လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ပတ္ဝန္းက်င္က မျဖစ္ႏိုင္ဘူးလို႔ ထင္ျမင္ယူဆခဲ့ၾကေပမယ့္ အန္နီဒီဗီယာကေတာ့ သူ႔အိပ္မက္ကို အမွန္တကယ္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီး ဘိုးအင္း ၇၇၇ ေလယာဥ္ေမာင္းသူေတြထဲမွာ
ကမာၻ႔အသက္အငယ္ဆုံး အမ်ိဳးသမီးေလယာဥ္မႉးျဖစ္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီဗီယာကို ေလယာဥ္ေမာင္းသင္တန္းမပို႔ဖို႔ သူ႔မိဘေတြကိုပတ္ဝန္းက်င္က အႀကံေပးခဲ့ၾကေပမယ့္ ဒီဗီယာရဲ႕မိဘေတြက သမီးျဖစ္ခ်င္တာကို ပံ့ပိုးေပးခဲ့တဲ့အတြက္ ဒီဗီယာ ကံေကာင္းခဲ့ပါတယ္။
ဒီဗီယာကို ေလယာဥ္ေမာင္းႏွင္ေရး အကယ္ဒမီပို႔ဖို႔အတြက္သူ႔မိဘေတြမွာ ကုန္က်စရိတ္ ေတာ္ေတာ္မ်ားခဲ့ပါတယ္။

အန္ဒါပရာဒက္ရွ္ျပည္နယ္မွာ ေနထိုင္တဲ့ ဒီဗီယာဟာ အသက္ ၁၇ ႏွစ္အ႐ြယ္မွာ အင္ဒီယာဂႏၵီ ေလယာဥ္ေမာင္းႏွင္ေရး အကယ္ဒမီမွာပညာသင္ၾကားခဲ့ၿပီး ႀကိဳးစားတဲ့အတြက္ ပညာသင္ဆုလည္း ရခဲ့ပါတယ္။ ၁၉ ႏွစ္အ႐ြယ္မွာ သင္တန္းၿပီးဆုံးခဲ့ၿပီး အိႏၵိယေလေၾကာင္းလိုင္းမွာအလုပ္ဝင္လုပ္ခဲ့ပါတယ္။ အဆက္မျပတ္ ႀကိဳးစားခဲ့တဲ့ ဒီဗီယာဟာ
ဘိုးအင္း ၇၃၇ ေလယာဥ္ေမာငး္ႏွင္ဖို႔ စပိန္ႏိုင္ငံကို ပညာေတာ္သင္
သြားခြင့္ရခဲ့ၿပီး လန္ဒန္မွာ ဘိုးအင္း ၇၇၇ ေလယာဥ္ ေမာင္းႏွင္ဖို႔သင္ၾကားခြင့္ရခဲ့ပါတယ္။

သူ႔ရဲ႕အိပ္မက္ကေတာ့ အင္ဂ်င္ႏွစ္လုံးတပ္ ေလယာဥ္ေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ ဘိုးအင္း ၇၇၇ ေလယာဥ္ကို ေမာင္းႏွင္ခြင့္ရရွိေရးပါပဲ။ သူဟာ ဘိုးအင္း ၇၃၇ ေလယာဥ္မႉးလုပ္ဖို႔ အခြင့္အေရးရခဲ့ေပမယ့္ သူ႔ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ဖို႔အတြက္ အဲဒီအခြင့္အေရးကို လက္လႊတ္ခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ အသက္ ၃၀ အ႐ြယ္ရွိတဲ့ ဒီဗီယာဟာ ဘိုးအင္း ၇၇၇ ေလယာဥ္မႉးျဖစ္လာခဲ့ၿပီး သူရတဲ့ဝင္ေငြနဲ႔ မိဘေတြအတြက္ အိမ္ဝယ္ေပးႏိုင္ခဲ့သလို ေမာင္တစ္ေယာက္နဲ႔ ညီမတစ္ေယာက္ကိုလည္း ႏိုင္ငံျခားမွာ ပညာသင္ဖို႔ ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္။ အမ်ိဳးသမီးေတြ
အေနနဲ႔ သူတို႔ရဲ႕အိပ္မက္ေတြကို အခ်ိန္မေႏွးဘဲ အေကာင္အထည္ေဖာ္ၾကပါလို႔ ဒီဗီယာက တိုက္တြန္းထားပါတယ္။
Ref : Independent News : An Indian woman has become the youngest female commander of a Boeing 777 aircraft in the world

