Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကၽြန္မတို႔လူသားေတြဟာ တျခားသူကို ေ၀ဖန္ဆံုးျဖတ္ဖို႔ဆို သိပ္လြယ္ကူၾကပါတယ္။ တျခားသူကိုေ၀ဖန္ ဆံုးျဖတ္လိုက္တဲ့အခ်ိန္ဟာ သင္ဟာဘယ္လိုလူစားမ်ိဳးျဖစ္တယ္ဆိုတာကို ေဖာ္ျပတာျဖစ္ၿပီး တျခားသူေတြ ဘယ္လိုလူစားမ်ိဳးျဖစ္တယ္ဆိုတာကို ေဖာ္ျပတာမဟုတ္ပါဘူးလို ကြယ္လြန္သြားၿပီျဖစ္တဲ့ ကမၻာေက်ာ္ စာေရးဆရာျဖစ္သူ Wayne Dyer က ေျပာဖူးပါတယ္။

အခုဆိုရင္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚကေနတဆင့္ အခ်င္းခ်င္း ေ၀ဖန္ေျပာဆိုတာ၊ troll လုပ္တာေတြ သိပ္ကိုမ်ားေနပါတယ္။ တျခားသူေတြကို ေ၀ဖန္ဆံုးျဖတ္ဖို႔ မေတြးခင္မွာ(သို႔) တျခားသူေတြက ကိုယ့္ကို လာၿပီးေ၀ဖန္တိုက္ခိုက္ေနတဲ့အခ်ိန္မွာ အခုေျပာမယ့္ နည္းလမ္း၃ ခုကို သတိရလိုက္ပါ။

၁။ ေျခတစ္လွမ္းေနာက္ဆုတ္လုိက္ပါ။

လူဆိုတာ တျခားသူတစ္ေယာက္အေၾကာင္းကို စေတြ႕ေတြ႕ခ်င္းမွာ ဘယ္လုိမွ အျပည့္အစံုမသိႏိုင္ပါဘူး။ တျခားသူကိုမေတြ႔ခင္ တျခားသူအေၾကာင္းေသခ်ာမသိခင္မွာ ႀကိဳတင္ေ၀ဖန္မႈေတြလုပ္မယ့္အစား ေျခတစ္လွမ္းေနာက္ဆုတ္ၾကည့္လိုက္ဖို႔သတိရပါ။

အဲဒီလို အေတြးမ်ိဳးကို ဖယ္ရွားလိုက္ၿပီး တျခားသူအေၾကာင္းကို ေလ့လာဖို႔ ျပင္ဆင္ထားပါ။ ဒါဆိုရင္ သင္တျခားသူရဲ့ အျပဳအမူေတြကို ခ်စ္တတ္လာမွာျဖစ္ပါတယ္။ အဲဒီလိုလုပ္ေပးတာဟာ သင့္ကိုယ္သင္ တျခားသူတစ္ေယာက္ကို ခ်စ္တတ္ဖို႔ အေကာင္းဆံုး သင္ယူႏိုင္တဲ့နည္းလမ္းတစ္ခုပါပဲ။

၂။ အေကာင္းဘက္ကေတြးပါ။

သင့္ရဲ့ အေတြးေတြကို ထိန္းခ်ဳပ္မယ္ဆိုရင္ တျခားသူအေၾကာင္းကို ပိုၿပီးသိလာႏိုင္သလို သင့္ကိုယ္သင္လည္း ပိုၿပီးနားလည္လာမွာပါ။ မေကာင္းတဲ့အေတြးအေခၚေတြကို အေကာင္းဖက္က ျပဳျပင္ၿပီးေတြးေတာၾကည့္ပါ။ သင့္ကို တျခားသူေတြက ဘယ္လိုလူစားမ်ိဳးျဖစ္တယ္ဆိုၿပီး ေျပာတာပဲျဖစ္ျဖစ္ တျခားသူကို သင္ကထင္ျမင္ခ်က္ေပးတဲ့အခါမွာပဲျဖစ္ျဖစ္ မေကာင္းတ့ဲအေတြးေတြကို ရွင္းထုတ္ထားလိုက္ပါ။ ေကာင္းတဲ့ဖက္က အျပဳသေဘာေဆာင္တဲ့ဖက္ကေတြးၾကည့္ပါ။ ေလာကႀကီးဟာ သာယာလွပလာမွာေသခ်ာပါတယ္။

