လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ျပည္ေထာင္စုဝန္ႀကီးႏွင့္ ဒုတိယဝန္ႀကီးအဆင့္ ပုဂၢိဳလ္မ်ား ျပည္ပႏုိင္ငံမ်ားသို႔ သြားရာတြင္ ခြင့္ျပဳထားသည့္    လက္ေဆာင္ ပစၥည္းဝယ္ယူစရိတ္ကို ယခင္က ထက္ ေလးဆမွ ငါးဆအထိ တုိး ျမႇင့္လိုက္ေၾကာင္း    ႏုိင္ငံေတာ္ သမၼတ႐ံုးမွ သတင္းရရွိသည္။

ဇူလုိင္ ၁ ရက္ကစတင္ကာ တိုးျမႇင့္ခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီး အဆင့္အတြက္ ယခင္က က်ပ္ငါးေသာင္း သတ္မွတ္ထားရာမွ က်ပ္ႏွစ္သိန္းသို႔ တိုးျမႇင့္ခဲ့ၿပီး ဒုတိယဝန္ႀကီးအဆင့္အတြက္ က်ပ္ႏွစ္ ေသာင္းမွ က်ပ္တစ္သိန္းသုိ႔ တုိး ျမႇင့္ခဲ့သည္။

ႏုိင္ငံေတာ္ သမၼတ႐ံုးေျပာ ေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ‘‘လက္ရွိ ကုန္ေဈးႏႈန္းနဲ႔ ကိုက္ညီ တဲ့ ႏႈန္းထားတစ္ခု သတ္မွတ္ေပး တာပါ။ အရင္က ဒုဝန္ႀကီးဆုိရင္ ႏွစ္ ေသာင္း၊ ဝန္ႀကီးဆုိရင္ ငါး ေသာင္း။ အခုဆိုရင္ ဒုဝန္ႀကီးဆုိ တစ္သိန္း၊ ဝန္ႀကီးဆို ႏွစ္သိန္း။ အဲဒီလို ျပင္ဆင္တယ္ဆုိတာက အဲဒါက ျပည္ပခရီးစဥ္အတြက္ သတ္သတ္ပဲ။ ျပည္တြင္းမပါဘူး’’ ဟု ေျပာသည္။

ဝန္ႀကီးဌာနအားလံုးအ တြက္ တစ္ၿပိဳင္နက္ သတ္မွတ္ျခင္း ျဖစ္ၿပီး အစိုးရသစ္တက္လာၿပီး ေနာက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္ေရးထိုး ထုတ္ျပန္ထား ေသာ ‘လက္ေဆာင္ပစၥည္း လက္ခံျခင္းႏွင့္ပတ္သက္သည့္ လမ္းၫႊန္ခ်က္’ႏွင့္ မတူညီေၾကာင္း ဦးေဇာ္ေဌးက ဆုိသည္။

