ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အင္းေတာ္ႀကီးေဒသ ပန္းလားအုပ္စု အိုက္ေလးတူ အမကေက်ာင္းမွ စတုတၳတန္းေက်ာင္းသူေလးတစ္ဦးအား အသက္ ၂၈ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးက ဇူလိုင္လ ၂၄ ရက္ေန႔တြင္ လိမ္လည္ေခၚေဆာင္ကာ သားမယားျပဳက်င္႔မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မ………. သည္ ဇူလုိင္လ ၂၄ရက္ေန႔ နံနက္တြင္ ေက်ာင္းသို႔သြားေနစဥ္ လမ္းတြင္
ေမာင္ျမင့္သိန္း (ေခၚ) မဂမ္ ေရာက္ရွိလာၿပီး ေက်ာင္းစိမ္း၀တ္စုံမ်ား ၀ယ္ေပးမည္ဟု ေျပာဆိုကာ ဆိုင္ကယ္ေပၚ တင္၍ ေခၚေဆာင္သြားခဲ႔ျခင္းျဖစ္ေၾကာင္းကို ေက်ာင္းသူေလး၏ သူငယ္ခ်င္းမ်ား၏ ေျပာျပခ်က္အရ သိရွိၾကရျခင္းျဖစ္ေၾကာင္း အဆိုပါေက်းရြာသားမ်ားထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင္႔ ပတ္သက္၍ ေက်ာင္းဆရာ/မ မ်ားႏွင့္၊ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ မိသားစုအသိုင္းအ၀ုိင္းမ်ား၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမႈးအဖြဲ႔မ်ားႏွင့္ ရဲတပ္ဖြဲ႕မ်ား ပူးေပါင္း ရွာေဖြခဲ႔ရာ ဇူလုိင္ ၂၇ ရက္ေန႔တြင္ မိုင္းေနာင္ ေက်ာက္သင္ပုန္းရြာ ေရႊေမာ္ေဟာင္း လမ္းေဘးတြင္ မ………….ႏွင္႔ အတူ တရားခံဟု ယူဆရသူ ေမာင္ျမင္႔သိန္း (ေခၚ) မဂမ္အား ဖမ္းဆီးရမိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားခံဟု ယူဆရသူသည္ မ……….၏ ဦးေလးထံတြင္ စာရင္းငွါးအျဖစ္ေဆာင္ရြက္ေနျခင္းျဖစ္ၿပီး နမ္႔မြန္းေက်းရြာ ဇာတိျဖစ္ေၾကာင္းႏွင္႔ အမည္ကြဲမ်ားျဖင္႔ ေနထိုင္သူျဖစ္ေၾကာင္းလည္း သိရသည္။

“ ဒီမွာက ထြန္းသစ္ဆုိၿပီးလာလိမ္ထားတယ္။ နန္႕မြန္းဆုိလုိ႔ စုံစမ္းလုိက္ေတာ့ ျမင္႔သိန္း ေခၚ မဂမ္ ဆိုၿပီး ေခၚတယ္လို႔ သိရတယ္။ သူ႔ဦးေလးရဲ႕ စရင္းငွားပါ။ သူတုိ႔အိမ္ေဘးနားက ေမာင္ျမင့္ဆီမွာ ေပါင္ထားတဲ့သူ႔ဆုိင္ကယ္ကို ခဏေလးသြားစရာ ရွိတယ္ ျပန္ငွားေပးဦးဆုိၿပီးေတာ့ ယူၿပီးသြားလုိက္တာ။” ဟု ပန္းလားအုပ္စု အုပ္ခ်ဳပ္ေရးမႈးက ဦးသိန္းေဆြက ရွမ္းနီအသံသို႔ ေျပာသည္။

၎သည္ ယခင္က လိမ္လည္မွႈမ်ား ျပဳလုပ္ခဲ႔ဖူးသူ တစ္ဦးျဖစ္ေၾကာင္း နမ္႔မြန္းေက်းရြာ အုပ္ခ်ဳပ္ေရးမွႈးက ေျပာၾကားခ်က္အရ သိရသည္။

“ သူတို႔ေျပာတဲ႔ နာမည္က တလြဲ ။ ဟိုမွာေျပာထားတာက ထြန္းသစ္ ဆိုၿပီးေတာ႔ တင္ထားတာ။ ျမင္႔သိန္း ေခၚ မဂမ္ သန္းေခါင္စားရင္းထဲမွာလည္း အဲနာမည္ပဲ။ မဂမ္ပဲ အေခၚမ်ားတယ္။ ရဲစခန္းမွာလည္း ရဲ၀င္မယ္ဆိုၿပီး လုပ္ထားၿပီးမွ ရဲကုိေတာင္ လိမ္လိုက္ေသးတယ္။ ဆိုင္ကယ္ခိုးလို႔လာခဲ႔တာ။ ရဲကလည္း သူ႔ဆိုင္ကယ္ဆိုေတာ႔ သြားျပန္ယူခဲ႔ရတာ။”ဟု ၎ကေျပာသည္။

