ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီတစ္ပတ္ေတာ့ သမုဒၵရာပိုင္းေဒသကေန အာရွမွာ လူလည္လာလုပ္ေနတဲ့ ၾသစေၾတးလ်ေဘာလံုးအဖြဲ႕ခ်ဳပ္ အေၾကာင္းကို ဦးမ်ဳိးႀကီးက နည္းနည္းေဆြးေႏြးၾကည့္ခ်င္ပါတယ္။

သိၾကတဲ့အတိုင္း ေဘာလံုးနဲ႔ ပတ္သက္လာရင္ ၾသဇာအာဏာ အႀကီးဆံုးအဖြဲ႕အစည္းႀကီးျဖစ္တဲ့ ဖီဖာဟာ ကမၻာ့ဖလား ၀င္ေရာက္ယွဥ္ၿပိဳင္ခြင့္ရဖို႔ ေျခစစ္ပြဲေတြကို ယွဥ္ၿပိဳင္ကစားတဲ့ေနရာမွာ သူ႔သတ္မွတ္ထားတဲ့ တိုက္ႀကီးမ်ားအလိုက္ ယွဥ္ၿပိဳင္ေစၿပီး ၀င္ခြင့္ခြဲတမ္းကိုလည္း တိတိက်က် သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ ဥပမာအားျဖင့္ ဦးမ်ဳိးႀကီးတို႔ေနထိုင္တဲ့ အာရွတိုက္ဆိုပါေတာ့၊ လာမယ့္ႏွစ္ ႐ုရွားမွာလုပ္မယ့္ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေလးသင္းက တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ္၊

ေနာက္တစ္သင္းက တိုက္ႀကီးမ်ားအလိုက္ ထပ္ဆင့္ေျခစစ္ပြဲကစားၿပီးႏိုင္ရင္ ေနာက္ထပ္ေနရာတစ္ေနရာ ထပ္ရမယ္။ ႐ံႈးသြားရင္ေတာ့ ေလးသင္းပဲရမယ္။ ဦးမ်ဳိးႀကီးတို႔ အာရွတိုက္က ကမၻာ့ဖလားၿပိဳင္ပြဲမွာ အဲဒီလိုေျခစစ္ပြဲေအာင္ခြင့္ အသင္းအေရအတြက္ ေလးသင္းဒါမွမဟုတ္ ငါးသင္းရေနခ်ိန္မွာ ၾသစေၾတးလ်ေဘာလံုးအသင္းပါ၀င္ေနတဲ့ သမုဒၵရာပိုင္းကေတာ့ တစ္ေနရာေတာင္ တင္းျပည့္က်ပ္ျပည့္မရဘူး။ ဆိုလိုတာက သူတို႔အသင္းပါ၀င္တဲ့ သမုဒၵရာပိုင္းေျခစစ္ပြဲမွာ ပထမရတဲ့အသင္းဟာ ကမၻာ့ဖလားၿပိဳင္ပြဲရွိရာကို တုိက္႐ိုက္သြားခြင့္မရေသးဘူး။ ေနာက္ထပ္ တိုက္ႀကီးမ်ားအလိုက္ ထပ္ဆင့္ေျခစစ္ပြဲကို ကစားရေသးတယ္။

အဲဒီေျခစစ္ပြဲမွာႏုိင္မွ ကမၻာ့ဖလားေျခစစ္ပြဲ ေအာင္မွာ။ သူတို႔နဲ႔ကစားရမယ့္ဇုန္ကလည္း ဘရာဇီးတို႔ အာဂ်င္တီးနားတို႔မွာ ပါ၀င္ေနတဲ့ ေတာင္အေမရိကဇုန္၊ အဲဒီဇုန္မွာ အဆင့္ ၅ ေနရာရတဲ့ အသင္းနဲ႔ ကစားရမွာဆိုေပမယ့္ ေဘာလံုးအဆင့္အတန္းခ်င္းက ကြာေလေတာ့ သမုဒၵရာပိုင္းေဒသက အသင္းတစ္သင္း ကမၻာ့ဖလားၿပိဳင္ပြဲရွိရာကို ေျခစစ္ပြဲေအာင္လာတယ္ဆိုတာ တစ္သက္မွာ တစ္ခါေတာင္ ျဖစ္ႏုိင္ခဲတဲ့ကိစၥတစ္ခုလို ျဖစ္ေနတာေပါ့။ ဥပမာ လက္ရွိသမုဒၵရာပိုင္းမွာ ထိပ္ဆံုးအသင္းအျဖစ္ ရပ္တည္ေနတဲ့ နယူးဇီလန္ဆိုပါေတာ့။ ၁၉၃၀ ျပည့္ႏွစ္က စတင္က်င္းပခဲ့တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲႀကီးမွာ ႏွစ္ႀကိမ္ပဲ ေျခစစ္ပြဲေအာင္ခဲ့ဖူးတယ္။

