Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထီးေဆာင္းလုိက္ ၊ မိုးကာဝတ္လုိက္ဆုိရင္ ႏွစ္ခါပင္ပန္းပါလိမ့္မယ္။ တရုတ္ႏုိင္ငံက ဒီမိုးကာကေတာ့ ထီးလိုလည္း လူကို အကာအကြယ္ေပးႏုိင္မွာျဖစ္တာေၾကာင့္ “ထီးမိုးကာ” လို႔ လူေတြကေခၚဆိုေနၾကပါတယ္။ တရုတ္ႏုိင္ငံက ဒီဇိုင္နာေတြကေတာ့ ေခတ္ေျပာင္းေခတ္လြဲျဖစ္လာႏုိင္တဲ့ ဒီမိုးကာကို အခုလုိပဲ ဒီဇိုင္းဆြဲထုတ္လုပ္လုိက္တာျဖစ္ၿပီး သူတို႔ရဲ႕ တီထြင္မႈက  ေအာင္ျမင္လာႏုိင္မယ္လုိ႔ ယံုၾကည္ေနၾကပါတယ္။


ဒီမိုးကာကိုေတာ့ တရုတ္ႏုိင္ငံက Aleixpress ဝက္ဘ္ဆိုက္မွာ စတင္ေရာင္းခ်ေနပါၿပီ။ “ဒီမိုးကာကို ဝတ္လုိက္တဲ့အခါ ခႏၵာကိုယ္အထက္ပိုင္းတစ္ခုလံုးကုိ ထီးတစ္ေခ်ာင္းေဆာင္းထားသလို ယံုၾကည္မႈရွိေနေစမွာပါ။” လို႔ ေရးသားထားပါတယ္။ ဒီမိုးကာကေတာ့ ေအာက္အထိအရွည္မဟုတ္ဘဲ ရင္ဘတ္နားက ထီးနားမွာတင္ အဆံုးသတ္သြားပါတယ္။ ေအာက္ကို မိုးတကယ္ရြာတဲ့အခါ မလံုႏုိင္တာေၾကာင့္ ေအာက္အထိ နည္းနညး္ကာေပးရင္ေကာင္းမယ္လို႔ စိတ္ဝင္စားသူေတြက အၾကံေပးေနၾကပါတယ္။


ကုမၸဏီကေတာ့ ဒီမိုးကာရဲ႕ အက်ယ္ဟာ မိုးဒဏ္ကိုေတာ့ ေအးေဆးခံနုိင္တယ္လုိ႔ ဆိုပါတယ္။ ထီးကိုင္ထားသလုိ လက္ကလည္း ကုိင္စရာမလုိဘဲ ေခါင္းကေနစြပ္ခ်လုိက္တာနဲ႔ မိုးကာေရာ ထီးပါ ဝတ္ဆင္ထားသလို ျဖစ္တာကေတာ့ အားသာခ်က္ပါ။ ေနာက္ထပ္တစ္ခုကေတာ့ ဒီမိုးကာဟာ အလြယ္တကူေခါက္ႏုိင္ၿပီး ေပါ့ေပါ့ပါးပါးနဲ႔ အလုပ္မရႈပ္ဘဲ သယ္ယူသြားႏုိင္တာပါ။

ဒီိထီးမိုးကာကေတာ့ ေလာေလာဆယ္ လူစိတ္ဝင္စားမႈမ်ားျပားေနၿပီး မုိးရာသီတြင္းမွာ ဝတ္သြားမယ္ဆုိရင္ေတာ့ နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္ႏုိင္သလုိ ခံစားရေပမယ့္လည္း သူ႔ရဲ႕ အားသာခ်က္ေတြေၾကာင့္ လူတုိင္း သံုးလာၾကမယ္လို႔ ထုတ္လုပ္သူေတြက ေမွ်ာ္လင့္ေနပါတယ္။

Mocha

Ref : Oddity

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thit Htoo Lwin

#Unicode Version#
ထီးဆောင်းလိုက် ၊ မိုးကာဝတ်လိုက်ဆိုရင် နှစ်ခါပင်ပန်းပါလိမ့်မယ်။ တရုတ်နိုင်ငံက ဒီမိုးကာကတော့ ထီးလိုလည်း လူကို အကာအကွယ်ပေးနိုင်မှာဖြစ်တာကြောင့် “ထီးမိုးကာ” လို့ လူတွေကခေါ်ဆိုနေကြပါတယ်။ တရုတ်နိုင်ငံက ဒီဇိုင်နာတွေကတော့ ခေတ်ပြောင်းခေတ်လွဲဖြစ်လာနိုင်တဲ့ ဒီမိုးကာကို အခုလိုပဲ ဒီဇိုင်းဆွဲထုတ်လုပ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ တီထွင်မှုက  အောင်မြင်လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။


ဒီမိုးကာကိုတော့ တရုတ်နိုင်ငံက Aleixpress ဝက်ဘ်ဆိုက်မှာ စတင်ရောင်းချနေပါပြီ။ “ဒီမိုးကာကို ဝတ်လိုက်တဲ့အခါ ခန္ဒာကိုယ်အထက်ပိုင်းတစ်ခုလုံးကို ထီးတစ်ချောင်းဆောင်းထားသလို ယုံကြည်မှုရှိနေစေမှာပါ။” လို့ ရေးသားထားပါတယ်။ ဒီမိုးကာကတော့ အောက်အထိအရှည်မဟုတ်ဘဲ ရင်ဘတ်နားက ထီးနားမှာတင် အဆုံးသတ်သွားပါတယ်။ အောက်ကို မိုးတကယ်ရွာတဲ့အခါ မလုံနိုင်တာကြောင့် အောက်အထိ နည်းနည်းကာပေးရင်ကောင်းမယ်လို့ စိတ်ဝင်စားသူတွေက အကြံပေးနေကြပါတယ်။


ကုမ္ပဏီကတော့ ဒီမိုးကာရဲ့ အကျယ်ဟာ မိုးဒဏ်ကိုတော့ အေးဆေးခံနိုင်တယ်လို့ ဆိုပါတယ်။ ထီးကိုင်ထားသလို လက်ကလည်း ကိုင်စရာမလိုဘဲ ခေါင်းကနေစွပ်ချလိုက်တာနဲ့ မိုးကာရော ထီးပါ ဝတ်ဆင်ထားသလို ဖြစ်တာကတော့ အားသာချက်ပါ။ နောက်ထပ်တစ်ခုကတော့ ဒီမိုးကာဟာ အလွယ်တကူခေါက်နိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ အလုပ်မရှုပ်ဘဲ သယ်ယူသွားနိုင်တာပါ။

ဒီထီးမိုးကာကတော့ လောလောဆယ် လူစိတ်ဝင်စားမှုများပြားနေပြီး မိုးရာသီတွင်းမှာ ဝတ်သွားမယ်ဆိုရင်တော့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သလို ခံစားရပေမယ့်လည်း သူ့ရဲ့ အားသာချက်တွေကြောင့် လူတိုင်း သုံးလာကြမယ်လို့ ထုတ်လုပ်သူတွေက မျှော်လင့်နေပါတယ်။


Mocha

Ref : Oddity


ဖိုးသူတော် (www.phothutaw.com)
Credit: Thit Htoo Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top