ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လူတိုင္းလူတိုင္းမွာ မိမိရဲ႕ကိုယ္သင္းရနံ႔၊ အနံ႔အသက္ေတြကို္ယ္စီ ရွိၾကပါတယ္။ ဒီလိုအနံ႔ေတြကေနပဲ သင့္ကိုစြဲမက္သြားေစႏိုင္သလို စိတ္ပ်က္သြားေစႏို္င္တဲ့အရာပါပဲ။ ဒါ့ေၾကာင့္ ေရေမႊ၊ ေဘာ္ဒီလိုးရွင္းေတြ အသံုးျပဳရတာမဟုတ္ပါလား။ ဒါေပမယ့္ ဘယ္ေလာက္ပဲအေမႊးနံ႔သာေတြ သံုးသံုး သင့္ရဲ႕ခႏၶာကိုယ္တြင္းက ထြက္ရွိတဲ့ ကိုယ္ရနံ႔ကေတာ့ ေပ်ာက္မသြားပါဘူး။ ကိုယ္သင္းရနံ႔က အၿမဲတမ္းေမႊးေနဖို႔မလိုရင္ေတာင္ နံမေနဖို႔ပဲ အေရးႀကီးပါတယ္ေနာ္။ ခံတြင္းနံ႔၊ ေခၽြးနံ႔နဲ႔ ခႏၶာကိုယ္အႏွံ႔က အနံ႔အသက္ေတြ မေကာင္းဘူးဆိုရင္ တစ္ဖက္လူကိုလည္းအားနာရသလို မိမိကုိယ္ကိုလည္းယံုၾကည္မႈ ေလ်ာ့နည္းသြားေစပါတယ္။ ဒီလို အနံ႔အသက္ဆိုးေတြထြက္ရတဲ့ အေၾကာင္းအရင္းကေတာ့ တစ္ကုိယ္ရည္သန္႔ရွင္းမႈနဲ႔လည္းဆိုင္သလို က်န္းမာေရးနဲ႔လည္း သက္ဆိုင္ေနပါတယ္။ ဒါ့ေၾကာင့္ ခႏၶာကုိယ္ေနရာတိုင္းမွာ ထြက္ရွိလာတဲ့ အနံ႔ဆိုးေတြကတစ္ဆင့္ သင့္ရဲ႕က်န္းမာေရးလကၡဏာကို ဘယ္လိုဆန္းစစ္ႏိုင္မလဲဆိုတာကို ၾကည့္လိုက္ရေအာင္ေနာ္။

(၁) ဆီးနံ႔

ဆီးအနံ႔လို႔ေျပာလိုက္လို႔ လူတိုင္းဆီးအနံ႔နံၾကတာပဲလို႔ ေတြးေကာင္းေတြးၾကပါလိမ့္မယ္။ မွန္ပါတယ္။ ဒါေပမယ့္ ဆီးသြားတဲ့အခါမွာ အားယူရၿပီး အနံ႔ကဆိုးဆိုးရြားရြားႀကီးျဖစ္ေနရင္ေတာ့ သတိထားစရာပါပဲေနာ္။ အထူးသျဖင့္ အမ်ိဳးသားမ်ားအေနနဲ႔ ေက်ာက္ကပ္ေရာဂါကို သတိထားရမယ့္အေျခအေနပါ။ ေရဓာတ္မ်ားမ်ားျဖည့္တင္းေပးပါ။ ဒီလိုမွမသက္သာရင္ ကၽြမ္းက်င္တဲ့ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ဆီးအနံ႔က သၾကားလံုးကဲ့သို႔ ခ်ိဳလြင္လြင္အနံ႔မိ်ဳးျဖစ္ေနရင္လည္း ဆီးခ်ိဳေရာဂါကို သတိထားသင့္ပါၿပီေနာ္။

