Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အသစ္ေရာက္ရွိလာသည့္ ေက်ာင္းကားမ်ားကို ျပည္သူ႔ရင္ျပင္တြင္ ဇူလိုင္ ၂၇ ရက္က ေတြ႕ရစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)
ရန္ကုန္တိုင္းေဒသႀကီး အတြင္း ေျပးဆဲြေနသည့္ လိုက္ထ ရပ္ေက်ာင္းကားမ်ားေနရာတြင္ အသစ္၀ယ္ယူထားသည့္ မီနီ ဘတ္စ္အမ်ိဳးအစား ေက်ာင္းကား မ်ားကို ႏွစ္မကုန္မီ အစားထိုးေျပး ဆဲြမည္ျဖစ္ၿပီး ေက်ာင္းကားေျပး ဆဲြမည့္ Golden Hand (ေရႊလက္) ကုမၸဏီကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕အေနျဖင့္ ထူေထာင္ေဆာင္ရြက္မည္ဟု တိုင္းေဒသ ႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာသည္။


ကိုရီးယားႏုိင္ငံ ဟြန္ဒိုုင္း ကုမၸဏီထုတ္ ေက်ာင္းကား (School Bus)စီးေရ ၂၀၀ ကို ဟြန္ဒိုင္းကုမၸဏီက ရန္ကုန္တုိင္းေဒသ ႀကီး အစိုးရအဖဲြ႕သုိ႔ ဇူလိုင္ ၂၇ ရက္တြင္ လႊဲေျပာင္းေပးအပ္သည့္ အခမ္းအနား၌ ၀န္ႀကီးခ်ဳပ္က ေျပာၾကားသည္။

ေက်ာင္းကားစနစ္ စနစ္တ က်ေဆာင္ရြက္ႏုိင္ရန္ ယခု ၂၀၁၇-၁၈ ပညာသင္ႏွစ္ကစၿပီး အေျခခံပညာေက်ာင္းမ်ားႏွင့္ တုိင္းေဒသႀကီး အစိုးရအဖဲြ႕တို႔ေဆြးေႏြးမႈ တစ္ရပ္ စတင္ေဆာင္ရြက္ခဲ့ရာ ေက်ာင္းမ်ားအား ေက်ာင္းကားစနစ္ကို ကုိယ္တိုင္တည္ေထာင္ႏုိင္ရန္ အခြင့္အေရးေပးခဲ့ေသာ္လည္း အခက္အခဲရွိျခင္းေၾကာင့္ ရန္ကုန္တုိင္းေဒသႀကီး အစိုးရအေနျဖင့္ ေက်ာင္းကားစနစ္ကို ထူေထာင္ေပးႏုိင္မည့္ ကုမၸဏီတစ္ရပ္ ထူေထာင္ေဆာင္ရြက္မည္ဟု ၎ကဆုိသည္။

‘‘ေက်ာင္းကားလုပ္ငန္း ကုမၸဏီတစ္ခု တရား၀င္တည္ေထာင္ ဖို႔ ေက်ာင္းအုပ္ႀကီးေတြ၊ ေက်ာင္းသားမိဘေတြနဲ႔ ေဆြးေႏြးခဲ့ပါ တယ္။ မၾကာခင္မွာ ဒီကုမၸဏီကို မွတ္ပံုတင္ (Registration)မွာ ျဖစ္ပါတယ္။ ဒီကုမၸဏီရဲ႕ နာမည္က ေတာ့ Golden Hand (ေရႊလက္)ျဖစ္ပါတယ္။ ကေလးငယ္ေတြကို ေကာင္းမြန္တဲ့ ကူညီေဖးမမႈတစ္ခုကို ေဆာင္ရြက္ေပးႏုိင္ဖို႔ျပင္ဆင္ေနပါတယ္။ ပုဂၢလိကကုမၸဏီ မ်ား၊ ႏိုင္ငံျခားကုမၸဏီမ်ားနဲ႔ဖက္စပ္ေဆာင္ရြက္သြားမွာ ျဖစ္ပါ တယ္။ ဒီကုမၸဏီကို ပုဂၢလိကလုပ္ငန္း ကုမၸဏီတစ္ရပ္လုိပဲ ရွင္သန္ရပ္တည္ႏုိင္ဖို႔အတြက္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္’’ဟု ၀န္ႀကီးခ်ဳပ္က ေျပာသည္။

