ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

တစ္ခါတုန္းက ဘုရားအေလာင္းဟာ သူေဌးမ်ဳိးမွာ ျဖစ္ပါတယ္။ ဘုရားအေလာင္းမွာ ညီတစ္ေယာက္ လည္းရွိပါတယ္။ မိဘေတြကြယ္လြန္ေတာ့ ညီအစ္ကို ႏွစ္ေယာက္ စီးပြားေရးကို အတူတူ လုပ္ၾကပါတယ္။

တစ္ေန႔မွာေတာ့ ညီအစ္ကိုႏွစ္ေယာက္ ကုန္ေရာင္း ကုန္၀ယ္လုပ္ဖို႔ ေရလမ္းခရီးနဲ႔ ခရီးထြက္ခဲ့ရင္း အျပန္မွာေတာ့ ေငြတစ္ေထာင္ အျမတ္ရခဲ့ ပါတယ္။ ျမစ္ဆိပ္တစ္ခုေရာက္ေတာ့ ေလွကိုခဏဆိုက္ၿပီး ထမင္းအတူတူ စားၾကပါတယ္။

ဘုရားအေလာင္းက ထမင္း စားၾကြင္းေတြကို ငါးလိပ္ေတြကိုေကြ်းၿပီး "ဤငါးလိပ္ေတြကို အစာေကြ်းရေသာ ကုသိုလ္ေကာင္းမႈကို ျမစ္ေစာင့္နတ္ အား အမွ်ေပးေ၀ပါ၏။ အမွ် အမွ် ယူေတာ္မူပါ" လို႔ ျမစ္ေစာင့္နတ္ကို အမွ်ေပးေ၀ လိုက္ပါတယ္။ ျမစ္ေစာင့္နတ္လည္း သာဓုေခၚလိုက္တဲ့ ကုသိုလ္ေၾကာင့္ ခ်က္ခ်င္း စည္းစိမ္ေတြ တစ္ဆင့္တိုးသြားပါတယ္။ သာဓုေခၚမႈေၾကာင့္ ဒီစည္းစိမ္ေတြ တိုးလာရတယ္ ဆိုတာလည္း သိလိုက္ရ ပါတယ္။ ဘုရားအေလာင္း ကေတာ့ အမွ်ေ၀ၿပီးး သဲေသာင္ျပင္မွာ ပုဆိုးခင္း အိပ္ေနလိုက္ပါတယ္။

ညီကေတာ့ မအိပ္ႏုိင္ပါဘူး။ ေကာက္က်စ္တဲ့ အၾကံကုိႀကံၿပီး အသျပာ ထုပ္နဲ႔ပုံစံတူ ေက်ာက္ခဲထုပ္ တစ္ထုပ္ကို ထုပ္ထားလိုက္ပါတယ္။ ညီအစ္ကို ႏွစ္ေယာက္ ခရီးဆက္ၾကရင္း ျမစ္လယ္ေရာက္ေတာ့ ညီက ေလွအေစာင္းမွာ အသျပာထုပ္ ေရထဲက်တဲ့ ပံုစံနဲ႔ ေက်ာက္ခဲထုပ္ကို ေရထဲခ် လိုက္ပါတယ္။ တကယ္တမ္း ခ်မိလိုက္တာက ေက်ာက္ခဲထုပ္ မဟုတ္ဘဲ အသျပာထုပ္ ျဖစ္ေနပါတယ္။ ဒါကုိညီကမသိပါဘူး။ ၿပီးေတာ့ အလန္႔တၾကား ဟန္နဲ႔ "အသျပာထုပ္ ေရထဲက်သြားၿပီ"လို႔ အစ္ကိုကို လွမ္းေျပာလိုက္ပါတယ္။ အစ္ကိုက "ဘယ္တတ္ႏိုင္မလဲ ညီေလးရာ" ဆိုၿပီး ညီကို ေျဖသိမ့္ေပး ပါတယ္။

အဲဒီအခ်ိန္မွာ ငါးႀကီးတစ္ေကာင္က အသျပာထုပ္ကို မ်ဳိလိုက္ပါတယ္။ ညီလုပ္သူက အိမ္ေရာက္တဲ့အခါ အားရ၀မ္းသာနဲ႔ အထုပ္ကိုျဖည္ လိုက္တာ အသျပာမေတြ႔ဘဲ ေက်ာက္ခဲေတြ ေတြ႔လိုက္ရေတာ့ ႏွလံုးေခ်ာက္ျခားၿပီး ခုတင္ေပၚမွာ ေခြအိပ္ေနပါေတာ့တယ္။

တံငါသည္ေတြက ကြန္ပစ္ေတာ့ အသျပာထုပ္ကို မ်ဳိထားတဲ့ ငါးႀကီးကို မိပါတယ္။ ျမစ္ေစာင့္နတ္က "အစ္ကိုလုပ္သူ အမွ်ေ၀လို႔ ငါ့မွာ စည္းစိမ္ေတြ တိုးရတယ္။ ငါ ျပန္ေစာင့္ေရွာက္မွပဲ" ဆိုၿပီး ငါးေရာင္းတဲ့ တံငါသည္ေတြကို ဘုရားအေလာင္း အိမ္ေရွ႕ေရာက္ေအာင္ နတ္တန္ခိုးနဲ႔ ပို႔ေပးပါတယ္။ ဘုရားအေလာင္းက ငါးကို၀ယ္ၿပီး မယားကိုေပးပါတယ္။ ငါးဗိုက္ကို ခြဲလိုက္တဲ့အခါ အသျပာထုပ္ကို ေတြ႔လိုက္ရပါေတာ့တယ္။

ျမစ္ေစာင့္နတ္ကလည္း ကိုယ္ထင္ရွားျပၿပီး "သင္အမွ်ေ၀လို႔ ငါက ျပန္ေစာင့္ေရွာက္တာပါ။ သင္ပဲယူပါ။ ညီကို မေပးပါနဲ႔" လို႔ လာေျပာပါတယ္။ဒါေပမယ့္ ဘုရားအေလာင္းကေတာ့ တစ္ေထာင္ထဲက ငါးရာကိုခြဲၿပီး ညီငယ္ဆီကို သြားေပးခိုင္းလိုက္ပါတယ္။
(ငါးရာငါးဆယ္ဇာတ္၀တၳဳ၊ မစၧဳဒၵါနဇာတ္)

