ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

နာက်င္ရျခင္းအေၾကာင္းအရင္းကိုရွာေဖြျခင္း

        အေၾကာင္းမဲ့ေဝွးေစ့နာက်င္ျခင္းဟာ ေရာဂါအမည္တပ္ဖို႔ရာအလြန္ခက္ခဲၿပီး နာက်င္ျခင္းဟာဆက္တိုက္ျဖစ္ေနႏုိင္သလို၊ သက္သာသြားလိုက္နာလိုက္လည္းျဖစ္ေနႏုိင္ပါတယ္။ ဒါေၾကာင့္ ကုသမႈမခံယူမီ အျခားအေၾကာင္းအရင္းမ်ားကိုလည္း ရွာေဖြသင့္ပါတယ္။ ဥပမာ- ေက်ာက္ကပ္တြင္ ေက်ာက္တည္ျခင္း၊ တင္ပဆံု (သို႔) ေက်ာ႐ိုးမအတြင္းရွိ အာ႐ံုေၾကာမႀကီးမွာျဖစ္တဲ့ျပႆနာေတြဟာလည္း အဲဒီေနရာနားတဝိုက္မွာပဲ နာက်င္ေစႏုိင္ပါတယ္။

ေဝွးေစ့နာက်င္ရျခင္း၏ အေၾကာင္းအရင္းမ်ား

1. လိင္မွတဆင့္ ကူးစက္တတ္ေသာေရာဂါမ်ားေၾကာင့္ ေရာင္ရမ္းျခင္း (သုိ႔) ပိုးဝင္ျခင္း

2. ဆီးလမ္းေၾကာင္းဆိုင္ရာျပႆနာမ်ား

3. ခြဲစိတ္ကုသၿပီးေနာက္ နာက်င္ျခင္း

4. ထိခိုက္ဒဏ္ရာရျခင္း

          ပထမဆံုးကုထံုးအေနနဲ႔ ေ၀ွးေစ့နာက်င္ပါက အျပည့္အ၀အနားယူသင့္ၿပီး ေရာင္ရမ္းမႈကိုသက္သာေစႏုိင္တဲ့ေဆးမ်ား (ဥပမာ - ibuprofen) တို႔ကို ဆရာ၀န္ညႊန္ၾကားသည့္အတိုင္း ေသာက္သင့္ပါတယ္။

          အကယ္၍နာက်င္ျခင္းဟာ တင္ပဆံုၾကမ္းခင္းနဲ႔ ဆက္စပ္ေနပါက ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ သက္သာေစႏုိင္ပါတယ္။ ဆရာဝန္က ေရာဂါပိုးရွိ/မရွိကုိ စစ္ေဆးၿပီးေနာက္ လိုအပ္လွ်င္ ပိုးသတ္ေဆးမ်ားေပးမွာ ျဖစ္ပါတယ္။

          အေၾကာင္းမဲ့ေဝွးေစ့နာက်င္ျခင္းဟု ေခါင္းစဥ္တပ္ရန္မွာ ကပ္ပယ္အိတ္တြင္နာက်င္ျခင္းကို သံုးလထက္ပို၍အဆက္မျပတ္ ခံစားေနရၿပီး ေန႔စဥ္လုပ္ငန္းေဆာင္တာမ်ားကိုပါ ထိခိုက္လာေသာအေျခအေနကိုဆိုလိုပါတယ္။

စမ္းသပ္စစ္ေဆးျခင္းမ်ား

        ေရာဂါရွာေဖြရန္ စမ္းသပ္စစ္ေဆးမႈ (ဆီးနမူနာ၌ ပိုးေမြးျခင္း၊ တစ္ကုိယ္လံုးကိုစမ္းသပ္ျခင္းႏွင့္ ေဝွးေစ့ကိုတယ္လီဗီးရွင္းဓာတ္မွန္႐ိုက္ျခင္း) မ်ားျပဳလုပ္ရန္လိုအပ္ၿပီး အျခားအေၾကာင္းအရင္းမ်ားေၾကာင့္ နာက်င္ျခင္း (ဥပမာ - ေဝွးေစ့ကင္ဆာ) ဟုတ္/မဟုတ္ကို စစ္ေဆးသင့္ပါတယ္။

