ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

အေမရိကန္ႏိုင္ငံ၌ ေၾကာင္ ၂၁ ေကာင္ကို သတ္ျဖတ္ခဲ့ၿပီး ေၾကာင္ေသတစ္ေကာင္ျဖင့္ ကာမဆက္ဆံခဲ့ေသာ အမ်ိဳးသားတစ္ဦးကို တရား႐ံုးက ေထာင္ဒဏ္ ၁၆ ႏွစ္ ခ်မွတ္ခဲ့သည္။

အသက္ ၂၅ ႏွစ္အရြယ္ ေရာဘတ္႐ြိဳင္ဖားမားကို ကယ္လီဖိုးနီးယားျပည္နယ္ ဆန္တာခလာရာ တရား႐ံုးက တိရစၦာန္ညႇဥ္းပန္းႏွိပ္စက္သတ္ျဖတ္မႈျဖင့္ လြန္ခဲ့ေသာအပတ္ ေသာၾကာေန႔က ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

တရားသူႀကီးရွယ္ရြန္ေအခ်က္မန္းက ဖားမားကို တိရစၦာန္အေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္သူစာရင္း၌ ထည့္သြင္းမည္မဟုတ္ဟု ေျပာၾကားခဲ့သည္။ ဆန္ဂ်ဴးစ္ၿမိဳ႕ အၿငိမ္းစားရဲမွဴးႀကီးတစ္ဦး၏သားျဖစ္သူ ဖားမားသည္ တစ္လအတြင္း ေၾကာင္ ၂၁ ေကာင္ သတ္ျဖတ္မႈျဖင့္ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလ ၈ ရက္ေန႔တြင္ ရဲတပ္ဖြဲ႕၏ ဖမ္းဆီးျခင္းခံခဲ့ရသည္။ သူ၏ေရွ႕ေနက ဖားမားသည္ ျပစ္မႈက်ဴးလြန္ခ်ိန္တြင္ မက္သာဖက္တမိန္း မူးယစ္ေဆးသံုးထားေၾကာင္း ေျပာၾကားခဲ့သည္။

ရဲတပ္ဖြဲ႕သည္ ဖားမားကို ကားပါကင္၌ ဖမ္းဆီးခဲ့ၿပီး သူ၏ကားအတြင္းမွ ဂ်င္ဂ်ာတက္ပီအမ်ိဳးအစား ေၾကာင္ေသတစ္ေကာင္၊ ေၾကာင္အေမြးမ်ား၊ ေသြးကြက္မ်ား၊ ေၾကာင္ေမြးကပ္ေနေသာ လက္အိတ္မ်ား၊ အမဲလိုက္ဓားတစ္ေခ်ာင္းႏွင့္ ေၾကာင္လည္ပတ္မ်ားကို ရွာေဖြေတြ႕ရွိခဲ့သည္။

တိေမြးကုဆရာ၀န္မ်ား၏စစ္ေဆးခ်က္အရ ဖားမားကားအေပၚ ေတြ႕ရေသာ ေၾကာင္ေသသည္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံခဲ့ရေၾကာင္း သိရသည္။ သို႔ေသာ္ ဖားမား၏ ေရွ႕ေနကမူ သူ၏အမႈသည္အေနျဖင့္ ထိုသို႔မလုပ္ခဲ့ေၾကာင္း ျငင္းဆန္ခဲ့သည္။ တရားသူႀကီးခ်က္မန္းသည္ ဖားမားကို ေထာင္ဒဏ္ ၁၆ ႏွစ္ခ်မွတ္ခဲ့သည့္အျပင္ ေထာင္မွလြတ္ပါကေၾကာင္မ်ားႏွင့္ ၁၀ ႏွစ္တိတိ ကင္းကြာစြာ ေနထိုင္ရန္လည္း အမိန္႔ခ်မွတ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal

#Unicode Version#
အမေရိကန်နိုင်ငံ၌ ကြောင် ၂၁ ကောင်ကို သတ်ဖြတ်ခဲ့ပြီး ကြောင်သေတစ်ကောင်ဖြင့် ကာမဆက်ဆံခဲ့သော အမျိုးသားတစ်ဦးကို တရားရုံးက ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ရောဘတ်ရွိုင်ဖားမားကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာခလာရာ တရားရုံးက တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုဖြင့် လွန်ခဲ့သောအပတ် သောကြာနေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးရှယ်ရွန်အေချက်မန်းက ဖားမားကို တိရစ္ဆာန်အပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သူစာရင်း၌ ထည့်သွင်းမည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဆန်ဂျူးစ်မြို့ အငြိမ်းစားရဲမှူးကြီးတစ်ဦး၏သားဖြစ်သူ ဖားမားသည် တစ်လအတွင်း ကြောင် ၂၁ ကောင် သတ်ဖြတ်မှုဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သူ၏ရှေ့နေက ဖားမားသည် ပြစ်မှုကျူးလွန်ချိန်တွင် မက်သာဖက်တမိန်း မူးယစ်ဆေးသုံးထားကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် ဖားမားကို ကားပါကင်၌ ဖမ်းဆီးခဲ့ပြီး သူ၏ကားအတွင်းမှ ဂျင်ဂျာတက်ပီအမျိုးအစား ကြောင်သေတစ်ကောင်၊ ကြောင်အမွေးများ၊ သွေးကွက်များ၊ ကြောင်မွေးကပ်နေသော လက်အိတ်များ၊ အမဲလိုက်ဓားတစ်ချောင်းနှင့် ကြောင်လည်ပတ်များကို ရှာဖွေတွေ့ရှိခဲ့သည်။

တိမွေးကုဆရာဝန်များ၏စစ်ဆေးချက်အရ ဖားမားကားအပေါ် တွေ့ရသော ကြောင်သေသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း သိရသည်။ သို့သော် ဖားမား၏ ရှေ့နေကမူ သူ၏အမှုသည်အနေဖြင့် ထိုသို့မလုပ်ခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။ တရားသူကြီးချက်မန်းသည် ဖားမားကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့သည့်အပြင် ထောင်မှလွတ်ပါကကြောင်များနှင့် ၁၀ နှစ်တိတိ ကင်းကွာစွာ နေထိုင်ရန်လည်း အမိန့်ချမှတ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top