တစ္ႀကိမ္က ၁၉၈၂ ခုႏွစ္ကျဖစ္ၿပီး ေနာက္တစ္ႀကိမ္ကေတာ့ ၂၀၁၀ ခုႏွစ္က၊ ဒီလို ေျခစစ္ပြဲေအာင္ဖို႔ ခက္ခဲတဲ့ အေနအထားေတြေၾကာင့္ ၾသစေၾတးလ်အသင္းဟာ ေျခစစ္ပြဲ၀င္ခြင့္ အသင္းအေရအတြက္ ပိုမိုရၿပီး ေျခစြမ္းခ်င္းယွဥ္မယ္ဆိုရင္လည္း သူတို႔ထက္ တစ္ပန္းနိမ့္ေနတဲ့ အာရွဇုန္ရွိရာကို ေျပာင္းေရႊ႕လာပါေတာ့တယ္။ ဒီေနရာမွာ သက္ဆိုင္ရာ ဇုန္အလိုက္ သတ္မွတ္ထားတဲ့ တိုက္ႀကီးအတြင္းမွာပါေပမယ့္ တျခားတိုက္တစ္တိုက္ရွိရာကို သြားကစားေနတဲ့ႏိုင္ငံေတြ မရွိဘူးလားဆိုေတာ့ ရွိပါတယ္။ အစၥေရးပါ။ အစၥေရးဟာ အာရွတိုက္အတြင္းမွာ ပါ၀င္ေပမယ့္ ေဘာလံုးၿပိဳင္ပြဲေတြ၊ အားကစားၿပိဳင္ပြဲေတြကိုေတာ့ ဥေရာပတိုက္ ေခါင္းစီးေအာက္ကေနပဲ ၿပိဳင္ပါတယ္။

ဘာေၾကာင့္ အဲဒီလုိသြားၿပိဳင္ေနရတာလဲ ဆိုတာကလည္း အေထြအထူး ရွင္းျပေနစရာ လိုမယ္မထင္ပါဘူး။ ေက်ာင္းေတာ္က ရန္စေတြက ႀကီးလြန္းတာေၾကာင့္ အာရွမွာ အစၥေရးပါရင္ တက္လာမယ့္ ဇာတ္ေတြက ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားတဲ့အတြက္ပဲ ျဖစ္ပါတယ္။ ေနာက္တစ္ႏိုင္ငံကေတာ့ ကာဇက္စတန္ပါ။ သူကလည္း ေျမမ်က္ႏွာသြင္ျပင္အရ အာရွမွာရွိပါတယ္။ ဒါေပမဲ့ ဥေရာပေဘာလံုးအဖြဲ႕ခ်ဳပ္ လက္ေအာက္မွာ သြားၿပိဳင္ပါတယ္။ သူတို႔ကလည္း ရွင္းပါတယ္။ ႐ုရွားက ခြဲထြက္လာတဲ့ႏုိင္ငံျဖစ္တာေၾကာင့္ အာရွနဲ႔စာရင္ ဥေရာပနဲ႔ ထိေတြ႕နီးစပ္မႈ ပိုမ်ားတာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဆိုေတာ့ကာ ဒီကေန႔အခ်ိန္မွာ တိုက္ေျပာင္းၿပီး ေဘာလံုးကန္ေနတဲ့ ႏုိင္ငံသံုးႏုိင္ငံထဲမွာ ႏွစ္ႏုိင္ငံကေတာ့ ရွင္းတယ္။ အစၥေရးက အေျခအေနအရ အာရွမွာ လံုး၀၀င္ပါလို႔မရတာေၾကာင့္၊ ေနာက္တစ္ႏိုင္ငံကေတာ့ ထိေတြ႕မႈ နီးစပ္တာေၾကာင့္ျဖစ္ၿပီး ၾသစေၾတးလ်ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ဖို႔ပဲ ျဖစ္ပါတယ္။ ဒီလိုရည္ရြယ္ခ်က္နဲ႔ တိုက္ေျပာင္းကစားခဲ့တဲ့ ၾသဇီေဘာလံုးအဖြဲ႕ခ်ဳပ္ရဲ႕ဆႏၵက ျပည့္ေျမာက္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ၾသစေၾတးလ်ဟာ သမုဒၵရာပိုင္းကေန အာရွကိုေျပာင္းဖို႔ ၂၀၀၅ မွာ အဆိုျပဳလႊာ တင္ပါတယ္။ ၂၀၀၆ မွာ အဖြဲ႕၀င္ျဖစ္လာခဲ့ပါတယ္။ ၂၀၀၆ မတိုင္ခင္ ၾသစေၾတးလ်အသင္းဟာ ကမၻာ့ဖလား ေျခစစ္ပြဲတစ္ႀကိမ္သာ ေအာင္ခဲ့ေပမယ့္ ၂၀၀၆ ကေန ဒီကေန႔အခ်ိန္အထိ သံုးႀကိမ္ဆက္ ေျခစစ္ပြဲေအာင္ထားခဲ့ၿပီ ျဖစ္ပါတယ္။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပါ။ အခုတစ္ႀကိမ္လည္း ေျခစစ္ပြဲေအာင္ဖို႔ ေတာ္ေတာ္ေလး အလားအလာေကာင္းေနၿပီး ဒီတစ္ႀကိမ္သာ ေအာင္မယ္ဆိုရင္ ေလးႀကိမ္ဆက္ေအာင္တဲ့အသင္း ျဖစ္လာမွာပါ။ သမုဒၵရာအေနနဲ႔မဟုတ္ဘဲ အာရွအေနနဲ႔ ေအာင္မွာပါ။