(၂) အာပုပ္နံ႔

ခံတြင္းနံ႔မနံဖို႔က တကယ့္ကိုအေရးႀကီးလွပါတယ္။ ဒါ့ေၾကာင့္အၿမဲလိုလို ခံတြင္းနံ႔နံသူမ်ားအေနနဲ႔ ကိုယ့္ရဲ႕ေနထိုင္စားေသာက္မႈ ပံုစံကိုျပန္လည္စမ္းစစ္ၾကည့္ပါ။ အရက္၊ ေဆးလိပ္မ်ား အလြန္အကၽြံေသာက္သံုးမိရင္လည္း ခံတြင္းနံ႔နံတတ္ပါတယ္။ အရက္၊ ေဆးလိပ္ေတြမေသာက္သံုးဘဲနဲ႔ ခံတြင္းနံ႔နံလြန္းေနရင္ေတာ့ သြားဖံုးေရာဂါျဖစ္ေနတာပါ။ ဒါ့ေၾကာင့္ သြား၊ ခံတြင္းစစ္ေဆးမႈကို တစ္ႏွစ္လွ်င္ႏွစ္ႀကိမ္ပံုမွန္ျပဳလုပ္ဖို႔ အႀကံျပဳလိုပါတယ္။

(၃) သၾကားလံုးနံ႔

သၾကားလံုးနံ႔ဆိုလို႔ ေမႊးေနမယ္လို႔ မထင္လိုက္ပါနဲ႔။ မိမိခံတြင္းက ခ်ိဳေနၿပီး တဖက္လူအတြက္ေတာ့ ခ်ိဳတဲ့သစ္သီးပုပ္အနံ႔လိုလို၊ ခ်ိဳအီလြန္းတဲ့သၾကားလံုးလိုလို ျဖစ္ေနတတ္ပါတယ္။ ပါးစပ္ကခ်ိဳေနသလိုလို ျဖစ္ေနၿပီး ခံတြင္းနံ႔ကလည္း သစ္သီးခ်ိဳအနံ႔လိုလို ျဖစ္ေနရင္ ဆီးခိ်ဳေရာဂါကို သတိထားရမယ့္ လကၡဏာပါ။ ေသြးတြင္းသၾကားဓာတ္လြန္ကဲေနတာေၾကာင့္ ခ်ိဳလြန္းၿပီး အဆီမ်ားတဲ့အစားအေသာက္မ်ားကို ေရွာင္ရွားဖို႔လိုအပ္ပါတယ္။

(၄) ခိ်ဳင္းေခၽြးနံ႔

ေခၽြးကေတာ့ လူတိုင္းထြက္ၾကမွာပါပဲ။ တခါတရံမွာ မိမိကုိယ္တိုင္ကိုယ့္ရ႔ဲအနံ႕ကို မရေပမယ့္  ကိုယ့္ရဲ႕အနီးနားကလူက သင့္ကိုယ္နံ႔ကိုရေနတတ္ပါတယ္။ ကိုယ့္အနံ႔ကိုျပန္နံရေလာက္ေအာင္ ခ်ိဳင္းေခၽြးနံ႔ကဆိုးဆိုးရြားရြား ျဖစ္ေနရင္ေတာ့ ေန႔စဥ္စားေသာက္မႈပံုစံကို ထိန္းခ်ဳပ္ဖို႔လိုေနပါၿပီ။ ေရဓာတ္ခမ္းေျခာက္မႈေၾကာင့္လည္း ပါပါတယ္။ ဒါ့အျပင္ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္လည္း ခ်ိဳင္းေခၽြးနံ႔နံတတ္ပါတယ္။ အေကာင္းဆံုးကေတာ့ ေရမ်ားမ်ားေသာက္ေပးဖို႔ပဲ လိုပါတယ္ေနာ္။