အားလံုးၾကားဖူးတဲ့ ၀တၳဳေလးပါပဲ။ ဘုရားအေလာင္းက စားၾကြင္းေတြကို ဒီအတိုင္း စြန္႔မပစ္ဘဲ ငါးလိပ္ေတြကို ေကြ်းၿပီး ျမစ္ေစာင့္နတ္ကို အမွ်ေ၀လိုက္တာ ေလးက တကယ့္ကုိ အတုခိုးစရာေလးပါပဲ။ ဘုရားအေလာင္း ငါးလိပ္ေတြ ေကြ်းတဲ့ ဒါနကုသိုလ္ေရာ၊ ျမစ္ေစာင့္နတ္ကို အမွ်ေ၀တဲ့ ပတၱိဒါန ကုသိုလ္ေရာ ကုသိုလ္ႏွစ္ခုကို ေအးေအး ေဆးေဆးနဲ႔ ယူသြားတာပါ။

သာဓုေခၚလိုက္ရတဲ့ ျမစ္ေစာင့္နတ္မွာလည္း လက္ရွိစည္းစိမ္ထက္ တစ္ဆင့္ တိုးသြားတာေလး ကလည္း မွတ္သားစရာေလးပါပဲ။ ကိုယ္က မျမင္ရလို႔သာပါ။ ဘုရားအေလာင္းရဲ႕ အမွ်ေ၀ပံုေလးကို အတုယူၿပီး နတ္ေတြကိုအမွ်ေ၀တဲ့ အက်င့္ေလးကို ထံုထားရမွာပါ။ ကိုယ့္ရဲ႕အမွ်ေပးေ၀ မႈေၾကာင့္ နတ္ေတြမွာ စည္းစိမ္ေတြ တိုးတိုးေနမွာပါ။ စည္းစိမ္ေတြ တိုးတိုးေနတဲ့ နတ္ေတြကလည္း သူတုိ႔စည္းစိမ္ တိုးတာေတြကို ေသခ်ာမွတ္ထားမွာပါ။ အခြင့္သင့္တဲ့ အခါေတြမွာ မထင္မွတ္တဲ့ အေနနဲ႔ ကူညီသြားမွာပါ။

တစ္ခါတေလ ဘ၀မွာ မထင္မွတ္တဲ့ ေကာင္းက်ဳိးေတြ ျဖစ္တတ္ပါတယ္။ ကုိယ့္ကုိယ္ကုိလည္း “ငါကံေကာင္းလုိက္တာ”လို႔ ေတြးမိခ်င္ေ တြးမိၾကမွာ ပါ။ အမွ်ရထားတဲ့နတ္ေတြက ကိုယ့္ကို ကူညီ လိုက္တာေတြလည္း ျဖစ္ႏုိင္ပါတယ္။ မထင္မွတ္တဲ့ ေဘးရန္ေတြကို တားဆီး ေပးလိုက္တာေတြ၊ ေအာင္ျမင္ေက်ာ္ ၾကားေအာင္ ကူညီလိုက္တာေတြ၊ ဂုဏ္သိကၡာ မထိခိုက္ေအာင္ ကူညီလိုက္တာ ေတြ စသည္ျဖင့္ အမ်ားႀကီးရွိမွာပါ။ ကုိယ္က မသိႏုိင္လုိ႔ပါ။

ေရွးေရွးသူေတာ္ေကာင္းေတြရဲ႕ အေလ့အက်င့္ေတြ၊ လက္ရွိမ်က္ေမွာက္ သူေတာ္ေကာင္းေတြရဲ႕ အေလ့အက်င့္ေတြကို ေလ့လာၿပီး အတုခိုး က်င့္ရမွာပါပဲ။ တခ်ဳိ႕အရာေတြက ခက္ေပမယ့္ တခ်ဳိ႕အရာ ေတြကေတာ့ မခက္ပါဘူး။ သူလိုငါလိုလုပ္ႏိုင္တဲ့ က်င့္စဥ္ေလးေတြပါ။

စားၿပီးပိုတဲ့ စားၾကြင္းကို ဒီအတိုင္း စြန္႔မပစ္ဘဲ ငါးလိပ္ေတြကို ေကြ်းလိုက္ တာေလးရယ္၊ ေကြ်းရံုတင္မကဘဲ ျမစ္ေစာင့္နတ္ကို အမွ်ေပးေ၀လိုက္တာ ေလးရယ္က အတုခိုးခ်င္သူေတြ အတြက္ တကယ့္ အတုခိုးစရာေလးပါ။ ေၾကာင္းက်ဳိးျမင္ေအာင္ အနိစၥဒုကၡ အနတၱျမင္ေအာင္ က်င့္ရတာေတြသာ ခက္ခ်င္ ခက္မွာပါ။ အမွ်ေပးေ၀ လိုက္တာေလးကေတာ့ လူတိုင္းကုိယ္စီ လုပ္ႏိုင္တဲ့ က်င့္စဥ္ေလးပါ။

ေလ့က်င့္ရင္းထံု၊ ထံုရင္းေလ့က်င့္ သြားရမွာပါပဲ။ ထံုလို႔စြဲသြားၿပီ ဆိုရင္ေတာ့ ေနာက္ပိုင္းမွာ အထူးေၾကာင့္ၾက စိုက္စရာမလိုေတာ့ပါဘူး။ ကုသိုလ္ တစ္ခုျပဳၿပီး တာနဲ႔ နတ္ေတြကို အမွ်ေပးေ၀ၿပီးသား ျဖစ္ေနပါလိမ့္မယ္။