အဆိုပါ ျဖစ္ရပ္ႏွင္႔ ပတ္သက္၍ တရားခံဟု ယူူဆရသူအား အေရးယူႏိူင္ရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္းလည္းသိရသည္။

“မုဒိမ္းမႈ ၃၇၆ နဲ႔ ကၽြန္ေတာ္တုိ႔ စြဲမွာပါ။ သူက ေကာင္မေလးကို Rapeလုပ္တယ္။အခုေလာေလာဆယ္ေတာ့ ကေလးမေလးက ၁၂ ႏွစ္ဆိုေတာ့ ၁၆ ႏွစ္မေရာက္ခင္ ျဖစ္တယ္ဆုိေတာ့ ဘယ္လုိပဲျဖစ္ျဖစ္ မူဒိမ္းမႈကေတာ့ ပါေနတယ္။ ” ဟု လုံးတုံစခန္းမွဴး ဗ်က္ဗ်က္ဆန္းက ရွမ္းနီအသံသို႔ ေျပာသည္။

ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၆၃ မည္သူမဆုိ တစ္ဦးတစ္ေယာက္ေသာသူအား၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံမွ အပသို႔ျဖစ္ေစ ဥပေဒႏွင့္အညီ အုပ္ထိန္းသူထံမွ ျဖစ္ေစ ခိုးယူလွ်င္ ထုိသူကို ခုႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ဳိးမ်ဳိးခ်မွတ္ႏိူင္သည္႔ အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္းႏွင္႔ မတရားျပဳက်င္႔ခံရသူ အမ်ိဳးသမီးသည္ အသက္မျပည္႔ေသးပဲ ခိုးယူေပါင္းသင္းျခင္း ျဖစ္ပါက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ အရလည္းစြဲႏိုင္ၿပီး ေထာင္ဒဏ္ တသက္တကၽြန္းႏွင္႔ ဆယ္ႏွစ္ထိေထာင္ဒဏ္ က်ခံရႏိူင္ေၾကာင္း ရန္ကုန္တိုင္ေဒသႀကီး တရားလြတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္က ေျပာသည္။

ျပစ္မွႈက်ဴးလြန္ခဲ႔သည္ဟု ယူဆရေသာ ေမာင္ျမင့္သိန္း(ေခၚ)မဂမ္ ၂၈ နစ္ နမ္႔မြန္းေက်းရြာ အေနာက္ပိုင္းေနထိုင္သူအား မတရားျပဳက်င္႔ ခံရသူ၏ ႀကီးႀကီးက လုံးတုံ ရဲစခန္းတြင္ ပ ၃၄ /၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal

#Unicode Version#
အင်းတော်ကြီးဒေသ ပန်းလားအုပ်စု အိုက်လေးတူ အမကကျောင်းမှ စတုတ္ထတန်းကျောင်းသူလေးတစ်ဦးအား အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဇူလိုင်လ ၂၄ ရက်နေ့တွင် လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မ………. သည် ဇူလိုင်လ ၂၄ရက်နေ့ နံနက်တွင် ကျောင်းသို့သွားနေစဉ် လမ်းတွင်
မောင်မြင့်သိန်း (ခေါ်) မဂမ် ရောက်ရှိလာပြီး ကျောင်းစိမ်းဝတ်စုံများ ဝယ်ပေးမည်ဟု ပြောဆိုကာ ဆိုင်ကယ်ပေါ် တင်၍ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းကို ကျောင်းသူလေး၏ သူငယ်ချင်းများ၏ ပြောပြချက်အရ သိရှိကြရခြင်းဖြစ်ကြောင်း အဆိုပါကျေးရွာသားများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းဆရာ/မ များနှင့်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုအသိုင်းအဝိုင်းများ၊ ပြည်သူ့စစ်အဖွဲ့များ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးအဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း ရှာဖွေခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့တွင် မိုင်းနောင် ကျောက်သင်ပုန်းရွာ ရွှေမော်ဟောင်း လမ်းဘေးတွင် မ………….နှင့် အတူ တရားခံဟု ယူဆရသူ မောင်မြင့်သိန်း (ခေါ်) မဂမ်အား ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

