Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေလာ့စ္အန္ဂ်လိစ္ၿမိဳ႕စာတိုက္၌ အာလူးေၾကာ္ဘူးအတြင္း ေတြ႕ရေသာ ေႁမြေဟာက္တစ္ေကာင္ (U.S. Fish and Wildlife/AP)
အဆိပ္ျပင္း ေႁမြေဟာက္အရွင္ သံုးေကာင္ကုိ အာလူးေၾကာ္သံဘူးမ်ားထဲ ဝွက္ ကာ အေမရိကန္ႏုိင္ငံအတြင္းသုိ႔ ေမွာင္ခုိခုိးသြင္းရန္ စီစဥ္ခဲ့သည္ဟု ဖက္ဒရယ္အစိုးရေရွ႕ေနမ်ားက ေျပာၾကားၿပီးေနာက္ ေလာ့စ္အန္ဂ်လိစ္ၿမိဳ႕ရိွ အမ်ိဳးသားတစ္ ဦးကို ဖမ္းဆီးခဲ့သည္။


႐ုိဒရီဂုိဖရန္ကုိသည္ ေဟာင္ ေကာင္မွ ပါဆယ္ထုပ္တစ္ခုကုိ အေမရိကန္ႏုိင္ငံ အတြင္းသုိ႔ တရားမဝင္တင္သြင္းမႈျဖင့္ အမႈဖြင့္ခံရၿပီး ယင္းပါဆယ္ထုပ္ကုိ အေမရိကန္ အေကာက္ခြန္ႏွင့္ နယ္စပ္ ကာကြယ္ေစာင့္ေရွာက္ ေရးေအးဂ်င့္မ်ားက ရွာေဖြစစ္ေဆးရာ အာလူးေၾကာ္သံဘူးမ်ား အတြင္း ႏွစ္ေပရွည္လ်ားေသာ ေႁမြမ်ားကို ေတြ႕ရိွခဲ့သည္။

ထို႔အျပင္ ယင္းပါဆယ္ထုပ္ အတြင္း တ႐ုတ္မ်ိဳးရင္း အခြံေပ်ာ့ လိပ္သံုးေကာင္ကုိ ေတြ႕ရိွခဲ့ ေၾကာင္း အစိုးရေရွ႕ေနမ်ားက ေျပာၾကားခဲ့ၿပီး တစ္ေန႔တည္း၌ ပင္ ဖရန္ကုိသည္ ထိန္းသိမ္းကာ ကြယ္ေစာင့္ေရွာက္ရန္ သတ္မွတ္ထားေသာ လိပ္ေျခာက္ေကာင္ ကုိ ေသတၱာတစ္ခုျဖင့္ ေဟာင္ ေကာင္သုိ႔ ပုိ႔ခဲ့သည္ဟုဆုိသည္။

အာဏာပုိင္မ်ားက စစ္ေဆး ေမးျမန္းမႈအတြင္း ၎အေနျဖင့္ ယခုကိစၥမ်ားမတိုင္မီ စုစုေပါင္း ေႁမြေဟာက္အေကာင္ ၂၀ ကို လက္ခံရရိွခဲ့ၿပီး ယင္းေႁမြအားလံုးသည္ လမ္းခုလတ္၌ ေသဆံုးခဲ့ေၾကာင္း ဖရန္ကုိက ဝန္ခံခဲ့ သည္။

ေထာင္ထဲ၌ေနရခ်ိန္ ေလ်ာ့ က်ေရး ဖက္ဒရယ္စီရင္ခ်က္ခ် မွတ္ေရး လမ္းၫႊန္ခ်က္တြင္ ေဖာ္ ျပထားေသာ္လည္း အကယ္၍ စီ ရင္ခ်က္ခ်မွတ္ခံရလွ်င္ ဖရန္ကုိ သည္ အမ်ားဆံုးေထာင္ဒဏ္ ႏွစ္ ၂၀ အထိ က်ခံရႏုိင္သည္။

