ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္စရာမ်ား အမ်ားအျပားရွိေသာ္လည္း အစိုးရလက္ထဲတြင္ ဘတ္ဂ်က္လြန္စြာ နည္းပါးေနသည္ဟု ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္သည္။

“အေျခအေနေတြအကုန္လံုးကို လုပ္ေပးခ်င္တယ္။ ဒါေပမဲ့ ပိုက္ဆံမရွိဘူး”ဟု ဦးၿဖိဳးမင္းသိန္းက ဆိုသည္။

ဦးၿဖိဳးမင္းသိန္းသည္ ဇူလိုင္ ၂၅ ရက္ေန႔၊ ညေနပိုင္းက ရန္ကုန္တကၠသိုလ္၊ ဝိဇၹာခန္းတြင္ တကၠသို္လ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ေတြ႔ဆံုစဥ္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ေတာ္ေတာ္မ်ားမ်ားကို လုပ္ေပးခ်င္တယ္။ လမ္းေတြေပါက္ၿပဲေနတာ ခင္းေပးခ်င္တယ္” ဟု ၎ကေျပာသည္။

ယခုဘ႑ာႏွစ္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရက သံုးစြဲခြင့္ရွိသည့္ ေငြေၾကးပမာဏသည္ က်ပ္ ၃၃၄ ဘီလ်ံ၊ အေမရိကန္ေဒၚလာအားျဖင့္ သန္း ၃၀၀ ခန္႔သာရွိသည္ဟု ဦးၿဖိဳးမင္းသိန္းကဆိုသည္။

“သန္း ၃၀၀ ဆိုတာ ဘာမွမရွိဘူး”ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

အဆိုပါေငြေၾကးပမာဏသည္ ဝန္ထမ္းလစာမ်ားပါ အပါအဝင္ျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး၏ ၿမိဳ႕ေတာ္သည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ျဖစ္သည္။ ရန္ကုန္ၿမိဳ႕သည္ ျမန္မာႏိုင္ငံတြင္ လူေနအထူထပ္ဆံုးၿမိဳ႕ႀကီးျဖစ္ကာ လူဦးေရ ငါးသန္းေက်ာ္ ေနထိုင္မည္ဟု ခန္႔မွန္းထားသည္။ ၂၀၁၄ ခုႏွစ္ ျပည္လံုးကၽြတ္သန္းေခါင္စာရင္း ရလဒ္မ်ားအရ ရန္ကုန္တိုင္းေဒသႀကီးတြင္ ေနထိုင္သူ ၇.၃ သန္းေက်ာ္ ရွိသည္။

သတင္း-ထြန္းခိုင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:   Frontier Myanmar


#Unicode Version#
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်စရာများ အများအပြားရှိသော်လည်း အစိုးရလက်ထဲတွင် ဘတ်ဂျက်လွန်စွာ နည်းပါးနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

“အခြေအနေတွေအကုန်လုံးကို လုပ်ပေးချင်တယ်။ ဒါပေမဲ့ ပိုက်ဆံမရှိဘူး”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဦးဖြိုးမင်းသိန်းသည် ဇူလိုင် ၂၅ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဖာခန်းတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တော်တော်များများကို လုပ်ပေးချင်တယ်။ လမ်းတွေပေါက်ပြဲနေတာ ခင်းပေးချင်တယ်” ဟု ၎င်းကပြောသည်။

ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက သုံးစွဲခွင့်ရှိသည့် ငွေကြေးပမာဏသည် ကျပ် ၃၃၄ ဘီလျံ၊ အမေရိကန်ဒေါ်လာအားဖြင့် သန်း ၃၀၀ ခန့်သာရှိသည်ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

“သန်း ၃၀၀ ဆိုတာ ဘာမှမရှိဘူး”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါငွေကြေးပမာဏသည် ဝန်ထမ်းလစာများပါ အပါအဝင်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်ဖြစ်သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံတွင် လူနေအထူထပ်ဆုံးမြို့ကြီးဖြစ်ကာ လူဦးရေ ငါးသန်းကျော် နေထိုင်မည်ဟု ခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ရလဒ်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူ ၇.၃ သန်းကျော် ရှိသည်။

သတင်း-ထွန်းခိုင်



ဖိုးသူတော် (www.phothutaw.com)
Credit:   Frontier Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top