‘‘အတုိင္ပင္ခံပုဂၢိဳလ္ထုတ္ ထားတာနဲ႔ကေတာ့ မတူဘူးေပါ့ ေနာ္။ အဲဒါက လက္ေဆာင္ကို လက္ခံတာ။ အခုက ေပးတာ’’ဟု ၎က ေျပာသည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေဖသန္းက ‘‘ေငြႏွစ္ သိန္းဆုိတာက ေဒၚလာႏွစ္ရာ ေတာင္ မရွိပါဘူး။ ႏုိင္ငံတကာက ေခါင္းေဆာင္တစ္ေယာက္ကို လက္ေဆာင္ ေပးဖို႔ဆုိရင္ေတာ့ နည္းေတာင္နည္းေသးတယ္လို႔ ထင္ပါတယ္။ ႏိုင္ငံအခ်င္းခ်င္း လက္ေဆာင္ေပးဖို႔ဆုိရင္ တခ်ိဳ႕ ဆုိရင္ အဲဒီထက္ ႀကီးက်ယ္တာ ေတာင္ ေပးတာရွိတယ္ေလ။ ႐ုပ္ ပံုကားခ်ပ္ေတြ၊ ပစၥည္းေတြ၊ အဲဒါ မ်ိဳးဆုိရင္လည္း ေဒၚလာႏွစ္ရာအ ထက္မွာပဲ ရွိမွာေပါ့ေနာ္။ ကြၽန္ ေတာ္တုိ႔ကေတာ့ မ်ားတယ္လို႔ ေတာ့ မေျပာလိုဘူး။ ဒါေပမဲ့ ဒီ ျပည္သူတခ်ိဳ႕ရဲ႕ အေျခခံဝင္ေငြနဲ႔ ပတ္သက္လို႔ ႏိႈင္းယွဥ္ၿပီးေတာ့ ဒီ သတ္မွတ္ခ်က္အေပၚ ေထာက္ျပ မႈေတြရွိလာႏုိင္မယ္လို႔ထင္တယ္’’ ဟု ေျပာသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာန ရသံုးမွန္းေျခေငြစာရင္း ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒၚႏြဲ႕ႏြဲ႕ဝင္းက ျပည္ေထာင္စုဝန္ ႀကီးႏွင့္ ဒုတိယဝန္ႀကီးအဆင့္ ပုဂၢိဳလ္မ်ား ျပည္ပႏုိင္ငံမ်ားသို႔ သြားရာတြင္ ခြင့္ျပဳထားသည့္ လက္ ေဆာင္ပစၥည္းဝယ္ယူစရိတ္ကို ယခုကဲ့သို႔ တိုးျမႇင့္ျခင္းသည္ ျပည္ သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ ေတာ္ႏွင့္ ျပည္ေထာင္စုလႊတ္ ေတာ္၌ ေဖေဖာ္ဝါရီ ၂၄ ရက္က ယင္းအေၾကာင္း ေဆြးေႏြးခဲ့ၿပီး ေနာက္ ဇူလုိင္က စတင္အတည္ျပဳ ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ျမန္မာႏိုင္ငံတြင္ အဂတိ လိုက္စားမႈမ်ားေၾကာင့္ အက်င့္ စာရိတၱပ်က္ျပားမႈ (Corruption) မ်ားစြာျဖစ္ေပၚေနၿပီး ႏုိင္ငံေတာ္ ၏ လူမႈေရး၊ စီးပြားေရး၊ တရား ဥပေဒစိုးမိုးေရးတို႔ကို ထိခိုက္ေန သျဖင့္ အဂတိလိုက္စားမႈ အေလ့ အထကို အခ်ိန္တိုအတြင္း လံုးဝ ေပ်ာက္ေစရန္ဆုိကာ ‘‘လက္ေဆာင္ပစၥည္းလက္ခံျခင္းႏွင့္ပတ္ သက္သည့္ လမ္းၫႊန္ခ်က္ကို ၂၀၁၆ ဧၿပီ ၁ ရက္စြဲျဖင့္ ထုတ္ျပန္ခဲ့ဖူးသည္။ ယင္းတြင္ ပုဂၢိဳလ္အဖြဲ႕ အစည္းမ်ားက တစ္ႀကိမ္လွ်င္ က်ပ္ ၂၅,၀၀၀ ထက္မပိုဘဲ တစ္ႏွစ္လွ်င္ က်ပ္တစ္သိန္းထက္မပိုေသာ လက္ေဆာင္ပစၥည္းမ်ားႏွင့္ အခါႀကီးရက္ႀကီးမ်ား၌ ဂါရဝျပဳေပးအပ္သည့္ က်ပ္တစ္သိန္းထက္ မပိုေသာ လက္ေဆာင္ပစၥည္းမ်ားကိုသာ ႁခြင္းခ်က္အျဖစ္ လက္ခံခြင့္ျပဳသည္ဟုပါရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ ပြည်ပနိုင်ငံများသို့ သွားရာတွင် ခွင့်ပြုထားသည့်    လက်ဆောင် ပစ္စည်းဝယ်ယူစရိတ်ကို ယခင်က ထက် လေးဆမှ ငါးဆအထိ တိုး မြှင့်လိုက်ကြောင်း    နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

ဇူလိုင် ၁ ရက်ကစတင်ကာ တိုးမြှင့်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး အဆင့်အတွက် ယခင်က ကျပ်ငါးသောင်း သတ်မှတ်ထားရာမှ ကျပ်နှစ်သိန်းသို့ တိုးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီးအဆင့်အတွက် ကျပ်နှစ် သောင်းမှ ကျပ်တစ်သိန်းသို့ တိုး မြှင့်ခဲ့သည်။

