ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ကမာၻေက်ာ္စံျပ အႏုပညာရွင္စံုတြဲျဖစ္တဲ့ ဘရက္ပစ္နဲ႔ ဂ်ိဳလီတုိ႕ရဲ႕ အိမ္ေထာင္ေရးအဆံုးသတ္က တ ကယ့္ကုိပဲ တစ္ခန္းရပ္သြားခဲ့ပါၿပီ။ ႏွစ္ေပါင္းမ်ားစြာ အတူလက္တြဲ ေပါင္းသင္းေနထုိင္ခဲ့ၾကတဲ့အျပင္ သားသမီးေတြလည္း မ်ားစြာရွိခဲ့ၾကတဲ့ သူတုိ႔ႏွစ္ဦးသားရဲ႕ အိမ္ေထာင္ေရးကုိ အဆံုးသတ္လုိက္တာ အခ်ိန္တစ္ခုေတာင္ၾကာခဲ့ၿပီး ႏွစ္ဦးသားတည္ၿငိမ္စေတာင္ ျပဳေနၾကပါၿပီ။ သိပ္ကုိႏွေျမာစရာေကာင္းတဲ့ လမ္းခြဲအဆံုးသတ္မႈတစ္ခုပါပဲ။

ဂ်ိဳလီ႔ဘက္ကေန စတင္အဆံုးသတ္ဖုိ႔ ကြာရွင္းခြင့္ေတာင္းဆုိခဲ့တဲ့ သူတုိ႔ႏွစ္ဦးသားရဲ႕ အိမ္ေထာင္ ေရးၿပိဳကြဲမႈမွာ သူမအေနနဲ႔ အခက္အခဲဆံုးအခ်ိန္ေတြ ျဖတ္သန္းခဲ့ရေၾကာင္းကုိ ဖြင့္ဟေျပာျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလကတည္းက ကြာရွင္းျပတ္ စဲခဲ့ၾကတာျဖစ္ကာ ဂ်ိဳလီက ခင္ပြန္းသည္ ဘရက္ ပစ္နဲ႔ အိမ္ေထာင္သည္ ဘဝတုန္းက အတူျဖတ္သန္းခဲ့တဲ့ အခ်ိန္ေတြနဲ႔ ႏႈိင္းယွဥ္ရင္ အိမ္ေထာင္ကြဲသြား တဲ့အခ်ိန္ေတြမွာ အေတာ္ေလးစိတ္ထိခုိက္ နာက်င္ခံစားခဲ့ရတယ္လုိ႔ ဆုိထားပါတယ္။

သူမအေနနဲ႔ အိမ္ေထာင္ကြဲတစ္ေယာက္၊ တစ္ခုလပ္ဘဝအျပင္ လက္တြဲေဖာ္မရွိေတာ့တဲ့ အခ်ိန္တစ္ခု မွာဆုိရင္ နာက်င္မႈနဲ႔ စိတ္ခံစားမႈေတြသက္သာေအာင္လုိ႔ ေနအိမ္က အိမ္မႈကိစၥအလုပ္ေတြနဲ႔ ပန္းကန္ ေဆး၊ ေခြးေခ်း ႀကံဳးတဲ့အထိကုိ ေအာက္ေျခ သိမ္းအလုပ္ေတြကုိ ပင္ပန္းတဲ့အထိစိတ္ေျပာင္းၿပီး ေမ့ေမ့ ေပ်ာက္ ေပ်ာက္လုပ္ခဲ့ရတယ္လုိ႔ ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သဒၵါခ်ိဳ(ေရႊအင္းေလး)

#Unicode Version#
ကမ္ဘာကျော်စံပြ အနုပညာရှင်စုံတွဲဖြစ်တဲ့ ဘရက်ပစ်နဲ့ ဂျိုလီတို့ရဲ့ အိမ်ထောင်ရေးအဆုံးသတ်က တ ကယ့်ကိုပဲ တစ်ခန်းရပ်သွားခဲ့ပါပြီ။ နှစ်ပေါင်းများစွာ အတူလက်တွဲ ပေါင်းသင်းနေထိုင်ခဲ့ကြတဲ့အပြင် သားသမီးတွေလည်း များစွာရှိခဲ့ကြတဲ့ သူတို့နှစ်ဦးသားရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်တာ အချိန်တစ်ခုတောင်ကြာခဲ့ပြီး နှစ်ဦးသားတည်ငြိမ်စတောင် ပြုနေကြပါပြီ။ သိပ်ကိုနှမြောစရာကောင်းတဲ့ လမ်းခွဲအဆုံးသတ်မှုတစ်ခုပါပဲ။

ဂျိုလီ့ဘက်ကနေ စတင်အဆုံးသတ်ဖို့ ကွာရှင်းခွင့်တောင်းဆိုခဲ့တဲ့ သူတို့နှစ်ဦးသားရဲ့ အိမ်ထောင် ရေးပြိုကွဲမှုမှာ သူမအနေနဲ့ အခက်အခဲဆုံးအချိန်တွေ ဖြတ်သန်းခဲ့ရကြောင်းကို ဖွင့်ဟပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကွာရှင်းပြတ် စဲခဲ့ကြတာဖြစ်ကာ ဂျိုလီက ခင်ပွန်းသည် ဘရက် ပစ်နဲ့ အိမ်ထောင်သည် ဘဝတုန်းက အတူဖြတ်သန်းခဲ့တဲ့ အချိန်တွေနဲ့ နှိုင်းယှဉ်ရင် အိမ်ထောင်ကွဲသွား တဲ့အချိန်တွေမှာ အတော်လေးစိတ်ထိခိုက် နာကျင်ခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။

သူမအနေနဲ့ အိမ်ထောင်ကွဲတစ်ယောက်၊ တစ်ခုလပ်ဘဝအပြင် လက်တွဲဖော်မရှိတော့တဲ့ အချိန်တစ်ခု မှာဆိုရင် နာကျင်မှုနဲ့ စိတ်ခံစားမှုတွေသက်သာအောင်လို့ နေအိမ်က အိမ်မှုကိစ္စအလုပ်တွေနဲ့ ပန်းကန် ဆေး၊ ခွေးချေး ကြုံးတဲ့အထိကို အောက်ခြေ သိမ်းအလုပ်တွေကို ပင်ပန်းတဲ့အထိစိတ်ပြောင်းပြီး မေ့မေ့ ပျောက် ပျောက်လုပ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top