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yoyarlay
#Unicode Version#
ပတ်ဝန်းကျင်က မဖြစ်နိုင်ဘူးလို့ ထင်မြင်ယူဆခဲ့ကြပေမယ့် အန်နီဒီဗီယာကတော့ သူ့အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဘိုးအင်း ၇၇၇ လေယာဉ်မောင်းသူတွေထဲမှာ
ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးလေယာဉ်မှူးဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီဗီယာကို လေယာဉ်မောင်းသင်တန်းမပို့ဖို့ သူ့မိဘတွေကိုပတ်ဝန်းကျင်က အကြံပေးခဲ့ကြပေမယ့် ဒီဗီယာရဲ့မိဘတွေက သမီးဖြစ်ချင်တာကို ပံ့ပိုးပေးခဲ့တဲ့အတွက် ဒီဗီယာ ကံကောင်းခဲ့ပါတယ်။
ဒီဗီယာကို လေယာဉ်မောင်းနှင်ရေး အကယ်ဒမီပို့ဖို့အတွက်သူ့မိဘတွေမှာ ကုန်ကျစရိတ် တော်တော်များခဲ့ပါတယ်။

အန်ဒါပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဒီဗီယာဟာ အသက် ၁၇ နှစ်အရွယ်မှာ အင်ဒီယာဂန္ဒီ လေယာဉ်မောင်းနှင်ရေး အကယ်ဒမီမှာပညာသင်ကြားခဲ့ပြီး ကြိုးစားတဲ့အတွက် ပညာသင်ဆုလည်း ရခဲ့ပါတယ်။ ၁၉ နှစ်အရွယ်မှာ သင်တန်းပြီးဆုံးခဲ့ပြီး အိန္ဒိယလေကြောင်းလိုင်းမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဆက်မပြတ် ကြိုးစားခဲ့တဲ့ ဒီဗီယာဟာ
ဘိုးအင်း ၇၃၇ လေယာဉ်မောင်းနှင်ဖို့ စပိန်နိုင်ငံကို ပညာတော်သင်
သွားခွင့်ရခဲ့ပြီး လန်ဒန်မှာ ဘိုးအင်း ၇၇၇ လေယာဉ် မောင်းနှင်ဖို့သင်ကြားခွင့်ရခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်ကတော့ အင်ဂျင်နှစ်လုံးတပ် လေယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဘိုးအင်း ၇၇၇ လေယာဉ်ကို မောင်းနှင်ခွင့်ရရှိရေးပါပဲ။ သူဟာ ဘိုးအင်း ၇၃၇ လေယာဉ်မှူးလုပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့် သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့အတွက် အဲဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အသက် ၃၀ အရွယ်ရှိတဲ့ ဒီဗီယာဟာ ဘိုးအင်း ၇၇၇ လေယာဉ်မှူးဖြစ်လာခဲ့ပြီး သူရတဲ့ဝင်ငွေနဲ့ မိဘတွေအတွက် အိမ်ဝယ်ပေးနိုင်ခဲ့သလို မောင်တစ်ယောက်နဲ့ ညီမတစ်ယောက်ကိုလည်း နိုင်ငံခြားမှာ ပညာသင်ဖို့ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေ
အနေနဲ့ သူတို့ရဲ့အိပ်မက်တွေကို အချိန်မနှေးဘဲ အကောင်အထည်ဖော်ကြပါလို့ ဒီဗီယာက တိုက်တွန်းထားပါတယ်။
Ref : Independent News : An Indian woman has become the youngest female commander of a Boeing 777 aircraft in the world


ဖိုးသူတော် (www.phothutaw.com)
Credit: yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top