ဒီေနရာမွာ ေဆြးေႏြးစရာရွိလာတာက ၾသစေၾတးလ်အသင္းကို အဲဒီလိုေနရာတစ္ေနရာ ပံုမွန္လိုလုိ ေပးေနရတဲ့အတြက္ အာရွကအသင္းေတြရဲ႕ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ခြင့္ေနရာ ဆံုး႐ံႈးေနမႈပါ။ အထက္မွာ တင္ျပခဲ့တဲ့အတိုင္း ၾသစေၾတးလ်ရဲ႕ ကစားသမားစုဖြဲ႕မႈနဲ႔ ေျခစြမ္းက က်န္တဲ့ ဥေရာပ၊ အာဖရိက၊ ေတာင္အေမရိက၊ ကြန္ကာကက္ဖ္ေဒသက အသင္းေတြနဲ႔ ႏိႈင္းယွဥ္ရင္ မသိသာလွေပမယ့္ အာရွက အသင္းအမ်ားစုနဲ႔ ယွဥ္ရင္ေတာ့ သိသိသာသာကို သူတို႔က သာေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္းပဲ က်င္းပၿပီးစီးခဲ့တဲ့ ကမၻာ့ဖလားႏွစ္ႀကိမ္ဆက္ကို အလြယ္တကူ ေျခစစ္ပြဲေအာင္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါတင္ပဲလားဆိုေတာ့ မဟုတ္ေသးပါဘူး။

ၾသစေၾတးလ်ဟာ အာရွဖလားေဘာလံုးၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံပါ။ တ႐ုတ္ႏုိင္ငံမွာ က်င္းပခဲ့တဲ့ ၂၀၁၆ AFF ယူ ၁၉ ခ်န္ပီယံၿပိဳင္ပြဲမွာလည္း လက္ရွိခ်န္ပီယံပဲ ျဖစ္ပါတယ္။ တစ္ခါ AFC ယူ ၁၉ ၿပိဳင္ပြဲမွာလည္း ၂၀၀၆ ကစၿပီး အႀကိမ္တိုင္း ၀င္ၿပိဳင္ခြင့္ရထားတဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။ ယူ ၂၃ ဘက္ကို ၾကည့္မယ္ဆိုရင္လည္း လက္ရွိျမန္မာနဲ႔အတူ ေျခစစ္ပဲြ၀င္ေနတဲ့ AFC ယူ ၂၃ ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ႏွစ္ႀကိမ္ဆက္ ေျခစစ္ပြဲေအာင္ထားခဲ့သလို AFF ယူ ၁၆ ခ်န္ပီယံရွစ္ၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံပါ။ ဆိုေတာ့ကာ ၾသစေၾတးလ်အေနနဲ႔ အာရွေဘာလံုးအဖြဲ႕ခ်ဳပ္လက္ေအာက္ကို ေရႊ႕လာတာေၾကာင့္ ကမၻာ့ဖလားလည္း ေျခစစ္ပြဲေအာင္ခြင့္ေတြ ရေနသလို အာရွေဘာလံုးအဖြဲ႕ခ်ဳပ္ လက္ေအာက္ခံ သက္တမ္းအလိုက္ ၿပိဳင္ပြဲေတြသာမက လက္ေရြးစင္အဆင့္ၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈေတြ အလီလီ ရယူေနႏုိင္ခဲ့တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

