ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဒီတစ္ခါေတာ့ အိမ္သားေတြကို ႐ွဴးရွဲထမင္းေၾကာ္ေလး လုပ္ေကၽြးရ ေအာင္လုိ႔ ေဖာ္ျပလုိက္ပါတယ္။

ျပဳလုပ္ပုံအဆင့္ဆင့္

၁။ ပထမဦးစြာ ၾကက္အူေခ်ာင္းမ်ားကို ခပ္ေစာင္းေစာင္းလွီး၍ ၾကက္ဥကိုေၾကေအာင္ ခေလာက္ထားပါ။

၂။ မုန္ညင္းခ်ဥ္မ်ားကို ကတ္ေၾကးျဖင့္ ညႇပ္ထားပါ။

၃။ ၾကက္သြန္နီကို ႏုပ္ႏုပ္စဥ္း၍ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္သီးစိမ္းကို ဓားျပား႐ုိက္ပါ။

၄။ ဒယ္အုိးထဲတြင္ ဆီထည့္၍ အပူေပးၿပီး ပူလာလွ်င္ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴဆီသတ္ပါ။

၅။ အနံ႔ေမႊးလာလွ်င္ င႐ုတ္ခဲြျခမ္းမႈန္႔၊ င႐ုတ္သီးစိမ္းထည့္၍ ၾကက္အူ ေခ်ာင္းထည့္ပါ။

၆။ ထုိ႔ေနာက္ ေဘးတစ္ဖက္ကပ္၍ က်န္တစ္ဖက္တြင္ၾကက္ဥထည့္ေမႊ ၍ ေျခေပးပါ။

၇။ ၿပီးေနာက္ ထမင္း၊ မုန္ညင္းခ်ဥ္၊ ပဲငံျပာရည္၊ အရသာမႈန္႔၊ ဆားတို႔ကို ထည့္၍ သမေအာင္ေမႊေၾကာ္ေပးပါ။

၈။ အရသာစိတ္ႀကိဳက္ျဖစ္၍ ထမင္းေၾကာ္ခပ္ေျခာက္ေျခာက္ျဖစ္လာလွ်င္ မီးပိတ္ေပးလို႔ရပါၿပီ။

ပါ၀င္ပစၥည္းမ်ား

ထမင္းျဖဴပန္းကန္လုံး ၂ လုံး

ၾကက္အူေခ်ာင္း၅ ေခ်ာင္း

ၾကက္ဥ ၂ လုံး

ဆီတိုဟူး စားပဲြတင္ဇြန္း ၁ ဇြန္း

မုန္ညင္းခ်ဥ္ အနည္းငယ္

င႐ုတ္သီးစိမ္း ၇ ေတာင့္

င႐ုတ္ခဲြျခမ္းမႈန္႔စားပဲြတင္ဇြန္း ၂ ဇြန္း

ပဲငံျပာရည္အပ်စ္စားပဲြတင္ဇြန္း ၁ ဇြန္း

ၾကက္သြန္နီ ၁ လုံး

ၾကက္သြန္ျဖဴ၅ ႁမႊာ

ဆီစားပဲြတင္ဇြန္း ၅ ဇြန္း

Ei's Cooking Diary မွ ပံ့ပိုးကူညီပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily

#Unicode Version#
ဒီတစ်ခါတော့ အိမ်သားတွေကို ရှူးရှဲထမင်းကြော်လေး လုပ်ကျွေးရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်အူချောင်းများကို ခပ်စောင်းစောင်းလှီး၍ ကြက်ဥကိုကြေအောင် ခလောက်ထားပါ။

၂။ မုန်ညင်းချဉ်များကို ကတ်ကြေးဖြင့် ညှပ်ထားပါ။

၃။ ကြက်သွန်နီကို နုပ်နုပ်စဉ်း၍ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဓားပြားရိုက်ပါ။

၄။ ဒယ်အိုးထဲတွင် ဆီထည့်၍ အပူပေးပြီး ပူလာလျှင်ကြက်သွန်နီနှင့် ကြက်သွန်ဖြူဆီသတ်ပါ။

၅။ အနံ့မွှေးလာလျှင် ငရုတ်ခွဲခြမ်းမှုန့်၊ ငရုတ်သီးစိမ်းထည့်၍ ကြက်အူ ချောင်းထည့်ပါ။

၆။ ထို့နောက် ဘေးတစ်ဖက်ကပ်၍ ကျန်တစ်ဖက်တွင်ကြက်ဥထည့်မွှေ ၍ ခြေပေးပါ။

၇။ ပြီးနောက် ထမင်း၊ မုန်ညင်းချဉ်၊ ပဲငံပြာရည်၊ အရသာမှုန့်၊ ဆားတို့ကို ထည့်၍ သမအောင်မွှေကြော်ပေးပါ။

၈။ အရသာစိတ်ကြိုက်ဖြစ်၍ ထမင်းကြော်ခပ်ခြောက်ခြောက်ဖြစ်လာလျှင် မီးပိတ်ပေးလို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ထမင်းဖြူပန်းကန်လုံး ၂ လုံး

ကြက်အူချောင်း၅ ချောင်း

ကြက်ဥ ၂ လုံး

ဆီတိုဟူး စားပွဲတင်ဇွန်း ၁ ဇွန်း

မုန်ညင်းချဉ် အနည်းငယ်

ငရုတ်သီးစိမ်း ၇ တောင့်

ငရုတ်ခွဲခြမ်းမှုန့်စားပွဲတင်ဇွန်း ၂ ဇွန်း

ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ ၁ လုံး

ကြက်သွန်ဖြူ၅ မြွှာ

ဆီစားပွဲတင်ဇွန်း ၅ ဇွန်း

Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top