ဘုရားအေလာင္းရဲ႕ ကုသိုလ္ေလးက တကူးတက ျပဳယူရတဲ့ ကုသိုလ္ ေလးမဟုတ္ပါဘူး။ ခရီးသြားရင္း ၾကံဳလာတဲ့ အရာေလးကို ၾကံဳလာတဲ့ အတိုင္း ေအးေအးေဆးေဆး ယူသြားတာပါ။ ေက်ာင္းေတြ သိမ္ေတြေဆာက္ၿပီး အမွ်ေပးေ၀တာေတာင္ မဟုတ္ပါဘူး။ ေျပာရရင္ လူတန္းစားအားလံုး အလြယ္တ ကူျပဳႏုိင္တဲ့ ကုသိုလ္ေလးပါ။ ကုသိုလ္ေလးက တစ္ခုေတာင္ မဟုတ္ပါဘူး။ ႏွစ္ခုေတာင္ပါ။ ခရီးကေတာ့ လူတိုင္း သြားေနၾကတာပါပဲ။ ၾကံဳလာရင္ၾကံဳလာတဲ့အတိုင္း ယူတတ္ဖို႔ပါ။ ေလွေပၚမွရယ္ မဟုတ္ပါဘူး။ ေလယာဥ္ ေပၚမွာလည္း ကိုယ့္လာေပးတဲ့ စားစရာကို ဘုရားကပ္ျပီး အမွ်ေပးေ၀ လို႔လည္းရတာပါပဲ။ ေတာလမ္းပဲသြားသြား၊ ကုန္းလမ္းပဲသြားသြား၊ ေရလမ္းပဲသြားသြား ၾကံဳလာတဲ့ခရီးမွာ ၾကံဳလာတဲ့ ကုသိုလ္ေလး ေတြကို ႀကဳံသလုိ ယူတတ္ဖုိ႔ပါ။

ကုသိုလ္ျပဳၿပီးလို႔ အမွ်ေ၀တဲ့အခါ မတ္တပ္ရပ္ လက္အုပ္ကေလး ခ်ီၿပီး "ဤငါးလိပ္ေတြ ေကြ်းရေသာ ကုသိုလ္ေကာင္းမႈကို ကိုယ္ေစာင့္နတ္၊ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္၊ ၿမိဳ႕ေစာင့္နတ္၊ သစ္ပင္ ေစာင့္နတ္တို႔အား အမွ်ေပးေ၀ပါ၏။ အမွ် အမွ် ယူေတာ္မူပါ" လို႔ ေသခ်ာေပးေ၀ရမွာပါ။ လက္အုပ္ခ်ီတာက နတ္ေတြကိုခ်ီတာ မဟုတ္ပါဘူး။ ကိုယ္ျပဳတဲ့ကုသိုလ္ေလးကို ခ်ီတာပါ။ အမွ်ေ၀တာကေတာ့ ကိုယ္ေရာက္ေနတဲ့ ေဒသကိုၾကည့္ၿပီး အဆင္ေျပသလိုေ၀ရမွာပါပဲ။ ေတာထဲေရာက္ေနရင္ ေတာေစာင့္နတ္၊ ေတာင္ေပၚေရာက္ ေနရင္ ေတာင္ေစာင့္နတ္၊ သစ္ပင္ ေအာက္ေရာက္ေနရင္ သစ္ပင္ေစာင့္နတ္ေပါ့။

ဒါက မျမင္ရတဲ့ ပုဂၢိဳလ္ေတြကို အမွ်ေ၀တာပါ။ ဒီလိုပါပဲ ျမင္ရတဲ့ ကိုယ့္ရဲ႕ မိတ္ေဆြေတြကိုလည္း အမွ်ေ၀ရမွာပါ။ အမွ်ေ၀လိုက္ရင္ ကိုယ္လည္း ကုသိုလ္ထပ္ရ၊ ကိုယ့္မိတ္ေဆြလည္း ကုသိုလ္ရေတာ့တာပါ။

ျမင္ရတဲ့သူေတြကို အမွ်ေ၀တဲ့ေနရာမွာေတာ့ လူတိုင္းကေတာ့ ၀မ္းေျမာက္ ၀မ္းသာနဲ႔ ေခၚခ်င္မွေခၚမွာပါ။ မ၀မ္းေျမာက္ မ၀မ္းသာနဲ႔ ေခၚတဲ့ လူေတြလည္း ရွိခ်င္ရွိမွာပါ။ သာဓုေခၚရတဲ့အက်ဳိးကို သိထားတဲ့သူေတြကသာ ၀မ္းေျမာက္ ၀မ္းသာနဲ႔ေခၚမွာပါ။ ဘာပဲေျပာေျပာ ကိုယ္က ကိုယ္ျပဳတဲ့ ကုသိုလ္ကို အမွ်ေပး ေ၀ရင္ ကိုယ္ကုသိုလ္ ထပ္ရတာေတာ့ အမွန္ပါပဲ။ ဒါေပမယ့္ ၾကြားတဲ့အေနနဲ႔ အမွ်မေ၀ မိဖို႔ေတာ့ အထူး သတိထားရပါမယ္။ ကိုယ္ကုသိုလ္ ထပ္ရခ်င္တဲ့စိတ္၊ သူကုသိုလ္ ရေစခ်င္တဲ့စိတ္နဲ႔ ေ၀ရမွာပါ။ ကိုယ့္စိတ္ ကိုယ္ျပန္ၾကည့္ရင္ သိပါတယ္။

အၾကြားကေတာ့ လူတိုင္းနဲ႔ နီးစပ္ေနသလိုပါပဲ။ သတိထားႏိုင္မွ ေတာ္ကာက်တာပါ။ တခါတေလ စကားေျပာရင္း ေျပာရင္းနဲ႔ ကိုယ့္စကားကိုယ္ ဘရိတ္ မအုပ္ႏိုင္ဘဲ အၾကြားျဖစ္သြားတာ ေတြလည္း ရွိတတ္ပါတယ္။ ဒါဆို အမွ်ေ၀တာမဟုတ္ဘဲ အၾကြားေ၀တာ ျဖစ္သြားပါလိမ့္မယ္။

