ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဂ်ပန္အစိုးရအတြက္ ျပင္းထန္သည့္ ထိုးႏွက္ခ်က္ တစ္ခုအေနျဖင့္ ကာကြယ္ေရးဝန္ႀကီး ႐ုတ္တရက္ ရာထူးမွ ႏုတ္ထြက္သြားခဲ့ေၾကာင္း သိရသည္။

အေရးႀကီးၿပီး အထိခိုက္ အစြန္းထင္း မခံသည့္ ကာကြယ္ေရးဆိုင္ရာ မွတ္တမ္းမွတ္ရာမ်ား ထုတ္ျပန္မႈတြင္ ဝန္ႀကီး တိုမိုမီ အီနာဒါက လိုအပ္သည္ထက္ ဩဇာသံုးၿပီး ဖိႏွိပ္ တားဆီးမႈမ်ား ရွိခဲ့ေၾကာင္း စြပ္စြဲမႈမ်ားေၾကာင့္ ယခုလို ရာထူးမွ ႏုတ္ထြက္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ အမ်ိဳးသမီးသည္ ႏုိင္ငံေရး နယ္ပယ္၏ ထြန္းသစ္စ ၾကယ္တစ္ပြင့္အျဖစ္ ညႊန္းဆိုခံရၿပီး ဂ်ပန္တြင္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး၏ ေနရာကို ဆက္ခံမည့္သူ အျဖစ္ပါ သတင္းႀကီးေနသည္။ သူမသည္ ကာကြယ္ေရး ဝန္ႀကီး ရာထူးကို ၂၀၁၆ ခုႏွစ္၊ ဩဂုတ္လ ကတည္းက ထမ္းေဆာင္ေနခဲ့ျခင္း ျဖစ္သည္။

တိုက်ိဳတြင္ ဇူလုိင္ ၂၈ ရက္ နံနက္ပိုင္းက ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲ တစ္ရပ္၌ အီနာဒါက မိမိ၏ ႏုတ္ထြက္စာကို ဝန္ႀကီးခ်ဳပ္ အာေဘးထံ ေပးပို႔ခဲ့ၿပီး အာေဘးက လက္ခံခဲ့ေၾကာင္း ေျပာၾကားသြားသည္။

ဂ်ပန္ႏုိင္ငံ သမိုင္းတေလွ်ာက္တြင္ အမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ မရွိခဲ့ေသာ္လည္း ထိုမွတ္တမ္းကို အီနာဒါက ဖ်က္ဆီးျပလိမ့္မည္ဟု အထူးတလည္ သတင္းႀကီးခဲ့သည္။ သူမသည္ ဂ်ပန္တြင္ အမ်ိဳးသမီး တစ္ဦးအေနျဖင့္ ကာကြယ္ေရး ဝန္ႀကီး ရာထူးကို ဒုတိယေျမာက္ တာဝန္ယူခြင့္ ရသူလည္း ျဖစ္သည္။ ပထမဆံုး အမ်ိဳးသမီး ကာကြယ္ေရးဝန္ႀကီး ယူရီကို ကြိဳင္ကီမွာ ၿပီးခဲ့သည့္ႏွစ္ တိုက်ိဳေရြးေကာက္ပြဲတြင္ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ေရြးေကာက္ျခင္း ခံခဲ့ရသည္။

အီနာဒါသည္ ျပည္တြင္းစစ္ ျဖစ္ပြားေနသည့္ ေတာင္ပိုင္းဆူဒန္ ႏုိင္ငံ၌ ဂ်ပန္ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းမႈ တပ္ဖြဲ႕ဝင္မ်ား မ်က္ဝါးထင္ထင္ ႀကံဳေနရသည့္ အႏၱရာယ္ႀကီးမားေသာ အေျခအေနမ်ားကို အရွိအတိုင္း ထုတ္ျပန္ျခင္း မျပဳဘဲ ထိမ္ခ်န္ထားရန္ ဖိအားေပးခဲ့ေၾကာင္း စြပ္စြဲခံေနရသည္။ သို႔ေသာ္ အီနာဒါက သူမသည္ ထိုကိစၥတြင္ ပါဝင္ ဆက္ႏႊယ္မႈ မရွိဟု ျငင္းဆိုထားသည္။