တရားခံဟု ယူဆရသူသည် မ……….၏ ဦးလေးထံတွင် စာရင်းငှါးအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး နမ့်မွန်းကျေးရွာ ဇာတိဖြစ်ကြောင်းနှင့် အမည်ကွဲများဖြင့် နေထိုင်သူဖြစ်ကြောင်းလည်း သိရသည်။

“ ဒီမှာက ထွန်းသစ်ဆိုပြီးလာလိမ်ထားတယ်။ နန့်မွန်းဆိုလို့ စုံစမ်းလိုက်တော့ မြင့်သိန်း ခေါ် မဂမ် ဆိုပြီး ခေါ်တယ်လို့ သိရတယ်။ သူ့ဦးလေးရဲ့ စရင်းငှားပါ။ သူတို့အိမ်ဘေးနားက မောင်မြင့်ဆီမှာ ပေါင်ထားတဲ့သူ့ဆိုင်ကယ်ကို ခဏလေးသွားစရာ ရှိတယ် ပြန်ငှားပေးဦးဆိုပြီးတော့ ယူပြီးသွားလိုက်တာ။” ဟု ပန်းလားအုပ်စု အုပ်ချုပ်ရေးမှုးက ဦးသိန်းဆွေက ရှမ်းနီအသံသို့ ပြောသည်။

၎င်းသည် ယခင်က လိမ်လည်မှှုများ ပြုလုပ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း နမ့်မွန်းကျေးရွာ အုပ်ချုပ်ရေးမှှုးက ပြောကြားချက်အရ သိရသည်။

“ သူတို့ပြောတဲ့ နာမည်က တလွဲ ။ ဟိုမှာပြောထားတာက ထွန်းသစ် ဆိုပြီးတော့ တင်ထားတာ။ မြင့်သိန်း ခေါ် မဂမ် သန်းခေါင်စားရင်းထဲမှာလည်း အဲနာမည်ပဲ။ မဂမ်ပဲ အခေါ်များတယ်။ ရဲစခန်းမှာလည်း ရဲဝင်မယ်ဆိုပြီး လုပ်ထားပြီးမှ ရဲကိုတောင် လိမ်လိုက်သေးတယ်။ ဆိုင်ကယ်ခိုးလို့လာခဲ့တာ။ ရဲကလည်း သူ့ဆိုင်ကယ်ဆိုတော့ သွားပြန်ယူခဲ့ရတာ။”ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ တရားခံဟု ယူူဆရသူအား အရေးယူနိူင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းလည်းသိရသည်။

“မုဒိမ်းမှု ၃၇၆ နဲ့ ကျွန်တော်တို့ စွဲမှာပါ။ သူက ကောင်မလေးကို Rapeလုပ်တယ်။အခုလောလောဆယ်တော့ ကလေးမလေးက ၁၂ နှစ်ဆိုတော့ ၁၆ နှစ်မရောက်ခင် ဖြစ်တယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မူဒိမ်းမှုကတော့ ပါနေတယ်။ ” ဟု လုံးတုံစခန်းမှူး ဗျက်ဗျက်ဆန်းက ရှမ်းနီအသံသို့ ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ မည်သူမဆို တစ်ဦးတစ်ယောက်သောသူအား၊ ပြည်ထောင်စု မြန်မာနိုင်ငံမှ အပသို့ဖြစ်စေ ဥပဒေနှင့်အညီ အုပ်ထိန်းသူထံမှ ဖြစ်စေ ခိုးယူလျှင် ထိုသူကို ခုနှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်နိူင်သည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းနှင့် မတရားပြုကျင့်ခံရသူ အမျိုးသမီးသည် အသက်မပြည့်သေးပဲ ခိုးယူပေါင်းသင်းခြင်း ဖြစ်ပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရလည်းစွဲနိုင်ပြီး ထောင်ဒဏ် တသက်တကျွန်းနှင့် ဆယ်နှစ်ထိထောင်ဒဏ် ကျခံရနိူင်ကြောင်း ရန်ကုန်တိုင်ဒေသကြီး တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်က ပြောသည်။

ပြစ်မှှုကျူးလွန်ခဲ့သည်ဟု ယူဆရသော မောင်မြင့်သိန်း(ခေါ်)မဂမ် ၂၈ နစ် နမ့်မွန်းကျေးရွာ အနောက်ပိုင်းနေထိုင်သူအား မတရားပြုကျင့် ခံရသူ၏ ကြီးကြီးက လုံးတုံ ရဲစခန်းတွင် ပ ၃၄ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အမှုဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice of Shan-Ni
https://www.facebook.com/shannivoicenewsjournal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top