တခ်ဳိ႕က်ေတာ့လည္း ၾကြားတာကို ၀ါသနာတစ္ခုလို ျဖစ္ေနတာပါ။ စကားေျပာလိုက္တာနဲ႔ အၾကြားေလးက ပါလိုက္ရမွပါ။ ၾကာလာေတာ့ နားေထာင္ေပးရတဲ့သူက နားမေထာင္ ခ်င္ေတာ့ပါဘူး။ စကားစလိုက္တာနဲ႔ သူၾကြားေတာ ့မယ္ဆိုတာ ႀကိဳသိေနေတာ့တာပါ။

အၾကြားစြဲေနတဲ့ သေဘာေလးပါ။ အၾကြားစြဲ သြားရင္လည္း မေကာင္းျပန္ပါဘူး။ စကားေျပာတိုင္း ေျပာတိုင္း အၾကြားက ပါေနေတာ့မွာပါ။ ဒါတင္ မကပါဘူး။ အထုံဓာတ္ေၾကာင့္ ေနာက္ဘဝအထိလည္း ပါသြားႏုိင္ပါတယ္။ လူေတြက အမွ်ေဝတာကုိပဲ ယူခ်င္ၾကတာပါ။ အၾကြားေဝတာကုိေတာ့ မယူခ်င္ၾကပါဘူး။ ပုထုဇဥ္ေတြဆိုေတာ့ အၾကြားနဲ႔ေတာ့ မကင္းၾကပါဘူး။ စာေရးသူလည္း တခါတေလ အမွ်မေ၀ဘဲ အၾကြားေ၀မိ တတ္ပါတယ္။ တစ္ပတ္ ဆယ္ရက္ၾကာတဲ့ အခါ ကိုယ္ေ၀ထားတဲ့ အၾကြားကို ျပန္စဥ္းစားလိုက္ရင္ ဘာမွမဟုတ္ေတာ့ပါဘူး။ ရက္ၾကာေလ ဘာမွမဟုတ္ေလပါပဲ။ ေနာက္ဆံုးေတာ့ ကိုယ့္အေၾကာင္း သူမ်ားသိတာပဲ အဖတ္တင္ပါတယ္။

တကယ္လို႔ အၾကြားေ၀တတ္တဲ့ အထံုစြဲေနရင္လည္း ေနာက္ဘ၀ အထိပါမသြားေအာင္ စကားေျပာတိုင္း ေျပာတိုင္း သတိကပ္ၿပီး ျပန္ေလ့က်င့္ ယူရပါမယ္။ဒါေၾကာင့္ ဆရာေတာ္ႀကီးေတြက-"စကားေျပာတဲ့အခါ အၾကြားလည္း မပါေစနဲ႔၊ အမွားလည္း မပါေစနဲ႔"လို႔ မိန္႔တာပါ။ စကားမ်ားမ်ား ေျပာရင္ အၾကြားေတြလည္း ပါတတ္သလို အမွားေတြလည္း ပါတတ္ပါတယ္။ စကားေတြ တအားေျပာေနရင္ အမွားေတြ ပါတတ္တာ မဆန္းေတာ့ပါဘူး။ တစ္ခါတေလ က်ေတာ့လည္း အစမွာေတာ့ ၀မ္းသာစိတ္နဲ႔ အမွ်ေ၀တာပါပဲ။ ဒါေပမယ့္ ေျပာရင္းေျပာရင္းနဲ႔ သတိလြတ္ၿပီး အမွ်ေ၀တာကေန အၾကြားေ၀တာ ျဖစ္သြားရတာပါ။ ဘာမွ မစိုးရိမ္ပါနဲ႔။ ျပန္ေလ့က်င့္ ယူရင္ ရတာပါပဲ။

အမွ်ေ၀တာလည္း ကုသိုလ္ပါပဲ။ သာဓုေခၚတာလည္း ကုသိုလ္ပါပဲ။ ကိုယ္ကဒါေလးကို အာရုံျပဳထားဖို႔ပါ။ မင္းကြန္းတိပိဋက ဆရာေတာ္ ဘုရားႀကီးက မဟာဗုဒၶ၀င္မွာ သီလေဆာက္တည္ၿပီးမွ ဒါနျပဳရင္ ပိုၿပီးအက်ဳိး ရႏိုင္တယ္လို႔ မိန္႔မွာထားပါတယ္။ ဆရာေတာ္ ဘုရားႀကီးရဲ႕ စကားေလးကို ႏွလံုးသြင္းၿပီး သီလယူၿပီးမွ ဒါနျပဳရင္ ပိုေကာင္းပါတယ္ သံဃာေတာ္ အရွင္သူျမတ္ ေတြရွိရင္ သီလေပး မွာျဖစ္လို႔ ကိစၥမရွိေပမယ့္ ကိုယ့္ဟာကိုယ္ တစ္ေယာက္တည္း ျပဳရတဲ့ဒါနေတြမွာေတာ့ ငါးပါးသီလေလးကို အရင္ယူၿပီးမွ ဒါနေလးေတြ ျပဳျပဳသြားဖို႔ပါ။ သီလယူလိုက္ရင္ပဲ စိတ္ဓာတ္က အလိုလိုျမင့္သြားသလို ခံစားရ ပါတယ္။

ကုသိုလ္ေကာင္းမႈ ေတြျပဳၿပီး နတ္ေတြကို အမွ်ေပးေ၀ရင္ နတ္ေတြက လူေတြကို ျပန္ေစာင့္ေရွာက္တယ္ ဆိုတာ မဟာပရိနိဗၺာန သုတ္မွာလည္း ျမတ္စြာဘုရားက ဂါထာေလးေတြနဲ႔ ေသခ်ာ ေဟာျပထားတာပါ။ နတ္ေတြကို အမွ်ေ၀ရင္ ကိုယ့္အတြက္ ေကာင္းက်ဳိးျဖစ္ေစတာေတာ့ အမွန္ပါပဲ။ ကိုယ္က သူတို႔ကို မျမင္ရမၾကားရေပမယ့္ နတ္ေတြကေတာ့ ကိုယ္ျပဳေနတာေတြ ကိုယ္ေျပာေန တာေတြကို ျမင္ေနၾကားေနတာပါ။

