လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ် အဆိုးရွားဆုံးခံနေရတဲ့ မြို့နယ် ၃ ခုအနက် တစ်ခုဖြစ်တဲ့ ပခုက္ကူမြို့နယ်အတွင်းက ရေဘေးဒဏ်သင့် အိမ်ထောင်စုများအတွက် ကျပ် ၂၁၀ သိန်း တန်ဖိုးရှိ အရေးတကြီး လိုအပ်တဲ့ စားသောက်ကုန်များ၊ ရေနှင့် သန့ှ်ရှင်းရေးအတွက် အထောက်အပံ့တွေကို တယ်လီနောမြန်မာက စတင်ပေးအပ်နေပြီ ဖြစ်ပြီးတယ်လီနော မြန်မာရဲ့ လုပ်ငန်း လက်တွဲဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Network Activities Group (NAG) မှတစ်ဆင့် ပေးအပ်နေခြင်း ဖြစ်ပါတယ်။
-ကောင်းမြတ်ထွန်း
#Unicode Version#
တယ်လီနော မြန်မာကနေပြီး ရေဘေးဒဏ်ခံစားရသူ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ အချိန်မရွေး ဆက်သွယ်ဆောင်ရွက်မှု ရရှိနေစေဖိုု့အတွက် နေရောင်ခြည်စွမ်းအင်သုံး မိုဘိုင်းဖုန်းအားသွင်းစက် တစ်ခုကို သီတင်း ၂ ပတ်ကြာ ဆောင်ရွက်ပေးထားမယ်လို့ သိရပါတယ်။ ဒီစက်မှာ မိုဘိုင်းဖုန်း ၁၈ လုံးကို တစ်ပြိုင်နက်တည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ တယ်လီနောရဲ့ ကနဦးထောက်ပံ့မှု အစီအစဥအနေနဲ့ ပခုက္ကူမြို့နယ်၊ ဥယျာဉ်ကျေးရွာအနီးအနားရှိ ရေဘေးဒဏ် ခံစားနေရတဲ့ လူဦးရေပေါင်း ၁၀၀၀ ကျော်ကို အကျိုးပြုစေမယ်လို့ ဆိုပါတယ်။
“အခုလက်ရှိမှာ နေရာအတော်များများမှာ ရေကြီးမှုတွေ ရှိနေပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့်လည်း မြန်မာနိုင်ငံအနှံ့အပြားက နေရာအတော်များများဟာ ထပ်ပြီးရေဘေးဒဏ်ခံရဖို့ အလားအလာတွေ ရှိနေပါတယ်။ တယ်လီနောအနေနဲ့ NAG ရယ် ဒေသခံ လူမှုအဖွဲ့အစည်းတွေရယ်နဲ့ ပူးပေါင်းပြီး လိုအပ်သလို ဆက်လက်ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာရဲ့ ရေရှည်တည်တံ့သော လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာကဏ္ဍ တာဝန်ခံဦးမင်းသူက ပြောကြားပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးဒဏ် အဆိုးရွားဆုံးခံနေရတဲ့ မြို့နယ် ၃ ခုအနက် တစ်ခုဖြစ်တဲ့ ပခုက္ကူမြို့နယ်အတွင်းက ရေဘေးဒဏ်သင့် အိမ်ထောင်စုများအတွက် ကျပ် ၂၁၀ သိန်း တန်ဖိုးရှိ အရေးတကြီး လိုအပ်တဲ့ စားသောက်ကုန်များ၊ ရေနှင့် သန့်ှရှင်းရေးအတွက် အထောက်အပံ့တွေကို တယ်လီနောမြန်မာက စတင်ပေးအပ်နေပြီ ဖြစ်ပြီးတယ်လီနော မြန်မာရဲ့ လုပ်ငန်း လက်တွဲဆောင်ရွက်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Network Activities Group (NAG) မှတစ်ဆင့် ပေးအပ်နေခြင်း ဖြစ်ပါတယ်။
-ကောင်းမြတ်ထွန်း
ဖိုးသူတော် (www.phothutaw.com)
Credit: Internet Journal
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top