက် မိုးကြီးနေကာ ဒေသတွင်း မြစ် ချောင်းများ ရေများနေ၍ ရေဘေးရင်ဆိုင်ရသူ လူဦးရေတိုးလာခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။


ဇူလိုင် ၂၄ ရက်အထိ စာရင်း အရ ရေဘေးကြောင့် ရွှေ့ပြောင်း ရသူ ၁၃၄,၉၅၁ ဦး ရှိရာမှ၅,၂၈၆ ဦး တိုးလာကာ လူဦးရေ ၁၃၉,၈၇၇ ဦး ဖြစ်လာခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား သည်။ နေရာကွက်မိုးကြီးမှုနှင့် မြစ်ရေဝင်မှုကြောင့် စစ်ကိုင်း၊ မကွေး၊ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည် နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ရင် ဆိုင်နေရခြင်းဖြစ်သည်။ ဇူလိုင် ၁ ရက်က စတင်သည့် ရေဘေး အတွင်း နေအိမ် ၃၄,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သည်။

လက်ရှိ ရာသီဥတုအခြေအ နေအရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်၊ မွန်ပြည်နယ်၊ ပဲခူး၊ ရန် ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကွက်မိုးကြီးနိုင်ကာ ရေဘေးအန္တရာယ် သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top