အသစ္ေရာက္ရွိလာေသာ ေက်ာင္းကားမ်ားကို တိုင္းေဒသ ႀကီးအစိုးရအဖဲြ႕မွတစ္ဆင့္ လုပ္ ငန္းေဆာင္ရြက္မည့္ ကုမၸဏီသို႔ လႊဲေျပာင္းၿပီး ယခုႏွစ္မကုန္မီ ရန္ကုန္ၿမိဳ႕ေပၚရွိ အေျခခံပညာ ေက်ာင္း ၂၂ ေက်ာင္းအတြက္ စ တင္ေျပးဆဲြေပးမည္ဟု ရန္ကုန္ တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာ ပိုင္အဖဲြ႕အတြင္းေရးမွဴး ေဒါက္ တာေမာင္ေအာင္က ေျပာသည္။

‘‘ေက်ာင္း ၂၂ ေက်ာင္းမွာ စဆဲြမယ္။ အဲဒီထဲမွာ ေက်ာင္း ကားလိုတဲ့လူလည္း လိုတယ္။ မလိုတဲ့လူလည္းရွိတယ္။ အစိုးရ က လုပ္ေပးမယ္။ ဒါေပမဲ့ ကုမၸဏီ ပံုစံပဲ သြားမွာ။ အစိုးရက အမ်ား ဆံုးရွယ္ယာပါတဲ့ ကုမၸဏီပံုစံျဖစ္ တဲ့အတြက္ ေျပာခ်င္တာက ေက်ာင္းသားေတြ စီးလို႔ရေအာင္၊ တတ္ႏုိင္တဲ့ေစ်းႏႈန္းလည္း ျဖစ္ ေအာင္ ဆရာတို႔ထိန္းသိမ္းမွာျဖစ္ ပါတယ္’’ဟု ေဒါက္တာေမာင္ ေအာင္က ေျပာသည္။

ကိုရီးယား သံ႐ံုး ကုန္သြယ္ မႈဌာန၊ ဟြန္ဒိုင္းကားတင္သြင္း ေရး ျမန္မာျပည္ကိုယ္စားလွယ္ ကုမၸဏီတို႔၏ ခ်ိတ္ဆက္ေပးမႈျဖင့္ မထသစနစ္ကို ဖ်က္သိမ္းလိုက္ ရာမွ ရရွိခဲ့ေသာ က်ပ္ ငါးဘီလီယံ ခန္႔ျဖင့္ ႏွစ္ႏုိင္ငံခ်င္းခ်ိတ္ဆက္ ကာ ေက်ာင္းကားအသစ္မ်ား ၀ယ္ယူခဲ့ျခင္းျဖစ္သည္။ မီနီဘတ္စ္ အမ်ိဳးအစား ေက်ာင္းကားတစ္စီးကို ကန္ေဒၚလာ ၃၆,၈၄၀ ျဖင့္ ၀ယ္ယူခဲ့ၿပီး ျပင္ပေပါက္ေစ်းထက္ ကန္ေဒၚလာ တစ္ေသာင္းခန္႔ ေစ်းသက္သာသည္ဟု ဆိုသည္။

ေက်ာင္းကားအသစ္မ်ားကို ေျပးဆဲြမည့္လမ္းေၾကာင္းမ်ား၊ ခရီးစဥ္အလိုက္ ႏႈန္းထားမ်ား သတ္မွတ္ၿပီးပါက ျပည္သူသုိ႔ အ သိေပးမည္ျဖစ္ၿပီး ယခုေျပးဆဲြေန ေသာ ပုဂၢလိက ေက်ာင္းကားမ်ား ကဲ့သို႔ အိမ္ေရွ႕အေရာက္ေခၚ ေဆာင္ေပးမည့္စနစ္မ်ိဳး လုပ္ ေဆာင္ရန္ခက္ခဲျခင္းေၾကာင့္ စုရပ္တစ္ခုထားကာ ေခၚေဆာင္ေပးမည့္စနစ္ က်င့္သံုးရန္ စီစဥ္ထားသည္။

‘‘ေတာ္ေတာ္မ်ားမ်ား အရင္ တုန္းကဆုိ အိမ္္ေရွ႕အေရာက္လာ ႀကိဳတာမ်ိဳးရွိခဲ့ေတာ့ ေက်ာင္း ကားစနစ္ျဖစ္သြားရင္ေတာ့ အိမ္ ေရွ႕ထိေရာက္ဖို႔ေတာ့ မလြယ္ပါ ဘူး။ ႏုိင္ငံတကာမွာလည္း စုရပ္ တစ္ခု သတ္မွတ္ၿပီးေတာ့ အိမ္က ေန လာပို႔တာမ်ိဳးရွိတယ္။ အေသး စိတ္ကိုေတာ့ ဆက္ေဆြးေႏြးရ ဦးမွာပါ’’ဟု ေဒါက္တာေမာင္ ေအာင္က ေျပာသည္။

ေက်ာင္းကားမ်ားတြင္ GPS မ်ား တပ္ဆင္ထားၿပီး အလံုလမ္း ရွိ Traffic Control Center မွ ကားသြားေနသည့္ လမ္းေၾကာင္း၊ အရွိန္တို႔ကို ေစာင့္ၾကည့္ကာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားေဘးကင္း လံုၿခံဳေရးကို ေစာင့္ၾကည့္မည္ဟု ဆုိသည္။