နိုင်ငံတော် သမ္မတရုံးပြော ရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ‘‘လက်ရှိ ကုန်ဈေးနှုန်းနဲ့ ကိုက်ညီ တဲ့ နှုန်းထားတစ်ခု သတ်မှတ်ပေး တာပါ။ အရင်က ဒုဝန်ကြီးဆိုရင် နှစ် သောင်း၊ ဝန်ကြီးဆိုရင် ငါး သောင်း။ အခုဆိုရင် ဒုဝန်ကြီးဆို တစ်သိန်း၊ ဝန်ကြီးဆို နှစ်သိန်း။ အဲဒီလို ပြင်ဆင်တယ်ဆိုတာက အဲဒါက ပြည်ပခရီးစဉ်အတွက် သတ်သတ်ပဲ။ ပြည်တွင်းမပါဘူး’’ ဟု ပြောသည်။

ဝန်ကြီးဌာနအားလုံးအ တွက် တစ်ပြိုင်နက် သတ်မှတ်ခြင်း ဖြစ်ပြီး အစိုးရသစ်တက်လာပြီး နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်ထား သော ‘လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်ချက်’နှင့် မတူညီကြောင်း ဦးဇော်ဌေးက ဆိုသည်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်ထုတ် ထားတာနဲ့ကတော့ မတူဘူးပေါ့ နော်။ အဲဒါက လက်ဆောင်ကို လက်ခံတာ။ အခုက ပေးတာ’’ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖေသန်းက ‘‘ငွေနှစ် သိန်းဆိုတာက ဒေါ်လာနှစ်ရာ တောင် မရှိပါဘူး။ နိုင်ငံတကာက ခေါင်းဆောင်တစ်ယောက်ကို လက်ဆောင် ပေးဖို့ဆိုရင်တော့ နည်းတောင်နည်းသေးတယ်လို့ ထင်ပါတယ်။ နိုင်ငံအချင်းချင်း လက်ဆောင်ပေးဖို့ဆိုရင် တချို့ ဆိုရင် အဲဒီထက် ကြီးကျယ်တာ တောင် ပေးတာရှိတယ်လေ။ ရုပ် ပုံကားချပ်တွေ၊ ပစ္စည်းတွေ၊ အဲဒါ မျိုးဆိုရင်လည်း ဒေါ်လာနှစ်ရာအ ထက်မှာပဲ ရှိမှာပေါ့နော်။ ကျွန် တော်တို့ကတော့ များတယ်လို့ တော့ မပြောလိုဘူး။ ဒါပေမဲ့ ဒီ ပြည်သူတချို့ရဲ့ အခြေခံဝင်ငွေနဲ့ ပတ်သက်လို့ နှိုင်းယှဉ်ပြီးတော့ ဒီ သတ်မှတ်ချက်အပေါ် ထောက်ပြ မှုတွေရှိလာနိုင်မယ်လို့ထင်တယ်’’ ဟု ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက ပြည်ထောင်စုဝန် ကြီးနှင့် ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ ပြည်ပနိုင်ငံများသို့ သွားရာတွင် ခွင့်ပြုထားသည့် လက် ဆောင်ပစ္စည်းဝယ်ယူစရိတ်ကို ယခုကဲ့သို့ တိုးမြှင့်ခြင်းသည် ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်နှင့် ပြည်ထောင်စုလွှတ် တော်၌ ဖေဖော်ဝါရီ ၂၄ ရက်က ယင်းအကြောင်း ဆွေးနွေးခဲ့ပြီး နောက် ဇူလိုင်က စတင်အတည်ပြု ခြင်းဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုများကြောင့် အကျင့် စာရိတ္တပျက်ပြားမှု (Corruption) များစွာဖြစ်ပေါ်နေပြီး နိုင်ငံတော် ၏ လူမှုရေး၊ စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေ သဖြင့် အဂတိလိုက်စားမှု အလေ့ အထကို အချိန်တိုအတွင်း လုံးဝ ပျောက်စေရန်ဆိုကာ ‘‘လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ် သက်သည့် လမ်းညွှန်ချက်ကို ၂၀၁၆ ဧပြီ ၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းတွင် ပုဂ္ဂိုလ်အဖွဲ့ အစည်းများက တစ်ကြိမ်လျှင် ကျပ် ၂၅,၀၀၀ ထက်မပိုဘဲ တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများနှင့် အခါကြီးရက်ကြီးများ၌ ဂါရဝပြုပေးအပ်သည့် ကျပ်တစ်သိန်းထက် မပိုသော လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုသည်ဟုပါရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top