၃။ ကိစၥေသးေသးေလးေတြအတြက္ စိတ္အပင္ပန္းမခံပါနဲ႔။

ကိုယ္က တျခားသူေတြကိုမေ၀ဖန္ေပမယ့္ တျခားသူေတြ ကိုယ့္ကိုလာၿပီး Troll လုပ္တာ တိုက္ခို္က္လာတာေတြႀကံဳရတဲ့အခါ ဥေပကၡာျပဳလိုက္ပါ။ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ အဲဒီလိုျပဳမူလာရင္လည္း ban တာ (သို႔) block လုပ္တာမ်ိဳးလုပ္ႏိုင္ပါတယ္။ အမုန္းတရားထားသူေတြအတြက္ ရင္ဘတ္မွာေနရာေပး စဥ္းစားမေနပါနဲ႔။ တျခားသူေတြဟာ သင္ဘယ္လိုလူျဖစ္တယ္ဆိုတာကို မသတ္မွတ္ႏိုင္ပါဘူး။ ကိစၥေသးေသးေလးေတြအတြက္ ေခၽြးထြက္မခံပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar
#Unicode Version#
ကျွန်မတို့လူသားတွေဟာ တခြားသူကို ဝေဖန်ဆုံးဖြတ်ဖို့ဆို သိပ်လွယ်ကူကြပါတယ်။ တခြားသူကိုဝေဖန် ဆုံးဖြတ်လိုက်တဲ့အချိန်ဟာ သင်ဟာဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြတာဖြစ်ပြီး တခြားသူတွေ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို ဖော်ပြတာမဟုတ်ပါဘူးလို ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော် စာရေးဆရာဖြစ်သူ Wayne Dyer က ပြောဖူးပါတယ်။

အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေတဆင့် အချင်းချင်း ဝေဖန်ပြောဆိုတာ၊ troll လုပ်တာတွေ သိပ်ကိုများနေပါတယ်။ တခြားသူတွေကို ဝေဖန်ဆုံးဖြတ်ဖို့ မတွေးခင်မှာ(သို့) တခြားသူတွေက ကိုယ့်ကို လာပြီးဝေဖန်တိုက်ခိုက်နေတဲ့အချိန်မှာ အခုပြောမယ့် နည်းလမ်း၃ ခုကို သတိရလိုက်ပါ။

၁။ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပါ။

လူဆိုတာ တခြားသူတစ်ယောက်အကြောင်းကို စတွေ့တွေ့ချင်းမှာ ဘယ်လိုမှ အပြည့်အစုံမသိနိုင်ပါဘူး။ တခြားသူကိုမတွေ့ခင် တခြားသူအကြောင်းသေချာမသိခင်မှာ ကြိုတင်ဝေဖန်မှုတွေလုပ်မယ့်အစား ခြေတစ်လှမ်းနောက်ဆုတ်ကြည့်လိုက်ဖို့သတိရပါ။

အဲဒီလို အတွေးမျိုးကို ဖယ်ရှားလိုက်ပြီး တခြားသူအကြောင်းကို လေ့လာဖို့ ပြင်ဆင်ထားပါ။ ဒါဆိုရင် သင်တခြားသူရဲ့ အပြုအမူတွေကို ချစ်တတ်လာမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ပေးတာဟာ သင့်ကိုယ်သင် တခြားသူတစ်ယောက်ကို ချစ်တတ်ဖို့ အကောင်းဆုံး သင်ယူနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။

၂။ အကောင်းဘက်ကတွေးပါ။

သင့်ရဲ့ အတွေးတွေကို ထိန်းချုပ်မယ်ဆိုရင် တခြားသူအကြောင်းကို ပိုပြီးသိလာနိုင်သလို သင့်ကိုယ်သင်လည်း ပိုပြီးနားလည်လာမှာပါ။ မကောင်းတဲ့အတွေးအခေါ်တွေကို အကောင်းဖက်က ပြုပြင်ပြီးတွေးတောကြည့်ပါ။ သင့်ကို တခြားသူတွေက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုပြီး ပြောတာပဲဖြစ်ဖြစ် တခြားသူကို သင်ကထင်မြင်ချက်ပေးတဲ့အခါမှာပဲဖြစ်ဖြစ် မကောင်းတဲ့အတွေးတွေကို ရှင်းထုတ်ထားလိုက်ပါ။ ကောင်းတဲ့ဖက်က အပြုသဘောဆောင်တဲ့ဖက်ကတွေးကြည့်ပါ။ လောကကြီးဟာ သာယာလှပလာမှာသေချာပါတယ်။

၃။ ကိစ္စသေးသေးလေးတွေအတွက် စိတ်အပင်ပန်းမခံပါနဲ့။

ကိုယ်က တခြားသူတွေကိုမဝေဖန်ပေမယ့် တခြားသူတွေ ကိုယ့်ကိုလာပြီး Troll လုပ်တာ တိုက်ခိုက်လာတာတွေကြုံရတဲ့အခါ ဥပေက္ခာပြုလိုက်ပါ။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အဲဒီလိုပြုမူလာရင်လည်း ban တာ (သို့) block လုပ်တာမျိုးလုပ်နိုင်ပါတယ်။ အမုန်းတရားထားသူတွေအတွက် ရင်ဘတ်မှာနေရာပေး စဉ်းစားမနေပါနဲ့။ တခြားသူတွေဟာ သင်ဘယ်လိုလူဖြစ်တယ်ဆိုတာကို မသတ်မှတ်နိုင်ပါဘူး။ ကိစ္စသေးသေးလေးတွေအတွက် ချွေးထွက်မခံပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top