          ခြဲစိတ္ကုသမႈကိုမျပဳလုပ္မီ အေၾကာင္းအရင္းမရွိဘဲ ေဝွးေစ့နာက်င္ျခင္းဟုတ္/မဟုတ္ တိတိက်က်ေျပာႏုိင္တဲ့ စစ္ေဆးမႈတစ္ခုကိုျပဳလုပ္ရန္လည္း ဆရာဝန္မွအၾကံေပးပါလိမ့္မယ္။ အေၾကာထဲသို႔ ထံုေဆးထုိးလိုက္ပါက နာက်င္ျခင္းသက္သာသြားသည္ဆုိပါက အေၾကာထဲမွာရွိတဲ့ အာ႐ံုေၾကာမ်ားေၾကာင့္ဟုသိႏုိင္ၿပီး ေရရွည္အဆင္ေျပႏုိင္ရန္ ခြဲစိတ္ကုသမႈကိုခံယူသင့္ပါတယ္။

          Dr.Shoskes က ထိုသို႔ျဖစ္ရျခင္းမွာ အာ႐ံုေၾကာမွ်င္ေတြက မွန္ကန္တဲ့အခ်က္ေပးစနစ္ကိုေပးပို႔သလို မွားယြင္းတဲ့အခ်က္ေပးစနစ္ေတြကိုလည္း ေပးပို႔ေနတာေၾကာင့္ျဖစ္တယ္လို႔ ဆုိပါတယ္။

          အေၾကာကိုထံုေစေပမယ့္လည္း နာက်င္ျခင္းေဝဒနာက မသက္သာဘူးဆိုလွ်င္ေတာ့ နာက်င္ျခင္းဆုိင္ရာ စီမံခန္႔ခြဲမႈကၽြမ္းက်င္ပညာရွင္ထံသုိ႔ သြားေရာက္ေဆြးေႏြးသင့္ပါတယ္။

အေၾကာထဲမွာရွိတဲ့ အာ႐ံုေၾကာမွ်င္မ်ားျဖတ္ေတာက္ျခင္းကို မည္သုိ႔ျပဳလုပ္ပါသနည္း

        အေသးစားခြဲစိတ္မႈတစ္ခုျဖစ္ၿပီး ေဝွးေစ့အထက္ပိုင္းမွာရွိတဲ့ ဝမ္းဗိုက္ကိုဓားျမင့္အနည္းငယ္ခြဲ၍ အေၾကာကိုျမင္ရေအာင္ ျပဳလုပ္ၿပီးအာ႐ံုေၾကာမွ်င္မ်ားကို ျဖတ္ေတာက္ပါလိမ့္မယ္။ ဒါေပမယ့္ ေသြးေၾကာ၊ ျပန္ရည္ေၾကာမ်ားမထိခုိက္ေစရန္ ဂ႐ုျပဳရပါမယ္။

          Dr.Shoskes ရဲ႕ ေျပာၾကားခ်က္အရ ၎ခြဲစိတ္မႈမွာ 45-90 မိနစ္ထက္ၾကာျမင့္တတ္ၿပီး ေအာင္ျမင္မႈရာခိုင္ႏႈန္းမွာ 65-80 ထိရွိသည့္အျပင္ ေဘးထြက္ဆိုးက်ိဳးလည္းမရွိေၾကာင္းသိရပါတယ္။ သို႔ရာတြင္ အျခားခြဲစိတ္မႈမ်ားကဲ့သို႔ပင္ ေဝွးေစ့ထိခိုက္ျခင္းႏွင့္ ေဝွးေစ့ပတ္လည္တြင္ ေရမ်ားစုပံုလာျခင္း စတဲ့အႏၲရာယ္ေတြကေတာ့ ရွိေနႏိုင္ပါတယ္။