(၅) ေျခဆီနံ႔

ရွဴးဖိနပ္၊ ဘြတ္ဖိနပ္စီးၿပီး ဖိနပ္ခၽြတ္လိုက္တဲ့အခါမွာ စူးရွတဲ့ေျခဆီနံ႔ထြက္ေပၚလာလို႔ လူအမ်ားၾကား ရွက္ရတဲ့ အခိုက္အတန္႔ေတြ ရွိဖူးလား။ ေျခေထာက္ကေခၽြးေတြနဲ႔ ကပ္ၿငိေနတတ္တဲ့ ဘတ္တီးရီးယားပိုမႊားမ်ားေၾကာင့္ ေျခဆီမ်ားထြက္ၿပီး အနံ႔အသက္ထြက္လာရတာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ကိုယ္ေရသန္႔ရွင္းမႈ အၿမဲျပဳလုပ္ဖို႔လိုသလို သန္႔ရွင္းတဲ့ေျခအိတ္ကိုေန႔စဥ္လဲဝတ္ေပးဖို႔ လိုပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း (ေရႊအင္းေလး)

#Unicode Version#
လူတိုင်းလူတိုင်းမှာ မိမိရဲ့ကိုယ်သင်းရနံ့၊ အနံ့အသက်တွေကိုယ်စီ ရှိကြပါတယ်။ ဒီလိုအနံ့တွေကနေပဲ သင့်ကိုစွဲမက်သွားစေနိုင်သလို စိတ်ပျက်သွားစေနိုင်တဲ့အရာပါပဲ။ ဒါ့ကြောင့် ရေမွှေ၊ ဘော်ဒီလိုးရှင်းတွေ အသုံးပြုရတာမဟုတ်ပါလား။ ဒါပေမယ့် ဘယ်လောက်ပဲအမွှေးနံ့သာတွေ သုံးသုံး သင့်ရဲ့ခန္ဓာကိုယ်တွင်းက ထွက်ရှိတဲ့ ကိုယ်ရနံ့ကတော့ ပျောက်မသွားပါဘူး။ ကိုယ်သင်းရနံ့က အမြဲတမ်းမွှေးနေဖို့မလိုရင်တောင် နံမနေဖို့ပဲ အရေးကြီးပါတယ်နော်။ ခံတွင်းနံ့၊ ချွေးနံ့နဲ့ ခန္ဓာကိုယ်အနှံ့က အနံ့အသက်တွေ မကောင်းဘူးဆိုရင် တစ်ဖက်လူကိုလည်းအားနာရသလို မိမိကိုယ်ကိုလည်းယုံကြည်မှု လျော့နည်းသွားစေပါတယ်။ ဒီလို အနံ့အသက်ဆိုးတွေထွက်ရတဲ့ အကြောင်းအရင်းကတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့လည်းဆိုင်သလို ကျန်းမာရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်နေရာတိုင်းမှာ ထွက်ရှိလာတဲ့ အနံ့ဆိုးတွေကတစ်ဆင့် သင့်ရဲ့ကျန်းမာရေးလက္ခဏာကို ဘယ်လိုဆန်းစစ်နိုင်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

(၁) ဆီးနံ့

ဆီးအနံ့လို့ပြောလိုက်လို့ လူတိုင်းဆီးအနံ့နံကြတာပဲလို့ တွေးကောင်းတွေးကြပါလိမ့်မယ်။ မှန်ပါတယ်။ ဒါပေမယ့် ဆီးသွားတဲ့အခါမှာ အားယူရပြီး အနံ့ကဆိုးဆိုးရွားရွားကြီးဖြစ်နေရင်တော့ သတိထားစရာပါပဲနော်။ အထူးသဖြင့် အမျိုးသားများအနေနဲ့ ကျောက်ကပ်ရောဂါကို သတိထားရမယ့်အခြေအနေပါ။ ရေဓာတ်များများဖြည့်တင်းပေးပါ။ ဒီလိုမှမသက်သာရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးအနံ့က သကြားလုံးကဲ့သို့ ချိုလွင်လွင်အနံ့မျိုးဖြစ်နေရင်လည်း ဆီးချိုရောဂါကို သတိထားသင့်ပါပြီနော်။