ရန္ကုန္ တစ္ၿမိဳ႕လံုးတြင္ လက္ရွိေျပးဆဲြေနသည့္ ေက်ာင္း ကားစီးေရ ၁,၀၀၀ ေက်ာ္ရွိေန ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမွဴး႐ံုးမွ ရရွိေသာစာရင္း ဇယားမ်ားအရ သိရသည္။

အစိုးရအေနျဖင့္ ယခင္ ေက်ာင္းကားမ်ားကို ေျပးဆဲြခြင့္ ပိတ္သိမ္းမည္ဆုိပါက ေက်ာင္း ကားအသစ္မ်ား လံုေလာက္ ေအာင္ ျဖည့္ဆည္းေပးရန္လိုအပ္ၿပီး မိဘမ်ားစိတ္ခ်ယံုၾကည္ေစရန္ ကားေပၚတြင္ အကူထားေပးသင့္ေၾကာင္း ေက်ာင္းသားမိဘမ်ားက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
အသစ်ရောက်ရှိလာသည့် ကျောင်းကားများကို ပြည်သူ့ရင်ပြင်တွင် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်တိုင်းဒေသကြီး အတွင်း ပြေးဆွဲနေသည့် လိုက်ထ ရပ်ကျောင်းကားများနေရာတွင် အသစ်ဝယ်ယူထားသည့် မီနီ ဘတ်စ်အမျိုးအစား ကျောင်းကား များကို နှစ်မကုန်မီ အစားထိုးပြေး ဆွဲမည်ဖြစ်ပြီး ကျောင်းကားပြေး ဆွဲမည့် Golden Hand (ရွှေလက်) ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထူထောင်ဆောင်ရွက်မည်ဟု တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


ကိုရီးယားနိုင်ငံ ဟွန်ဒိုုင်း ကုမ္ပဏီထုတ် ကျောင်းကား (School Bus)စီးရေ ၂၀၀ ကို ဟွန်ဒိုင်းကုမ္ပဏီက ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့သို့ ဇူလိုင် ၂၇ ရက်တွင် လွှဲပြောင်းပေးအပ်သည့် အခမ်းအနား၌ ဝန်ကြီးချုပ်က ပြောကြားသည်။

ကျောင်းကားစနစ် စနစ်တ ကျဆောင်ရွက်နိုင်ရန် ယခု ၂၀၁၇-၁၈ ပညာသင်နှစ်ကစပြီး အခြေခံပညာကျောင်းများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဆွေးနွေးမှု တစ်ရပ် စတင်ဆောင်ရွက်ခဲ့ရာ ကျောင်းများအား ကျောင်းကားစနစ်ကို ကိုယ်တိုင်တည်ထောင်နိုင်ရန် အခွင့်အရေးပေးခဲ့သော်လည်း အခက်အခဲရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ကျောင်းကားစနစ်ကို ထူထောင်ပေးနိုင်မည့် ကုမ္ပဏီတစ်ရပ် ထူထောင်ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

‘‘ကျောင်းကားလုပ်ငန်း ကုမ္ပဏီတစ်ခု တရားဝင်တည်ထောင် ဖို့ ကျောင်းအုပ်ကြီးတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆွေးနွေးခဲ့ပါ တယ်။ မကြာခင်မှာ ဒီကုမ္ပဏီကို မှတ်ပုံတင် (Registration)မှာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီရဲ့ နာမည်က တော့ Golden Hand (ရွှေလက်)ဖြစ်ပါတယ်။ ကလေးငယ်တွေကို ကောင်းမွန်တဲ့ ကူညီဖေးမမှုတစ်ခုကို ဆောင်ရွက်ပေးနိုင်ဖို့ပြင်ဆင်နေပါတယ်။ ပုဂ္ဂလိကကုမ္ပဏီ များ၊ နိုင်ငံခြားကုမ္ပဏီများနဲ့ဖက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ဒီကုမ္ပဏီကို ပုဂ္ဂလိကလုပ်ငန်း ကုမ္ပဏီတစ်ရပ်လိုပဲ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးချုပ်က ပြောသည်။

အသစ်ရောက်ရှိလာသော ကျောင်းကားများကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှတစ်ဆင့် လုပ် ငန်းဆောင်ရွက်မည့် ကုမ္ပဏီသို့ လွှဲပြောင်းပြီး ယခုနှစ်မကုန်မီ ရန်ကုန်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်း ၂၂ ကျောင်းအတွက် စ တင်ပြေးဆွဲပေးမည်ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက် တာမောင်အောင်က ပြောသည်။