လက္ရွိ အေျခအေနတြင္ အာေဘး အစိုးရအေပၚ ျပည္သူ႔ ေထာက္ခံမႈသည္ စံခ်ိန္တင္ က်ဆင္းမႈအျဖစ္ ၂၆ ရာခုိင္ႏႈန္းမွ်သာ ရွိေတာ့ေၾကာင္း ယခုသီတင္းပတ္အတြင္း ေကာက္ခံသည့္ သေဘာထားအျမင္ စစ္တမ္းက ညႊန္ျပေနသည္။ သို႔ေသာ္ အဓိက အတိုက္အခံပါတီျဖစ္သည့္ ဒီမိုကရက္ ပါတီတြင္လည္း ျပႆနာမ်ား ရွိေနၿပီး ဇူလုိင္ ၂၇ ရက္တြင္ ေခါင္းေဆာင္မႈ ပံုစံသစ္ လိုအပ္ေနၿပီဟုဆိုကာ ပါတီအႀကီးအကဲ ရန္ဟို မူရာတာ ႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။

Ref: CNN

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
 ဂျပန်အစိုးရအတွက် ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခုအနေဖြင့် ကာကွယ်ရေးဝန်ကြီး ရုတ်တရက် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အရေးကြီးပြီး အထိခိုက် အစွန်းထင်း မခံသည့် ကာကွယ်ရေးဆိုင်ရာ မှတ်တမ်းမှတ်ရာများ ထုတ်ပြန်မှုတွင် ဝန်ကြီး တိုမိုမီ အီနာဒါက လိုအပ်သည်ထက် ဩဇာသုံးပြီး ဖိနှိပ် တားဆီးမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများကြောင့် ယခုလို ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမျိုးသမီးသည် နိုင်ငံရေး နယ်ပယ်၏ ထွန်းသစ်စ ကြယ်တစ်ပွင့်အဖြစ် ညွှန်းဆိုခံရပြီး ဂျပန်တွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ နေရာကို ဆက်ခံမည့်သူ အဖြစ်ပါ သတင်းကြီးနေသည်။ သူမသည် ကာကွယ်ရေး ဝန်ကြီး ရာထူးကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ကတည်းက ထမ်းဆောင်နေခဲ့ခြင်း ဖြစ်သည်။

တိုကျိုတွင် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ အီနာဒါက မိမိ၏ နုတ်ထွက်စာကို ဝန်ကြီးချုပ် အာဘေးထံ ပေးပို့ခဲ့ပြီး အာဘေးက လက်ခံခဲ့ကြောင်း ပြောကြားသွားသည်။

ဂျပန်နိုင်ငံ သမိုင်းတလျှောက်တွင် အမျိုးသမီး ဝန်ကြီးချုပ် မရှိခဲ့သော်လည်း ထိုမှတ်တမ်းကို အီနာဒါက ဖျက်ဆီးပြလိမ့်မည်ဟု အထူးတလည် သတင်းကြီးခဲ့သည်။ သူမသည် ဂျပန်တွင် အမျိုးသမီး တစ်ဦးအနေဖြင့် ကာကွယ်ရေး ဝန်ကြီး ရာထူးကို ဒုတိယမြောက် တာဝန်ယူခွင့် ရသူလည်း ဖြစ်သည်။ ပထမဆုံး အမျိုးသမီး ကာကွယ်ရေးဝန်ကြီး ယူရီကို ကွိုင်ကီမှာ ပြီးခဲ့သည့်နှစ် တိုကျိုရွေးကောက်ပွဲတွင် မြို့တော် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်ခြင်း ခံခဲ့ရသည်။

အီနာဒါသည် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် တောင်ပိုင်းဆူဒန် နိုင်ငံ၌ ဂျပန် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ မျက်ဝါးထင်ထင် ကြုံနေရသည့် အန္တရာယ်ကြီးမားသော အခြေအနေများကို အရှိအတိုင်း ထုတ်ပြန်ခြင်း မပြုဘဲ ထိမ်ချန်ထားရန် ဖိအားပေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ သို့သော် အီနာဒါက သူမသည် ထိုကိစ္စတွင် ပါဝင် ဆက်နွှယ်မှု မရှိဟု ငြင်းဆိုထားသည်။

လက်ရှိ အခြေအနေတွင် အာဘေး အစိုးရအပေါ် ပြည်သူ့ ထောက်ခံမှုသည် စံချိန်တင် ကျဆင်းမှုအဖြစ် ၂၆ ရာခိုင်နှုန်းမျှသာ ရှိတော့ကြောင်း ယခုသီတင်းပတ်အတွင်း ကောက်ခံသည့် သဘောထားအမြင် စစ်တမ်းက ညွှန်ပြနေသည်။ သို့သော် အဓိက အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက် ပါတီတွင်လည်း ပြဿနာများ ရှိနေပြီး ဇူလိုင် ၂၇ ရက်တွင် ခေါင်းဆောင်မှု ပုံစံသစ် လိုအပ်နေပြီဟုဆိုကာ ပါတီအကြီးအကဲ ရန်ဟို မူရာတာ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

Ref: CNN



 ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top