(၂) အာပုပ်နံ့

ခံတွင်းနံ့မနံဖို့က တကယ့်ကိုအရေးကြီးလှပါတယ်။ ဒါ့ကြောင့်အမြဲလိုလို ခံတွင်းနံ့နံသူများအနေနဲ့ ကိုယ့်ရဲ့နေထိုင်စားသောက်မှု ပုံစံကိုပြန်လည်စမ်းစစ်ကြည့်ပါ။ အရက်၊ ဆေးလိပ်များ အလွန်အကျွံသောက်သုံးမိရင်လည်း ခံတွင်းနံ့နံတတ်ပါတယ်။ အရက်၊ ဆေးလိပ်တွေမသောက်သုံးဘဲနဲ့ ခံတွင်းနံ့နံလွန်းနေရင်တော့ သွားဖုံးရောဂါဖြစ်နေတာပါ။ ဒါ့ကြောင့် သွား၊ ခံတွင်းစစ်ဆေးမှုကို တစ်နှစ်လျှင်နှစ်ကြိမ်ပုံမှန်ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။

(၃) သကြားလုံးနံ့

သကြားလုံးနံ့ဆိုလို့ မွှေးနေမယ်လို့ မထင်လိုက်ပါနဲ့။ မိမိခံတွင်းက ချိုနေပြီး တဖက်လူအတွက်တော့ ချိုတဲ့သစ်သီးပုပ်အနံ့လိုလို၊ ချိုအီလွန်းတဲ့သကြားလုံးလိုလို ဖြစ်နေတတ်ပါတယ်။ ပါးစပ်ကချိုနေသလိုလို ဖြစ်နေပြီး ခံတွင်းနံ့ကလည်း သစ်သီးချိုအနံ့လိုလို ဖြစ်နေရင် ဆီးချိုရောဂါကို သတိထားရမယ့် လက္ခဏာပါ။ သွေးတွင်းသကြားဓာတ်လွန်ကဲနေတာကြောင့် ချိုလွန်းပြီး အဆီများတဲ့အစားအသောက်များကို ရှောင်ရှားဖို့လိုအပ်ပါတယ်။

(၄) ချိုင်းချွေးနံ့

ချွေးကတော့ လူတိုင်းထွက်ကြမှာပါပဲ။ တခါတရံမှာ မိမိကိုယ်တိုင်ကိုယ့်ရဲ့အနံ့ကို မရပေမယ့်  ကိုယ့်ရဲ့အနီးနားကလူက သင့်ကိုယ်နံ့ကိုရနေတတ်ပါတယ်။ ကိုယ့်အနံ့ကိုပြန်နံရလောက်အောင် ချိုင်းချွေးနံ့ကဆိုးဆိုးရွားရွား ဖြစ်နေရင်တော့ နေ့စဉ်စားသောက်မှုပုံစံကို ထိန်းချုပ်ဖို့လိုနေပါပြီ။ ရေဓာတ်ခမ်းခြောက်မှုကြောင့်လည်း ပါပါတယ်။ ဒါ့အပြင် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ချိုင်းချွေးနံ့နံတတ်ပါတယ်။ အကောင်းဆုံးကတော့ ရေများများသောက်ပေးဖို့ပဲ လိုပါတယ်နော်။

(၅) ခြေဆီနံ့

ရှူးဖိနပ်၊ ဘွတ်ဖိနပ်စီးပြီး ဖိနပ်ချွတ်လိုက်တဲ့အခါမှာ စူးရှတဲ့ခြေဆီနံ့ထွက်ပေါ်လာလို့ လူအများကြား ရှက်ရတဲ့ အခိုက်အတန့်တွေ ရှိဖူးလား။ ခြေထောက်ကချွေးတွေနဲ့ ကပ်ငြိနေတတ်တဲ့ ဘတ်တီးရီးယားပိုမွှားများကြောင့် ခြေဆီများထွက်ပြီး အနံ့အသက်ထွက်လာရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု အမြဲပြုလုပ်ဖို့လိုသလို သန့်ရှင်းတဲ့ခြေအိတ်ကိုနေ့စဉ်လဲဝတ်ပေးဖို့ လိုပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top