ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ သန္႔ရွင္းေရးက႑တြင္ လူတစ္ေထာင္ေက်ာ္လွ်င္ သန္႔ရွင္းေရး၀န္ထမ္းတစ္ဦးႏႈန္းျဖင့္ ၀န္ေဆာင္မႈေပးေနရၿပီး အမိႈက္မ်ားကိုလည္း တစ္ေနကုန္ပစ္သျဖင့္ လူအင္အားမမွ်ေၾကာင္း အဆိုပါေကာ္မတီ၏ ပတ္၀န္းက်င္ႏွင့္ သန္႔ရွင္းေရးဌာန လက္ေထာက္ဌာနမွဴး ဦးေဇာ္၀င္းႏုိင္က ေျပာၾကားလိုက္သည္။

“ရန္ကုန္တုိင္းေဒသႀကီးမွာ ၿမိဳ႕နယ္ ၄၅ ခုရွိၿပီး စည္ပင္နယ္နိမိတ္က ၃၃ ၿမိဳ႕နယ္ရွိတယ္။ ဒီထဲမွာ ကၽြန္ေတာ္တို႔၀န္ထမ္းက ၄၀၀၀ နီးပါးရွိတယ္။ တစ္တိုင္းလံုးက လူဦးေရေျခာက္သန္းကို စားၾကည့္တဲ့အခါ လူတစ္ေထာင္ေက်ာ္ကို ၀န္ထမ္းတစ္ေယာက္က ၀န္ေဆာင္မႈေပးေနရတယ္။ ႏုိင္ငံျခားမွာဆို အမိႈက္ပစ္ခ်ိန္ စည္းကမ္းသတ္မွတ္ခ်က္ရွိတယ္။ ဒီမွာက တစ္ေနကုန္ပစ္ေနတာျဖစ္တယ္”ဟု လက္ေထာက္ဌာနမွဴး ဦးေဇာ္၀င္းႏုိင္က ေျပာၾကားခဲ့ သည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔ တစ္ေန႔လွ်င္ အမိႈက္စြန္႔ပစ္ခ ေငြ ၂၀ က်ပ္အား မေပးသူအမ်ားအျပားရွိေနၿပီး တစ္လလွ်င္ ေငြ ၆၀၀ က်ပ္သာ က်သင့္ေၾကာင္း၊ ယင္းအခေၾကးေငြမွာလည္း မီးဖိုေခ်ာင္ အမိႈက္သိမ္းဆည္းခသာျဖစ္ေၾကာင္း ၄င္းကဆိုသည္။

“စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ရင္ အေရးမယူဘူးလားဆိုေတာ့ ဥပေဒအရ ဒဏ္ေငြတစ္ေသာင္းကေန ငါးသိန္းအထိ ခ်လို႔ရတယ္။ ေထာင္ဒဏ္္ဆုိရင္ တစ္ႏွစ္တိတိ ခ်လို႔ရတယ္။ ဒါေပမဲ့ အမိႈက္ပံုမွာ အခ်ိန္ျပည့္ ဘယ္ေစာင့္ႏိုင္ မလဲ။ အခုကလစ္တာနဲ႔ သစ္ကိုင္းေျခာက္ေတြ၊ ဖ်ာေဟာင္းေတြ၊ ေရခဲေသတၱာအပ်က္ေတြ၊ အမိႈက္ပံုမွာ လာစြန္႔ပစ္ေနၾကတယ္”ဟု ဦးေဇာ္၀င္းႏုိင္က ဆက္လက္ေျပာၾကားခဲ့သည္။
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီသည္ အမႈိက္စိုႏွင့္ အမႈိက္ေျခာက္ဟု ႏွစ္မ်ဳိးခြဲျခားကာ သီးသန္႔အမႈိက္အိတ္ျဖင့္ စြန္႔ပစ္ရသည့္စနစ္ကုိ ၂၀၁၂ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔တြင္ စတင္ေျပာင္းလဲက်င့္သုံးခဲ့ ေသာ္လည္း ယခုအခ်ိန္အထိ အမႈိက္မ်ားကုိ ေရာေထြးစြန္႔ပစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

မင္းသီဟန္



ဖိုးသူေတာ္ (www.phothutaw.com)
Credit: Tomorrow News Journal


#Unicode Version#
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သန့်ရှင်းရေးကဏ္ဍတွင် လူတစ်ထောင်ကျော်လျှင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေရပြီး အမှိုက်များကိုလည်း တစ်နေကုန်ပစ်သဖြင့် လူအင်အားမမျှကြောင်း အဆိုပါကော်မတီ၏ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာန လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားလိုက်သည်။

“ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ် ၄၅ ခုရှိပြီး စည်ပင်နယ်နိမိတ်က ၃၃ မြို့နယ်ရှိတယ်။ ဒီထဲမှာ ကျွန်တော်တို့ဝန်ထမ်းက ၄၀၀၀ နီးပါးရှိတယ်။ တစ်တိုင်းလုံးက လူဦးရေခြောက်သန်းကို စားကြည့်တဲ့အခါ လူတစ်ထောင်ကျော်ကို ဝန်ထမ်းတစ်ယောက်က ဝန်ဆောင်မှုပေးနေရတယ်။ နိုင်ငံခြားမှာဆို အမှိုက်ပစ်ချိန် စည်းကမ်းသတ်မှတ်ချက်ရှိတယ်။ ဒီမှာက တစ်နေကုန်ပစ်နေတာဖြစ်တယ်”ဟု လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောကြားခဲ့ သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တစ်နေ့လျှင် အမှိုက်စွန့်ပစ်ခ ငွေ ၂၀ ကျပ်အား မပေးသူအများအပြားရှိနေပြီး တစ်လလျှင် ငွေ ၆၀၀ ကျပ်သာ ကျသင့်ကြောင်း၊ ယင်းအခကြေးငွေမှာလည်း မီးဖိုချောင် အမှိုက်သိမ်းဆည်းခသာဖြစ်ကြောင်း ၎င်းကဆိုသည်။

“စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ရင် အရေးမယူဘူးလားဆိုတော့ ဥပဒေအရ ဒဏ်ငွေတစ်သောင်းကနေ ငါးသိန်းအထိ ချလို့ရတယ်။ ထောင်ဒဏ်ဆိုရင် တစ်နှစ်တိတိ ချလို့ရတယ်။ ဒါပေမဲ့ အမှိုက်ပုံမှာ အချိန်ပြည့် ဘယ်စောင့်နိုင် မလဲ။ အခုကလစ်တာနဲ့ သစ်ကိုင်းခြောက်တွေ၊ ဖျာဟောင်းတွေ၊ ရေခဲသေတ္တာအပျက်တွေ၊ အမှိုက်ပုံမှာ လာစွန့်ပစ်နေကြတယ်”ဟု ဦးဇော်ဝင်းနိုင်က ဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် အမှိုက်စိုနှင့် အမှိုက်ခြောက်ဟု နှစ်မျိုးခွဲခြားကာ သီးသန့်အမှိုက်အိတ်ဖြင့် စွန့်ပစ်ရသည့်စနစ်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင်ပြောင်းလဲကျင့်သုံးခဲ့ သော်လည်း ယခုအချိန်အထိ အမှိုက်များကို ရောထွေးစွန့်ပစ်နေဆဲဖြစ်ကြောင်း သိရသည်။


မင်းသီဟန်


ဖိုးသူတော် (www.phothutaw.com)
Credit: Tomorrow News Journal

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top