ေသးေသးဖြဲဖြဲ ကုသိုလ္ ေလးေတြကအစ နတ္ေတြကို အမွ်ေပးေ၀ရမွာပါပဲ။ ဘုရားအေလာင္း ေပးေ၀လိုက္တဲ့ ဒါနေလးက တကယ့္ေသးေသးေလးပါ။ ေသးေပမယ့္ သာဓုေခၚရတဲ့ နတ္မွာေတာ့ ေကာင္းက်ဳိး ႀကီးႀကီးႀကီး ရသြားေတာ့တာပါ။ ကိုယ္အမွ်ေပးေ၀လို႔ စည္းစိမ္တိုးထားတဲ့ နတ္ေတြက ကိုယ့္ကို ပစ္မထားပါဘူး။ အခြင့္သင့္တဲ့ တစ္ေန႔မွာ ျပန္ကူညီမွာပါ။

ဒီေတာ့ ဘယ္ကုသိုလ္ပဲ ျပဳျပဳ နတ္ေတြကို အမွ်ေပးေ၀တာေတာ့ အေကာင္းဆံုးပါပဲ။ ဘုရားပန္းကပ္တာပဲျဖစ္ျဖစ္ ေရခ်မ္းကပ္ တာပဲျဖစ္ျဖစ္ ဆီမီး ပူေဇာ္တာပဲ ျဖစ္ျဖစ္ အမွ်ေ၀လို႔ ရပါတယ္။ ေနာက္ဆံုး ကိုယ့္မိတ္ေဆြကို ေကာ္ဖီတိုက္တာ ေလးကိုလည္း အမွ်ေ၀လို႔ရတာပါပဲ။ ကုသိုလ္ျပဳ လို႔လည္း ေကာင္းက်ဳိးေတြျဖစ္၊ နတ္ေတြကို အမွ်ေ၀လို႔လည္း ေကာင္းက်ဳိးေတြျဖစ္နဲ႔ ေကာင္းက်ဳိးေတြ ဆင့္ေနေတာ့တာပါ။

"ကုသိုလ္မျပတ္ ျဖစ္ပါေစ"ဆိုတဲ့ မဟာစည္ဆရာေတာ္ ဘုရားႀကီးရဲ႕ ၾသ၀ါဒအတိုင္း ကုသိုလ္ေတြ မျပတ္ျဖစ္ေနရင္ အကုသိုလ္ ျဖစ္ခြင့္လည္း နည္းေနေတာ့ တာပါ။ ကုသိုလ္ျပတ္ ခ်ိန္ကို အကုသိုလ္က ေခ်ာင္ထဲက ေခ်ာင္းေနတာပါ။ ကုသိုလ္ျပတ္မွ သူက၀င္လို႔ရမွာပါ။ ဒါေၾကာင့္ ကုသိုလ္ မျပတ္ျဖစ္ေနရင္ အကုသိုလ္ကို တားထားရာလည္း ေရာက္ပါတယ္။
ဘာပဲေျပာေျပာ ကုသိုလ္ေတြ မျပတ္ေစဘဲ ျပဳတဲ့ကုသိုလ္ တိုင္းကို နတ္ေတြကို အမွ်ေပးေ၀ လိုက္ဖို႔ပါပဲေလ။

ရေ၀ႏြယ္ (အင္းမ)(ၿမတ္ဗုဒၶအလင္းမွ ယူပါသည္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နွလံုးသားအာဟာရ 


#Unicode Version#

တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေးမျိုးမှာ ဖြစ်ပါတယ်။ ဘုရားအလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။ မိဘတွေကွယ်လွန်တော့ ညီအစ်ကို နှစ်ယောက် စီးပွားရေးကို အတူတူ လုပ်ကြပါတယ်။

တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။

ဘုရားအလောင်းက ထမင်း စားကြွင်းတွေကို ငါးလိပ်တွေကိုကျွေးပြီး "ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ် အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးေ၀ လိုက်ပါတယ်။ မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်း စည်းစိမ်တွေ တစ်ဆင့်တိုးသွားပါတယ်။ သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ် ဆိုတာလည်း သိလိုက်ရ ပါတယ်။ ဘုရားအလောင်း ကတော့ အမျှဝေပြီးး သဲသောင်ပြင်မှာ ပုဆိုးခင်း အိပ်နေလိုက်ပါတယ်။

ညီကတော့ မအိပ်နိုင်ပါဘူး။ ကောက်ကျစ်တဲ့ အကြံကိုကြံပြီး အသပြာ ထုပ်နဲ့ပုံစံတူ ကျောက်ခဲထုပ် တစ်ထုပ်ကို ထုပ်ထားလိုက်ပါတယ်။ ညီအစ်ကို နှစ်ယောက် ခရီးဆက်ကြရင်း မြစ်လယ်ရောက်တော့ ညီက လှေအစောင်းမှာ အသပြာထုပ် ရေထဲကျတဲ့ ပုံစံနဲ့ ကျောက်ခဲထုပ်ကို ရေထဲချ လိုက်ပါတယ်။ တကယ်တမ်း ချမိလိုက်တာက ကျောက်ခဲထုပ် မဟုတ်ဘဲ အသပြာထုပ် ဖြစ်နေပါတယ်။ ဒါကိုညီကမသိပါဘူး။ ပြီးတော့ အလန့်တကြား ဟန်နဲ့ "အသပြာထုပ် ရေထဲကျသွားပြီ"လို့ အစ်ကိုကို လှမ်းပြောလိုက်ပါတယ်။ အစ်ကိုက "ဘယ်တတ်နိုင်မလဲ ညီလေးရာ" ဆိုပြီး ညီကို ဖြေသိမ့်ပေး ပါတယ်။

အဲဒီအချိန်မှာ ငါးကြီးတစ်ကောင်က အသပြာထုပ်ကို မျိုလိုက်ပါတယ်။ ညီလုပ်သူက အိမ်ရောက်တဲ့အခါ အားရဝမ်းသာနဲ့ အထုပ်ကိုဖြည် လိုက်တာ အသပြာမတွေ့ဘဲ ကျောက်ခဲတွေ တွေ့လိုက်ရတော့ နှလုံးချောက်ခြားပြီး ခုတင်ပေါ်မှာ ခွေအိပ်နေပါတော့တယ်။