 အမ်ဳိးသားပထဝီဝက္ဘ္ ဆိုက္၌ ေဖာ္ျပခ်က္အရ ေႁမြ ေဟာက္သည္ အလ်ားအရွည္ဆံုး အဆိပ္ျပင္းေႁမြ အမ်ဳိးအစားျဖစ္ ၿပီး ၁၈ ေပအထိ ရွည္လ်ားႏုိင္ ေၾကာင္း သိရသည္။

—Ref: Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
လော့စ်အန်ဂျလိစ်မြို့စာတိုက်၌ အာလူးကြော်ဘူးအတွင်း တွေ့ရသော မြွေဟောက်တစ်ကောင် (U.S. Fish and Wildlife/AP)

အဆိပ်ပြင်း မြွေဟောက်အရှင် သုံးကောင်ကို အာလူးကြော်သံဘူးများထဲ ဝှက် ကာ အမေရိကန်နိုင်ငံအတွင်းသို့ မှောင်ခိုခိုးသွင်းရန် စီစဉ်ခဲ့သည်ဟု ဖက်ဒရယ်အစိုးရရှေ့နေများက ပြောကြားပြီးနောက် လော့စ်အန်ဂျလိစ်မြို့ရှိ အမျိုးသားတစ် ဦးကို ဖမ်းဆီးခဲ့သည်။


ရိုဒရီဂိုဖရန်ကိုသည် ဟောင် ကောင်မှ ပါဆယ်ထုပ်တစ်ခုကို အမေရိကန်နိုင်ငံ အတွင်းသို့ တရားမဝင်တင်သွင်းမှုဖြင့် အမှုဖွင့်ခံရပြီး ယင်းပါဆယ်ထုပ်ကို အမေရိကန် အကောက်ခွန်နှင့် နယ်စပ် ကာကွယ်စောင့်ရှောက် ရေးအေးဂျင့်များက ရှာဖွေစစ်ဆေးရာ အာလူးကြော်သံဘူးများ အတွင်း နှစ်ပေရှည်လျားသော မြွေများကို တွေ့ရှိခဲ့သည်။

ထို့အပြင် ယင်းပါဆယ်ထုပ် အတွင်း တရုတ်မျိုးရင်း အခွံပျော့ လိပ်သုံးကောင်ကို တွေ့ရှိခဲ့ ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့ပြီး တစ်နေ့တည်း၌ ပင် ဖရန်ကိုသည် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ရန် သတ်မှတ်ထားသော လိပ်ခြောက်ကောင် ကို သေတ္တာတစ်ခုဖြင့် ဟောင် ကောင်သို့ ပို့ခဲ့သည်ဟုဆိုသည်။

အာဏာပိုင်များက စစ်ဆေး မေးမြန်းမှုအတွင်း ၎င်းအနေဖြင့် ယခုကိစ္စများမတိုင်မီ စုစုပေါင်း မြွေဟောက်အကောင် ၂၀ ကို လက်ခံရရှိခဲ့ပြီး ယင်းမြွေအားလုံးသည် လမ်းခုလတ်၌ သေဆုံးခဲ့ကြောင်း ဖရန်ကိုက ဝန်ခံခဲ့ သည်။

ထောင်ထဲ၌နေရချိန် လျော့ ကျရေး ဖက်ဒရယ်စီရင်ချက်ချ မှတ်ရေး လမ်းညွှန်ချက်တွင် ဖော် ပြထားသော်လည်း အကယ်၍ စီ ရင်ချက်ချမှတ်ခံရလျှင် ဖရန်ကို သည် အများဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်သည်။

 အမျိုးသားပထဝီဝက်ဘ် ဆိုက်၌ ဖော်ပြချက်အရ မြွေ ဟောက်သည် အလျားအရှည်ဆုံး အဆိပ်ပြင်းမြွေ အမျိုးအစားဖြစ် ပြီး ၁၈ ပေအထိ ရှည်လျားနိုင် ကြောင်း သိရသည်။

—Ref: Reuters


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top