လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

မဲလ္ဘုန္းတကၠသုိလ္ ႏွင့္ မုိနာ့ခ်္တကၠသုိလ္တို႔က ၎ တုိ႔ တကၠသုိလ္ႏွစ္ခုလံုး၏ ပရဝဏ္မ်ားတြင္ ကပ္ထားေသာ လူမ်ိဳးေရးခဲြျခားသည့္ အမုန္းတရားျပည့္ႏွက္ေနေသာ တ႐ုတ္ဆန္႔က်င္ေရးပုိစတာမ်ားကို ဆန္႔က်င္ ေၾကာင္း ေျပာဆုိသည္။

တ႐ုတ္ေက်ာင္းသားမ်ားကို ယင္းအေဆာက္အအံုထံသုိ႔ ဝင္ ခြင့္မျပဳဟု ယင္းပုိစတာမ်ားတြင္ ေရးသားထားၿပီး ထိုသုိ႔မဟုတ္ပါ က တ႐ုတ္ႏုိင္ငံသုိ႔ ျပန္ပို႔ခံရမည္ဟု ေဖာ္ျပထားသည္။


 မဲလ္ဘုန္းတကၠသုိလ္၏ ေဒါက္ဇ္မက္ေဒၚနယ္အေဆာင္ရိွ တံခါးေပၚတြင္ ကပ္ထားေသာ ပို စတာတစ္ခုကုိ လီဆာလူဟုေခၚ ေသာ ေက်ာင္းသူတစ္ဦးက ဓာတ္ ပံု႐ုိက္၍ တြစ္တာေပၚ၌ မွ်ေဝခဲ့ သည္။

ပိုစတာအခ်ိဳ႕တြင္ မဲလ္ဘုန္းတကၠသိုလ္၏ တ႐ုတ္ေက်ာင္း သားႏွင့္ ဆရာမ်ားအဖြဲ႕၊ မိုနာ့ခ်္တကၠသုိလ္ေက်ာင္းသားအဖြဲ႕တုိ႔၏ အဖြဲ႕အစည္းတံဆိပ္မ်ား ပါဝင္ေနသည္။

မိုနာ့ခ်္တကၠသုိလ္က ၎ တုိ႔တကၠသုိလ္တြင္ အလားတူ ပုိစတာ ၂၃ ခု ရွာေတြ႕ခဲ့ၿပီး ဖယ္ရွားပစ္ခဲ့ေၾကာင္း ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွတစ္ဆင့္ ေၾကညာ သည္။

ယင္းျဖစ္ရပ္ႏွင့္ ပတ္သက္ ၍ စီစီတီဗီမ်ားကို စစ္ေဆးကာ ရဲ တပ္ဖဲြ႕သုိ႔ အေၾကာင္းၾကားထား ေၾကာင္းႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ ထိခိုက္ သူမ်ားအား ေထာက္ခံေၾကာင္း ျပသရန္ တကၠသုိလ္တာဝန္ရိွသူ မ်ားက တုိက္တြန္းထားသည္။

မဲလ္ဘုန္းတကၠသုိလ္က ရဲ တပ္ဖြဲ႕ထံ တုိင္ၾကားထားၿပီး ပိုစ တာမိတၱဴမ်ားႏွင့္ စီစီတီဗီဖုိင္မ်ား ကို ေပးအပ္ထားေၾကာင္း သိရ သည္။

ေက်ာင္းသားအဖြဲ႕သံုးဖဲြ႕က ၎တို႔အဖြဲ႕မ်ား၏ တံဆိပ္မ်ားကို ခြင့္ျပဳခ်က္မရိွဘဲ အသံုးျပဳထား သည္ဟု ပူးတဲြေၾကညာခ်က္တစ္ ရပ္၌ ေဖာ္ျပထားသည္။

—Ref:CNA

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 မဲလ်ဘုန်းတက္ကသိုလ် နှင့် မိုနာ့ချ်တက္ကသိုလ်တို့က ၎င်း တို့ တက္ကသိုလ်နှစ်ခုလုံး၏ ပရဝဏ်များတွင် ကပ်ထားသော လူမျိုးရေးခွဲခြားသည့် အမုန်းတရားပြည့်နှက်နေသော တရုတ်ဆန့်ကျင်ရေးပိုစတာများကို ဆန့်ကျင် ကြောင်း ပြောဆိုသည်။

တရုတ်ကျောင်းသားများကို ယင်းအဆောက်အအုံထံသို့ ဝင် ခွင့်မပြုဟု ယင်းပိုစတာများတွင် ရေးသားထားပြီး ထိုသို့မဟုတ်ပါ က တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမည်ဟု ဖော်ပြထားသည်။


 မဲလ်ဘုန်းတက္ကသိုလ်၏ ဒေါက်ဇ်မက်ဒေါ်နယ်အဆောင်ရှိ တံခါးပေါ်တွင် ကပ်ထားသော ပို စတာတစ်ခုကို လီဆာလူဟုခေါ် သော ကျောင်းသူတစ်ဦးက ဓာတ် ပုံရိုက်၍ တွစ်တာပေါ်၌ မျှဝေခဲ့ သည်။

ပိုစတာအချို့တွင် မဲလ်ဘုန်းတက္ကသိုလ်၏ တရုတ်ကျောင်း သားနှင့် ဆရာများအဖွဲ့၊ မိုနာ့ချ်တက္ကသိုလ်ကျောင်းသားအဖွဲ့တို့၏ အဖွဲ့အစည်းတံဆိပ်များ ပါဝင်နေသည်။

မိုနာ့ချ်တက္ကသိုလ်က ၎င်း တို့တက္ကသိုလ်တွင် အလားတူ ပိုစတာ ၂၃ ခု ရှာတွေ့ခဲ့ပြီး ဖယ်ရှားပစ်ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ကြေညာ သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက် ၍ စီစီတီဗီများကို စစ်ဆေးကာ ရဲ တပ်ဖွဲ့သို့ အကြောင်းကြားထား ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ထိခိုက် သူများအား ထောက်ခံကြောင်း ပြသရန် တက္ကသိုလ်တာဝန်ရှိသူ များက တိုက်တွန်းထားသည်။

မဲလ်ဘုန်းတက္ကသိုလ်က ရဲ တပ်ဖွဲ့ထံ တိုင်ကြားထားပြီး ပိုစ တာမိတ္တူများနှင့် စီစီတီဗီဖိုင်များ ကို ပေးအပ်ထားကြောင်း သိရ သည်။

ကျောင်းသားအဖွဲ့သုံးဖွဲ့က ၎င်းတို့အဖွဲ့များ၏ တံဆိပ်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထား သည်ဟု ပူးတွဲကြေညာချက်တစ် ရပ်၌ ဖော်ပြထားသည်။

—Ref:CNA


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top