တံငါသည်တွေက ကွန်ပစ်တော့ အသပြာထုပ်ကို မျိုထားတဲ့ ငါးကြီးကို မိပါတယ်။ မြစ်စောင့်နတ်က "အစ်ကိုလုပ်သူ အမျှဝေလို့ ငါ့မှာ စည်းစိမ်တွေ တိုးရတယ်။ ငါ ပြန်စောင့်ရှောက်မှပဲ" ဆိုပြီး ငါးရောင်းတဲ့ တံငါသည်တွေကို ဘုရားအလောင်း အိမ်ရှေ့ရောက်အောင် နတ်တန်ခိုးနဲ့ ပို့ပေးပါတယ်။ ဘုရားအလောင်းက ငါးကိုဝယ်ပြီး မယားကိုပေးပါတယ်။ ငါးဗိုက်ကို ခွဲလိုက်တဲ့အခါ အသပြာထုပ်ကို တွေ့လိုက်ရပါတော့တယ်။

မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှားပြပြီး "သင်အမျှဝေလို့ ငါက ပြန်စောင့်ရှောက်တာပါ။ သင်ပဲယူပါ။ ညီကို မပေးပါနဲ့" လို့ လာပြောပါတယ်။ဒါပေမယ့် ဘုရားအလောင်းကတော့ တစ်ထောင်ထဲက ငါးရာကိုခွဲပြီး ညီငယ်ဆီကို သွားပေးခိုင်းလိုက်ပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ မစ္ဆုဒ္ဒါနဇာတ်)

အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါပဲ။ ဘုရားအလောင်းက စားကြွင်းတွေကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးပြီး မြစ်စောင့်နတ်ကို အမျှဝေလိုက်တာ လေးက တကယ့်ကို အတုခိုးစရာလေးပါပဲ။ ဘုရားအလောင်း ငါးလိပ်တွေ ကျွေးတဲ့ ဒါနကုသိုလ်ရော၊ မြစ်စောင့်နတ်ကို အမျှဝေတဲ့ ပတ္တိဒါန ကုသိုလ်ရော ကုသိုလ်နှစ်ခုကို အေးအေး ဆေးဆေးနဲ့ ယူသွားတာပါ။

သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း လက်ရှိစည်းစိမ်ထက် တစ်ဆင့် တိုးသွားတာလေး ကလည်း မှတ်သားစရာလေးပါပဲ။ ကိုယ်က မမြင်ရလို့သာပါ။ ဘုရားအလောင်းရဲ့ အမျှဝေပုံလေးကို အတုယူပြီး နတ်တွေကိုအမျှဝေတဲ့ အကျင့်လေးကို ထုံထားရမှာပါ။ ကိုယ့်ရဲ့အမျှပေးေ၀ မှုကြောင့် နတ်တွေမှာ စည်းစိမ်တွေ တိုးတိုးနေမှာပါ။ စည်းစိမ်တွေ တိုးတိုးနေတဲ့ နတ်တွေကလည်း သူတို့စည်းစိမ် တိုးတာတွေကို သေချာမှတ်ထားမှာပါ။ အခွင့်သင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့ အနေနဲ့ ကူညီသွားမှာပါ။

တစ်ခါတလေ ဘဝမှာ မထင်မှတ်တဲ့ ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း “ငါကံကောင်းလိုက်တာ”လို့ တွေးမိချင်ေ တွးမိကြမှာ ပါ။ အမျှရထားတဲ့နတ်တွေက ကိုယ့်ကို ကူညီ လိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ မထင်မှတ်တဲ့ ဘေးရန်တွေကို တားဆီး ပေးလိုက်တာတွေ၊ အောင်မြင်ကျော် ကြားအောင် ကူညီလိုက်တာတွေ၊ ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီလိုက်တာ တွေ စသည်ဖြင့် အများကြီးရှိမှာပါ။ ကိုယ်က မသိနိုင်လို့ပါ။

ရှေးရှေးသူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေ၊ လက်ရှိမျက်မှောက် သူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေကို လေ့လာပြီး အတုခိုး ကျင့်ရမှာပါပဲ။ တချို့အရာတွေက ခက်ပေမယ့် တချို့အရာ တွေကတော့ မခက်ပါဘူး။ သူလိုငါလိုလုပ်နိုင်တဲ့ ကျင့်စဉ်လေးတွေပါ။

စားပြီးပိုတဲ့ စားကြွင်းကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးလိုက် တာလေးရယ်၊ ကျွေးရုံတင်မကဘဲ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်တာ လေးရယ်က အတုခိုးချင်သူတွေ အတွက် တကယ့် အတုခိုးစရာလေးပါ။ ကြောင်းကျိုးမြင်အောင် အနိစ္စဒုက္ခ အနတ္တမြင်အောင် ကျင့်ရတာတွေသာ ခက်ချင် ခက်မှာပါ။ အမျှပေးေ၀ လိုက်တာလေးကတော့ လူတိုင်းကိုယ်စီ လုပ်နိုင်တဲ့ ကျင့်စဉ်လေးပါ။

လေ့ကျင့်ရင်းထုံ၊ ထုံရင်းလေ့ကျင့် သွားရမှာပါပဲ။ ထုံလို့စွဲသွားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ အထူးကြောင့်ကြ စိုက်စရာမလိုတော့ပါဘူး။ ကုသိုလ် တစ်ခုပြုပြီး တာနဲ့ နတ်တွေကို အမျှပေးဝေပြီးသား ဖြစ်နေပါလိမ့်မယ်။

