ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေခၽြးထြက္တာက က်န္းမာေရးအတြက္ ေကာင္းပါတယ္။ ဒါေပမယ့္ ကိုယ္ဘယ္ေလာက္ဘဲ သပ္သပ္ရပ္ရပ္ေနေန ေခၽြး တအားထြက္ရင္ အနံ႔ဆိုးေတြနဲ႔ စုတ္စုတ္ျပတ္ျပတ္ ျဖစ္သြားပါတယ္။ အထူးသျဖင့္ အေရးႀကီးတဲ့ အခမ္းအနားေတြ၊ ေဆြးေႏြးပြဲတက္ရတဲ့အခ်ိန္ဆိုရင္ ေခၽြးတအားမထြကဖုိ႔က အေရးႀကီးျပန္ပါတယ္။ ေခၽြးထြက္မ်ားတာကို သက္သာေစမယ့္ အစားအစာမ်ားကို ေ၀မွ်ခ်င္ပါတယ္။

ပန္းသီး

တစ္ေန႔ကို ပန္းသီး ၂ လံုးကေန ၄လုံးၾကား စားရင္ ေခၽြးထြက္တာကို သက္သာေစမွာပါ။ အဲ့ဒီအျပင္ ပန္းသီးက အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး မေရမတြက္ႏိုင္တဲ့ ေရာဂါေတြကေနလည္း ကာကြယ္ေပးပါတယ္။ ပန္းသီးကို အစိမ္းဘဲျဖစ္ျဖစ္ ဟင္းခ်က္စားရင္ဘဲျဖစ္ျဖစ္ စားလို႔ရပါတယ္။ အမ်ားႀကီးမစားႏိုင္ရင္ေတာင္ တစ္ပတ္ကို ၁လံုး ၂လံုးေလာက္စစားရင္ေတာင္ ရက္သတၱပတ္အနည္းငယ္ၾကာရင္ ထူးျခားလာပါလိမ့္မယ္။
11760110-vegetables-1921576_1920-1486067628-650-91a0e90f11-1487338341
နံနံပင္

နံနံပင္က ေခၽြးအလြန္အမင္းထြက္တာကို သက္သာေစပါတယ္။ နံနံပင္မွာ ကယ္လိုရီပါ၀င္မႈနည္းၿပီး၊ ပရိုတင္းဓာတ္ပါ၀င္မႈမ်ားပါတယ္။ ဒါေပမယ့္ နံနံပင္ကို အေအးခန္းထဲမွာ သိမ္းဆည္းထားတဲ့ေနရာမွာ သူ႔ရဲ႕ အာနိသင္မေပ်ာက္ေအာင္ သိမ္းဆည္းထားဖုိ႔ေတာ့လိုပါတယ္။

ဘယ္ရီသီး
Image result for cherries-fruit-red-sweet
ဘယ္ရီသီးေတြျဖစ္တဲ့ ခ်ယ္ရီသီး၊ Raspberries နဲ႔ စေတာ္ဘယ္ရီတုိ႔က ပိုတက္ဆီယမ္ နဲ႔ မဂၢနီဆီယမ္ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ခႏၶာကိုယ္က ေခၽြးထြက္ႏႈန္းကိုထိန္းညွိေပးႏိုင္ပါတယ္။ အဲ့ဒီအျပင္ ဆားကို စားသံုးတာ ေလ်ာ့ၿပီး အားကစားလုပ္ေပးရင္လည္း ေခၽြးထြက္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

ဖရဲသီး
Related image
ဖရဲသီးမွာ ဗီတာမင္ဓာတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး ခႏၶာကိုယ္မွ အဆိပ္အေတာက္ေတြကို ေဆးေၾကာေပးပါတယ္။ ဖရဲသီးက ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြ၊ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ပစၥည္းေတြကို စြန္႔ထုတ္ရာမွာကူညီေပးၿပီး ေခၽြးထြက္တာကိုလည္း ထိန္းညွိေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfoodmyanmar
#Unicode Version#
ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက်ဘဲ သပ်သပ်ရပ်ရပ်နေနေ ချွေး တအားထွက်ရင် အနံ့ဆိုးတွေနဲ့ စုတ်စုတ်ပြတ်ပြတ် ဖြစ်သွားပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အခမ်းအနားတွေ၊ ဆွေးနွေးပွဲတက်ရတဲ့အချိန်ဆိုရင် ချွေးတအားမထွကဖို့က အရေးကြီးပြန်ပါတယ်။ ချွေးထွက်များတာကို သက်သာစေမယ့် အစားအစာများကို ဝေမျှချင်ပါတယ်။

ပန်းသီး

တစ်နေ့ကို ပန်းသီး ၂ လုံးကနေ ၄လုံးကြား စားရင် ချွေးထွက်တာကို သက်သာစေမှာပါ။ အဲ့ဒီအပြင် ပန်းသီးက အစာခြေစနစ်ကို ကောင်းမွန်စေပြီး မရေမတွက်နိုင်တဲ့ ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ ပန်းသီးကို အစိမ်းဘဲဖြစ်ဖြစ် ဟင်းချက်စားရင်ဘဲဖြစ်ဖြစ် စားလို့ရပါတယ်။ အများကြီးမစားနိုင်ရင်တောင် တစ်ပတ်ကို ၁လုံး ၂လုံးလောက်စစားရင်တောင် ရက်သတ္တပတ်အနည်းငယ်ကြာရင် ထူးခြားလာပါလိမ့်မယ်။

နံနံပင်

နံနံပင်က ချွေးအလွန်အမင်းထွက်တာကို သက်သာစေပါတယ်။ နံနံပင်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး၊ ပရိုတင်းဓာတ်ပါဝင်မှုများပါတယ်။ ဒါပေမယ့် နံနံပင်ကို အအေးခန်းထဲမှာ သိမ်းဆည်းထားတဲ့နေရာမှာ သူ့ရဲ့ အာနိသင်မပျောက်အောင် သိမ်းဆည်းထားဖို့တော့လိုပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးတွေဖြစ်တဲ့ ချယ်ရီသီး၊ Raspberries နဲ့ စတော်ဘယ်ရီတို့က ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်က ချွေးထွက်နှုန်းကိုထိန်းညှိပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဆားကို စားသုံးတာ လျော့ပြီး အားကစားလုပ်ပေးရင်လည်း ချွေးထွက်နှုန်းကို လျော့ကျစေပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဆေးကြောပေးပါတယ်။ ဖရဲသီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို စွန့်ထုတ်ရာမှာကူညီပေးပြီး ချွေးထွက်တာကိုလည်း ထိန်းညှိပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top