          ဆက္လက္၍ ေျပာၾကားရာမွာေတာ့ အာ႐ံုေၾကာမွ်င္ေတြဟာ အလြန္ေသးငယ္တာေၾကာင့္ အေရးႀကီးအစိတ္အပိုင္းေတြကလြဲလို႔ က်န္တဲ့အာ႐ံုေၾကာအားလံုးကိုျဖတ္ေတာက္ပစ္ဖုိ႔လိုပါတယ္ဟု သိရပါတယ္။ အကယ္၍ ခြဲစိတ္ကုသမႈခံယူၿပီးသည့္တုိင္ နာက်င္ျခင္းကိုဆက္လက္ခံစားေနရပါက နာက်င္ျခင္းဆုိင္ရာ စီမံခန္႔ခြဲမႈကိုခံယူသင့္ပါတယ္။

Dr. Moe Thauk Pan

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  www.drmyanmar.com


Unicode Version#
နာကျင်ရခြင်းအကြောင်းအရင်းကိုရှာဖွေခြင်း

        အကြောင်းမဲ့ဝှေးစေ့နာကျင်ခြင်းဟာ ရောဂါအမည်တပ်ဖို့ရာအလွန်ခက်ခဲပြီး နာကျင်ခြင်းဟာဆက်တိုက်ဖြစ်နေနိုင်သလို၊ သက်သာသွားလိုက်နာလိုက်လည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကုသမှုမခံယူမီ အခြားအကြောင်းအရင်းများကိုလည်း ရှာဖွေသင့်ပါတယ်။ ဥပမာ- ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ တင်ပဆုံ (သို့) ကျောရိုးမအတွင်းရှိ အာရုံကြောမကြီးမှာဖြစ်တဲ့ပြဿနာတွေဟာလည်း အဲဒီနေရာနားတဝိုက်မှာပဲ နာကျင်စေနိုင်ပါတယ်။

ဝှေးစေ့နာကျင်ရခြင်း၏ အကြောင်းအရင်းများ

1. လိင်မှတဆင့် ကူးစက်တတ်သောရောဂါများကြောင့် ရောင်ရမ်းခြင်း (သို့) ပိုးဝင်ခြင်း

2. ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများ

3. ခွဲစိတ်ကုသပြီးနောက် နာကျင်ခြင်း

4. ထိခိုက်ဒဏ်ရာရခြင်း

          ပထမဆုံးကုထုံးအနေနဲ့ ဝှေးစေ့နာကျင်ပါက အပြည့်အဝအနားယူသင့်ပြီး ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ဆေးများ (ဥပမာ - ibuprofen) တို့ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သင့်ပါတယ်။

          အကယ်၍နာကျင်ခြင်းဟာ တင်ပဆုံကြမ်းခင်းနဲ့ ဆက်စပ်နေပါက လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဆရာဝန်က ရောဂါပိုးရှိ/မရှိကို စစ်ဆေးပြီးနောက် လိုအပ်လျှင် ပိုးသတ်ဆေးများပေးမှာ ဖြစ်ပါတယ်။

          အကြောင်းမဲ့ဝှေးစေ့နာကျင်ခြင်းဟု ခေါင်းစဉ်တပ်ရန်မှာ ကပ်ပယ်အိတ်တွင်နာကျင်ခြင်းကို သုံးလထက်ပို၍အဆက်မပြတ် ခံစားနေရပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကိုပါ ထိခိုက်လာသောအခြေအနေကိုဆိုလိုပါတယ်။

စမ်းသပ်စစ်ဆေးခြင်းများ

        ရောဂါရှာဖွေရန် စမ်းသပ်စစ်ဆေးမှု (ဆီးနမူနာ၌ ပိုးမွေးခြင်း၊ တစ်ကိုယ်လုံးကိုစမ်းသပ်ခြင်းနှင့် ဝှေးစေ့ကိုတယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း) များပြုလုပ်ရန်လိုအပ်ပြီး အခြားအကြောင်းအရင်းများကြောင့် နာကျင်ခြင်း (ဥပမာ - ဝှေးစေ့ကင်ဆာ) ဟုတ်/မဟုတ်ကို စစ်ဆေးသင့်ပါတယ်။