‘‘ကျောင်း ၂၂ ကျောင်းမှာ စဆွဲမယ်။ အဲဒီထဲမှာ ကျောင်း ကားလိုတဲ့လူလည်း လိုတယ်။ မလိုတဲ့လူလည်းရှိတယ်။ အစိုးရ က လုပ်ပေးမယ်။ ဒါပေမဲ့ ကုမ္ပဏီ ပုံစံပဲ သွားမှာ။ အစိုးရက အများ ဆုံးရှယ်ယာပါတဲ့ ကုမ္ပဏီပုံစံဖြစ် တဲ့အတွက် ပြောချင်တာက ကျောင်းသားတွေ စီးလို့ရအောင်၊ တတ်နိုင်တဲ့ဈေးနှုန်းလည်း ဖြစ် အောင် ဆရာတို့ထိန်းသိမ်းမှာဖြစ် ပါတယ်’’ဟု ဒေါက်တာမောင် အောင်က ပြောသည်။

ကိုရီးယား သံရုံး ကုန်သွယ် မှုဌာန၊ ဟွန်ဒိုင်းကားတင်သွင်း ရေး မြန်မာပြည်ကိုယ်စားလှယ် ကုမ္ပဏီတို့၏ ချိတ်ဆက်ပေးမှုဖြင့် မထသစနစ်ကို ဖျက်သိမ်းလိုက် ရာမှ ရရှိခဲ့သော ကျပ် ငါးဘီလီယံ ခန့်ဖြင့် နှစ်နိုင်ငံချင်းချိတ်ဆက် ကာ ကျောင်းကားအသစ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ မီနီဘတ်စ် အမျိုးအစား ကျောင်းကားတစ်စီးကို ကန်ဒေါ်လာ ၃၆,၈၄၀ ဖြင့် ဝယ်ယူခဲ့ပြီး ပြင်ပပေါက်ဈေးထက် ကန်ဒေါ်လာ တစ်သောင်းခန့် ဈေးသက်သာသည်ဟု ဆိုသည်။

ကျောင်းကားအသစ်များကို ပြေးဆွဲမည့်လမ်းကြောင်းများ၊ ခရီးစဉ်အလိုက် နှုန်းထားများ သတ်မှတ်ပြီးပါက ပြည်သူသို့ အ သိပေးမည်ဖြစ်ပြီး ယခုပြေးဆွဲနေ သော ပုဂ္ဂလိက ကျောင်းကားများ ကဲ့သို့ အိမ်ရှေ့အရောက်ခေါ် ဆောင်ပေးမည့်စနစ်မျိုး လုပ် ဆောင်ရန်ခက်ခဲခြင်းကြောင့် စုရပ်တစ်ခုထားကာ ခေါ်ဆောင်ပေးမည့်စနစ် ကျင့်သုံးရန် စီစဉ်ထားသည်။

‘‘တော်တော်များများ အရင် တုန်းကဆို အိမ်ရှေ့အရောက်လာ ကြိုတာမျိုးရှိခဲ့တော့ ကျောင်း ကားစနစ်ဖြစ်သွားရင်တော့ အိမ် ရှေ့ထိရောက်ဖို့တော့ မလွယ်ပါ ဘူး။ နိုင်ငံတကာမှာလည်း စုရပ် တစ်ခု သတ်မှတ်ပြီးတော့ အိမ်က နေ လာပို့တာမျိုးရှိတယ်။ အသေး စိတ်ကိုတော့ ဆက်ဆွေးနွေးရ ဦးမှာပါ’’ဟု ဒေါက်တာမောင် အောင်က ပြောသည်။

ကျောင်းကားများတွင် GPS များ တပ်ဆင်ထားပြီး အလုံလမ်း ရှိ Traffic Control Center မှ ကားသွားနေသည့် လမ်းကြောင်း၊ အရှိန်တို့ကို စောင့်ကြည့်ကာ ကျောင်းသား၊ ကျောင်းသူများဘေးကင်း လုံခြုံရေးကို စောင့်ကြည့်မည်ဟု ဆိုသည်။

ရန်ကုန် တစ်မြို့လုံးတွင် လက်ရှိပြေးဆွဲနေသည့် ကျောင်း ကားစီးရေ ၁,၀၀၀ ကျော်ရှိနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ရရှိသောစာရင်း ဇယားများအရ သိရသည်။

အစိုးရအနေဖြင့် ယခင် ကျောင်းကားများကို ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဆိုပါက ကျောင်း ကားအသစ်များ လုံလောက် အောင် ဖြည့်ဆည်းပေးရန်လိုအပ်ပြီး မိဘများစိတ်ချယုံကြည်စေရန် ကားပေါ်တွင် အကူထားပေးသင့်ကြောင်း ကျောင်းသားမိဘများက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top