ဘုရားအလောင်းရဲ့ ကုသိုလ်လေးက တကူးတက ပြုယူရတဲ့ ကုသိုလ် လေးမဟုတ်ပါဘူး။ ခရီးသွားရင်း ကြုံလာတဲ့ အရာလေးကို ကြုံလာတဲ့ အတိုင်း အေးအေးဆေးဆေး ယူသွားတာပါ။ ကျောင်းတွေ သိမ်တွေဆောက်ပြီး အမျှပေးဝေတာတောင် မဟုတ်ပါဘူး။ ပြောရရင် လူတန်းစားအားလုံး အလွယ်တ ကူပြုနိုင်တဲ့ ကုသိုလ်လေးပါ။ ကုသိုလ်လေးက တစ်ခုတောင် မဟုတ်ပါဘူး။ နှစ်ခုတောင်ပါ။ ခရီးကတော့ လူတိုင်း သွားနေကြတာပါပဲ။ ကြုံလာရင်ကြုံလာတဲ့အတိုင်း ယူတတ်ဖို့ပါ။ လှေပေါ်မှရယ် မဟုတ်ပါဘူး။ လေယာဉ် ပေါ်မှာလည်း ကိုယ့်လာပေးတဲ့ စားစရာကို ဘုရားကပ်ပြီး အမျှပေးေ၀ လို့လည်းရတာပါပဲ။ တောလမ်းပဲသွားသွား၊ ကုန်းလမ်းပဲသွားသွား၊ ရေလမ်းပဲသွားသွား ကြုံလာတဲ့ခရီးမှာ ကြုံလာတဲ့ ကုသိုလ်လေး တွေကို ကြုံသလို ယူတတ်ဖို့ပါ။

ကုသိုလ်ပြုပြီးလို့ အမျှဝေတဲ့အခါ မတ်တပ်ရပ် လက်အုပ်ကလေး ချီပြီး "ဤငါးလိပ်တွေ ကျွေးရသော ကုသိုလ်ကောင်းမှုကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ သစ်ပင် စောင့်နတ်တို့အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ သေချာပေးဝေရမှာပါ။ လက်အုပ်ချီတာက နတ်တွေကိုချီတာ မဟုတ်ပါဘူး။ ကိုယ်ပြုတဲ့ကုသိုလ်လေးကို ချီတာပါ။ အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့ ဒေသကိုကြည့်ပြီး အဆင်ပြေသလိုဝေရမှာပါပဲ။ တောထဲရောက်နေရင် တောစောင့်နတ်၊ တောင်ပေါ်ရောက် နေရင် တောင်စောင့်နတ်၊ သစ်ပင် အောက်ရောက်နေရင် သစ်ပင်စောင့်နတ်ပေါ့။

ဒါက မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို အမျှဝေတာပါ။ ဒီလိုပါပဲ မြင်ရတဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း အမျှဝေရမှာပါ။ အမျှဝေလိုက်ရင် ကိုယ်လည်း ကုသိုလ်ထပ်ရ၊ ကိုယ့်မိတ်ဆွေလည်း ကုသိုလ်ရတော့တာပါ။

မြင်ရတဲ့သူတွေကို အမျှဝေတဲ့နေရာမှာတော့ လူတိုင်းကတော့ ဝမ်းမြောက် ဝမ်းသာနဲ့ ခေါ်ချင်မှခေါ်မှာပါ။ မဝမ်းမြောက် မဝမ်းသာနဲ့ ခေါ်တဲ့ လူတွေလည်း ရှိချင်ရှိမှာပါ။ သာဓုခေါ်ရတဲ့အကျိုးကို သိထားတဲ့သူတွေကသာ ဝမ်းမြောက် ဝမ်းသာနဲ့ခေါ်မှာပါ။ ဘာပဲပြောပြော ကိုယ်က ကိုယ်ပြုတဲ့ ကုသိုလ်ကို အမျှပေး ဝေရင် ကိုယ်ကုသိုလ် ထပ်ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကြွားတဲ့အနေနဲ့ အမျှမေ၀ မိဖို့တော့ အထူး သတိထားရပါမယ်။ ကိုယ်ကုသိုလ် ထပ်ရချင်တဲ့စိတ်၊ သူကုသိုလ် ရစေချင်တဲ့စိတ်နဲ့ ဝေရမှာပါ။ ကိုယ့်စိတ် ကိုယ်ပြန်ကြည့်ရင် သိပါတယ်။

အကြွားကတော့ လူတိုင်းနဲ့ နီးစပ်နေသလိုပါပဲ။ သတိထားနိုင်မှ တော်ကာကျတာပါ။ တခါတလေ စကားပြောရင်း ပြောရင်းနဲ့ ကိုယ့်စကားကိုယ် ဘရိတ် မအုပ်နိုင်ဘဲ အကြွားဖြစ်သွားတာ တွေလည်း ရှိတတ်ပါတယ်။ ဒါဆို အမျှဝေတာမဟုတ်ဘဲ အကြွားဝေတာ ဖြစ်သွားပါလိမ့်မယ်။

တချို့ကျတော့လည်း ကြွားတာကို ဝါသနာတစ်ခုလို ဖြစ်နေတာပါ။ စကားပြောလိုက်တာနဲ့ အကြွားလေးက ပါလိုက်ရမှပါ။ ကြာလာတော့ နားထောင်ပေးရတဲ့သူက နားမထောင် ချင်တော့ပါဘူး။ စကားစလိုက်တာနဲ့ သူကြွားတော့မယ်ဆိုတာ ကြိုသိနေတော့တာပါ။

အကြွားစွဲနေတဲ့ သဘောလေးပါ။ အကြွားစွဲ သွားရင်လည်း မကောင်းပြန်ပါဘူး။ စကားပြောတိုင်း ပြောတိုင်း အကြွားက ပါနေတော့မှာပါ။ ဒါတင် မကပါဘူး။ အထုံဓာတ်ကြောင့် နောက်ဘဝအထိလည်း ပါသွားနိုင်ပါတယ်။ လူတွေက အမျှဝေတာကိုပဲ ယူချင်ကြတာပါ။ အကြွားဝေတာကိုတော့ မယူချင်ကြပါဘူး။ ပုထုဇဉ်တွေဆိုတော့ အကြွားနဲ့တော့ မကင်းကြပါဘူး။ စာရေးသူလည်း တခါတလေ အမျှမဝေဘဲ အကြွားဝေမိ တတ်ပါတယ်။ တစ်ပတ် ဆယ်ရက်ကြာတဲ့ အခါ ကိုယ်ဝေထားတဲ့ အကြွားကို ပြန်စဉ်းစားလိုက်ရင် ဘာမှမဟုတ်တော့ပါဘူး။ ရက်ကြာလေ ဘာမှမဟုတ်လေပါပဲ။ နောက်ဆုံးတော့ ကိုယ့်အကြောင်း သူများသိတာပဲ အဖတ်တင်ပါတယ်။