          ခွဲစိတ်ကုသမှုကိုမပြုလုပ်မီ အကြောင်းအရင်းမရှိဘဲ ဝှေးစေ့နာကျင်ခြင်းဟုတ်/မဟုတ် တိတိကျကျပြောနိုင်တဲ့ စစ်ဆေးမှုတစ်ခုကိုပြုလုပ်ရန်လည်း ဆရာဝန်မှအကြံပေးပါလိမ့်မယ်။ အကြောထဲသို့ ထုံဆေးထိုးလိုက်ပါက နာကျင်ခြင်းသက်သာသွားသည်ဆိုပါက အကြောထဲမှာရှိတဲ့ အာရုံကြောများကြောင့်ဟုသိနိုင်ပြီး ရေရှည်အဆင်ပြေနိုင်ရန် ခွဲစိတ်ကုသမှုကိုခံယူသင့်ပါတယ်။

          Dr.Shoskes က ထိုသို့ဖြစ်ရခြင်းမှာ အာရုံကြောမျှင်တွေက မှန်ကန်တဲ့အချက်ပေးစနစ်ကိုပေးပို့သလို မှားယွင်းတဲ့အချက်ပေးစနစ်တွေကိုလည်း ပေးပို့နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

          အကြောကိုထုံစေပေမယ့်လည်း နာကျင်ခြင်းဝေဒနာက မသက်သာဘူးဆိုလျှင်တော့ နာကျင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်ထံသို့ သွားရောက်ဆွေးနွေးသင့်ပါတယ်။

အကြောထဲမှာရှိတဲ့ အာရုံကြောမျှင်များဖြတ်တောက်ခြင်းကို မည်သို့ပြုလုပ်ပါသနည်း

        အသေးစားခွဲစိတ်မှုတစ်ခုဖြစ်ပြီး ဝှေးစေ့အထက်ပိုင်းမှာရှိတဲ့ ဝမ်းဗိုက်ကိုဓားမြင့်အနည်းငယ်ခွဲ၍ အကြောကိုမြင်ရအောင် ပြုလုပ်ပြီးအာရုံကြောမျှင်များကို ဖြတ်တောက်ပါလိမ့်မယ်။ ဒါပေမယ့် သွေးကြော၊ ပြန်ရည်ကြောများမထိခိုက်စေရန် ဂရုပြုရပါမယ်။

          Dr.Shoskes ရဲ့ ပြောကြားချက်အရ ၎င်းခွဲစိတ်မှုမှာ 45-90 မိနစ်ထက်ကြာမြင့်တတ်ပြီး အောင်မြင်မှုရာခိုင်နှုန်းမှာ 65-80 ထိရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိကြောင်းသိရပါတယ်။ သို့ရာတွင် အခြားခွဲစိတ်မှုများကဲ့သို့ပင် ဝှေးစေ့ထိခိုက်ခြင်းနှင့် ဝှေးစေ့ပတ်လည်တွင် ရေများစုပုံလာခြင်း စတဲ့အန္တရာယ်တွေကတော့ ရှိနေနိုင်ပါတယ်။

          ဆက်လက်၍ ပြောကြားရာမှာတော့ အာရုံကြောမျှင်တွေဟာ အလွန်သေးငယ်တာကြောင့် အရေးကြီးအစိတ်အပိုင်းတွေကလွဲလို့ ကျန်တဲ့အာရုံကြောအားလုံးကိုဖြတ်တောက်ပစ်ဖို့လိုပါတယ်ဟု သိရပါတယ်။ အကယ်၍ ခွဲစိတ်ကုသမှုခံယူပြီးသည့်တိုင် နာကျင်ခြင်းကိုဆက်လက်ခံစားနေရပါက နာကျင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကိုခံယူသင့်ပါတယ်။

Dr. Moe Thauk Pan

ဖိုးသူတော် (www.phothutaw.com)
Credit:  www.drmyanmar.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top