သူတို႔အသင္း အဲဒီလို ေျခစစ္ပြဲေအာင္ခြင့္အတြက္ အာရွက အသင္းတစ္သင္းမဟုတ္ တစ္သင္းက ေနရာဖယ္ေပးေနရသလို ေဘာလံုးတိုးတက္ေရးအတြက္ အားႀကိဳးမာန္တက္ ႀကိဳးပမ္းေနတဲ့ ႏုိင္ငံတခ်ဳိ႕ဟာလည္း သူတို႔နဲ႔အေတြ႕မွာ ေနရာဖယ္ေပးလိုက္ရတာေၾကာင့္ အဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕အႀကံဳေကာင္းေတြကို လက္လႊတ္ေနရတာဟာ ျဖစ္သင့္ရဲ႕လားဆိုတာ ဒီအခ်ိန္မွာ ျပန္သံုးသပ္သင့္ၿပီလို႔ ဦးမ်ဳိးႀကီးကေတာ့ ယူဆပါတယ္။ တကယ္ေတာ့ ဒီကိစၥေတြဟာ ေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ေဟာင္းႀကီး ဆပ္ဘလတၱာနဲ႔ ဘင္ဟာမန္းတို႔ လူတစ္သိုက္ လုပ္ခ်င္သလိုလုပ္ထားခဲ့တဲ့ ဆိုးေမြေတြပဲ ျဖစ္ပါတယ္။ ဆိုးေမြဆိုတာထက္ စည္းမဲ့ကမ္းပ်က္ လုပ္ခ်င္တာလုပ္ထားခဲ့တဲ့ အ႐ႈပ္ထုပ္ေတြမို႔ အခုခ်ိန္မွာ ျပန္လည္စိစစ္မယ္ဆို စိစစ္ဖို႔ အခ်ိန္က်ေရာက္ေနၿပီ ျဖစ္ပါတယ္။

အဲဒီလိုမွမဟုတ္ဘူးဆိုရင္ေတာ့ ဦးမ်ဳိးႀကီးတို႔ ျမန္မာႏုိင္ငံအပါအ၀င္ အာရွေဘာလံုးအသင္းေတြ အထူးသျဖင့္ အေရွ႕ေတာင္အာရွက ေဘာလံုးအသင္းေတြအတြက္ နစ္နာၿပီးရင္း နစ္နာေနဦးမွာျဖစ္ပါတယ္။ အခုပဲၾကည့္ေလ ဦးမ်ဳိးႀကီးတို႔က အႏိုင္ရဖို႔ ခက္ခက္ခဲခဲကစားထားရတဲ့ စင္ကာပူလို အသင္းကို သူတို႔က ၇ ဂိုးျပတ္အႏိုင္ရေအာင္ ကစားၿပီး AFC ယူ ၂၃ ခ်န္ပီယံရွစ္မွာ ေျခစစ္ပြဲေအာင္ဖို႔ ေသခ်ာသေလာက္ရွိသြားခဲ့ၿပီ မဟုတ္ပါလားခင္ဗ်ာ။

ဦးမ်ိဳးႀကီး

Original Link : http://www.tomorrow.com.mm/?q=articles/3605

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal

#Unicode Version#
ဒီတစ်ပတ်တော့ သမုဒ္ဒရာပိုင်းဒေသကနေ အာရှမှာ လူလည်လာလုပ်နေတဲ့ သြစတြေးလျဘောလုံးအဖွဲ့ချုပ် အကြောင်းကို ဦးမျိုးကြီးက နည်းနည်းဆွေးနွေးကြည့်ချင်ပါတယ်။