တကယ်လို့ အကြွားဝေတတ်တဲ့ အထုံစွဲနေရင်လည်း နောက်ဘ၀ အထိပါမသွားအောင် စကားပြောတိုင်း ပြောတိုင်း သတိကပ်ပြီး ပြန်လေ့ကျင့် ယူရပါမယ်။ဒါကြောင့် ဆရာတော်ကြီးတွေက-"စကားပြောတဲ့အခါ အကြွားလည်း မပါစေနဲ့၊ အမှားလည်း မပါစေနဲ့"လို့ မိန့်တာပါ။ စကားများများ ပြောရင် အကြွားတွေလည်း ပါတတ်သလို အမှားတွေလည်း ပါတတ်ပါတယ်။ စကားတွေ တအားပြောနေရင် အမှားတွေ ပါတတ်တာ မဆန်းတော့ပါဘူး။ တစ်ခါတလေ ကျတော့လည်း အစမှာတော့ ဝမ်းသာစိတ်နဲ့ အမျှဝေတာပါပဲ။ ဒါပေမယ့် ပြောရင်းပြောရင်းနဲ့ သတိလွတ်ပြီး အမျှဝေတာကနေ အကြွားဝေတာ ဖြစ်သွားရတာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ပြန်လေ့ကျင့် ယူရင် ရတာပါပဲ။

အမျှဝေတာလည်း ကုသိုလ်ပါပဲ။ သာဓုခေါ်တာလည်း ကုသိုလ်ပါပဲ။ ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။ မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးက မဟာဗုဒ္ဓဝင်မှာ သီလဆောက်တည်ပြီးမှ ဒါနပြုရင် ပိုပြီးအကျိုး ရနိုင်တယ်လို့ မိန့်မှာထားပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ စကားလေးကို နှလုံးသွင်းပြီး သီလယူပြီးမှ ဒါနပြုရင် ပိုကောင်းပါတယ် သံဃာတော် အရှင်သူမြတ် တွေရှိရင် သီလပေး မှာဖြစ်လို့ ကိစ္စမရှိပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြုရတဲ့ဒါနတွေမှာတော့ ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။ သီလယူလိုက်ရင်ပဲ စိတ်ဓာတ်က အလိုလိုမြင့်သွားသလို ခံစားရ ပါတယ်။

ကုသိုလ်ကောင်းမှု တွေပြုပြီး နတ်တွေကို အမျှပေးဝေရင် နတ်တွေက လူတွေကို ပြန်စောင့်ရှောက်တယ် ဆိုတာ မဟာပရိနိဗ္ဗာန သုတ်မှာလည်း မြတ်စွာဘုရားက ဂါထာလေးတွေနဲ့ သေချာ ဟောပြထားတာပါ။ နတ်တွေကို အမျှဝေရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေတာတော့ အမှန်ပါပဲ။ ကိုယ်က သူတို့ကို မမြင်ရမကြားရပေမယ့် နတ်တွေကတော့ ကိုယ်ပြုနေတာတွေ ကိုယ်ပြောနေ တာတွေကို မြင်နေကြားနေတာပါ။

သေးသေးဖွဲဖွဲ ကုသိုလ် လေးတွေကအစ နတ်တွေကို အမျှပေးဝေရမှာပါပဲ။ ဘုရားအလောင်း ပေးဝေလိုက်တဲ့ ဒါနလေးက တကယ့်သေးသေးလေးပါ။ သေးပေမယ့် သာဓုခေါ်ရတဲ့ နတ်မှာတော့ ကောင်းကျိုး ကြီးကြီးကြီး ရသွားတော့တာပါ။ ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးထားတဲ့ နတ်တွေက ကိုယ့်ကို ပစ်မထားပါဘူး။ အခွင့်သင့်တဲ့ တစ်နေ့မှာ ပြန်ကူညီမှာပါ။

ဒီတော့ ဘယ်ကုသိုလ်ပဲ ပြုပြု နတ်တွေကို အမျှပေးဝေတာတော့ အကောင်းဆုံးပါပဲ။ ဘုရားပန်းကပ်တာပဲဖြစ်ဖြစ် ရေချမ်းကပ် တာပဲဖြစ်ဖြစ် ဆီမီး ပူဇော်တာပဲ ဖြစ်ဖြစ် အမျှဝေလို့ ရပါတယ်။ နောက်ဆုံး ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ လေးကိုလည်း အမျှဝေလို့ရတာပါပဲ။ ကုသိုလ်ပြု လို့လည်း ကောင်းကျိုးတွေဖြစ်၊ နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့ ကောင်းကျိုးတွေ ဆင့်နေတော့တာပါ။

"ကုသိုလ်မပြတ် ဖြစ်ပါစေ"ဆိုတဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ သြဝါဒအတိုင်း ကုသိုလ်တွေ မပြတ်ဖြစ်နေရင် အကုသိုလ် ဖြစ်ခွင့်လည်း နည်းနေတော့ တာပါ။ ကုသိုလ်ပြတ် ချိန်ကို အကုသိုလ်က ချောင်ထဲက ချောင်းနေတာပါ။ ကုသိုလ်ပြတ်မှ သူကဝင်လို့ရမှာပါ။ ဒါကြောင့် ကုသိုလ် မပြတ်ဖြစ်နေရင် အကုသိုလ်ကို တားထားရာလည်း ရောက်ပါတယ်။
ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ ပြုတဲ့ကုသိုလ် တိုင်းကို နတ်တွေကို အမျှပေးေ၀ လိုက်ဖို့ပါပဲလေ။

ရဝေနွယ် (အင်းမ)(မြတ်ဗုဒ္ဓအလင်းမှ ယူပါသည်)

ဖိုးသူတော် (www.phothutaw.com)
Credit: နှလုံးသားအာဟာရ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top