သိကြတဲ့အတိုင်း ဘောလုံးနဲ့ ပတ်သက်လာရင် သြဇာအာဏာ အကြီးဆုံးအဖွဲ့အစည်းကြီးဖြစ်တဲ့ ဖီဖာဟာ ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားတဲ့နေရာမှာ သူ့သတ်မှတ်ထားတဲ့ တိုက်ကြီးများအလိုက် ယှဉ်ပြိုင်စေပြီး ဝင်ခွင့်ခွဲတမ်းကိုလည်း တိတိကျကျ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဦးမျိုးကြီးတို့နေထိုင်တဲ့ အာရှတိုက်ဆိုပါတော့၊ လာမယ့်နှစ် ရုရှားမှာလုပ်မယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လေးသင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မယ်၊

နောက်တစ်သင်းက တိုက်ကြီးများအလိုက် ထပ်ဆင့်ခြေစစ်ပွဲကစားပြီးနိုင်ရင် နောက်ထပ်နေရာတစ်နေရာ ထပ်ရမယ်။ ရှုံးသွားရင်တော့ လေးသင်းပဲရမယ်။ ဦးမျိုးကြီးတို့ အာရှတိုက်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဲဒီလိုခြေစစ်ပွဲအောင်ခွင့် အသင်းအရေအတွက် လေးသင်းဒါမှမဟုတ် ငါးသင်းရနေချိန်မှာ သြစတြေးလျဘောလုံးအသင်းပါဝင်နေတဲ့ သမုဒ္ဒရာပိုင်းကတော့ တစ်နေရာတောင် တင်းပြည့်ကျပ်ပြည့်မရဘူး။ ဆိုလိုတာက သူတို့အသင်းပါဝင်တဲ့ သမုဒ္ဒရာပိုင်းခြေစစ်ပွဲမှာ ပထမရတဲ့အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိရာကို တိုက်ရိုက်သွားခွင့်မရသေးဘူး။ နောက်ထပ် တိုက်ကြီးများအလိုက် ထပ်ဆင့်ခြေစစ်ပွဲကို ကစားရသေးတယ်။

အဲဒီခြေစစ်ပွဲမှာနိုင်မှ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မှာ။ သူတို့နဲ့ကစားရမယ့်ဇုန်ကလည်း ဘရာဇီးတို့ အာဂျင်တီးနားတို့မှာ ပါဝင်နေတဲ့ တောင်အမေရိကဇုန်၊ အဲဒီဇုန်မှာ အဆင့် ၅ နေရာရတဲ့ အသင်းနဲ့ ကစားရမှာဆိုပေမယ့် ဘောလုံးအဆင့်အတန်းချင်းက ကွာလေတော့ သမုဒ္ဒရာပိုင်းဒေသက အသင်းတစ်သင်း ကမ္ဘာ့ဖလားပြိုင်ပွဲရှိရာကို ခြေစစ်ပွဲအောင်လာတယ်ဆိုတာ တစ်သက်မှာ တစ်ခါတောင် ဖြစ်နိုင်ခဲတဲ့ကိစ္စတစ်ခုလို ဖြစ်နေတာပေါ့။ ဥပမာ လက်ရှိသမုဒ္ဒရာပိုင်းမှာ ထိပ်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ နယူးဇီလန်ဆိုပါတော့။ ၁၉၃၀ ပြည့်နှစ်က စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ နှစ်ကြိမ်ပဲ ခြေစစ်ပွဲအောင်ခဲ့ဖူးတယ်။

တစ်ကြိမ်က ၁၉၈၂ ခုနှစ်ကဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ၂၀၁၀ ခုနှစ်က၊ ဒီလို ခြေစစ်ပွဲအောင်ဖို့ ခက်ခဲတဲ့ အနေအထားတွေကြောင့် သြစတြေးလျအသင်းဟာ ခြေစစ်ပွဲဝင်ခွင့် အသင်းအရေအတွက် ပိုမိုရပြီး ခြေစွမ်းချင်းယှဉ်မယ်ဆိုရင်လည်း သူတို့ထက် တစ်ပန်းနိမ့်နေတဲ့ အာရှဇုန်ရှိရာကို ပြောင်းရွှေ့လာပါတော့တယ်။ ဒီနေရာမှာ သက်ဆိုင်ရာ ဇုန်အလိုက် သတ်မှတ်ထားတဲ့ တိုက်ကြီးအတွင်းမှာပါပေမယ့် တခြားတိုက်တစ်တိုက်ရှိရာကို သွားကစားနေတဲ့နိုင်ငံတွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ အစ္စရေးပါ။ အစ္စရေးဟာ အာရှတိုက်အတွင်းမှာ ပါဝင်ပေမယ့် ဘောလုံးပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေကိုတော့ ဥရောပတိုက် ခေါင်းစီးအောက်ကနေပဲ ပြိုင်ပါတယ်။

ဘာကြောင့် အဲဒီလိုသွားပြိုင်နေရတာလဲ ဆိုတာကလည်း အထွေအထူး ရှင်းပြနေစရာ လိုမယ်မထင်ပါဘူး။ ကျောင်းတော်က ရန်စတွေက ကြီးလွန်းတာကြောင့် အာရှမှာ အစ္စရေးပါရင် တက်လာမယ့် ဇာတ်တွေက ထိန်းမနိုင်သိမ်းမနိုင်ဖြစ်လာဖို့ ရာခိုင်နှုန်းများတဲ့အတွက်ပဲ ဖြစ်ပါတယ်။ နောက်တစ်နိုင်ငံကတော့ ကာဇက်စတန်ပါ။ သူကလည်း မြေမျက်နှာသွင်ပြင်အရ အာရှမှာရှိပါတယ်။ ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် လက်အောက်မှာ သွားပြိုင်ပါတယ်။ သူတို့ကလည်း ရှင်းပါတယ်။ ရုရှားက ခွဲထွက်လာတဲ့နိုင်ငံဖြစ်တာကြောင့် အာရှနဲ့စာရင် ဥရောပနဲ့ ထိတွေ့နီးစပ်မှု ပိုများတာကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကာ ဒီကနေ့အချိန်မှာ တိုက်ပြောင်းပြီး ဘောလုံးကန်နေတဲ့ နိုင်ငံသုံးနိုင်ငံထဲမှာ နှစ်နိုင်ငံကတော့ ရှင်းတယ်။ အစ္စရေးက အခြေအနေအရ အာရှမှာ လုံး၀၀င်ပါလို့မရတာကြောင့်၊ နောက်တစ်နိုင်ငံကတော့ ထိတွေ့မှု နီးစပ်တာကြောင့်ဖြစ်ပြီး သြစတြေးလျရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုရည်ရွယ်ချက်နဲ့ တိုက်ပြောင်းကစားခဲ့တဲ့ သြဇီဘောလုံးအဖွဲ့ချုပ်ရဲ့ဆန္ဒက ပြည့်မြောက်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သြစတြေးလျဟာ သမုဒ္ဒရာပိုင်းကနေ အာရှကိုပြောင်းဖို့ ၂၀၀၅ မှာ အဆိုပြုလွှာ တင်ပါတယ်။ ၂၀၀၆ မှာ အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ မတိုင်ခင် သြစတြေးလျအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ကြိမ်သာ အောင်ခဲ့ပေမယ့် ၂၀၀၆ ကနေ ဒီကနေ့အချိန်အထိ သုံးကြိမ်ဆက် ခြေစစ်ပွဲအောင်ထားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပါ။ အခုတစ်ကြိမ်လည်း ခြေစစ်ပွဲအောင်ဖို့ တော်တော်လေး အလားအလာကောင်းနေပြီး ဒီတစ်ကြိမ်သာ အောင်မယ်ဆိုရင် လေးကြိမ်ဆက်အောင်တဲ့အသင်း ဖြစ်လာမှာပါ။ သမုဒ္ဒရာအနေနဲ့မဟုတ်ဘဲ အာရှအနေနဲ့ အောင်မှာပါ။

ဒီနေရာမှာ ဆွေးနွေးစရာရှိလာတာက သြစတြေးလျအသင်းကို အဲဒီလိုနေရာတစ်နေရာ ပုံမှန်လိုလို ပေးနေရတဲ့အတွက် အာရှကအသင်းတွေရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခွင့်နေရာ ဆုံးရှုံးနေမှုပါ။ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း သြစတြေးလျရဲ့ ကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းက ကျန်တဲ့ ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ ကွန်ကာကက်ဖ်ဒေသက အသင်းတွေနဲ့ နှိုင်းယှဉ်ရင် မသိသာလှပေမယ့် အာရှက အသင်းအများစုနဲ့ ယှဉ်ရင်တော့ သိသိသာသာကို သူတို့က သာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ကို အလွယ်တကူ ခြေစစ်ပွဲအောင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။

သြစတြေးလျဟာ အာရှဖလားဘောလုံးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံပါ။ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ AFF ယူ ၁၉ ချန်ပီယံပြိုင်ပွဲမှာလည်း လက်ရှိချန်ပီယံပဲ ဖြစ်ပါတယ်။ တစ်ခါ AFC ယူ ၁၉ ပြိုင်ပွဲမှာလည်း ၂၀၀၆ ကစပြီး အကြိမ်တိုင်း ဝင်ပြိုင်ခွင့်ရထားတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ယူ ၂၃ ဘက်ကို ကြည့်မယ်ဆိုရင်လည်း လက်ရှိမြန်မာနဲ့အတူ ခြေစစ်ပွဲဝင်နေတဲ့ AFC ယူ ၂၃ ချန်ပီယံရှစ်ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်ထားခဲ့သလို AFF ယူ ၁၆ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံပါ။ ဆိုတော့ကာ သြစတြေးလျအနေနဲ့ အာရှဘောလုံးအဖွဲ့ချုပ်လက်အောက်ကို ရွှေ့လာတာကြောင့် ကမ္ဘာ့ဖလားလည်း ခြေစစ်ပွဲအောင်ခွင့်တွေ ရနေသလို အာရှဘောလုံးအဖွဲ့ချုပ် လက်အောက်ခံ သက်တမ်းအလိုက် ပြိုင်ပွဲတွေသာမက လက်ရွေးစင်အဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေ အလီလီ ရယူနေနိုင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

သူတို့အသင်း အဲဒီလို ခြေစစ်ပွဲအောင်ခွင့်အတွက် အာရှက အသင်းတစ်သင်းမဟုတ် တစ်သင်းက နေရာဖယ်ပေးနေရသလို ဘောလုံးတိုးတက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ နိုင်ငံတချို့ဟာလည်း သူတို့နဲ့အတွေ့မှာ နေရာဖယ်ပေးလိုက်ရတာကြောင့် အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေကို လက်လွှတ်နေရတာဟာ ဖြစ်သင့်ရဲ့လားဆိုတာ ဒီအချိန်မှာ ပြန်သုံးသပ်သင့်ပြီလို့ ဦးမျိုးကြီးကတော့ ယူဆပါတယ်။ တကယ်တော့ ဒီကိစ္စတွေဟာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကြီး ဆပ်ဘလတ္တာနဲ့ ဘင်ဟာမန်းတို့ လူတစ်သိုက် လုပ်ချင်သလိုလုပ်ထားခဲ့တဲ့ ဆိုးမွေတွေပဲ ဖြစ်ပါတယ်။ ဆိုးမွေဆိုတာထက် စည်းမဲ့ကမ်းပျက် လုပ်ချင်တာလုပ်ထားခဲ့တဲ့ အရှုပ်ထုပ်တွေမို့ အခုချိန်မှာ ပြန်လည်စိစစ်မယ်ဆို စိစစ်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်။

အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဦးမျိုးကြီးတို့ မြန်မာနိုင်ငံအပါအဝင် အာရှဘောလုံးအသင်းတွေ အထူးသဖြင့် အရှေ့တောင်အာရှက ဘောလုံးအသင်းတွေအတွက် နစ်နာပြီးရင်း နစ်နာနေဦးမှာဖြစ်ပါတယ်။ အခုပဲကြည့်လေ ဦးမျိုးကြီးတို့က အနိုင်ရဖို့ ခက်ခက်ခဲခဲကစားထားရတဲ့ စင်ကာပူလို အသင်းကို သူတို့က ၇ ဂိုးပြတ်အနိုင်ရအောင် ကစားပြီး AFC ယူ ၂၃ ချန်ပီယံရှစ်မှာ ခြေစစ်ပွဲအောင်ဖို့ သေချာသလောက်ရှိသွားခဲ့ပြီ မဟုတ်ပါလားခင်ဗျာ။

ဦးမျိုးကြီး



Original Link : http://www.tomorrow.com.mm/?q=articles/3605



ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top